Showing posts with label ဗုဒ္ဓဘာသာ. Show all posts
Showing posts with label ဗုဒ္ဓဘာသာ. Show all posts

Sunday, April 17, 2011

နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်း

ဓမ္မမိတ်ဆွေများရှင့်
နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်းကို ကျွန်မ နည်းနည်း ပြောပါရစေ။
ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ သာသနာရေး ဦးစီးဌာန တွင် ဖွင့်လှစ်ထားသော အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှ
၁။ လူငယ်လူရွယ်များ ဘာသာယဉ်ကျေးမှုကို အမြဲတစေ ထိတွေ့ နီးစပ် နေစေရန်
၂။ ဗုဒ္ဓသာသနာတော်ကို လေးစား ကြည်ညို တတ်စေရန်
၃။ ဘာသာရေး စိတ်ဓာတ် ရင့်သန်ကြွယ်ဝ စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အခါတော် နေ့ကြီးများကို လပြည့်နေ့တိုင်း တလတကြိမ် ကျင်းပမြဲ ဖြစ်ပါသည်။

နှစ်ဦးအစဖြစ်တဲ့ တန်ခူးလရာသီမှာတော့ အခါတော်ပွဲအဖြစ် တန်ခူးလပြည့်နေ့မှာ သီးသန့် ကျင်းပ မနေတော့ ဘဲ မင်္ဂလာ ယူသောအားဖြင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ကို မင်္ဂလာအခါတော်နေ့ အဖြစ် ကျင်းပပါသည်။


မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို မင်္ဂလာ အခါတော်နေ့ အဖြစ် ကျင်းပရခြင်းမှာ
၁။ ကမ္ဘာသူ ကမ္ဘာသား များ အနိဌာရုံတွေ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံစေရန်
၂။ ဘေးဥပဒ် အန္တရာယ် ကင်းဝေးကြစေရန်
၃။ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များကို မွေးမြူကြစေရန်
၎။ အရှက်နှင့် အကြောက် လောကပါလ တရား ၂ပါး ထွန်းကား ကြစေရန်။
၅။ ဗြဟ္မ၀ိဟာရ တရားလေးပါး ထွန်းကား ပြန့်ပွားစေရန်
၆။ မင်္ဂလာတရားတော်များ ထွန်းကား ပြန့်ပွားစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါသည် ရှင့်။

မင်္ဂလာနိဒါန်း

ဓမ္မမိတ်ဆွေများရှင်
ဂေါတမမြတ်စွာဘုရား မပွင့်သေးမီ အချိန်တုန်းက ထိုခေတ် လူသားများအဖို့ အနှစ်သာရရှိတဲ့ အဖိုးတန် တရားစကားမျိုးကို ကြာနခွင့် မကြုံခဲ့ရပါဘူး ။ မဂလာဆိုတာ ဘာလဲလို့ ပြဿနာတရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ဒိဋ္ဌသမားတွေက အမြင်ကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။
သုတသမားတွေက အကြားကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။
မုတ သမားတွေက အနံ့ကောင်း အရသာကောင်း အတွေ့ကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြ ခုံကြပါတယ်။

ဒီလိုနဲ့ မိမိတို့ ထင်ရာမြင်ရာကို ပြောဆို ငြင်းခုန်လာတာ ၁၂နှစ်ကြာသွားပါတယ်။ အဖြေမှန်ကို ဖော်ထုတ် ပြောဆိုနိုင်သူ မပေါ်ခဲ့ ပါဘူး။ ဘယ်နတ် ဘယ်ဗြဟ္မာကမှ မင်္ဂလာရဲ့ အဓိပ္ပာယ်မှန်ကို မဖွင့်ဆိုနိုင်ကြပါဘူး။ ဂေါတမ မြတ်စွာဘုရား ပွင့်ပေါ်လာမှ ဒီပြဿနာ ငြိမ်းအေးသွားပါတယ်။ မင်္ဂလာရဲ့ အဓိပ္ပာယ်ကို သိခွင့် ရကြပါတော့တယ်။

မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ကြီးပေါ်မှာ အညတရ နတ်သား တဦးလျှောက် ထားပြီး မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော် မူခဲ့ပါတယ်။

ဓမ္မမိတ်ဆွေများရှင့်။

မင်္ဂလာတရား ၃၈ ပါးကို အသေအချာ လေ့လာကြည့်ပါလျှင် ပေါင်းသင်းဆက်ဆံရေး၊ နေရေးထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေး၊ စိတ်ထား ခိုင်ခံ့ရေး စသည်ဖြင့် လောက လူသားများ အကျိုး များအောင် ထောင့်မျိုးစုံမှ ဟောကြားထားတာ တွေ့ရပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှေးခေတ် ရှေးအခါက မိုးလေ၀သ ရာသီဥတု မှန်ကန် ညီမျှပြီး သယံဇာတ သဘာဝ ပစ္စည်း တွေ ပေါကြွယ်ဝရခြင်း၏ အဖြေကို ကြည့်တဲ့ အခါ မင်္ဂလာ တရားတော်နဲ့ အညီ နေထိုင်ကြလို့ ဆိုတဲ့ အဖြေကို တွေ့ရပါတယ်။
ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံကြီး သာယာဝပြောရလေအောင် လူတိုင်းကိုယ်စီ မင်္ဂလာတရားနဲ့ အညီ ကျင့်သုံး နေထိုင် ကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်ရှင့်။

၃၈ဖြာ မင်္ဂလာ တရားတော်

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း
၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းရခြင်း
၃။ ပူဇော်ထိုက်သော သူတို့ကို ပူဇော်ရခြင်း
နေရေးထိုင်ရေး မင်္ဂလာ ၃ပါး
၁။ သင့်လျော်သော အရပ်၌ နေထိုင်ရခြင်း
၂။ ရှေးက ပြုဖူးသော ကောင်းမှု အထူးရှိခြင်း
၃။ မိမိ၏ ကိုယ်စိတ် နှစ်ပါစးကို စောင့်ထိန်းခြင်း
သင်ကြားရေး မင်္ဂလာ ၄ပါး
၁။ လောကီ လောကုတ် အကြားအမြင် များခြင်း
၂။ စက်မှု လက်မှု အတတ်တို့ကို တတ်ရခြင်း
၃။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြား နားလည်ခြင်း
၎။ အပြောအဆို ချိုသာယဉ်ကျေးခြင်း
ပြုစုရေး မင်္ဂလာ ၃ပါး
၁။ မိဘ၂ပါးကို လုပ်ကျွေးပြုစုရခြင်း
၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း
၃။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
လိုက်နာ ကျင့်သုံးရေး မင်္ဂလာ ၄ပါး
၁။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း
၂။ သုစရိုက် တရားကို ကျင့်ခြင်း
၃။ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၎။ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်း
ရှောင်ကြဉ်ရေး မင်္ဂလာ ၄ပါး
၁။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ခြင်း
၂။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၃။ မူးယစ်သေစာ မသောက်စားခြင်း
၎။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
စိတ်ထားရေး မင်္ဂလာ ၅ပါး
၁။ ရိုသေထိုက်သော သူတို့ကို ရိုသေရခြင်း
၂။ မိမိကိုယ်ကို နှိမ့်ချရခြင်း
၃။ ရောင့်ရဲလွယ်ခြင်း
၎။ သူတပါး ကျေးဇူးကို သိခြင်း
၅။ သင့်လျော်သော အခါ တရားနာခြင်း
သည်းခံရေး မင်္ဂလာ ၄ပါး
၁။ သည်းခံရခြင်း
၂။ ဆုံးမလွယ်ရခြင်း
၃။ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း
၎။ သင့်လျော်သော အခါ တရားဆွေးနွေးခြင်း
ခြိုးခြံရေး မင်္ဂလာ ၄ပါး
၁။ ခြိုးခြံချွေတာခြင်း
၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း
၃။ သစ္စာလေးပါးကို သိခြင်း
၎။ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်း
စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ ၄ပါး
၁။ လောကဓံတရားနှင့် တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း
၂။ မစိုးရိမ်ခြင်း
၃။ ကိလေသာ မြူကင်းခြင်း
၎။ ဘေးကင်းခြင်း

မှတ်ချက်။ အမှတ်စဉ် ၁မှ ၃၂ ထိသည် လောကီ မင်္ဂလာ၊ ကျန်၆ပါး သည် လောကုတ္တရာ မင်္ဂလာ၊ ၁မှ ၃၃ အထိသည် အကြောင်းမင်္ဂလာ၊ ကျန် ၅ပါးသည် အကျိုးမင်္ဂလာ ဟု မှတ်ပါ။

ဤ၃၈ပါးသော မင်္ဂလာတရား တို့ကို လိုက်နာ ပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။ ၃၈ ဖြာ မင်္ဂလာ တရားသည် နတ်လူတို့ အတွက် အမြတ်ဆုံး သော မင်္ဂလာ မည်၏။ ဤ တရားတော်ကို ရိုက်နှိပ် ဖြန့်ချီ ပူဇော် ရသော အကျိုးကြောင့် မင်္ဂလာ အရှိဆုံး နေရာမြတ် အသင်္ခတ နိဗ္ဗာန်ဓာတ်သို့ ဆိုက်ရောက်ရပါလို၏။

(မှတ်ချက်။ နိုင်ငံတော် ပိဋကတ် တိုက်မှူး ဆရာတော် ဦးပညာသာမိ (မာဂဓီ-သာစည်) ရေးသား ပြုစုတော် မူသော အခါတော်နေ့များ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။) (စာအုပ် လက်ဆောင် ပေးပို့ လာသော မောင်ငယ် မင်းယွန်းသစ် အားလည်း ကျေးဇူး တင်အပ်ပါသည်။)

Read More...

Thursday, February 17, 2011

တပို့တွဲ လပြည့် သြ၀ါဒ ပါတိမောက် အခါတော်နေ့ သိမှတ်ဖွယ်ရာများ

၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်
• အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
• အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
• အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း
• ဘုရားရှင်တိုင်း သြ၀ါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း
ဤ ထူးခြားချက် လေးမျိုးကို တွေ့ရှိရပါသည်။

၃။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြ၀ါဒဟု ခေါ်ပါသည်။ ထိုသြ၀ါဒ မိန့်ကြားတော် မူခြင်းကို သြ၀ါဒ ပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။
၎။ ပါတိမောက်သည် သြ၀ါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက် ဟူ၍ နှစ်မျိုးရှိပါသည်။ သြ၀ါဒ ပါတိမောက်ကို မြတ်စွာ ဘုရားရှင် တို့သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့် ရှိပါသည်။
၅။ သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်း တိုသော ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို ၀ါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြ၀ါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ၀ါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။
၆။ ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို
• တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း
• ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း
• ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည့် ဖြစ်ခြင်း
• မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း
ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။
၇။ ဂေါတမ မြတ်စွာဘုရားသည် မဟာ သက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံ သော ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြ၀ါဒ ပါတိမောက် ကို ပြတော်မူပါသည်။
၈။ သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။

သြ၀ါဒ ပါတိမောက် ဂါထာတော်များ

၁။ ခန္တီကျင့်သုံး အမြတ်ဆုံး ရှေးထုံး လိုက်နာအပ်
၂။ နိဗ္ဗာန်ဓာတ်သား အမြတ်ထား ဘုရားမိန့်တော်မှတ်
၃။ ပဗ္ဗဇိတ မှန်တုံက လုံးဝ မညှင်းအပ်
၎။ ညှင်းဆဲပါက သမဏ လုံးဝ မခေါ်အပ်

အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထား
ဘုရားတိုင်းသာ ဟောမိန့်မှာ သုံးဖြာ သည်စကား
ဘုရားတပည့် ထားသတိ ပွားဘိ ဤတရား

၁။ သူ့ကို စွပ်စွဲ မပြုဘဲ နှုတ်လဲ စောင့်နိုင်စေ။
၂။ သူ့ကိုညှင်းဆဲ မသတ်ဘဲ ကိုယ်လဲ စောင့်နိုင်စေ။
၃။ ပါတိမောက်ထုံ ဣနြေ္ဒခြုံ လုံအောင် စောင့်နိုင်စေ။
၎။ စားသည့်အစာ တိုင်းအတာ မှန်စွာသိပါစေ။
၅။ နေသည့်အခါ ဆိတ်ငြိမ်ရာ မှန်စွာရှိပါစေ။
၆။ အဓိစိတ္တ၊ အာယောဂ လုံ့လရှိကြစေ။
၇။ ဗုဒ္ဓဆုံးမ သြ၀ါဒ လောကကျင့်နိုင်စေ။

(ဓမ္မပဒ၊ ဌ၊ ဒု၊ နှာ ၁၅၃)
(မှတ်ချက်။ နိုင်ငံတော် ပိဋကတ် တိုက်မှူး ဆရာတော် ဦးပညာသာမိ (မာဂဓီ-သာစည်) ရေးသား ပြုစုတော် မူသော အခါတော်နေ့များ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။) (စာအုပ် လက်ဆောင် ပေးပို့ လာသော မောင်ငယ် မင်းယွန်းသစ် အားလည်း ကျေးဇူး တင်အပ်ပါသည်။)

Read More...

Thursday, September 23, 2010

၁၁၄၆ခု၊ ဘိုးတော် မင်းတရားလက်ထက် ထုတ်ပြန်သော ဂရုဓမ္မ အမိန့်တော်ပြန်တမ်း

ပြည်သူ လူတကာ သတ္တ၀ါ အပေါင်းတို့ ယခု ၀ါဆိုကာလ ရောက်ပြီ။
သူ့အသက် သတ်ခြင်း
သူ့ဥစ္စာ ခိုးခြင်း
သူ့ အိမ်ရာကို ပြစ်မှားခြင်း
မဟုတ်မမှန်သော စကားကို ဆိုခြင်း
သေရည်သေရက်ကို သောက်ခြင်း
တရားငါးပါးကို မကြဉ်မရှောင် ပြုကုန်သော သူတို့သည် "ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်" အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်း ကုန်ရာသည်။

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသော သူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင့် နှလုံးသွင်းလျက် သရဏဂုံ ၃ပါး၊ ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး တို့ကို မပြတ် ဆောက်တည်ကြကုန်။


ဝါဆို လပြည့် ထုတ်ပြန်သော အမိန့်တော်ကို သက္ကရာဇ် ၁၁၄၆ ခု ၀ါဆိုလဆန်း ငါးရက်နေ့ ရွှေပြည်တော် မြို့တွင်းမြို့ပြင် လှည့်၍ ဖတ်မြဲ ဖတ်စေ။

ရွှေပြည်တော် မြို့တွင်းမြို့ပြင် အရပ်ခေါင်း သွေးသောက်ကြီး သွေးဆော် တို့ကိုလည်း စီရင်စု အရပ်သားတို့ကို ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး စသော အလှူပေးခြင်းများကို တိုး၍ ကျင့်ဆောင် လှူဒါန်း ရမည့် အကြောင်းနှင့် မှတ်စုအပ်၍ ကျင့်ဆောင် နှိုးဆော် ကြစေ။ (၁၁၄၆ခု၊ ၀ါဆိုလဆန်း ၁ရက်နေ့ နာခံ ဇေယျနော်ရထာ တွင်ပြန်)

မှတ်ချက်။ ၁၁၄၆ ခု ၀ါဆိုလဆန်း ၁ရက်နေ့တွင် သည် အမိန့်တော် ပြန်တမ်းကို နာခံတော်က ပြန်ဆိုရေးသားသည်။ ၁၁၄၆ ခု ၀ါဆို လပြည့်နေ့တွင် ဘုရင့် ရွှေလွှတ်တော်က အတည်ပြု ထုတ်ပြန်သည်။ နှစ်စဉ် ၀ါဆိုလဆန်း ၅ရက်နေ့ ရောက်တိုင်း ဂရုဓမ္မ အမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင်၍ လှည့်လည် ဖတ်ကြား ရသည်။ (ဆရာကြီး ဦးဆန်းထွန်းက ကျေးဇူးပြုပါသည်။)

ဆင်ပေါ်တင်၍လှည့်

ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို မင်္ဂလာဆင်တော်နှင့် တင်၍ မြို့လေးပြင် လေးရပ် လှည့်လည် ပြန်ကြားရသည်။ ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို လွှတ်တော် အရာရှိ ရွှေနားခံတော်ကြီးက ပြန်ကြားရသည်။ ရွှေနားခံတော်ကြီးမှာ မင်းပေး ကတ္တီပါ နီ ၀တ်လုံကို ၀တ်ဆင်လျက် မင်္ဂလာဆင်ပေါ်တွင် ဆင်ဗောင်းဝန်း အထွတ် ရွှေချတပ်သော အပေါ်၌ အဆိုပါ ဂရုဓမ္မ အမိန့်တော် ပြန်တမ်း ပရပိုက်ကို ဦးသုံးကြိမ် တိုက်လျက် လမ်းလေးဆုံ ပြကြီး အလယ်၌ ဆင်တော်ပေါ်မှနေပြီး ဖတ်ရလေသည်။

လူ၅၀ ထမ်းရသော တရားစည်ကြီးကိုလည်း တီးရသည်။ လက်ဝဲ လက်ယာတပ် ၀င်းခင်း၍ ရှေ့ဖျား စမြှောင်၊ သိုင်း၊ ကိုင်မောင်း လက်ဝဲ လက်ယာ သုံးလုံးစီ တီးခတ်ရသည်။ ကြီးစွာသော ရွှေမောင်းကြီးကိုလည်း တီးခတ် ရသည်။ မြို့ဝန်၊ ထောင်မှူး၊ မြို့ စာရေး စသော ရာဇ၀တ် ရုံးတော် အရာရှိ အပေါင်း၊ တရားရုံးတော် အရာရှိ အပေါင်းတို့လဲ ခေါင်းပေါင်းဖြူ ဖော့လုံး သိုရင်း အင်္ကျီ ရွှေစလွယ် ဆင်၍ အခမ်းအနားနှင့် ဆင်တော် နောက်မှ လိုက်ပါကြရသည်။

Read More...

တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ ကျင်းပရခြင်း အကြောင်း

ကြွရောက်လာသော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ရှင့်..

ဂေါတမ မြတ်စွာဘုရား နုစဉ် အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေထိုင်ကြတဲ့သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံ အောင် စောင့်ထိန်းကြတဲ့ အတွက် သူတို့ တိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကပ်ကြီး သုံးပါး ဘေးကလွတ်မြောက် နေကြ ပါတယ်။ ကုရုတိုင်းမှာ မိုးလေ၀သ ညီညီမျှမျှ ရွာသွန်းနေချိန်မှာ ကာလိင်္ဂ တိုင်းမှာတော့ မိုးခေါင်ပြီး ကပ်ကြီး ၃ပါး ဆိုက်ကပ်နေလို့ လူရော တိရစ္ဆာန်ပါ ဒုက္ခရောက်ကြရ ပါတယ်။ ရှေးမင်းတွေ ထုံးစံ အရ မိုးရွာအောင် အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင် ၀င်ပြီး ဥပုသ် သီလ ဆောက်တည်ပေမယ့် မိုးက မရွာဘဲ နေပါတယ်။

ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဉ္စန၀ဏ္ဏ ဆင်တော်ကြီး ရှိလို့ မိုးရွာတာပဲလို့ အယူရှိကြပြီး အဲဒီဆင်ကြီးကို ရရှိအောင် ကိုယ်စား လှယ် လွှတ်ပြီး ရွှေနဲ့လဲပါလို့ တောင်းဆိုပါတယ်။ ဒီတော့ ကုရုဘုရင်က စာနာ ထောက်ထားပြီး သင်တို့ တိုင်းပြည်မှာ မိုးရွာ မယ် ဆိုရင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့ မလဲဘဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လဲ ကာလိင်္ဂ တိုင်းမှာ မိုးက မရွာဘဲ ခေါင်မြဲ ခေါင်နေပါတယ်။

ဒီတော့ မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့ တိုင်းသူပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မ ကြောင့်သာ ဖြစ်တယ် လို့ သဘောပေါက်ပြီး အဲဒီ တရားကို ရွှေပြားပေါ်မှာ ကူးယူခဲ့ရမယ်လို့ ကိုယ်စားလှယ်တော် ကြီးများကို ထပ်မံ စေလွှတ် ပြန်ပါ တယ်။ ကုရုတိုင်းမှာ တတိုင်းတပြည်လုံး ငါးပါးသီလ မြဲကြတဲ့ အနက်
၁။ ဘုရင်
၂။ မယ်တော်ကြီး
၃။ မိဖုရားကြီး
၎။ အိမ်ရှေ့မင်း
၅။ ပုရောဟိတ်ကြီး
၆။ မြေတိုင်းအမတ်
၇။ ရထားထိန်း
၈။ လယ်ပိုင်ရှင်ကြီး
၉။ တံခါးမှူးနဲ့
၁၀။ ပြည့်တန်ဆာမ တို့ ဆယ့်တစ်ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး တောင်းလာခဲ့ပါတယ်။ ကုရုဓမ္မလို့ ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်က စပြီး တတိုင်းပြည်လုံးကျင့်သုံး ကြတဲ့ အခါမှာ မိုးရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ကပ်ကြီး ၃ပါးက လွတ်ကင်းပြီး သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာ ဖြစ်လို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မိုးလေ၀သ မှန်ကန် ညီမျှအောင် လူတိုင်းကိုယ်စီ ငါးပါးသီလ မြဲကြပါစေ။

မှတ်ချက်။ နိုင်ငံတော် ပိဋကတ်တိုက်မှူး ဘဒ္ဒန္တ ပညာသာမိ (မာဂဓီ-သာစည်) ဆရာတော် ရေးသားပြုစု အပ်သော အခါတော်နေ့များ စာအုပ်မှ ကောက်နှုတ်ရေးသား ပါသည်။)

Read More...

Wednesday, August 25, 2010

ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ကျင်းပရခြင်း အကြောင်းရင်းများ

ကြွရောက်တော် မူလာကြသော ဓမ္မမိတ်ဆွေ အပေါင်း သူတော်ကောင်း တို့ရှင်။

ဂေါတမ မြတ်စွာဘုရား လက်ထက်တော် အခါက ရဟန်းတော် ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင် ၍ တောအုပ်တခုတွင် ၀ါဆို ၀ါကပ် ပြုတော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နေရာ ဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုး ခြောက်လှန့် ကြသောကြောင့် တရားကို ဖြောင့်အောင် နှလုံး မသွင်းနိုင်ဘဲ စိတ်ဓာတ်တွေ ခြောက်ခြားပြီး ၀ါတွင်း ကာလမှာပင် မြတ်စွာဘုရား ရှိရာ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်သို့ ပြန်သွားကြပါတယ်။


မြတ်စွာဘုရားက မေတ္တာလက်နက်ကို ယူဆောင်ပြီးတောအုပ်သို့ ပြန်သွားကြရန်တိုက်တွန်းပြီး မေတ္တာသုတ် ဒေသနာ ကို ဟောကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာဓာတ်ကြောင့် နတ်များက ချစ်ခင် လာ ကြပြီး ငြိမ်းအေးစွာ နေတော်မူကြရပါတယ်။
ရဟန်းတော် ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ၀ါခေါင်လအတွင်း ဒုတိယ၀ါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ ၍ ၀ိပဿနာ တရားကို ဆက်လက် အားထုတ်ကြရာ ၀ါမကျွတ်မီ အားလုံး ရဟန္တာ ဖြစ်တော်မူကြ ပါတယ်။

(က) ရဟန်းတော် ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကို ၀ါတွင်းကာလ၌ ဟောတော်မူခြင်း
(ခ) ရဟန်းတော် ငါးရာတို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လ၌ ပစ္ဆိမ၀ါ ကပ်တော်မူခြင်း

ဤအကြောင်းများကို ထောက်၍ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် ပါတယ်။

ကျမ်းကိုး။ ဓမ္မပဒ အဋ္ဌကထာ၊ ပ၊ နှာ၊ ၁၉၉၊ ၂၀၁။
ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ၊ နှာ၊ ၁၉၇၊ ၂၁၅။
သုတ္တနိပါတ အဋ္ဌကထာ၊ နှာ၊ ၁၇၅၊ ၁၉၂။

ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ မေတ္တာအကြောင်း သိကောင်းဖွယ်ရာ များ

ဝါခေါင်လပြည့်နေ့ ကို မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ မေတ္တာသုတ် ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းနှင့် ဆက်စပ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

၁။ မေတ္တာသည် ပါဠိဝေါဟာရ ဖြစ်၍ မြန်မာလို ချစ်ခြင်းဟု အဓိပ္ပာယ်ရ၏။
၂။ မေတ္တာဓာတ်သည် ကြည်လင်အေးမြ၍ ငြိမ်းချမ်းသော သဘောကို ဆောင်၏။ တဏှာကဲ့သို့ နောက်ကျု ပူလောင် သော သဘောမျိုး မဟုတ်ချေ။
၃။ မေတ္တာသည် ဗြဟ္မ၀ိဟာရ တရားလေးပါးတွင်း တပါး အပါအ၀င် ဖြစ်၏။
၎။ မေတ္တာသည် အတိုင်းမသိသော သတ္တ၀ါတို့ အပေါ် အာရုံ ကျရောက်၍ အပ္ပမညာ တရားဟု တွင်၏။
၅။ မေတ္တာသည် ဈာန်ကို ရစေနိုင်သော ဗြဟ္မ၀ိဟာရ တရားထူး ဖြစ်၏။
၆။ မေတ္တာဗြဟ္မစိုရ်ကို ပွားများနေလျှင် ကမ္ဘာလောကကြီး ထာဝရ ငြိမ်းချမ်းနိုင်၏။
၇။ မေတ္တာအကျိုး ၁၁ မျိုးကို အင်္ဂုတ္တရပါဠိတွင် မြတ်စွာဘုရား ဟောကြားထားပါသည်။
၈။ မေတ္တာပွားနည်း ၁၁နည်းကို မေတ္တာသုတ်၌ မြတ်စွာဘုရား ဟောကြားထားပါသည်။
၉။ မေတ္တသုတ်မှာ ခုဒ္ဒက ပါဌနှင့် သုတ္တနိပါတ ပါဠိတွင် လာရှိပါသည်။
၁၀။ ၅၂၈သွယ် မေတ္တာပွားနည်းကို ပဋိသမ္ဘိဒါမဂ် တွင် ပြည့်စုံစွာ ဟောကြားထားပါသည်။
၁၁။ မေတ္တာကို အဒေါသ၏ ပရိယာယ် အဖြစ် ပိဋကတ်ကျမ်းဂန်တို့၌ ဟောကြားထားပါသည်။
၁၂။ မေတ္တာ၏ အဝေးရန်သူမှာ ဒေါသဖြစ်ပြီး အနီးရန်သူမှာ တဏှာလောဘ ဖြစ်လေသည်။
၁၃။ တဏှာရာဂသည် မေတ္တာအယောင်ဆောင်၍ သတ္တ၀ါကို လှည့်စားတတ်လေသည်။
၁၄။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဒေါသဖက်သူက ကြမ်းတမ်းသလောက် မေတ္တာ ဖက်သူက ယဉ်ကျေး သိမ်မွေ့ လေသည်။
၁၅။ မေတ္တာဓာတ်သည် သီတာရေနှင့် လရောင်တမျှ အေးမြပြီး ဒေါသမှာမူ နေနှင့် မီးပမာ အပူဓာတ်ကိုသာ ပေးမြဲ ဖြစ်လေသည်။
၁၆။ ရေမြေခြား၍ ဝေးကွာနေသော်လည်း မေတ္တာဖြင့် ဆက်သွယ်လျှင် အနီးကလေးဟု ဆိုရ၏။
၁၇။ မေတ္တာကို အလျားအနံ မရှိသော်လည်း အသွားအပြန် ရှိသော တရားဟု ဆိုကြ၏။
၁၈။ စောင်ခြုံ၍မလုံနိုင်၊ မေတ္တာခြုံမှ လုံနိုင်၏။
၁၉။ ငွေဖြင့် ဆက်ဆံရုံဖြင့် မမြဲ၊ မေတ္တာဖြင့် ဆက်ဆံမှ တသက်ပန် မြဲနိုင်၏။
၂၀။ စက်၊ ဗုံး၊ အမြောက်မက ထက်မြက်ထိရောက်ပြီး တသက်လုံး အောက်ကျနိုင်သော လက်နက်မှာ သည်းခံခြင်း ဆိုသော မေတ္တာလက်နက်ပင် ဖြစ်လေသည်။
၂၁။ မေတ္တာစွမ်းရည်ကြောင့် ဆန့်ကျင်ဘက် ပြုသူတို့ အပေါ် အနိုင်ရရှိပုံကို သာမာဝတီ မိဖုရား၊ ဥတ္တရာ အမျိုးသမီးနှင့် မာဃ လုလင် တို့ကို သာဓက အဖြစ် ကြည့်သင့်၏။
၂၂။ အိုးအလုံး တရာဖြင့် တနေ့လျှင် သုံးကြိမ်ချက်၍လှူဒါန်းသော ဒါနထက် နို့တညှစ်စာ တခဏတာမျှ ပွားများသော မေတ္တာ ဘာဝနာက ပို၍အကျိုါ်ကြီးမားကြောင်း မြတ်စွာဘုရားက ဟောကြားထားလေသည်။

မေတ္တာစွမ်းအား အကျိုးများ

မေတ္တာသက်ဝင် သူတော်စင် အပေါင်းတို့ရှင့်

ဤကမ္ဘာလောကကြီးမှာ စွမ်းအား အထက်မြက်ဆုံး တရား အင်အားအကြီးမားဆုံး တရားကို ပြပါ ဆိုလျှင် မေတ္တာတရား ကို ပြရမှာ ဖြစ်ပါတယ်။
ကျွန်မတို့ ကိုးကွယ်ရာ မြတ်စွာဘုရား က မေတ္တာစွမ်းအား ကြီးမားပုံ အကျိုးများကို အဆင့် ၁၀ဆင့် ခွဲခြားပြီး ဟောကြား ထားခဲ့ပါတယ်။
၁။ ထမင်းရည် ချောင်းစီးအောင် လှူဒါန်းခဲ့တဲ့ ဘုရားအလောင်း ဝေလာမ ပုဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတာပန် တဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၂။ သောတာပန် ၁၀၀ကို လှူရခြင်းထက် သကဒါဂါမ် တဦးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၃။ သကဒါဂါမ် ၁၀၀ကို လှူရခြင်းထက် အနာဂါမ် တဦးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၎။ အနာဂါမ် ၁၀၀ကို လှူရခြင်းထက် ရဟန္တာ တပါး ကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၅။ ရဟန္တာ ၁၀၀ကို လှူရခြင်းထက် ပစ္စေကဗုဒ္ဓါ တပါး ကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၆။ ပစ္စေကဗုဒ္ဓါ ၁၀၀ကို လှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရား တဆူ ကို လှူရခြင်းက သာလွန်၍ အကျိုးကြီး ပါတယ်။
၇။ သမ္မာသမ္ဗုဒ္ဓ ဘုရား တဆူ ကို လှူရခြင်းထက် ဘုရား အမှူးပြုသော သံဃာတော် များကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၈။ ဘုရား အမှူးပြုသော သံဃာတော် များကို လှူရခြင်းထက် စတုဒိသ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက် လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၉။ စတုဒိသ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက် လှူရခြင်း ထက် သရဏဂုံ ၃ပါးကို ဆောက်တည်ခြင်း၊ ငါးပါး သီလ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၁၀။ သရဏဂုံ ၃ပါးကို ဆောက်တည်ခြင်း၊ ငါးပါးသီလ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း ထက် နံ့သာ တရှူခန့်မျှ အချိန် ပိုင်းလောက် မေတ္တာ ပွားများခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။ (ဝေလာမသုတ်)
ဤကဲ့သို့ စွမ်းအား ကြီးမား၍ အကျိုးများသော မေတ္တာတရားကို ကြိုးစားပွားများကြရန် တိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်ရှင့်...

(မှတ်ချက်။ နိုင်ငံတော် ပိဋိကတ်တိုက်မှူး၊ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နည်းပြ ဆရာတော် ဘန္ဒန္တ ပညာသာမိ၊ ကလောင်အမည် မာဂဓီ-သာစည် ဆရာတော်ဘုရား ရေးသား စီရင်တော် မူသော အခါတော်နေ့ များ စာအုပ်မှ ကူးယူ ရိုက်နှိပ်ပါသည်။ ဤစာအုပ်ကို မောင်ငယ် မင်းယွန်းသစ်မှ ဓမ္မဒါန ပြုပါသည်။ )


Read More...

Tuesday, March 16, 2010

ဒီဘလော့လာ မိတ်သဟာ အမျှအမျှအမျှ ယူတော်မူကြပါ....

ထိပ်စီး ပြောင်းတဲ့ မွေးနေ့က စပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှာ နာဂစ် မုန်တိုင်းဒဏ်ခံ ကလေး (၂၀၈)ယောက် ကျောင်းစာ သင်နိုင်ဖို့ ဆရာ ဆရာမ ၂ယောက် အတွက် လစာ (တယောက်ကို ကျပ် သုံးသောင်းခွဲနဲ့ ၂ယောက်စာ ကျပ် ခုနှစ်သောင်း) ကို လစဉ် လှူခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက် အတွင်းမှာ အဲဒီကျောင်းက ဆရာဆရာမတွေ အားလုံးကို ရန်ကုန်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်နိုင်ဖို့ စီစဉ် လှူဒါန်းခဲ့ပါတယ်။ သင်တန်းဆင်း ဆရာဆရာမတွေဟာ လာမယ့် ၀ါတွင်းကာလ ဥပုသ်နေ့တိုင်းမှာ ဒီကလေး ၂ရာကျော်ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ပြန်လည်ပို့ချမှာ ဖြစ်ပါတယ်။ အမိမြေ က အနာဂတ်ရဲ့ ရင်သွေးငယ်တွေ ခုဘ၀မှာရော နောင်သံသရာမှာပါ ပညာနဲ့ ကုသိုလ် အထုံပါရမီ ပါစေဖို့ ကိုယ့်လူမျိုးတွေရဲ့ ရင်ထဲမှာ ဘာသာ၊ သာသနာ ထွန်းကားစေဖို့ ရည်ရွယ်ပါတယ်။ ခုလို အမျိုး၊ ဘာသာ၊ သာသနာ အတွက် လှူဒါန်းရတဲ့ ကုသိုလ်ရဲ့ အကျိုးကြောင့်

တပည့်တော်တို့သည် ပညာရှိ သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံဆုံစည်း ပေါင်းသင်း ဆက်ဆံ ရပြီး ပညာရှိ သူတော်ကောင်း တို့ ဟောပြောသော စကားမှန် တရားမှန် တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိသူတော်ကောင်းတို့ ကျင့်ကြံ နေထိုင် ကြသည့် အတိုင်း ကျင့်ကြံနေထိုင်ရသဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလိုကုန်၏။ နိဗ္ဗာန်ရောက် ကြောင်း ပညာပါရမီ အတွက် အထောက်အပံ့ ဖြစ်ပါစေသတည်း။

ကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ၊ ဘိုးဘွား၊ ဆရာသမား တို့မှ စပြီး အလှူခံပုဂ္ဂိုလ်များ၊ အလှူဖြစ်မြောက်အောင် ပံ့ပိုး ဆောင်ရွက် ကြကုန်သော ပုဂ္ဂိုလ်များ၊ ဒီအလှူကို ကြားသိရပြီး သာဓု အနုမောဒနာ ခေါ်ဆိုကြသူများနှင့် အလုံးစုံသော သတ္တ၀ါ တို့ကို အမျှ ပေးဝေ ပါကုန်၏ အမျှရပြီး သန္တိသုခံ မြတ်နိဗ္ဗာန် သို့ ရောက်ရာရောက်ကြောင်း ပါရမီတွေ ရကြပါစေ...

အမျှ... အမျှ... အမျှ ယူတော်မူကြပါကုန်လော....

Read More...

Sunday, February 21, 2010

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ

မြန်မာနိုင်ငံမှာ တရားစခန်းတွေ တရားရိပ်သာတွေ တခုပြီးတခု ပေါ်လာပြီး တရားထိုင်တဲ့ ယောဂီတွေ အရင်ခေတ်ကထက် ပေါများ လာလို့ ထေရ၀ါဒ သာသနာ ပြန်ထွန်းကားလာတယ် လို့ ၀မ်းသာမလို့ လုပ်တုန်း တခါတခါ ဖတ်မိတဲ့ သတင်းများ ကြားရတဲ့ အကြောင်း များက ဘုရားတောင် တ မိရပါတယ်။ တရားဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ ပြိုင်ပွဲ တဲ့ ဘုရား ဘုရား။ ပြိုင်တယ် ဆိုတည်းက နိုင် ချင်တဲ့ လောဘတွေ ရှုံးမှာ စိုးရိမ်တဲ့ ဒေါသတွေ သူတပါး ကိုယ့်ထက် သာမှာ မနာလိုတဲ့ မစ္ဆေရိယတွေ အကုသိုလ် ကိလေသာ စိတ်တွေ ထကြွ သောင်းကျန်းလိုက်မယ့် ဖြစ်ချင်း။ တရားပြ ဆရာတော်က ဘာလို့ ဒါတွေ သတိမထားမိပါလိမ့်။ နောက်ပြီး ကိုယ်တိုင် တရားရ ရင်တောင် ရကြောင်းကို ထုတ်ဖော်ပြောတာကို ဆရာတော်ကြီးများ မလုပ်ကြပါဘူး။ သူတပါးက ပြောလာရင်တောင် မပြောဖို့ တားမြစ်ပြီး အေးအေး စံတော် မူကြပါတယ်။ ခုတော့ ကိုယ်တိုင်က တရားရကြောင်း ပြောရုံမက ကိုယ့်တပည့် တွေကိုပါ ဘယ်သူက ဘာ ဆိုပြီး ရာထူး တပ်တဲ့ အတိုင်းပဲ သတ်မှတ်ပေးနေလိုက်ကြတာ။ လူတွေကလဲ အဲလို ရာထူးတပ်ပေးတဲ့ ရိပ်သာ တရားစခန်းဆိုရင် အပြေးအလွှားပါပဲ။ ခက်တာက ရည်းစားထားတဲ့ အနာဂါမ်တွေ အရက်ခိုးသောက်တဲ့ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားလုပ်တဲ့ သောတာပန် ဆိုတာတွေ မြင် ရပါ များလာတော့ ဟုတ်ကဲ့... အမြင်မတော်ပြန်ပါဘူး။ ဒါကြောင့် ရွှေဥမင် ဆရာတော် ဘုရားကြီးရဲ့ တပည့်ရင်း ဆရာတော် ဟောတော် မူတဲ့၊ ရွှေဥမင် ဆရာတော် ဘုရားကြီး ရှိစဉ် ကတည်းက ဆုံးမ သြ၀ါဒ တွေကို အမှတ်တရ မှတ်တမ်းတင် ထားလိုက်ပါတယ်။

ဦးတေဇနိယ (ရွှေဥမင်တောရ)

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊

၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။

၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။

၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။

၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။

၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊

၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။

၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။

၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။

၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။

၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။

၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။

၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။

၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ
အဖတ်တင်မယ် ။

၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။

၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊

၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။

၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။

၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။

၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။

၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။

၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။

၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။

၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။

၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။

၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။

၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။

အထက်ပါ တရားတော်ကို အင်္ဂလိပ် ဂျပန် တရုတ် အီတလီ စပိန် ဘာသာစကားဖြင့်သာ မက ဟီးဘရူး၊ ချက်၊ ပိုလန်၊ ဒတ်ခ်ျ၊ မလေး ဘာသာစကားများဖြင့်လဲ ဒီနေရာမှာ ရယူ ဖတ်ရှုနိုင်ပါသည်။ ကမ္ဘာတလွှားရှိ လူမျိုးအသီးသီးဆီသို့  ဓမ္မဒါန ထပ်ဆင့်ဖြန့် ဝေပေးလိုပါသဖြင့် တခြားဘာသာစကားများသို့  ပြန်ဆိုပေးနိုင်ပါက ပြန်ဆိုအကူအညီပေးပါရန်လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ဝန်ခံချက်။ ။ အီးမေးလ်က ရလာတဲ့ စာလေး ဖြစ်ပေမယ့် ကိုယ်တိုင်က ရွှေဥမင် ယောဂီဟောင်းမို့ ဆရာတော် ဘုရားများရဲ့ ဆုံးမ သြ၀ါဒတွေ မှန်ကန် တာမို့ ထပ်ဆင့် ဓမ္မဒါန ဖြန့်ဝေလိုက်ပါတယ်ရှင်။

သဗ္ဗေသတ္တာ -သတ္တ၀ါ မှန်သမျှ၊ ကမ္မသကာ -မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား...

Read More...

Monday, July 6, 2009

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာများ


• ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။

• ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ် ကြည့်ပါလျှင် လမ်းစဉ်မှား “အစွန်း၂ခု” ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋ္ဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါး တရားကို သိမြင် စေရန် ဟောကြား ထားသောကြောင့် ဗုဒ္ဓဝါဒ ၏ တိကျ ခိုင်မာ သော သဘောတရားကို တွေ့မြင် နိုင်ပါသည်။

• ဤကဲသို့ အနှစ်သာရ ပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံ စိုက်၍ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြ ပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန်ပွား အောင် ဆောင်ရွက်လျက် ရှိကြပါသည်။

• အထက်ပါ အချက်များကြောင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟု ခေါ်ဆို ရခြင်း ဖြစ်ပါသည်။

ထို့အပြင် ၀ါဆိုလပြည့်နေ့ဧ။် ထူးခြားချက်များမှာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လ၀ါဆို” ဟူသော သံပေါက်လေး အတိုင်း ဂေါတမ မြတ်စွာဘုရား ပဋိသန္ဓေ ယူသော၊ တောထွက်သော၊ ဓမ္မစကြာ တရားဦး ဟောသော လ ဖြစ်ပါသည်။

ဝန်ခံချက်။ ။ ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်)၊ နိုင်ငံတော် ပိဋကတ် တိုက်မှူး စီစဉ် ရေးသားသော အခါတော် နေ့များ စာအုပ်မှ ကောက်နှုတ်ပါသည်။

ကျေးဇူးတင်လွှာ။ မအားသည့်ကြားမှ ဘလော့ချင်စိတ်ကို စာနာပြီး စာကူရိုက်ပေးသော ညီမငယ် ယု ကို ကျေးဇူးတင်ပါသည်။

Read More...

Friday, May 8, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ( ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုင်နေပါသည်။ ဤကဲ့သို့ ထူးခြာချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို “ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ “ဟုအမွှမ်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက် ကို “ကဆုန်လပြည့် မာရ်အောင် နေ့ “ အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခနှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန် လပြည့်နေ့ ကို “ဝိဆခ်ဒေး” ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေး ဟုဆိုလိုပါသည်။

၎။ ဗုဒ္ဓဘာသာဝင်တို့သည်ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင် ဖြစ်ခြင်း တို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက် ဆက်ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော် အဖြစ် အစဉ်အလာ သတ်မှတ် ခဲ့ကြ ပါသည်။
၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုး ပူဇော် ရသော ကုသိုလ်ကြောင့် နတ် ပြည် ၌ဖြစ်ရခြင်း၊ စကြာမင်း ဖြစ်ရခြင်း၊ အပါယ် ဘေးမှ လွတ်ကင်း ရခြင်း အကျိုးများကို ခံစားရကြောင်း ( ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြား ထားပါသည်။
၈။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့ သွား၍ ဒါန သီလ ဘာဝနာအမှုကို ပြု လုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြ ပါသည်။



Read More...

Thursday, October 23, 2008

တွေ့ပြီရှင့်… ကိုယ်ရှာဖွေရင်းးး


ဘာတွေရှာလို့ ဘာတွေတွေ့လို့ အလန့်တကြား ထအော်လဲလို့ အမျိုးသားက ကျီးကြည့် ကြောင် ကြည့်… ဟုတ်ပါတယ်။ ကျွန်မ ဒီအချက် တစ်ချက်ကို ရှာနေတာ နှစ်ချီ နေပြီ။ ဘာအချက် များပါလိမ့် နော်… ၂၀၀၇ ဇူလိုင် ၁၆ တုန်းက တင်ထားတဲ့ ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် ဆိုတဲ့ ပို့စ် မှာ ကျွန်မက စေတီ တစ်ဆူရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အဓိပ္ပာယ် တွေကို ကျွန်မ သိသမျှ လေ့ လာ ထားသမျှ အိတ်သွန် ဖာမှောက် အဲလေ ရှိသမျှ ဗဟုသုတ အသိ အကုန် ခါချပြီး ရေးထား ခဲ့ပါ တယ်။ စာဖတ် သူ တစ်ဦးက စေ့စေ့ စပ်စပ် ဖတ်ပြီး စစ်စစ် ပေါက်ပေါက် ပြန်မေး သွားပါတယ်။ စေတီ တစ်ဆူမှာ ငှက်ပျောဖူးရဲ့ အဓိပ္ပာယ်က ဘာလဲတဲ့။ အဲ.. ကျွန်မ အဲဒီအချိန်က မသိ သေးဘူးရှင့်။ ဒါ ကြောင့် ထည့် မရေးတာပါ။ အဲဒီ အချက်ကို ခုတော့ ကျွန်မ သိပြီ။

ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့ရှင်။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကိုတော့ တင်ပြ ပြီးသားပါ။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွေးလား မသိပါဘူးနော်။ ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှု ရပါတယ်ရှင်။ စာရေးသူရဲ့ အမည်ကို ပြန်ရှာပြီး ထပ်ဖြည့် ပေးပါဦးမယ်နော်။

ဘလော့မှာ ကွန်မန့်ချန်ပြီး မေးခဲ့တဲ့ အနောနီးမတ်စ်ရေ .. ခုမှ ရှာတွေ့လို့ ခုမှ ဖြေပေး နိုင်တာကို စိတ်မရှိ ပါနဲ့နော်။ မေးဖြစ်ခဲ့လို့ ပိုဝီရိယစိုက် ရှာဖြစ်ခဲ့တဲ့ အတွက် ကျွန်မ ကို်ယ်တိုင်လဲ သိလိုက် ရပါတယ်။ ခုလို မေးတဲ့ အတွက် ကျေးဇူးပါနော့။


Read More...

Monday, October 20, 2008

မိဘများသို့ သီတင်းကျွတ် ကန်တော့ပန်း

သီတင်းကျွတ်ပြီ ဆိုရင် ရောက်ရာ နေရာကနေ မိဘ ရပ်ထံ ပြန်ပြီး ၀ါကျွတ် ကန်တော့ပွဲ လုပ်ကြ တာ မြန်မာ့ ရိုးရာ အစဉ်အလာပါ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရ မိဘ ကျေးဇူး သိတတ်တာ မင်္ဂလာ တစ်ပါးမို့ မိဘ ကျေးဇူး ကို အတတ်နိုင်ဆုံး ပြန်ဆပ် ကြတာလဲ ချစ်စရာ မြန်မာ့ဓလေ့ပါ။ မိဘ ကျေးဇူး မြင့်မိုရ်ဦး အထူး ကျေအောင် ဆပ်ပါမည်လို့ ကလေး ဘ၀တုန်းက တချို့ ကျောင်းတွေမှာ ကျောင်းသားလေးတွေ ရွတ်ဖူး ကြမှာပါ။ ဒါဆို မိဘ ကျေးဇူးက ဘယ်လောက် ကြီးလဲ။ သားသမီးကို ဘယ်လို ပြုစု ပျိုးထောင်ရင် ဘယ်လို ကျေးဇူး ရှိတာမို့ ဘယ်လောက် ကျေးဇူး ကြီးသလဲ။ ဘယ်လို ပြန်ကျေးဇူးဆပ်မှ ကျေးဇူးကြွေး ကျေမလဲ ဆို တာ မိခင်လောင်း ဖြစ်တော့မယ့် ကျွန်မ သေသေချာချာ လေ့လာပြီးမှ ဒီပို့စ် လေးနဲ့ မိဘ များကို နှလုံးသား ထဲကနေ လှိုက်လှိုက်လှဲလှဲ ကန်တော့လိုက်ပါတယ်ရှင်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးလို့ နာမည် ခံယူ ထားပြီးမှ သာသနာဖျက် အတွေးအခေါ် အမှားတွေ၊ အယူအဆ အလွဲတွေ၊ ဆုံးမ သြ၀ါဒ အမှားတွေကို ကြားရပါ များ လာတဲ့ အတွက် မိဘများကို တရား နည်းလမ်း ကျနစွာ ကျေးဇူး ဆပ်ချင်တဲ့ အတွက် ဒီပို့စ်ကို ကျမ်းကိုး ကျမ်းကား များနဲ့ တကွ ရေးသား ကျေးဇူး ဆပ်ခြင်း ဖြစ်ပါတယ်။

မိဘ ဆိုတာ သားသမီးအပေါ် ဘယ်လောက် ကျေးဇူး ကြီးသလဲ

ကျေးဇူးဆိုတာ ပြုလေ ကြီးလေပါ။ မိဘက သားသမီး အပေါ်ကျေးဇူးပြုမှု များလေလေ ကျေးဇူး ကြီးလေလေး ပါပဲ။ အကျယ် မရေးသာ ပါဘူး။

ဘုရားတောင် အမေ့ကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကျေတယ် ဆိုတာ ဟုတ်သလား။

မြတ်စွာဘုရားရဲ့ မယ်တော်ရင်း မယ်တော် မာယာဟာ မြတ်စွာဘုရားကို ဖွားမြင် အပြီး ၇ရက် အကြာမှာ နတ်ရွာစံတဲ့ အတွက် မြတ်စွာဘုရားကို နို့တိုက်ရလှ ခုနှစ်ရက် ပါပဲ။ စကြာဝတေးမင်းလောင်း အဖြစ် ဗေဒင် ဟော ခံရတဲ့ တူတော်မောင်ကို အဒေါ်ရင်း ဖြစ်သူက တူတောင်မောင်နဲ့ ၃ ရက်ခြား မွေးတဲ့ သားရင်း ရှိပေမယ့် သားရင်းကို နို့ထိန်း မိခင်နဲ့ ထားပြီး သူကိုယ်တိုင် ကတော့ မြတ်စွာ ဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို နို့တိုက်ပါတယ်။ သူကတော့ မိထွေးတော် ဂေါတမီပါ။ ဒီတော့ နို့ကြွေးကို ပြောရကြေး ဆိုရင် မြတ်စွာဘုရားလောင်းဟာ မိခင်ရင်းရဲ့ နို့ထက် မိထွေးတော်ရဲ့ နို့ကို ပိုသောက် ခဲ့ရ ပါတယ်။ အဲဒီ မိထွေးတော် ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန် ၀င်စံ ခါနီးမှာ လျှောက်ထား ခဲ့တာလေး ကတော့

“မြတ်စွာဘုရား၊ အရှင်ဘုရားကို တပည့်တော်က လောက နို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရုပ်ကိုယ် ထည်ကြီး ကြီးထွားလာအောင် မွေးမြူ ခဲ့ရတဲ့ အတွက် တပည့်တော်ဟာ အရှင်ဘုရားရဲ့ မယ်တော်ကြီး (မိခင်) ဖြစ်ပါတယ်။ တပည့်တော်ကို အရှင် ဘုရားက ဓမ္မ နို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ တရား ကိုယ်ထည် ကြီးထွားလာအောင် မွေးမြူ ခဲ့ရတဲံ အတွက် အရှင် ဘုရားဟာ တပည့်တော်ရဲ့ ဖခင် ဖြစ်ပါတယ်။ တပည့်တော် တိုက်ကျွေး ခဲ့တဲ့ လောက နို့ရည်ဟာ ဆာလောင် မွတ်သိပ်ခြင်းကို တဒင်္ဂ တခဏပဲ ငြိမ်းအေး ပြေပျောက် စေနိုင်ပါတယ်။ အရှင် ဘုရား တိုက်ကျွေးတဲ့ ဓမ္မ နို့ရည် ကတော့ ဆာလောင် မွတ်သိပ်ခြင်းကို အမြဲ ထာဝရ ငြိမ်းအေး ပြေပျောက် စေနိုင် ပါတယ်။ မြတ်စွာဘုရား… အရှင် ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက် ကယ်တင် နိုင်ခဲ့တဲ့ အတွက် တပည့်တော် အပေါ်မှာ အရှင် ဘုရားဟာ နို့ဖိုးကြွေး လုံးဝ မကျန်တော့ပါ။ မယ်တော့ ကျေးဇူးကို နို့နှစ်လုံး ဖိုးလုံး အကျေ ဆပ်နိုင်ခဲ့ ပြီးပါပြီ ဘုရား” တဲ့။ ပိဋကတ် ကျမ်းစာ အညွှန်းကတော့ ထေရီ အပဒါန ပါဠိတော် စာမျက်နှာ ၂၀၉၊ ဂါထာ ၁၃၃ ဖြစ်ပါတယ်။

မိထွေးတော် ဂေါတမီ ထေရီမကြီးရဲ့ နို့ဖိုးကြွေး ရှင်းတမ်း လျှောက်ထားချက်ကို မြတ်စွာ ဘုရားရှင်က ငြင်းဆန်ခြင်း လုံးဝ မပြုဘဲ လက်ခံတော် မူခဲ့တဲ့ အတွက် အဲဒီ လျှောက်ထားချက်ဟာ မြတ်စွာဘုရားရဲ့ မိန့်ကြားချက်နဲ့ တူတူ ပါပဲ။ တကယ်လို့ နို့ဖိုးကြွေး မကျေဘူးဆိုရင် မြတ်စွာဘုရားဟာ စကားကို ပြင်ပြော ပေးမှာ အသေအချာပါ။ ခုတော့ ဆိတ်ဆိတ်နေခြင်းဖြင့် ၀န်ခံ ခဲ့ပါတယ်။

ဆာလောင် မွတ်သိပ်ခြင်း ဆိုတာ တဏှာပါ။ အမေ့နို့ရည်ဟာ နို့ဆာတဲ့ တဏှာကိုသာ တခဏ အားဖြင့် ပယ်ဖျောက် ပေးနိုင်ပါတယ်။ တခြား လိုချင် တပ်မက်ခြင်း တဏှာ တွေကို ပယ်ဖျောက် မပေးနိုင်ပါဘူး။ (ဒါဟာ မှန်သော သစ္စာ တရားချက် ဖြစ်ပြီး မိခင် ကျေးဇူး ရှုထောင့်နဲ့ ရောထွေးပစ်ပြီး တလွဲ ဆံပင် ကောင်းစရာလဲ မလိုပါဘူး)။ သစ္စာလေးပါး မြတ်တရား ဆိုတဲ့ ဓမ္မ နို့ရည်ကတော့ ဆာလောင် မွတ်သိပ်မှု တဏှာ အားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တ မဂ်နဲ့ ထိုးထွင်း သိမြင်ပြီးလို့ ရဟန္တာ ဖြစ်သွားပြီ ဆိုရင် ဘယ်အရာကိုမှ ဆာလောင် မွတ်သိပ်မှု မရှိတော့ ပါဘူး။ အာရုံ အားလုံး ဘ၀ အားလုံးကို ဘာကိုမှ သာယာ နှစ်သက် တပ်မက် တွယ်တာမှု မရှိတော့တဲ့ အတွက် တဏှာ အဆာဓာတ် အားလုံး အပြီးတိုင် ချုပ်ငြိမ်း ပြေပျောက် သွားပါပြီ။

မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနှစ်ရက် တိုက်ကျွေး ခဲ့တဲ့ မယ်တော်ရင်း မာယာဒေ၀ီ ကနေ ဘ၀ပြောင်း သွားတဲ့ သန္တုသီတ နတ်သားကို ၀ါတွင်း သုံးလ ပတ်လုံး အဘိဓမ္မာ တရား ဟောကြား ပေးခြင်း အားဖြင့် သောတာပန် ဖြစ်အောင် ဓမ္မနို့ရည် တိုက်ကျွေး ခဲ့ပါတယ်။ သာမန် ပုထုဇဉ် အဆင့်ကို ကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန် အရိယာ အဆင့်ကို ရောက်သွားတယ် ဆိုရင်ဘဲ အလွန်ဆုံး ခုနှစ် ဘ၀သာ လောကမှာ ကျင်လည်ပြီး သိပ်မကြာလှတဲ့ အချိန်မှာ ရဟန္တာ ဖြစ်ဖို့ သေချာပြီး ဖြစ်တဲ့ အတွက် မိခင် ရင်းကို သောတာပန် ဖြစ်အောင် ဓမ္မနို့ရည် တိုက်ကျွေး ပြီးတဲ့ မြတ်စွာ ဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေးမကျန် တော့ပါဘူး။ မိခင် နှစ်ပါးလုံး အပေါ်မှာ နို့နှစ်လုံး ဖိုးလုံး ကျေပါတယ်လို့ ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက က ဟောကြား ခဲ့တဲ့ တရားတော်ကို ၂၀၀၂ စက်တင်ဘာ ၁၈ ရက်နေ့ထုတ် အင်တာဗျူး ဂျာနယ် မှာ ဖတ်ရှု ခဲ့ရ ပါတယ်။ ဒါ့ပြင် မြတ်စွာဘုရားတောင်မှ မိခင် ကျေးဇူးကို နို့တလုံးဖိုးပဲ ကျေအောင် ဆပ်နိုင် ခဲ့ပါတယ် ဆိုတဲ့စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံ စကားသာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ကြား ခဲ့ပါတယ်။ ဒီစကားကို ပြောသူဟာ ဘုရားကိုလည်း စော်ကားရာ ရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်တာမို့ သာသနာ ဖျက်တဲ့သူ လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့ အထိ အကုသိုလ် ကြီးပါတယ်လို့လဲ ဆရာတော်က မိန့်ကြား ထားပါတယ်။

မိဘ စကား နားမထောင်ရင် ဒုက္ခနဲ့ တွေ့မယ် ဆိုတာ ဟုတ်သလား။

မိဘကို စိတ်ဆင်းရဲအောင် မျက်ရည်ပေါက် ကြီးငယ် ကျအောင် လုပ်တိုင်းသာ ငရဲ ကြီးစတမ်း၊ တသက်လုံး ဆင်းရဲ စတမ်း ဆိုရင် ဂေါတမ မြတ်စွာဘုရားဟာ ဘုရား အဖြစ် ပွင့်ဖို့တောင် မဖြစ်နိုင်တော့ ပါဘူး။ ဒါဟာ လုပ်ပုံ လုပ်နည်း စိတ်စေတနာနဲ့ မိဘရဲ့ စိတ်ထား အပေါ် မူတည်တယ်လို့ ပြောချင် ပါတယ်။ ဒီနေရာမှာ မိဘရဲ့ ဘယ်လို စကားကို ပြောချင် တာလဲ ဆိုတာပေါ် မူတည် ပါလိမ့်မယ်။ မိဘ စကား နားမထောင်တိုင်း ဒုက္ခနဲ့ တွေ့တာကို တချို့က ဥပမာ လာပေး ပါတယ်။ မဟာ ဇနက ဇာတ်မှာ အမေ တား တဲ့ ကြားက ဘုရားလောင်း ဇနက မင်းသားက ကုန်ကူးလို့ လမ်းမှာ သင်္ဘော မှောက်ရပါသတဲ့။ တော်တော် ပြုံးချင်စရာ လိုရာဆွဲ ပြောတဲ့ စိတ်ပညာ ဆိုင် ရာ အကြပ်ကိုင်မှု လေးပါပဲ။ မြတ်စွာ ဘုရားရဲ့ ဘ၀ ဖြစ်စဉ် တွေ ထဲမှာ ဇာတ်ကြီး ဆယ်ဘွဲ့ ဆိုတဲ့ ဘ၀ကြီး ဆယ်ဘ၀ဟာ သူ့သံသရာမှာ ပါရမီ ဆယ်ပါးထဲက တစ်ပါး စီကို အဆုံးစွန် ဖြည့်ကျင့် ရတဲ့ ဘ၀တွေမို့ ဇာတ် ကြီး ဆယ်ဘွဲ့ အဖြစ် တခမ်းတနား သတ်မှတ် ထားရတာ ဖြစ်ပါတယ်။ မဟာ ဇနက ဇာတ်ဟာ ၀ီရိယ ပါရမီ ကို အဆုံးစွန် ဖြည့်ကျင့် ရတဲ့ ဘ၀မို့ ဘယ်လိုမဆို ဘုရား အလောင်း ဇနက မင်းသားဟာ သမုဒ္ဒရာကို လက်ပစ် ကူးရမှာက ကူးရမှာပါပဲ။ အမေ တားလို့ အမေ့ စကား နားထောင်ရင် လက်ပစ်ကူးစရာလဲ မလိုသလို ပါရမီ လဲ ဖြည့်ဖြစ်တော့မှာ မဟုတ်တာမို့ ဘုရားလဲ ဖြစ်စရာ ရှိပါ့မလား လို့ပဲ ပြန်ပြီး ထောက်ပြ ပြောချင် ပါတယ်။

အမေ လုပ်သူက သားဒုက္ခ ရောက်မှာ စိုးတဲ့ မေတ္တာလေးက ကြည်ညို ချင်စရာ ကောင်းပြီးသားပါ။ ဒါကို စိတ် ပညာ ဘာသာရပ်ကို ခုတုံးလုပ်ပြီး သားသမီးကို ကိုယ် ကြိုးဆွဲရာ ကစေချင်တာနဲ့ပဲ ဘာသာရေးနဲ့ ဗုဒ္ဓ၀င်ကို အသုံးချပြီး လိုရာဆွဲ ပြောတာကတော့ အင်မတန် ရုပ်ဆိုး သလို “သာသနာဖျက်” အဖြစ်လဲ အပြစ် ကြီးလေး လွန်းလှတာမို့ မိဘများ အထူးသဖြင့် မိခင်များ အထူး သတိပြု ရှောင်ရှား စေချင် ပါတယ်ရှင်။

နောက်ပြီး ပြောချင်တာက ဗုဒ္ဓသာသနာတော်ကို ကနဦး တည်ထောင်တော် မူတဲ့ မြတ်စွာ ဘုရားသာ မိဘ စကား နားထောင်ရင် ဟိန္ဒူ ဘာသာဝင်သာ ဆက်ဖြစ်နေမှာ ဖြစ်ပြီး မိဘ စကား နားမထောင်ဘဲ အိမ်ပြေး အဖြစ် တောထွက်ရင်း တရားစစ် တရားမှန်ကို ရှာဖွေ ခဲ့လို့သာ ဘုရားအဖြစ် ရောက်ခဲ့တာ ဆိုတာ အထူး ပြောစရာ လိုပါ့မလားရှင်။ ပြီးတော့ သာသနာဦး အစမှာ ဂေါတမ မြတ်စွာ ဘုရားရဲ့ တပည့်သား သာဝက အဖြစ် လာရောက် ခိုလှုံ ကြတဲ့ သူများ အားလုံးဟာ ဟိန္ဒူနဲ့ တခြား ဘာသာဝင် များချည့်သာ ဖြစ်ပါတယ်။ သူတို့ အားလုံး မိရိုးဖလာကို စွန့်ပြီး မြတ်စွာ ဘုရားရဲ့ သာသနာအောက် ရောက်လာ ကြတာ မိဘ စကား နားထောင်ပြီး ရောက်လာတာလား။ ကိုယ့် စဉ်းစားဉာဏ် ဆင်ခြင် သုံးသပ်တတ်တဲ့ အသိဥာဏ်နဲ့ ဗုဒ္ဓ သာ သနာထဲ ရောက်လာတာလား ဆို တာလေး ပြန် သတိ ထားစေ ချင်ပါတယ်။ ဒါပေမယ့် အဲဒီ သာဝကတွေ အားလုံးဟာ သံသရာ တလျှောက် ဆင်းရဲဒုက္ခ ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကိုသာ ဆိုက်ရောက် ပြီး ဒုက္ခ အားလုံး ချုပ်ငြိမ်း သွားခဲ့ ကြပါတယ်။ ဒါလောက်ဆိုရင် မိဘ စကား နားမထောင်တဲ့ သူတိုင်း ဒုက္ခ ရောက် ရတယ် ဆိုတဲ့ စကား ကြီးဟာ ဘယ်လောက် အထိ သာသနာဖျက် ဆန်သလဲ။ မှားယွင်း နေပြီလဲ ဆိုတာ သိသာ လောက်ပါပြီ နော်။ ဒါပေမယ့် တလွဲ ဆံပင် ကောင်းပြီး မိဘ စကား မှန်သမျှ နားမထောင်ဘဲ အိမ်ပြေး လုပ်ရမယ်လို့ မဆိုလိုကြောင်းလဲ သတိ ထားစေ ချင်ပါတယ်။

မိဘကို စိတ်ဆင်းရဲအောင်၊ မျက်ရည်ပေါက် ကြီးငယ် ကျအောင် လုပ်ရင် တသက်လုံး ဆင်းရဲတယ်။ ငရဲ ကြီးတယ် ဆိုတာ ဟုတ်သလား။

နောက်တစ်ချက်က မိဘ မျက်ရည်ပေါက် ကြီးငယ် ကျရင် သားသမီး တသက်လုံး မကောင်းစားဘူး ဆိုတဲ့ စကား လေးပါ။ မိဘက ဘာကြောင့် မျက်ရည် ကျတာလဲ။ သားသမီးက တရားနည်းလမ်း ကျနေလျက်နဲ့ မိဘက ကိုယ့်ရဲ့ တဖက်စောင်းနင်း အတ္တ ဆန္ဒ လိုဘတွေ မပြည့်လို့ သားသမီး အပေါ် မဲပြီး မျက်ရည် ကျတာ ဆိုရင်တော့ အဲဒီ မျက်ရည်ဟာ မိဘနဲ့ပဲ ဆိုင်ပါတယ်။ မိဘ မျက်ရည်ပေါက် ကြီးငယ် ကျတိုင်းသာ သားသမီး ဆင်းရဲ ဒုက္ခ ရောက်ရမယ် ဆိုရင် ဂေါတမ မြတ်စွာ ဘုရားဟာ ဆင်းရဲတွင်းထဲက တက်ရစရာ အကြောင်းကို မရှိ ပါဘူး။

ဘုရားအလောင်း သိဒတ္ထ မင်းသား တောထွက်တော့ မိထွေးတော် ဂေါတမီနဲ့ ဖခင်ရင်း သုဒ္ဓေါဒန မင်းကြီး တို့ ငိုလိုက်ရတာ.. လောကီ ရေးရာနဲ့ ပြောရရင် ဘုရင် တပါးက သားတော် လေး မွေးချိန်မှာ တိုင်းပြည်က ထွက်ပြေးတာလေ။ အဖေ မင်းကြီး ခမျာ သားပျောက်တဲ့ သောက အပူ အပြင် သားဘုရင်ရဲ့ တိုင်းပြည် အပေါ် တာဝန်မဲ့မှု၊ ဇနီးနဲ့ သားအပေါ် တာဝန်မဲ့မှု တွေအတွက် ဘယ် လောက် မျက်နှာပူမလဲ။ ဒီကြားထဲ သားဘုရင် ပစ်ပြေးတဲ့ သားဖွားပြီးစ ချွေးမက ဘုရင့် သမီးတော်။ ခမည်း ခမက်ကို ဘယ်လို မျက်နှာ ပြရ မလဲ။ လောကီ အနေနဲ့ တွေးရင် ဒီသားက ဖခင် မျက်နှာ အိုးမည်းသုတ်တဲ့ သား ဖြစ်မနေ ဘူးလား။ သုဒ္ဓေါ ဒန မင်းကြီး ခမျာ ငိုလိုက်ရတာ။ ဒါတင် ပြီးပြီလား ဆိုတော့ သားတော်ငယ် နန္ဒမင်းသား ဘုရင် အဖြစ် ရာဇ ဘိသိက် တင်တဲ့ နေ့မှာ သပိတ်ထမ်းပြီး ကျောင်းလိုက် ပို့ခိုင်းပြီး ရဟန်း ၀တ်ပေး လိုက်ပြန်လို့ နောက်တ ရှက် ထပ်ကွဲ ပြန်တယ် ဆိုပြီး ငိုလိုက် ရတာ။ နောက်ဆုံး ဘုရင် မျိုးဆက် မျှော်လင့် ချက် ဖြစ်တဲ့ မြေးတော် လေး ရာဟုလာကို အမွေ တောင်းခိုင်း လိုက်တာ ကိုရင် ၀တ်ပေး လိုက်ပြန်တော့ သူ့နှလုံးသား ကြေပျက် သလို ခံစားရပါတယ်လို့ ကိုယ်တိုင် ဘုရားကို လျှောက်ယူ ရတဲ့ အထိ ပါပဲ။

ဒီ ငိုပွဲတွေ အားလုံးဟာ သံယောဇဉ် အပူမီးနဲ့ အတ္တတွေ၊ တရားကို မသိမှု မောဟနဲ့ အ၀ိဇ္ဇာ တွေကြောင့် ငိုရတဲ့ ငိုပွဲတွေ ဖြစ်ပါတယ်။ တကယ်က လောကီနယ်ကနေ လွန်မြောက် နေတဲ့ မြတ်စွာ ဘုရား အဖို့ အရာရာကို အဆုံးအစ မရှိ သိမြင်တော် မူတဲ့ မြတ်စွာ ဘုရားရဲ့ သံသရာ တလျှောက် စာ အငိုရပ်အောင် ဆောင်ရွက်မှု တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် တရားသိသူ တွေရဲ့ ဆောင်ရွက်ချက်တွေဟာ တရားမရှိသူ တွေရဲ့ အငိုပွဲ ဆက်အောင် လုပ်တဲ့ ဖြစ်ရပ် ဖြစ်နေစေ ဦးတော့ ဒါဟာ တကယ် တော့ အပြစ် မရှိ ပါဘူး။ ဒါကြောင့် မိဘ မျက်ရည်ပေါက် ကြီးငယ် ကျအောင် လုပ်တဲ့ သားသမီး ငရဲကြီးတယ် တသက် လုံး ဆင်းရဲ ဒုက္ခ ရောက်ရတယ် ဆိုတဲ့ စကားကို လက်လွတ်စပယ် မပြောသင့် သလို အာဏာရှင် သာသနာ ထူထောင် ဖို့ အတွက် စိတ်ပညာ အသုံးချ လုပ်ရပ် အဖြစ်နဲ့လဲ ဗုဒ္ဓဘာသာကို ခုတုံးလုပ် အသုံးချမှု မပြုသင့် ပါဘူး။ လုံးဝကို ဖီလာ ဆန့်ကျင် ပြောင်းပြန် ဖြစ်နေလို့ပါ။ အထူး သတိ ထားရမယ့် အချက် ဖြစ်ပါတယ်။

မိဘ ဆိုတာ သားသမီးကို ပုံသွင်းသူမို့ ဆန်ဖွပ်သလို ဆန်ရင်း နာနာဖွပ်မှ သားသမီး လိမ်မာမယ် ဆိုတာ ဟုတ်သလား။

ပဋိစ္စ သမုပါဒ် လာ တရားတော် အရ လူတိုင်းမှာ သံသရာ တလျှောက် ကျင်လည်ရာ ဘ၀ အဆက်ဆက်က အထုံပါလာတဲ့ စရိုက်တွေ ရှိကြ ပြီးသားမို့ ရာဂ စရိုက်၊ ဒေါသ စရိုက်၊ ပညာ စရိုက်၊ မောဟ စရိုက် ရှိသူ ဆိုပြီး အသီးသီး ရှိကြ ပြီးသား ဖြစ်ပါတယ်။ ဒါကို မိဘတွေက ငါက မွေးပြီး ငါက ကျွေးလို့ လူဖြစ် လာရတာ ငါ့သားသမီးကို ငါလိုချင်ရာ ပုံစံ အတိုင်း ငါပုံသွင်းလို့ မရရင် ငါညံ့ရာ ကျတယ်ဆိုပြီး အတင်းလုပ်ယူ၊ မရတဲ့ အခါကျတော့ အမွေပြတ်၊ ရောဂါတက် စသဖြင့် ပြသနာ မျိုးစုံ တက်ကြတာဟာ အင်မတန် တရားမဲ့လို့ ငါစွဲ အတ္တ ကြီးလွန်းလို့ ဖြစ်ရတာ လို့ မိုးကုတ် ဆရာတော် ဘုရားကြီးရဲ့ တပည့်ရင်း ဦး စန္ဒာဝရာ ဘိဝံသက ၂၀၀၀ ခုနှစ်ထုတ် ပဋိစ္စ သမုပါဒ် နဲ့ ဘ၀အမြင် စာအုပ်မှာ သေချာပေါက် မိန့်ကြား ခဲ့ဖူး ပါတယ်။ ဒီနေရာမှာ မိဘရဲ့ ကောင်းစေချင်တဲ့ ဆိုဆုံးမမှုကို မဆိုလို ပါဘူးနော်။ မိဘရဲ့ တရားနည်းလမ်း တကျ ဆုံးမ စကားဟာ ပစ္စုပ္ပန် ရော သံသရာ မှာပါ အကျိုးကျေးဇူး များလှတဲ့ အတွက် ကျေးဇူး များလှတာမို့ တယူသန်ပြီး တလွဲ ဆံပင် ကောင်းရင်တော့ ကိုယ်ကျိုး နည်းတတ် ပါတယ်။

သားသမီးက မိဘ စကားကို တသဝေ မတိမ်း နားထောင် နာခံမှ မိဘ စိတ်ချမ်းသာမှ ကျေးဇူး ဆပ်ရာ ရောက်တယ် ဆိုတာ ဟုတ်သလား။

ဘယ်ပိဋကတ်တော် ထဲမှာမှ မပါတဲ့၊ ဘယ်နီတိ ထဲမှာမှ မပါတဲ့ လုပ်ကြံ စကားသာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘစကားကို တသဝေ မတိမ်း နားထောင်ပြီး မိဘ စိတ်ချမ်းသာအောင် ထားတယ် ဆိုတာဟာ တကယ်က မိဘကို ကုသိုလ်စိတ် ဖြစ်အောင် လုပ်ရာ မကျဘဲ မိဘက သားသမီး အပေါ် သံယောဇဉ် ပိုကြီး ပိုတွယ်တာ အောင် လုပ်ရာသာ ကျပါတယ်။ မိဘက သားသမီး အပေါ် တွယ်တာမှု ပိုများ လာလေ၊ ဒုက္ခ ပိုများ လာလေ မဟုတ် ပါလား။ ဓမ္မစကြာ သုတ်မှာ သမုဒယ သစ္စာကြောင့် ဒုက္ခ သစ္စာ ဖြစ်တယ်လို့ အတိအလင်း ပါပါ တယ်။ သမုဒယ သံယောဇဉ် များတာဟာ ဒုက္ခ များခြင်းရဲ့ အကြောင်း တရား ဖြစ်တာမို့ မိဘက ကိုယ့်ကို တွယ်ကပ် သံယောဇဉ် ကြီးမားအောင် လုပ်တာဟာ မိဘ ဒုက္ခ များအောင် လုပ်တာနဲ့ တူတူ ပါပဲ။ မိဘကို ဒုက္ခ များအောင် လုပ်တာဟာ မိဘကို ကျေးဇူးဆပ်ရာ ရောက်ပါ့မလားရှင်။

မိဘ ကျေးဇူးကို ဘယ်လိုနည်းနဲ့ အမြင့်မြတ်ဆုံး အကျေဆပ် မလဲ။

မြတ်စွာ ဘုရားရှင်ဟာ မိခင် ကျေးဇူးကိုသာ ကျေအောင် ဆပ်တာ မဟုတ်ဘဲ ဖခင်ကျေးဇူးကိုလဲ ကျေအောင် ဆပ်နိုင် ခဲ့ပါတယ်။ သုဒ္ဓေါဒန မင်းကြီးကို လူဝတ်ကြောင် ဘ၀နဲ့ ရဟန္တာ ဖြစ်ပြီး ကျွတ်တမ်း ၀င်အောင် လမ်းညွှန် ပေးနိုင် ခဲ့တဲ့ အတွက် ဖခင် ကျေးဇူးကိုလဲ ဆပ်နိုင်ခဲ့သူပါ။ ဒါတင် မက “ငါဘုရား မိဘကျေးဇူးကို အကျေ ဆပ်နိုင် သလို သင်ချစ်သား ချစ်သမီး တို့လည်း မိဘ ကျေးဇူးကို အကျေ ဆပ်နိုင် ပါတယ်” လို့ပဲ မိန့်တော် မူခဲ့ ပါတယ်။ ဘယ်လို ဆပ်ရမလဲ ဆိုတာကို ခုလို မိန့်ကြား ခဲ့ပါတယ်။

ချစ်သား ချစ်သမီးတို့.. စကားကုန်ပြောရမယ် ဆိုရင် မိဘ နှစ်ပါးကို နှစ်သက်ဖွယ် ရတနာတွေ အများကြီး ရှိတဲ့ မြေပြင် တစ်ခုလုံးကို စိုးမိုးအုပ်ချုပ် နိုင်တဲ့ စကြာဝတေးမင်း ရာထူးမှာ ထားပြီး ကျေးဇူး ဆပ်ဦးတော့၊ မိဘကျေးဇူးကို ကျေအောင် ဆပ်ရာ မရောက်ပါဘူး။

သီလ မရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်
သဒ္ဓါတရား မရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊ မပေးရက် မလှူရက် နှမြောတွန့်တို တဲ့မိဘကို စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်
စိတ်ထားမတတ် အကျင့်အမူ မကောင်းတဲ့ မိဘကို စိတ်ထားတတ်အောင်
ပညာဥာဏ် မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင်


ကောင်းစွာ နာယူ ဆောက်တည် စေမယ် လေးလေးနက်နက် သက်ဝင် စေမယ် ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံ စေမယ် ဆိုရင် မိဘ ကျေးဇူးကို တုံ့ပြန် ပြီးသား အကျေဆပ်ပြီးသား ဖြစ်ပါတယ် လို့ ဟောခဲ့ ပါတယ်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လို့ ခေါင်းစဉ် တပ်ပြီး ဟောထား ပေမယ့် လိုရင်းကတော့ မိဘကို ကုသိုလ် တရား တိုး ပွား သထက် တိုးပွား လာအောင် တရားထူး တရား မြတ် ရရှိသထက် ရရှိ လာအောင် စွမ်းဆောင် ကူညီပြီး ကျေးဇူး ဆပ်ဖို့ပါ။

ဒါဟာ ဘုရားဟော မူရင်းပါပဲ။ မိဘကျေးဇူးကြွေး မကျေတဲ့ ဆပ်နည်းကိုရော၊ ကျေးဇူး ကျေတဲ့ ဆပ်နည်း ကိုပါ အတိအကျ ညွှန်ကြား ထားပါတယ်။ ဒီနေရာမှာ တခုတော့ ပြောချင်ပါတယ်။ တချို့ မိဘများ (ကျွန်မ ကိုယ်တွေ့ ကြုံဖူးသဖြင့် ပြောခြင်းပါ) ဟာ နိုင်ငံ ရပ်ခြားက သားသမီး များထံ အကြောင်းပြချက် ပေါင်းစုံဖြင့် အလွန်အမင်း ငွေမှာပြီး ကုသိုလ် ပြုပါ တယ်။ စေတနာ အရင်းခံ သလား၊ ကြွားချင်တဲ့ စိတ်က အရင်းခံ သလား ဆိုတာ ကိုယ်တိုင်က အသိဆုံး ဖြစ်ပါလိမ့်မယ်။ ငွေရှာရတဲ့ သား သမီး က မနိုင်မနင်း ဖြစ်လာလို့ အမေ လှူတာ စိစစ်ပါဦးလို့ ပြောလာရင် ဒိဌိလို့ ပြန်လှန် စွပ်စွဲ ကြပါသေးတယ်။ ဒါကြောင့် မိဘများ ကိုယ့် စိတ်ကို သဒ္ဓါ စိတ်က အဓိကလား၊ ကြွားဝါ ပလွှားချင်လို့ လှူပြ ချင်တဲ့ စိတ်က အဓိက လား ဆိုတာ ပြန် ဆန်းစစ်ဖို့ လိုပါတယ်။ ဒါဟာလဲ စိတ်ထား မတတ်တဲ့ မိဘကို စိတ်ထား တတ်အောင် လမ်းညွှန်ခြင်းမို့ မိဘ ကျေးဇူး ဆပ်နည်း ပါပဲ။ မိဘ များက ငါ့ကို ပြန်ဆရာ လုပ်တယ်လို့ စွပ်စွဲ လာရင်တော့ ဒါဟာ ဆရာလုပ်တာ မဟုတ်ဘဲ မြတ်စွာ ဘုရား ကိုယ်တော် တိုင်က နည်းလမ်း ပေးခဲ့တဲ့ မိဘ ကျေးဇူး ဆပ်နည်းပါပဲ လို့ ပြော ရမှာ ဖြစ်ပါတယ်ရှင်။

ဒါကြောင့် မိဘ စိတ်ချမ်းသာသည် ဖြစ်စေ၊ စိတ်မချမ်းသာသည် ဖြစ်စေ သူတို့ရဲ့ အတိတ်ဘ၀က ပါလာတဲ့ စရိုက်ပေါ် မူတည်ပြီး စိတ်ခံစားမှု မျိုးစုံ ရှိနေ နိုင်ပေမယ့် မိဘ ကျေးဇူးကို ရုပ်ပိုင်း ဆိုင်ရာ အရရော စိတ်ပိုင်း ဆိုင်ရာ အရပါ အဆင့် အတန်း မြင့်အောင် ကျေးဇူး ဆပ်နေတဲ့ သားကောင်း သမီးကောင်း ရဲ့ ထံမှောက်ကို ကံကောင်းခြင်း တွေက အရပ် ဆယ်မျက်နှာကနေ ၀င်လာမစဲ တသဲသဲ ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာ ကတော့ သေချာပေါက် ပါပဲလို့ ရွှေပါရမီ တောရ ဆရာတော် ရှင် ဆန္ဒာဓိကက ဟောကြား ခဲ့တာကို ၂၀၀၃ အောက်တိုဘာ ၃ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဖတ်ရှု နိုင်ပါတယ်ရှင်။

တလောကလုံးမှာ ရှိတဲ့ မိဘ များကို ရည်စူးပြီး မိဘ ကျေးဇူး အထူး ဆပ်နိုင်ကြ စေဖို့ မိဘ ကျေးဇူး အကျေ ဆပ်နည်းကို ခုလို ရေးသား ဖြန့်ချီ ရတဲ့ ကုသိုလ်အကျိုးကို တသံသရာ လုံးမှာ တော်စပ်ခဲ့ ဖူး သမျှ မိဘ မှန်သမျှ အမှူးပြုပြီး တလောက လုံးကို အမျှ ပေးဝေ ပါတယ်…

အမျှ … အမျှ… အမျှ ယူတော်မူကြ ပါကုန်လော့....



Read More...

Friday, June 6, 2008

ကျွန်မ ဖတ်ဖို့ (၁)

အောင်ခြင်းတရား

အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်ရာဧ။်။ မကောင်းသောသူကို သူတော်ကောင်းပြုပြီး အောင်ရာဧ။်။ ၀န်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်ရာဧ။်။ မဟုတ်မမှန် ပြောဆိုသောသူကို မှန်ကန်သော စကားဖြင့် အောင်ရာဧ။်။
(ဂေါတမ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား)

မေတ္တာကိုသုံး အရှုံးမရှိ

သူတဖက်သား၊ မျက်မာန် ပွားသော်၊
တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊
မေတ္တာနှလုံး၊ ကိုယ်က သုံးလျှင်
၊ အရှုံးဘယ်မှာ ရှိချိမ့်နည်း။
(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)

သူတော်ကောင်း ဟူသည်

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးမြစေဧ။်
နံ့သာတုံးသည် မကျွမ်းမချင်း (မီးရှို့သူကို) အနံ့ဖြင့် မွှေးစေဧ။်
သူတော်ကောင်းသည် မိမိကို ညှင်းဆဲသူ ကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။်
ဆေးဆရာသည် သူနာနှင့် ပြိုင်ပြီး အသက်မထွက်ကောင်း။
လူကောင်းသည် သူရူးနှင့် ပြိုင်ပြီး အ၀တ်မလစ်ကောင်း။
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်ပြီး ဒေါသ မဖြစ်ကောင်း။
(ပထမ ရွှေကျင် ဆရာတော် ဘုရားကြီး)

အရင်တပတ်က ဒေါသထွက်နေသော ကျွန်မအတွက် ယောက်ခမက ပို့ပေးလိုက်သော ဓမ္မစာစု များ ဖြစ်ပါသည်။ ပေးပို့သော ယောက်ခမကို ကျေးဇူး အထူး တင်ရှိသော အားဖြင့် ခုလို ထပ်ဆင့် ဖော်ပြ ပေးခြင်းဖြစ်ပါသည်ရှင့်...

Read More...

ဗေဒင် ပညာရဲ့ ဖြန့်ကျက် နိုင်မှု ဘောင်နဲ့ မိစ္ဆာဒိဌိ မဖြစ်ရအောင် ဗေဒင် ပညာကို ဘယ်လောက် အတိုင်းအတာ အထိသာ အသုံးချ မလဲ

ဒီပို့စ် မှာ ကောမန့် ရေးသွားတဲ့ ဘုန်းဘုန်းရဲ့ စာနဲ့ အတွေးကိုရော www.lightofbuddhism.blogspot.com မှ ပို့စ်ကို လာရောက် ကွန်မန့်ပေးသူရဲ့ ထေရ၀ါဒနှင့် သက်ဆိုင် သော၊ ထို့ပြင် မြတ်မင်္ဂလာ စာစောင်တွင် နှစ်ပေါင်း များစွာ ဘာသာရေး မေးခွန်းများ ဖြေပေး ခဲ့သော ဆရာတော် ဦး တိလောက သာရ (စာရေးဆရာ- ရဝေထွန်း) ဧ။် အာဘော်နှင့်လဲ ကိုက်ညီ သော ကောမန့် ကြောင့် သဘောကျ နှစ်သက် ထောက်ခံ မိတဲ့ အတွက် ပို့စ် အဖြစ် မူရင်း စာသား အတိုင်း ပြန်လည် တင်ပြ လိုက်တာ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ နာမည်နဲ့ နေရပ်သာ ပါပြီး ပြန်လည် ဆက်သွယ်ရန် စာတိုက်ကို အားကိုး မရပါသဖြင့် ဒီလို တင်တာကို ဆရာတော်ထံမှ ခွင့်ပြုချက် မတောင်းခံ နိုင်သော်လည်း ဆရာတော်မှ ခွင့်ပြုမည်ဟု မျှော်လင့်မိ ပါသည် ဆရာတော် ဘုရား…

ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့ ။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
နမ္မား ၊ ကချင်ပြည်နယ်

(၁) ဗေဒင် ပညာ ရဲ့ မှန်ကန်မှု ။
ဒီပညာကဟောနိုင်တာက ကာလ(၃)ရပ် (၀ါ) အတိတ်ဖြစ်ရပ်တွေ ၊ လက်ရှိနဲ့ အနာဂတ်ဖြစ်ရပ်တွေ ၊ စိတ်နေသဘောထား (ပေါင်းသင်းဆက်ဆံရေး ) နဲ့ ကျန်းမာရေး ၊ ပညာရေး ၊ အချစ်မေတ္တာရေး စတာတွေ ဖြစ်ပါမယ်။

ဒီပညာတွေ မှာ လွဲမှားနိုင်တဲ့ အချက် (၂) ချက်ရှိပါတယ်။
(က) ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ရွှီးနေလို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ ၊ တွက်ချက်တာတွေ ဆံုးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေ ကြောင့်လဲ လွဲနိုင်ပါတယ်။ ဖြစ်ပုံကတော့ ကိုယ်ဟောနေတာ ဆုံးဖြတ်တာမှန်ရဲ့ သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။

ကိုယ်တိုင်(၁၄) နှစ်ကျော်ကျော် လေ့လာဖူး၊ဟောခဲ့ဖူးသမျှမှာ ကိုယ့်ကိုယ်ကို ယုံကြည်စွာ ဟောရဲတာက သူရဲ့ စိတ်နေသဘောထား ၊ အတိတ် ဖြစ်ရပ်များ သာဖြစ်ပါတယ်။ ဒီအချက်တွေ မှန်နေတာနဲ့တင် လာမေးသူဟာ အရမ်းကို တက်ကြွလာတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ၊အနာဂတ် ၊ ပညာရေး ၊ လက်ရှိပြသနာတွေ စတာတွေကို ဖြစ်နိုင်တယ်ဆိုတာနဲ့ပဲ ဟောရတာများပါတယ်။ အားလုံးကွက်တိ မမှန်နိုင်ပါဘူး။ ဘာကြောင့် ဆိုရင် သူကိုယ်တိုင်က ပြောင်းလဲ နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ယတြာကို ပြောတာမဟုတ်ပါ။ အခြားသော ဒါန၊သီလ၊ဘာဝနာဆိုင်ရာ ကုသိုလ်ရကြောင်းလုပ်ရပ်များကြောင့် ဖြစ်ပါတယ်။

(၂) ဘုရားရှင် နဲ့ ဗေဒင် ။
ဘုရားရှင်ရှိစဉ်ကပဲ မာဂဏ္ဍီပုဏ္ဏားထင်ပါတယ်။ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့ မဝေးတော့တဲ့ တစ်ခုသော လပြည့်ည သန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမကလဲ တွက်ကြည့်တော့ လဲ ဒီလိုပဲ ။ ဒီတော့ ဘုရားရှင်ကို လာမေးပါတယ်။ ဘုရားရှင်ကလဲ သေမယ် လို့ပဲ ဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာမျောက်ဖြစ်ရင် စားဖို့ ငှက်ပျောသီးတွေ စိုက်မယ်၊ ငှက်ဖြစ်ရင် နေဖို့ ညောင်ပင်စိုက်မယ် ၊ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုး လိုက်တာ အများကြီးပါပဲ ။ နောက်တော့ လမ်းဖောက်တာတွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင်ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ ၊ ငှက်တွေ ၊ ပါးတွေ စသည်ဖြင့် စားကြ ၊သောက်ကြ၊နေကြ၊နားကြဖြစ်နေပါတယ်။ အဲဒီညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့် အချိန်ကို စောင့်နေပါတယ် ။အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။

ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေ လုပ်လဲဆိုတာမေးပြီး ဒါတွေဟာ အသက်ရှည်ရာ ကောင်းမှုတွေ ဖြစ်ကြောင်း ဇာတ်တော်ဆောင်ပြီး ဟောပါတယ်။
ဒီတော့ သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။
ကံ နဲ့ ကံ ရဲ့ အကျိုးကိုယုံရပါမယ်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း ၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့် ၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။

(၃) ဘုရားရှင်၏ သဘောထား ။
ဘုရားရှင်ကတော့ ဗေဒင် နက္ခတ် တွေကို မယုံဖို့ ဟောထားတာတွေ ရှိပါတယ်။ မှတ်မိတာတော့ (၂)ခုရှိတယ်။ နက္ခတ္တ သုတ် မှာ နက္ခတ် ကောင်းကို စောင့်နေတဲ့ လူမိုက်ကို အခွင့်ခါကောင်းတွေကို ကျော်ဖြစ်သွားကြတယ်။ကောင်းသော အလုပ်ကို စလုပ်သော နေ့မှာ ကောင်းသော နကတ်ရှိတယ်။ ကောင်းကင်မှာ ရှိနေတဲ့ နက္ခတ် တွေက လူရဲ့ အကျိုးစီးပွားအတွက် ဘာမှ မလုပ်နိုင်ဘူး လို့ ဟောပါတယ်။

နောက်တစ်ခုက အများစုရွတ်နေတဲ့ ပုဗ္ဗာဏှသုတ်ပါပဲ ။ ပုဗ္ဗာဏှသုတ် ဟာ
ကိုယ်၊နှုတ်၊စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသော
နက္ခတ် ၊ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံ တိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

ဒီတော့ ဘုရားရှင်ဟာ ဗေဒင နက္ခတ် ကို လက်မခံ ၊မယုံကြည်ကြောင်း အတိအကျ ဟောထားတာ တားဆီးထားတာ တွေ့ရပါတယ်။ ဘာကြောင့်ဆိုရင် ကိုယ့်လုပ်ဆောင်မှုမှာ အများကြီး မူတည်နေတာကြောင့် ဖြစ်ပါတယ်။

(၄) လက္ခဏာပညာနဲ့ မှန်ကန်မှု ။
နောက်တစ်ခုကတော့ လက္ခဏာ ပိုင်းမှာ ပြောချင်ပါတယ်။ ကိုယ်တိုင်ကလဲ လူ တစ်ထောင်ကျော်ကို စစ်ဆေးဟောပြောဖူးပါပြီ ။ လူမျိုးစုံ ၊ လူမျိုးပေါင်းစုံ ၊ စရိုက်စုံ ကိုလဲ ဟောဖူးပြီ ။ ဟောရတဲ့ ရည်ရွယ်ချက်ကတော့ ဒီပညာဘယ်လောက် တိကျသလဲ ၊ ဒီပညာနဲ့ လူတွေကို ဘာများကူညီနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ကိုယ်တွေ့အားဖြင့် - ဆရာမတစ်ယောက်ကို အသက် (၃၃) နှစ်မှာ အစာအိမ်ရောဂါကို ခွဲစိတ်ပြီး သေမယ်လို့ အမှတ်မထင် ဟောခဲ့ဖူးတယ်။ ကျန်တဲ့ သူရဲ့ ငယ်ဘ၀နဲ့ မိဘအကြောင်းတွေ စသည် စိတ်ထားတွေ မှန်နေတော့ သူက ယုံလွန်းပြီး စိတ်ဓာတ်ကျပါတယ်။ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံပေါ်မှာ နောက်ဆုံးရက်တွေမှာ ကိုယ်ဟောထားတာကိုပဲ တခြားသူတွေကို ပြောပြီး သူသေတော့မယ်လို့ စိတ်ဓာတ်ကျနေပါတယ်။ စိတ်မကောင်းစရာ အားငယ်စွာနဲ့ သူသေသွားပါတယ်။ ကိုယ့်ကို ပြန်ပြောကြတော့ စိတ်မကောင်းဖြစ်ရင်္ပြီး ၊ သေမှာနဲ့ ပတ်သက်တာကို မဟောတော့ဘူး။ သတိပေးရုံပဲ ဟောဖြစ်တော့တယ်။ တကယ်ကတော့ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရင် ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။

နောက်တစ်ယောက်ကတော့ သေမယ်လို့ တော်တော်တိတိကျကျ ပြောလို့ ရနေတဲ့ သူငယ်ချင်းပါ။ အဆုတ်မှာ ထိခိုက်ပြီး ( အဆုတ် ရောဂါ ပေါ့) သေနိုင်တယ် လို့ စိတ်မှာ သိနေတယ်။ သူ့ကိုတော့ ဆေးလိပ်ဖျက်ပါ ။ အာဟာရရှိအောင်စားပါ ။ အကြံပေးဖြစ်တယ်။ ပြုပြင်လို့ရကြောင်း ၊ မပြုပြင်ရင် အသက်အန္တရယ်ရှိကြောင်းတော့ ပြောဖြစ်တယ်။ သူတကယ် ကို မသေချင်စိတ်မျိုးနဲ့ လုပ်တယ်။ အခုထိ ကျန်းမာစွာရှိနေပါတယ်။ လက်ဝါး ၊လက်သည်း ၊ လမ်းကြောင်းအရောင် တွေလုံးဝပြောင်းတယ်။ ကျန်းမာသူတစ်ယောက်လက်မျိုးပြန် ဖြစ်နေတယ်။ ဒါတွေတော့ နောက်မှ ပြောတော့မယ် ။စိတ်ကနေ ၊လုပ်ရပ်ကနေ ကိုယ့်လက္ခဏာကို ပြောင်းအောင်လုပ်ပြိး ဆရာချင်းပြိုင်တာတွေတောင်ရှိပါတယ်။ စိတ်ပေါ်မှာ နေ့စဉ်ဘ၀လုပ်ကိုင်မှုတွေမှာ မှီခိုနေတာမို့လို့ အမြဲ မမှန်ပါဘူး။
(၅) ဘုရားရှင်နဲ့ လက္ခဏာဖြစ်စဉ်။
(တကယ်ကတော့ (၂)ခုရှိတယ်။ ဒီမှာတော့ တစ်ခုပဲ ပြောတော့မယ်။)

သိဒ္ဓတ္ထ မင်းသားမွေးခါစက နိမိတ်ဖတ် လက္ခဏာဖတ်ခဲ.တဲ.သူ အားလုံး (၉) ဦးရှိပါတယ် ။ ရာမပုဏ္ဏား ၊ ဇေပုဏ္ဏား ၊ လက္ခဏပုဏ္ဏား ၊မန္တိကပုဏ္ဏား ၊ယညပုဏ္ဏား ၊ သုဘောဇ ပုဏ္ဏား နဲ. ကောဏ္ဍညပုဏ္ဏား ဟူသော မင်းတိုင်ပင်ခံ ပုဏ္ဏား (ဂ) ဦးဖြစ်ပါတယ် ။ နောက်တဦးကတော့ ခမည်းတော် သုဒ္ဓေါဓန မင်းကြီးနဲ. မယ်တော်ဘုရား ကိုးကွယ်တဲ. ဈာန်အဘိဥာဏ်ရ အသိတရသေ့ကြီး ဖြစ်ပါတယ် ။(အချို့နေရာများတွင် ဒေ၀ိလဟု ရေးတတ်ကြသည်။ ) ဒီ (၉)ယောက်လုံးက သိဒ္ဓတ္ထ မင်းသားလေးကို ဗေဒင်တွက်ခဲ.ကြတာ မဟုတ်ဘဲ လက္ခဏာဖတ်ခဲ.ကြတာလို. ဆိုပါတယ်။

လက် လက္ခဏာသာဖတ်ခဲ.တဲ. ပုဏ္ဏား (၇) ယောက်ကတော့ စကြာဝတေးမင်းသော်၎င်း ၊ ဘုရားသော် ၄င်း ဖြစ်မယ် လို့ပဲ ဟောခဲ.ကြပါတယ် ။ ခြေ လက္ခဏာ ပါ ဖတ်တဲ. ကောဏ္ဍညပုဏ္ဏား ကတော့ လက်ညှိုး -၁ချောင်းပဲ ထောင်ပြီး ဧကန်မုချ ဘုရား ဖြစ်မယ် လို. ဟောခဲ. ပါတယ် ။(မှတ်ချက် - လက္ခဏာ ဆိုတာ အမှတ်အသားဆိုတဲ. အဓိပ္ပါယ်သာရှိပါတယ် ။ လက် လက္ခဏာ၊ ခြေ လက္ခဏာ လို.ပြောမှ ပြည့်စုံတယ်လို. ဆိုပါတယ်။လက္ခဏာ ဟုသာပြောပါက တကိုယ်လုံးရဲ. အမှတ်အသားများကို ကြည့်ရပါမယ် ) ဈန်အဘိဥာဏ်ရ အသိတရသေ့ကြီး ကလဲ ဧကန်မုချ ဘုရား ဖြစ်မယ် လို. ကောဏ္ဍညပုဏ္ဏား ရဲ. ဟောချက်ကို အတည်ပြုခဲ.ပါတယ် ။

လက္ခဏာဖတ်ခဲ.တဲ.သူပုဏ္ဏား (၈) ဦးမှာ (၄)ဦးအိမ်ထောင်ပြုပါတယ်။ ကောဏ္ဍညနဲ့ (၄) ဦးက မပြုခဲ.ပါ ။ ပဉ္စ၀ဂ္ဂီ (၅) ပါးမှာ ကောဏ္ဍညပုဏ္ဏားကလွဲရင် ကျန်တဲ့ ဘဒ္ဒိယ ၊ ၀ပ္ပ ၊ မဟာနာမ် ၊ အဿဇိ (၄)ပါးဟာ လက္ခဏာဖတ်ခဲ.တဲ.သူ အိမ်ထောင်သည်ပုဏ္ဏား (၄) ဦးရဲ. သားတွေဖြစ်ပါတယ် ။ သိဒ္ဓတ္ထ မင်းသားတောထွက်တာနဲ့ ဘုရားမုချဖြစ်မယ်လို. သူတို.ရဲ. ဖခင်တွေက ပြောပြခဲ.လို့ ကောဏ္ဍညပုဏ္ဏားနဲ.အတူ ဘုရားလောင်းကို စောင့်နေကြတာ ဖြစ်ပါတယ် ။

ဒီတော့ ဒီပုဏ္ဏား တွေလဲ သုဒ္ဓေါဓန မင်းကြီးအလိုကျ (၂)ခွပြောခဲ.ပေမယ့် သူတို့စစ်ဆေးခဲ့တဲ့ သိဒ္ဓတ္ထ မင်းသားရဲ. လက် လက္ခဏာအရ ဘုရားဖြစ်မယ်လို. ယူဆခဲ.ကြပုံရပါတယ်။ လက် လက္ခဏာမှာ စကြာဝတေးမင်းသော်၎င်း ၊ ဘုရားသော် ၄င်းဖြစ်မယ်လို့ ဆုံးဖြတ်ချက် (၂) ခွ ဖြစ်နိုင်ပေမဲ့ အဲဒီ့ ပုဂ္ဂိုလ်ရဲ. ခြေ လက္ခဏာက " စက်ရာ " မှာတော့ ကာမဂုဏ်ခံစားမယ့်သူလား ၊ ကာမဂုဏ်စွန့်ပယ် မယ့်သူလား တိတိကျကျဖော်ပြတယ် လို့ဆိုပါတယ်။ ဒါကိုကြည့်ပြီး ကာမဂုဏ်ခံစားမယ့်သူဆို စကြာဝတေးမင်း ၊ ကာမဂုဏ်စွန့်ပယ် မယ့်သူ ဆို ဘုရားဖြစ်မယ်လို. ဆုံးဖြတ်နိုင် ပါတယ် ။

ဒါက ပညာအရ တော့ ဟုတ်နေပါတယ်။ ဒါပေမယ့် ဒီလောက်တိတိကျကျဟောထားပြီး တောမှာ စောင့်နေတဲ့ ကောဏ္ဍညပုဏ္ဏားလဲ ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅) ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတယ် မဟုတ်လား။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရားပြန်လာဟောတော့တောင် သံသယ မေးခွန်းတွေ ကောဏ္ဍညပုဏ္ဏားကိုယ်တိုင် အများကြီး မေးခဲ့တာပါပဲ။ ဘုရားဖြစ်တယ်လို့ သူကိုယ်တိုင်မယုံနိုင်ဘူးလေ။တိုင်းပြည်မှာ အတော်ဆုံးလို့ ပြောရမယ့် သူလဲ ကိုယ့် ကိုယ်ကို မယုံတာတွေ့ရတာပါပဲ။

ဒီပညာတွေဟာ လေးစားစရာ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျဟောနိုင် ၊ ပြောနိုင်တာတွေ ရှိသလို ၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါတယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ ဆေးကို သောက်ရင် ပြသနာ အကြီးအကျယ်တက်ပါမယ်။

ဒီပညာတွေကို လေ့လာရုံ ၊ စူးစမ်းရုံ နဲ့ မရပ်ဘဲ အရမ်းကို ယုံပြီး ဒီဂြိုလ်ထဲရောက်နေလို့ ဒီလို ဖြစ်ရတာ ၊ ဒီ လဆိုရင် ဒီရာသီဖွားမှာ ဒီလို ဖြစ်မှာဘဲ ၊ ကိုယ်ဘာလုပ်လုပ်မထူးပါဘူး ဆိုတာမျိုး ကံ နဲ့ ကံ အကျိုးကို ပယ်လိုက်ရင်တော့ ဗုဒ္ဓ၀ါဒ ကိုပါ ဆန့်ကျင်တဲ့ မိစ္ဆာ ဒိဋ္ဌိကြီး ဖြစ်သွားပါမယ်။ကိုယ်ကျိုးနည်းသွားပါမယ်။ဒါကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးပါ ။ ဘယ်လောက်မှန်နေပါစေ ။ အနာဂတ်အတွက် မမှန်နိုင်သေးဘူး၊ကိုယ်နဲ့ ပိုဆိုင်တယ်လို့ အပြည့်အ၀ယုံကြည်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ဓါတ်ကြီးလေးပါးဆိုတာ ဗုဒ္ဓဘာသာမှာတော့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောပဲရှိတယ်။ (အန္တော= တေဇော၊ ဂဗ္ဘေ= အာပေါ၊ စရေ= ၀ါယော၊ ၀ံသေ= ပထ၀ီ) ဗေဒင် ဘာသာရပ် စကားနှင့် ဗုဒ္ဓဘာသာ ပါဠိ စကားတို့ နှိုင်းယှဉ်ချက် ဗုဒ္ဓဘာသာအစစ်ဆိုလည်း ဗေဒင်ကိုတော့ အားမကိုးထိုက်ပါဘူး။ ဘေးကို ကြောက်လို့ ကိုးကွယ်ရင်တော့ ဘယဗုဒ္ဓဘာသာ(အောက်တန်းစားဗုဒ္ဓဘာသာ)ပဲဖြစ်မယ်။

သာသနာကို ဖျက်စီးသည့် မိစ္ဆာဒိဋ္ဌိဆိုတဲ့ခေါင်းစဉ်လေး ဆက်လက်ဖတ်ကြည့်ပါဦး……………………

သာသနာကို ဖျက်စီးသည့် မိစ္ဆာဒိဋ္ဌိများ
ကပြားဗုဒ္ဓဘာသာ
ကြက်လဲမရောက်၊ ကျီးမမြောက်သား ၊
အောက်ကလိအာ၊ အာကလိအောက် ၊
မနာစောက်အောင်၊ မိနောက်မကျေ ၊
ဘနောက်မမီ၊ မပီမပွန် ၊
တွန်တကျယ်ကျယ်၊ ကြက်ကျီးငယ်သို့ ၊
တင့်တယ်မဲ့စွာ၊ ပညာမကြီး ၊
ဗန္ဓတ်ကျီးသို့၊ နှုတ်သီးမစောင့် ၊
စိတ်မဖြောင့်ဘူး။
မန်လည်ဆရာတော်ဘုရားကြီး (မဃဒေ၀)

သာသနာအပြင်ဘက်မှ ဗုဒ္ဓဘာသာကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့သူမှာ အသောကမင်းကြီးနောက် ခြောက် ဆက်မြောက်မင်းကို သတ်ဖြတ်၍ ဘုရင်ဖြစ်လာသော သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏပုဏ္ဏား စစ်သူကြီး ပေတည်း။ ထိုစစ်သူကြီးအာဏာရသည်နှင့် ဗုဒ္ဓဘာသာကို အမြစ်ပါမကျန်အောင် ဖျက်ဆီးလေတော့သည်။ ဗုဒ္ဓဘာသာရဟန်းမှန်သမျှ မဂဓတိုင်း၊ ကောသလတိုင်း အစရှိသော မဇ္ဈိမဒေသ၌ မနေ၀ံ့တော့သဖြင့် တိုင်းစွန်ပြည်ဖျားသို့ ထွက်ပြေးပုန်းရှောင်ကြရသည်။ သာသနာနှစ် ၁၂၀၀ ကျော်လာသောအခါ ကေရလာ ပြည်နယ်မှ ပေါ်လာသော ရှံကရအမည်ရှိ ဗြဟ္မဏပညာရှိတစ်ယောက်သည် မင်း၏အာဏာအားကိုးယူ၍ ဗုဒ္ဓဘာသာ ရဟန်း တော်များနှင့် ၀ါဒယှဉ်ပြိုင်ပြီးရှုံးနိမ့်သော ရဟန်းတော်များကို ဟိန္ဒူဘာသာသို့ ကူးပြောင်း စေသည်။ မကူးပြောင်းပါက ပွက်ပွက်ဆူ နေသော ထောပတ်ဒယ်အိုးတွင်းသို့ နှစ်၍သတ်ပစ်ခဲ့သည်။

ထိုအချိန်က ဗုဒ္ဓဘာသာဝင်ရဟန်းအများစုမှာ မဟာယာနမှ တစ်စင်ခွဲ၍ ထောင်လာသော ၀ဇီရယာန အောက် လမ်းဆရာကြီးမျိုးသာ ဖြစ်သဖြင့် စာပေအယူဝါဒအနေဖြင့် ရှံကရကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။ သို့အတွက် သာသနာနှစ် ၁၃၀၀ ခန့်က စ၍ အိန္ဒိယတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ရဟန်းများ မရှိတော့ချေ။
(မာဝေ၏ သင်္ကရဒိသာဝိဇယကျမ်း ၁-၉၃)

အပေါ်မှာရေးထားတာကတော့ ဟိန္ဒူ ဗြဟ္မဏတို့ သာသနာအပြင်မှ ဗုဒ္ဓဘာသာကို တိုက်ခိုက်ခဲ့ပုံတွေပါဘဲ ။ သာသနာနှစ် ၁၇၀၀ လောက် ရောက်တော့ တူရကီနွယ်ဝင် မိုဟာမက်ဘိန်ဗခတိယာရ်သည် အိန္ဒိယ မြောက်ပိုင်း တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရင်း ဗုဒ္ဓဘာသာ ရဟန်းတော်များကို ကျောင်းတိုက်ကြီးများအတွင်းမှာပင် မီး တိုက်၍ သတ်ဖြတ်လိုက်လေသည် ။ ထိုအခါမှ စ၍ အိန္ဒိယဒေသတစ်ခုလုံး ဗုဒ္ဓသာသနာ ကွယ်ပျောက် ခဲ့ရပါ တော့သည် ။

နောက်ဆုံးဂေါတမ အမည်ပင်ပျောက်ကာ မဟေသရခေါ် ဣဿရ တဖြစ်လဲ အ၀လောကိတေသရ နှင့်အစား ထိုးကြ၏ ။ ထိုဘုရား လောင်း နတ်သားအဖြစ်မှ တဖန်မိန်းမ အသွင်ပြောင်းကာ တာရာဒေ၀ီ စသည် နတ်သမီးများ ဖြစ်ကြကုန်၏ ။ ကာလီစသော ယက္ခနီ များဖြင့် အစားထိုးပြန်၏ ။ ဝေရောစန ၊ အမိတာဘာစသော မှော်ဘုရား ကြီးများပေါ်လာသောအခါ ဗုဒ္ဓသည် သာကီဝင်မင်းသား ဂေါတမဗုဒ္ဓမဟုတ်တော့။

မှော်ပညာပိုင်စိုးသော နတ်ကြီးတစ်ပါးမျှသာ ဖြစ်သွားတော့၏ ။ ဤကား ဟိန္ဒူဗြဟ္မဏတို့ အတ္တ၀ါဒ ၊ ဗြဟ္မ၀ါဒကို ဗုဒ္ဓ၀ါဒအတွင်းသို့ လိမ္မာပါးနပ်စွာ သွတ်သွင်းခဲ့ပုံပင်ဖြစ်သည်။ ဗုဒ္ဓ၀ါဒနှင့်လည်းမတူ၊ ဟိန္ဒူဝါဒ နှင့်လည်း အတိ အကျမတူသော မဟာယာန၀ါဒကို တဖြည်းဖြည်းချင်း တီထွင်ခဲ့ကြ၏ ။ နှစ်ပေါင်းငါးရာခန့်ကြာသောအခါ မဟာယာနနှင့် ဟိန္ဒူဝါဒတို့ ခွဲမရအောင်ချွတ်စွတ်တူလာ၏ ။ နောက်ဆုံး၌ ဟိန္ဒူဗြဟ္မဏတို့၏ တန္တရ၀ါဒကိုပင် ဗုဒ္ဓ၀ါဒတံဆိပ် ခပ်နှိပ်ပေးလိုက်၏။ တန္တရ၀ါဒမှာ အရက်နှင့်မိန်းမကို ရှေ့တန်းတင်၏ ။ စုန်း၊ ကဝေ၊ တစ္ဆေ၊ ပယောဂ၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ၊ မန္တာန်တို့ကို ဗုဒ္ဓ၀ါဒဆိုင်းဘုတ်အောက် ရွှေ့ထားလိုက်ကြသည်။

ဤကား ဟိန္ဒူဗြဟ္မဏတို့ သာသနာအတွင်းသို့ ၀င်၍ တိုက်ခိုက်ပုံပင်ဖြစ်ပါသည်။
ဗုဒ္ဓ၏ ဒေသနာသည် အနတ္တ (အရာအားလုံး ကိုယ်မပိုင်အစိုးမရ) ၀ါဒဖြစ်သည်။ ဟိန္ဒူဘာသာကား အတ္တ၀ါဒ ဖြစ်သည်။ ဗုဒ္ဓပေါ်ထွန်းလာသည်နှင့် သဗ္ဗေဓမ္မာ အနတ္တာတရား (အားလုံးကိုယ်မပိုင် အစိုးမရ အနတ္တ) ဟူ၍ ဟောကြားလိုက်ရာ အတ္တကို အမှီပြု၍ အညွန့်ခူးစားရသော ဟိန္ဒူဗြဟ္မဏတို့ စားပေါက်ပိတ်ခဲ့ရသည်။ တစ်ဖန်သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် သတ္တ၀ါများကိုသတ်ဖြတ်၍ ယဇ်မပူဇော်ရဟု ဥပဒေဖြင့် အမိန့်ထုတ်ပြန်ရာ ယဇ်ပွဲကိုအမှီပြု၍ ဆီစိုခဲ့ရသော ဟိန္ဒူဗြဟ္မဏတို့နှုတ်ခမ်းမှာခြောက်သွေ့ ခဲ့ကြရပြန်သည်။

သူရဿတီ
အိန္ဒိယနိုင်ငံတွင် သူရဿတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် သောင်များပေါ် သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ်ထွန်းသည်။ ဒါလောက်ဖြစ်ထွန်းရင် ဒီမြစ်ကိုစောင့်တဲ့နတ်က 'မ' တာဖြစ်မယ် ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြသည်။ သာယာညင်းပျောင်းစွာ စီးဆင်းသောမြစ်ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြလေတော့သည်။နာက် တဖြည်းဖြည်းနယ်ကျယ်လာရာမှ ဗေဒင်သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူ ဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်သွားတော့သည်။ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င် လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုက ဗေဒင်သုံးပုံစောင့်တာဆိုလျှင် ဗုဒ္ဓဘာသာဝင်များက အလေးထားကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထားကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံ စောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့သည်။ (ဗေဒင် လေးပုံ ဖြစ်ပါသည်.. ခွန်မြလှိုင်)

ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ ဆဋ္ဌမ သင်ဂါယနာတိုင်အောင် ဆင်းရဲ မျိုးစုံ ကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်း စောင့်ရှောက် ထိန်းသိမ်း နေမည်သာ ဖြစ်သည်။ ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သောသံဃာတော်များ မျက်နှာကိုမျှ မထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည် ဆိုကာ နတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာ လာထားကြသည်။ အထားခံသည့် ဂေါပကကလည်း အထားခံကြသည်။ (မြတ်မင်္ဂလာ စာစောင်တွင် ဘာသာရေး အမေးအဖြေ ကဏ္ဍတွင် အမြဲ ဖြေပေး သော ဆရာတော် ရဝေထွန်း ကလဲ သည် အတိုင်း မိန့်ဆို ဖြေကြား ထားသည်ကို ကလေး အရွယ်ကပင် ဖတ်ရှု လေ့လာ မှတ်သား ဖူးပါသည် ... ခွန်မြလှိုင်)

မဟာယာန၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများ

တဖြည်းဖြည်းဂေါတမဗုဒ္ဓသည် ကမ္ဘာကို ဖန်ဆင်းသူဖြစ်သည်ဟု ဆိုကြ၏ ။ ထိုမှတဆင့်တက်၍ ဖန်ဆင်းရှင် ဗြဟ္မာ ဗိဿနိုး နှင့် ဂေါတမ ကို ပူးပေါင်းလိုက်ကြသည်။ အမည်သာကွဲ၍ ဘုရားတစ်ဆူတည်း အတူတူ ဟုဆိုကြ သည်။ တစ်ဖန်ဂေါတမဗုဒ္ဓသည် ဗိဿနိုး နှင့်တန်းတူ မဟုတ်တော့ဘဲ ဗိဿနိုးဝင်စားသူ၊ ဗိဿနိုး၏ ကိုယ်ပွား တစ်ထောင်အနက် ကိုယ်ပွားအ၀တာရတစ်ခုမျှသာဟုဆို၍ အောက်တစ်ဆင့် နှိမ့်လိုက်သည်။ ဟိန္ဒူတို့သည် သဒ္ဓမ္မပုဏ္ဍရိကသုတ်နှင့် ဂဏ္ဍဗျူဟာသုတ်များ၌ ဗုဒ္ဓသည်လူသားမဟုတ်၊ ကောင်းကင်ဘုံမှ နတ်ဘုရား ဖြစ်သည် ဟု ဆိုကြ၏ ။ ဗုဒ္ဓ၀ါဒီတို့သည် ဖန်ဆင်းရှင်ဗြဟ္မာ (ဣဿရ) ကို လက်မခံကြချေ။ သို့ရာတွင် ဗုဒ္ဓကိုလွန်စွာ ကြည်ညို ကြ ကြောင်း သိထားသော ဗြဟ္မဏပုဏ္ဏားရဟန်းများ က ဗုဒ္ဓသည်လူသားမဟုတ်၊ ကောင်းကင်ဘုံမှ နတ်ဘုရားကြီးဖြစ်သည်ဟု ဟောပြော ကြသည်။ ဗုဒ္ဓဘာသာဝင်လူများစုကမူ သဒ္ဓါလွန်နေကြ၍ ကိုယ့်ဘုရားကို နတ်အဖြစ် မြှင့်တင်သည်ကို ကျေနပ်နေကြ၏။ ထို့ကြောင့်ပင် ဗုဒ္ဓသာသနာ့ဘောင်အတွင်းသို့ ရဟန်းအသွင်ဖြင့် ၀င်ရောက်ကာ ပါဠိတော်အဌကထာများ ကို ကိုယ်လိုရာဆွဲ၍ ရေးသားပြီး မဟာယာန ၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများကို တီထွင်ဟောပြောကြလေတော့သည်။ ဤကား ဗုဒ္ဓ၏အနတ္တဒေသနာကို အတ္တဒေသနာ ဖြစ်အောင် ယဉ်ယဉ်လေးဖျက်ဆီးကြခြင်းပင် ဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ ဗုဒ္ဓကိုသေးသိမ်ပြီးအရာမရောက် ဖြစ်သွားအောင် တဖြည်း ဖြည်း ချင်းအစပျောက်ဝါးမျိုပုံမှာလည်း ကြည့်တတ်သူများမှသာ မြင်နိုင်ပေသည်။

ဤနေရာ၌ သူတစ်ပါးအပြစ်ကို ကြည့်ခြင်းထက် မိမိအပြစ်ကိုသာကြည့်၍ ပြုပြင်ခြင်းသည် လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်း ကျိုး ချမ်းသာကို ရနိုင်သည်ဟူသောစကားအတိုင်း အိန္ဒိယဗုဒ္ဓဘာသာ ရဟန်းတော်များ သီလ၊ သမာဓိ၊ ပညာ အားနည်းခြင်း၏ အဓိက အကြောင်းကို လေ့လာသုံးသပ်ပြီး မြန်မာပြည်မှ ရဟန်းတော်များ အနေဖြင့် ထေရ၀ါဒ ဗုဒ္ဓအယူဝါဒမဟုတ်သော အရာများကို ဖယ်ရှား ကြရပေမည် ။

ဆေး ၊ ဗေဒင် ၊ လက္ခဏာ ၊ နက္ခတ် နှင့်တကွ လောကီထွက်ရပ် ၀ိဇ္ဇာဂိုဏ်း ဘုန်းကြီးများ များပြားလာခြင်းသည် ဗုဒ္ဓသာသနာ အားနည်း ပျောက်ကွယ်ခြင်း၏ အရေးကြီးဆုံးသော အကြောင်းဖြစ်ပေသည် ။ ထိုဂိုဏ်းဘုန်းကြီး များကို မဟာယာနဘုန်းကြီးများက မွေးဖွား ပေးလိုက်သည် ။ မဟာယာနဘုန်းကြီးများကို ယောဂါစာရ နှင့် မဇ္ဈိမိက ဂိုဏ်းများက မွေးဖွားပေးလိုက်သည် ။ ထို ယောဂါစာရ နှင့် မဇ္ဈိမိက ဂိုဏ်းများကို မဟာသံဃိက ဂိုဏ်းကြီးက မွေးဖွားပေးလိုက်သည် ။ မဟာသံဃိက ဂိုဏ်းကြီးသည် ဒုတိယ သင်္ဂါယနာ တင်သည့် အချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည် ။

ဥုံ၊ သြောင်း

သာသနာကွယ်ခြင်းအကြောင်းအရာတွေထဲမှာ ပါဝင်တဲ့ ပါဠိပုဒ်ပျက်စေသော ဥုံ၊ သြောင်း ခံရွတ်ခြင်းပါပဲ။ ဒီ ဥံ၊သြောင်း စသော ပါဠိ ပုဒ်ပျက်များဟာ ဟိန္ဒူဘာသာ ကျမ်း(၇)ကျမ်းမှာသာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ တိပိဋက တော်လာမဟုတ်ပါဘူး။ ဥုံ ရဲ့အဓိပ္ပါယ် ကတော့ ဟိန္ဒူဘာသာမှာ နတ်မင်းကြီးများ၏ ကိုယ်စားလှယ်လို့ အဓိပါယ် ရတာပါပဲ။ ဥုံ ဟူသည် ဥုမ်မှ ဖြစ်လာခြင်းဖြစ်သည် ။ ဥုံကို ပုဒ်ခွဲလိုက်ရင် အ၊ အု၊ အမ် ဟူ၍ဖြစ်လာသည် ။ အ သည် လောကကို ဖန်ဆင်းသော ဗြဟ္မာကို ကိုယ်စားပြုသည် ။ အု သည် ဗိဿနိုး နတ်ကို ကိုယ်စားပြုသည် ။ အမ် သည် သျှီဗစ် ခေါ် သျှီဝနတ်ကို ကိုယ်စားပြုသည် ။ ထိုနတ်သုံးမျိုးစလုံး ဟိန္ဒူ ဗြဟ္မဏဘာသာမှာသာ ရှိသော ကြောင့် ဥုံ ၊ သြောင်း ပါသော ဂါထာ ၊ မန္တာန် မှန်သမျှကို ဟိန္ဒူ ဗြဟ္မဏ ဂါထာ ၊ မန္တန်ဟူ၍ ခွဲခြားနိုင်သည်။ ၄င်း အချက်ကို သတိမထားမိသော ဆရာအချို့က ဘုရားဟောဂါထာ အချို့ကိုပင် ဥုံ ၊ သြောင်း ခံ၍ ရွတ်ဆိုနေကြရာ ဆွမ်းဆန်ထဲ ကြွက်ချေး အရောခံ ရသလို ဘုရားဟောပါဠိအချို့မှာ ဂုဏ်ငယ်ကြရပါသည် ။

ဘုရားကိုးဆူပူဇော်ခြင်း

ဘုရားကိုပူဇော်တာဖြစ်လို့ ကုသိုလ်တော့ဖြစ်ပါတယ်။ သို့ပေမယ့် မသန့်ရှင်းဘူး။ ဘုရားကိုးဆူပူဇော်တာဟာ ထေရ၀ါဒမှ ကျင့်စဉ်တစ်ရပ် မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။ ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထားတာဆိုပြီး နတ်မင်း ကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တ၀ါကိုးကောင်၊ ကိုးမျိုး နဲ့ပူဇော်ကြတာပါပဲ။ ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က ၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထား တာက နတ်မင်းကြီးကိုးပါး။ ထက်ပြီးပါပါသေးသဗျာ။ သူတို့ရဲ့ကိုယ်စားလှယ်တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။ စဉ်းစားကြည့်ပေါ့ဗျာ ကျုပ်တို့မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ် တာ ဖြစ်သင့်သလားဆိုတာ။ ဒီနေရာမှာ စင်လို့အသုံးပြုတာ အတော်ပင် မတင့်တယ်တာပါ။ မြတ်စွာ ဘုရား ရှင်တော်မြတ်ကို စင်ပေါ်တင်ထားသလိုမျိုးဖြစ်နေပါတယ်။ စံ ကျောင်းတော်ဆိုပြီး အသုံးပြုရပါ့မယ်။ ပြီးတော့ ပြောပါသေးတယ်။ ဘယ်ဘုရားလေးက ဘယ်မှာနေ။ ဘုရားကိုးဆူဆရာက ဘုရားဆရာ လိုလို ဆရာလုပ်နေတာ များ။ ရွတ်ဖတ် နေတာ ကလည်း ဘေးကင်း အောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့လေမျိုး။ စဉ်းစားကြပေါ့ဗျာ။ ရမ်းရမ်း မလုပ် ကြပါနဲ့။ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတာလည်း ဘာများထူးတော့မှာလဲ။ ဒီကစတာပါပဲ။ ဗုဒ္ဓဂုဏ်တော်ကို တစ် ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓါနုဿတိဖြစ်အောင် ပွားများကြပါ။ သန့်သန့်ရှင်းရှင်း ကိုးကွယ်မယ်ဆိုရင် ပွင့်တော်မူပြီးခဲ့သော နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များအကုန်လုံးကို ပူဇော်ကိုးကွယ်ပါ။

ဘယ်လိုဗုဒ္ဓဘာသာလဲ

ဗုဒ္ဓဘာသာ(၅)မျိုးရှိပါတယ်။
(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)
(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)
(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)
ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုသည်။
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)
၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုသည်။
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)
၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုသည်။

အထက်ပါအချက်များကို လုပ်ဆောင်နေသူများသည် မည်သည့်ဗုဒ္ဓဘာသာ ဖြစ်မည်၊ မည်သည်အဆင့်အတန်း တွင် ပါဝင်နေမည်၊ မည်ကဲ့သို့ပုထုဇဉ်များဖြစ်မည်ကိုတော့ ကိုယ်ကိုတိုင်စဉ်းစားကြည့်လျှင် အတွေးတွင် အထင်း သားပေါ်လာလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကိုယ်ကိုတိုင်ဘယ်လိုဗုဒ္ဓဘာသာလဲဆိုတာ ဝေဖန်ပိုင်းခြားကြစေ ချင်ပါတယ်ဗျာ။ ဟုတ်တိုင်းမှန်စွာ ဝေဖန်နိုင်သော ဉာဏ်ရင့် သန်အောင် ကြိုးစားကြပါ။ တော်တော်များများ ဒီ ဒိဋ္ဌိ တွေ မပျောက်တာကို အတော်လေးတွေ့ရပါတယ်။ အောက်တန်းစားဗုဒ္ဓဘာသာ မဖြစ်စေလို၍ ပညာဉာဏ်နဲ့ယှဉ် သော ပညာဗုဒ္ဓဘာသာ(အထက်တန်းစားဗုဒ္ဓဘာသာ) ဖြစ်စေလိုသော ဆန္ဒနဲ့ပါ။ ညီအစ်ကိုမောင်နှမများ ဤကား လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ ဝေဖန်ပိုင်းခြားနိုင်ပါစေခင်ဗျာ။ ဒိဋ္ဌိတရားများ ကင်းရှင်း၍ သာသနာကို စောင့်ရှောင်နိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်ကြပါစေ။
www.lightofbuddhism.blogspot.com

(ခွန်မြလှိုင်မှ) ဗေဒင် ပညာကို လေ့လာ လိုက်စား ဆင့်ပွားသူ အများစုမှာ ဟိန္ဒူ ဘာသာဝင် ဗြဟ္မဏ များ ဖြစ်ကြသော်လည်း ရှေးမြန်မာ အစဉ်အဆက် ယောက်ျားကောင်းတို့ တတ်အပ်သော အဌာရသ ဆယ့်ရှစ်ရပ် ထဲတွင် ဆင်စီး မြင်းစီး ဓားရေး လှံရေး ဂဏန်း သင်္ချာ တို့နှင့် အတူ ဗေဒင် နက္ခတ်လဲ အတတ်ပညာ တစ်ရပ် အနေနှင့် ပါဝင်ပါသည်။ ဗေဒင် ပညာသည် ကိုးကွယ်စရာ ဘာသာ မဟုတ် သော်လည်း ယခုခေတ် ကွန်ပြူတာ ပညာရပ်လို ဂဏန်း သင်္ချာ ဘာသာရပ် တစ်ခုသာ ဖြစ်သည်ကို ဘာသာရေးနှင့် ရောထွေး အမှတ် မှားမှု မရှိစေရန် နှင့် သတိပြုမိရန် တင်ပြ အပ်ပါသည်။
ပညာဉာဏ်နဲ့ ယှဉ်ပြီး ဘသာရေး လိုက်စားသော ဗုဒ္ဓဘာသာဝင်များ ပေါများ နိုင်ကြ ပါစေ။

Read More...

Wednesday, May 7, 2008

မုန်တိုင်းက ပေးသော ဘာသာရေး အတွေး

နာဂစ် မုန်တိုင်း ၀င်အပြီး လူတွေ တော်တော်များများ တွေဝေ ကုန်ပါတယ်.. ဘာသာရေး နဲ့ သဘောတရားရေး အရပါ.. တော်တော် များများက ချတ်တင်မှာ လာပြောကြတာကို ဘ၀င် မကျလို့ “လုပ်တာ နအဖ ထိတာ ပြည်သူ မို့ ဗုဒ္ဓ ဘာသာကို မယုံချင်ဘူး”လို့ လာထိခိုက် ပြောနေလို့ ခု ပို့စ်ကို ရေးဖြစ်တာပါ။

မြန်မာ နိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမို့ သဘာဝ ကပ်ဘေး နည်းပါးတယ်လို့ အမြဲ ဂုဏ်ယူနေကျ နိုင်ငံပါ။ ခါတိုင်းနှစ်တွေ မုန်တိုင်းလာရင် မုန်တိုင်းဟာ မြန်မာ နိုင်ငံကို အဖျားသာ ခတ်လေ့ ရှိပြီး အိန္ဒိယနဲ့ အထူး သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ကိုပဲ ၀င်သွားလေ့ ရှိပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာမှာ ရွှေဝါရောင် တော်လှန်ရေး မှာ သံဃာတော်တွေ နအဖရဲ့ အသတ်ခံ ရပြီး တဲ့နောက် အင်အား ကြီးလှတဲ့ နာဂစ် မုန်တိုင်း ကြီးဟာ မြန်မာနိုင်ငံကို ခါးလယ်က ဖြတ်တိုက်ပြီး တည့်တည့်ကြီး ၀င်သွားခဲ့ ပါတော့တယ်။ ဒီမှာတင် “သံဃာ ကို သတ်တာ နအဖ၊ မုန်တိုင်း ထိတာ ပြည်သူ” ဆိုတဲ့ အတွေးတွေ ၀င်ကုန် ပါတော့တယ်။

အဂတိ တရား လေးပါး ရှိပါတယ်။ မြန်မာလို ပြောရရင် ဘက်လိုက် ရခြင်း အကြောင်း လေးပါးပေါ့။ ဆန္ဒဂတိ= ကိုယ်တိုင်က ဖြစ်စေ ချင်လို့ ဘက်လိုက်ခြင်း၊ ဘယာဂတိ= ကြောက်လို့ ဘက်လိုက်ခြင်း၊ မောဟဂတိ= တွေဝေ မိုက်မဲ သောကြောင့် ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်မှန်း မသိလို့ ဘက်လိုက်ခြင်း၊ ဒေါသ ဂတိ= စိတ်ဆိုး ဒေါသထွက် ခြင်းကြောင့် ဘက်လိုက်ခြင်း ပါတဲ့။ ကျန်ခဲ့တဲ့ စက်တင်ဘာ တော်လှန်ရေးမှာ သံဃာကို နအဖက သတ်တော့ ပြည်သူ တွေက သံဃာတော် တွေကို ရွပ်ရွပ်ချွံချွံ ကာကွယ် ခဲ့ပါသလား။ သံဃာတော်တွေ ဘက်က လိုက်ခဲ့သလား။ နအဖ ဘက်က လိုက်ခဲ့သလား။ ပြည်သူတွေရဲ့ လုပ်ရပ်ဟာ သံဃာတော် တွေဘက်က လိုက်ခဲ့ရာ ရောက်သလား။ နအဖ ဘက်က လိုက်ခဲ့ရာ ရောက်သလား။

ဆိတ်ဆိတ် နေခြင်းသည် ၀န်ခံရာ ရောက်တယ် … ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ သည်လေးဟူ တူတူ အကျိုး ရသည် ဆိုတော့ ဆိတ်ဆိတ် နေတာဟာ စိတ်တူ သဘောတူ တာနဲ့ သွားညိ နေတာပေါ့။ ဘာလို့ ပြည်သူက ဆိတ်ဆိတ် နေခဲ့တာလဲ.. ကြောက်လို့လား။ ဒါဆို ဘယာဂတိပေါ့.. ဒါပေမယ့် ကြံ့ဖွံ့၊ စွမ်းအားရှင် နဲ့ တချို့ စစ်သားတွေက ဆန္ဒဂတိလဲ ပါပါ လိမ့်မယ်.. ခိုင်းတာ လုပ်လို့ ရာထူး တက်ရင် ငါနဲ့ ငါ့ဆွေမျိုး ကောင်းစားရေး အတွက် ဆိုပြီး တော့လေ.. ပြည်သူ တချို့ တွေက သူများ နောက်က လိုက်လိုက် တာပေါ့ ဆိုတဲ့ မောဟဂတိနဲ့ နေခဲ့ ကြတယ်။ ဒီလိုနဲ့ ဘုန်းကြီးကို သတ်တဲ့ နအဖရဲ့ လုပ်ရပ်ကို ဆိတ်ဆိတ် နေခြင်းဖြင့် စိတ်တူ နေလို့ (သို့မဟုတ်) စိတ်တူရာ ရောက်နေလို့ ဒီလို ကပ်ဘေး ထိတာလို့ ကောက်ချက် ချမိ ပါတယ်။

ဒီနေရာမှာ စိတ်မတူ ဘဲနဲ့ တော်လှန် နေလျက်နဲ့ ကပ်ဘေး ထိတာကို ထည့်ပြောချင် ပါတယ်။ ကျွန်မက ဗုဒ္ဓဘာသာဝင်မို့ သံသရာမှာ ဘ၀ အဆက်ဆက် ရှိတယ်လို့ ယုံပါတယ်။ အတိတ်ဘ၀က ၀ဋ်ကြောင်း ပါလာ လို့ ကတော့ မြတ်စွာ ဘုရား သက်တော် ထင်ရှား ရှိလျက် နဲ့တောင် မျက်ကွယ်ပြုရတဲ့ အဖြစ်တွေ ရှိပါ တယ်။ အတိတ်ဘ၀က ငှက်သတ်သမား မုဆိုးများ ခုဘ၀မှာ ရဟန်း ဖြစ်တော့ ၀ဋ်ဆပ်ချိန် ရောက်တော့ ရဟန်း တပါး က စိတ်ဖောက် လာပြီး တခြား ရဟန်း တွေကို လိုက်သတ် ပါတယ်။ အသတ် ခံမယ့် ရဟန်း များကလဲ လိုလို လားလား အသတ်ခံ ကြပြီး ဝေဒနာကို ကမဌာန်း ရှုလို့ ရဟန္တာ အဖြစ် ပရိနိဗ္ဗာန် ၀င်စံ ကြပါတယ်။ သူတို့ ၀ဋ် ကြောင်း ကြီးလို့ မြတ်စွာဘုရားက ဘယ်လိုမှ တားမရလို့ တပါးတည်း ဂန္ဓကုဋီ တိုက်ထဲမှာ တနေကုန် မျက်ကွယ်ပြု နေခဲ့ရ ဖူးပါတယ်။

ဒါဖြင့် ဘာကြောင့် သံဃာကို သတ်ဖို့ အမိန့်ပေးတဲ့ နအဖ ကိုယ်တိုင်ကျ ဘာမှ မဖြစ်သေး တာလဲ လို့ မေးစရာ ရှိလာပါတယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကို အခါခါ သတ်ဖို့ ကြိုးစားခဲ့တဲ့ ဒေ၀ဒတ်ဟာ ချက်ချင်း မြေမမျိုပါဘူး။ ဗုဒ္ဓဘာသာ သာသနာ ဟာ အချိန်စောင့်ပါတယ်။ ပြင်ချိန်ပေး ပါတယ်။ ဒါပေမယ့် တရားလွန် လာတဲ့ အခါ သံဃာကို သင်းခွဲလို့ ပတ္ထုဇန သံဃာ့ ကံဆောင် သပိတ် မှောက်တာ ခံရပြီးတဲ့ အခါမှာ ရဟန်း၊ ရှင်၊ လူ အားလုံးက သူ့ကို ၀ိုင်းပယ် ကြဉ်ရှောင် လာတဲ့အခါ နောင်တ ရလို့ တောင်းပန်ဖို့ မြတ်စွာ ဘုရား ထံမှောက် ရောက်အောင် သွားတဲ့ အခါ တွေ့ခွင့်တောင် မရတော့ ပါဘူး။ တကမ္ဘာစာ ငရဲကျ ခံဖို့ စု ထားတဲ့ အကုသိုလ် ရိက္ခာထုပ် ပြည့်ပြီ ဖြစ်လို့ လမ်းခုလတ်တင် မြေမျိုခံရပြီး အ၀ီစိကို ကျရပါတယ်။ တကမ္ဘာ စာ ပြန်မပေါ် စတမ်း ငရဲ ကျခံ ရပါတယ်။ အဲလို ငရဲ ကျခံ နေရတုန်း အချိန်မှာ တသံသရာ လုံးက လုပ်ခဲ့တဲ့ ကုသိုလ် တွေဟာ လုံးဝ အကျိုး ပေးခွင့် မရတော့ ပါဘူး။ ငရဲက လွတ်တဲ့ အထိ စောင့်ရ ပါတော့တယ်။ ဒီတော့ လောဘတကြီး အကုသိုလ် ရိက္ခာစု နေတဲ့ သူတွေကို တသံသရာ လုံးက လုပ်လာတဲ့ ရှိစုမဲ့စု ကျန်သမျှ ကုသိုလ် ရိက္ခာတွေ ယတြာ အားကိုးနဲ့ ကုန်အောင် သုးံပါစေ… ၀ဋ်မှာ ရိက္ခာထုပ် မှားပြီး ၀ဋ်လည်တယ် ဆိုတာ မရှိပါဘူးနော်…

နောက်တစ်ချက်က ကျွန်မတို့ မြန်မာ နိုင်ငံဟာ ဗုဒ္ဓ ဘာသာ နိုင်ငံလို့သာ ဆိုပါတယ်.. ပြည်သူ ဘယ်လောက် ရာခိုင်နှုံးက ဗုဒ္ဓ ဘာသာ စစ်ပါသလဲ။ ကိုယ့်ကိုယ်ကို ဗုဒ္ဓ ဘာသာလို့ ခံယူ ထားသူများ ကိုယ်တိုင် ဖြေကြည့်ပါ။ မနက်တိုင်း ဘုရား ပုံမှန် ရှိခိုးတာ ကောင်းပါတယ်။ ဒါပေမယ့် ဘုရား ရှိခိုး ငါးပါး သီလ ခံပြီးရင် ဘုရားစင်က မျက်နှာ ကွယ်တာနဲ့ လိမ်ပြောတာ၊ ရုံးချိန် ခိုးတာ (ရုံးနောက်ကျတာ) ၊ အစချီလို့ ဘုရားရှေ့ ကတိခံ ထားသမျှ ချိုးဖောက် ပါတယ်။ စတည်းက မတည်နိုင်ရင် ဘုရားရှေ့မှာ လက်အုပ် ချီပြီး သွားမလိမ် ပါနဲ့။ ကိုယ့် အထက် လူကြီး ဆီကို ကတိ သွားပေးပြီး သူ့ကွယ်ရာ ထင်ရာ စိုင်းမှန်း အထက်လူကြီး သိရင် ဘာလုပ်မလဲ။ သူ့ပီအေ ကရော ဘာလုပ်မလဲ။ မြတ်စွာ ဘုရားဟာ အတုမဲ့ အနှိုင်းမဲ့ ဂုဏ်သရေ ရှိ လူသား ဘုရားပါ။ မြင်သာအောင် လွန်လွန် ကျူးကျူး နှိုင်းပြ တာပါ။ ဒီလိုဆို ဂျပန်၊ တရုတ် နိုင်ငံများ ဘယ်လိုလုပ် မလဲလို့ မေးစရာ ရှိလာ ပါတယ်။ သူတို့ရဲ့ ဗုဒ္ဓဘာသာ က ဘုန်းကြီးက အရက်သောက်၊ မိန်းမယူလို့ တောင် ရတယ် လို့ ဆိုလာ ပါတယ်။ ဒါဆိုရင် ကျွန်မက သာသနာချင်း နှိုင်းပြောပါမယ်။

မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ သာသနာ (ဘုရား ဟောသမျှ တရားကို လုံးဝ ပြုပြင် စီရင်ခြင်း မရှိဘဲ အတိ အကျ နဂို မူလ အတိုင်း ထားပြီး ကျင့်ကြံတဲ့ သာသနာ) ပါ။ တရုတ်၊ ဂျပန်၊ ကိုရီးယားက မဟာယာန သာသနာ (ဘုရား ဟောသမျှကို နောက်ပိုင်း လူတွေက ပြင်ချင် သလို ပြင်၊ ထုတ်နှုတ် ဖြည့်စွက် စိတ်တိုင်းကျ လျှောက်လုပ် ထားတဲ့ သာသနာ) ပါ။ ဒီတော့ ဘယ်သူ့ တရားက မှန်ကန် ပြင်းထန် မလဲ။ ဆေးစစ် ကို တန် ဆေး၊ လွန်ဘေး စားရပါတယ်။ ဆေးစစ်ဟာ ပြင်းထန် ပါတယ်။ ဒီလိုပဲ တရားတော် အစစ်ဟာ တန်ခိုး သတ္တိ အာနိသင် ပြင်းထန် ပါတယ်။ မရိုသေ မလေးစားရင် ဒဏ်ပြန် ထိမှု ပြင်းထန် ပါတယ်။ ဒီတော့ ဘုရားကို လိမ် ရင်၊ တရားတော်ကို လိမ်ရင် ဆိုးဆိုးရွားရွား ဒဏ်ပြန် ထိပါတယ်။ ဒီတော့ မြန်မာ နိုင်ငံက ဗုဒ္ဓ ဘာသာ ၀င်များ ဘုရားရှိခိုးတာ ကောင်းပါတယ် ကုသိုလ် ရပါတယ်။ ဒါပေမယ့် ငါးပါးသီလ ခံပြီးမှ ချိုးဖောက်ရင် ချိုးဖောက် တာ တပြစ်၊ ခံယူ ပါမယ်လို့ လိမ်တာ တပြစ် ဖြစ်နေပါ့မယ်။

နောက်ဆုံး အနေနဲ့ ပြောချင် တာကတော့ ဒေါက်တာစိုးထက် ကောမန့် ပေးဖူးတဲ့ အတိုင်း ထေရ၀ါဒ ဗုဒ္ဓ ဘာသာ သာသနာဟာ အကျင့် တရားကို ဦးစားပေးတဲ့ သာသနာပါ။ တရားတော်အတိုင်း ကျင့်ကြံ နေထိုင်ရင် လူမျိုး၊ ဘာသာ မရွေး အကျိုးပေးပါတယ်။ ခရစ်ယာန် ဘုရားကို ရှိခိုးနေ ပေမယ့် ဗုဒ္ဓဘာသာရဲ့ တရားတော် နဲ့ အညီ ကျင့်ကြံ နေထိုင် သလို ဖြစ်နေ ရင်ကို ကောင်းကျိုး ချမ်းသာ ရစေပါတယ်။ နမူနာ အနေနဲ့ ပြောတာပါ။ အဓိကက အကျင့် တရား ဖြစ်ပါတယ်လို့ တွေးမိသမျှ ကလေးကို ပြောရင်း နိဂုံးချုပ် ပါရစေရှင်။

အမိမြန်မာ နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများ အမြင်မှန် အကျင့်မှန်ဖြင့် တရားကျင့်ရင်း ချမ်းသာ သုခ အစစ်ကို ရကြပါစေ။

သဗ္ဗေသတ္တာ .. သတ္တ၀ါ မှန်သမျှ .. ကမ္မသကာ .. မိမိရဲ့ ကောင်းမှု မကောင်းမှု သည်သာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား…

ရေးခဲ့ဖူးသော သက်ဆိုင်ရာ ပို့စ်များ။ ။
ဘလော့မှာ ပို့စ်တရာပြည့် အမှတ်တရ (အ၀ါရောင် ကတုံး အတုံးအရုံး)
ငရဲကို တိုက်ရိုက်ကျတဲ့ အကြီးဆုံး အကုသိုလ် ကံကြီးများ
ဘာသာတရား လိုက်စား သူများ အရွတ်အဖတ် ၀ါသနာ ကြီးသူများ ကပ်ကြီးသုံးပါး ဘေးက လွတ်အောင် ရတနသုတ်တော်ကို အချိန်မီ ရွတ်ဖတ်ကြပါစို့
ရတနသုတ် ပါဠိတော်နဲ့ မြန်မာ အသံထွက်

Read More...

Friday, April 25, 2008

နှစ်သစ် မင်္ဂလာ

သင်္ကြန် မတိုင်ခင်တည်းက ဘလော့ လောကက ပျောက်နေတဲ့ ကျွန်မ ခုမှကို နှုတ်ဆက်နိုင်ပါတော့တယ်။
နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေရှင်…
မင်္ဂလာပါ… မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေ .. ဆိုတဲ့ စကားများ နားယဉ်အောင် ကြားဖူး ကြမှာပါ။ မင်္ဂလာ ဆိုတာ ဘာပါလဲ… တော်တော် များများ သိပြီးသား ဖြစ်ပါ လိမ့်မယ်။ မင်္ဂလာ ဆိုတာ ပစ္စုပ္ပန် ရော အနာဂတ် သံသရာ မှာပါ ကောင်းကျိုး တရားများ ပွားများ စည်ပင်စေသော အကြောင်းတရား များလို့ အဓိပ္ပာယ် ရပါ တယ်။ တရားများထဲက အရွတ် တရား၊ အကျင့် တရား၊ သဘော တရား ရယ်လို့ ရှိကြတဲ့ အထဲမှာ မင်္ဂလာ တရား ဟာ အကျင့် တရား ဖြစ်ပါတယ်။ မြတ်စွာဘုရား ဟာ မထင်မရှား နတ်သား တစ်ပါးကို မင်္ဂလာ တရား အကြောင်း ဟောပြရာမှာ မင်္ဂလသုတ် အဖြစ် မင်္ဂလာ တရား ၃၈ ပါး ရှိပါတယ်။ ၃၈ဖြာ မင်္ဂလာ လို့လဲ ဆိုကြ ပါတယ်။ ဒါကို အကျယ်အားဖြင့် တခြား ဘလော့ဂါ တော်တော်များများ အပြည့်အစုံ ဖော်ပြပြီး ဖြစ်ကြလို့ အသေးစိတ် ထပ်မံ ဖော်ပြခြင်း မပြုတော့ပါဘူးနော်။
မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ ဆိုတဲ့ စကားလေးဟာ ၃၈ဖြာ မင်္ဂလာ တရားတော်နဲ့ အညီ ကျင့်ကြံ နေထိုင် ပါလို့ ဆိုလိုရာ ရောက်ပါတယ်။ ဒါကြောင့် ကမ္ဘာအေး ကုန်းမြေမှာ ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ဦးစီးပြီး ယဉ်ကျေးမှု သင်တန်းသူ သင်တန်းသားများက နှစ်ဆန်း တစ်ရက်နေ့ တိုင်း နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကိုကျင်းပပြီး မင်္ဂလသုတ် ဖြစ်ပေါ်ရာ သမိုင်းနဲ့ မင်္ဂလသုတ်တော်ကို အကျယ် အားဖြင့် ရွတ်ဖတ် ပူဇော် ကြပါတယ်။ ကျွန်မကတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ရွတ်တိုင်း မင်္ဂလသုတ်ကို ရွတ်တိုင်း မင်္ဂလာတရား ၃၈ပါးလုံးကို အတိအကျ လိုက်နာ ကျင့်ကြံ နိုင်အောင် ကြိုးစားဖို့ အားတင်း နေရပါ တယ်ရှင်။

Read More...

Tuesday, December 25, 2007

ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ

ဒီနေ့ နတ်တော် လပြည့်နေ့ပါ။ ခေတ္တ အမေရိကန် နိုင်ငံတွင် နေထိုင်လျက် ရှိသော ဘလော့ဖတ် ပရိသတ် တစ်ဦး ဖြစ်သူ ဒေါက်တာ ဇော်မင်းက ငါးပါးသီလ ကို ဖောက်ဖျက် ကျူးလွန် ရာတွင် ကံမြောက်ခြင်း အကြောင်းများ၊ စောင့်ထိန်းရခြင်း နဲ့ မစောင့်ထိန်းရင် ကျူးလွန်သူ ခံစား ရမည့် ကံများကို ရှင်းရှင်း လင်းလင်း တိတိကျကျ သိလို သဖြင့် ရေးသား ဖော်ပြရန် တောင်းဆို ဖူးသောကြောင့် လည်းကောင်း ဘလော့ဖတ် ပရိသတ်လဲ မသိ သေးရင် သိရအောင် သိပြီး ဖြစ်လျှင်လည်း ထပ်မံ သတိရ သံဝေဂ ပွားများ နိုင်အောင် တင်ပြခြင်း ဖြစ်ပါသည်။

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်းç ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာ အမျိုးမျိုး ဖြင့် လာရှိ သော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌ ကထာ လာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာ ဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေç လက်ç ဖ၀ါးçမညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
(င) ဌာနာစ၀န- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။

(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။

(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။

(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။

(၅) ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။ (က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။


အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။

ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ]လက်ထပ်ပြီးသူ} လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊

အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။

မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လဉပခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။ (၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။

Read More...

Sunday, December 16, 2007

အောင်ခြင်းရှစ်ပါး၊ သည်းခံခြင်းတရားနဲ့ ပြည်သူများ

မကြာခင်မှာ နှစ်ဟောင်းကုန်ဆုံးလို့နှစ်သစ်ကိုကူးပြောင်းတဲ့သည်လိုအချိန်မှာ ဘလော့ဂါ လောကမှ မောင်နှမ ညီအစ်မ များအားလုံးကို မင်္ဂလာပါ လို့နှုတ်ခွန်းဆက်ရင်း နှစ်သစ်မှာ အောင်မြင်မှု အပေါင်း ခညောင်း ပါစေလို့ ဆုမွန် တောင်းပေး ချင်ခဲ့ပါတယ်။ အခုလိုနှစ်သစ်မှာ အောင်မြင်ကြောင်း ဆုမွန် တောင်းပေး တာထက် ပိုကောင်းတဲ့ လက်ဆောင် ကိုပါ ပေးချင်တဲ့ ကျွန်မဟာ အောင်မြင်ခြင်းရဲ့ အကြောင်း ရင်းများကို ဒီ ဘလော့ ကနေ ဖောက်သည် ချချင် လာခဲ့ ပါတယ်။ အောင်မြင်ခြင်းရဲ့ အကြောင်းရင်းတွေ များစွာ ရှိတဲ့ အထဲက မြတ်စွာ ဘုရားရဲ့ အကြီးကျယ်ဆုံး အောင်ခြင်း ရှစ်ပါး ထဲက မြတ်စွာဘုရား ကျင့်သုံး တော်မူတဲ့ အောင်ခြင်းရဲ့ အနှစ်တရား များကို ရေးသား ဝေမျှဖို့ ရွေးချယ် မိပါတယ်။

အောင်ခြင်းရှစ်ပါးဟာ မြန်မာတို့နဲ့ မစိမ်း လှတဲ့ အပြင် သီချင်း အနေ နဲ့ပါ ရှိတာမို့ ပိုမို ရင်းနှီး နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် သည်အောင်ခြင်း ရှစ်ပါး သီချင်း ထဲမှာ ကျွန်မ ငြင်းချင်တဲ့ စာသား တစ်ချို့ လည်း ရှိပါတယ်။ ဗုဒ္ဓ ဘာသာ ပီပီ မေတ္တာတရား၊ သည်းခံခြင်း တရား လက်ကိုင် ထားပါလို့ မြန်မာ များ ပြောဆိုလေ့ ရှိကြတာ စိတ်ချမ်းသာ စရာပါ။ မြတ်စွာဘုရား လက်ကိုင် ထားတဲ့ တရားက မေတ္တာ တရားလို့ မြန်မာ အများစု သိထား ကြပေမယ့်၊ အောင်ခြင်း ရှစ်ပါး သီချင်းမှာ ထည့်သွင်း သီကျူး ထားပေမယ့် တကယ် မြတ်စွာ ဘုရား လက်ကိုင် ထားတာ သတိပဌာန် တရားနဲ့ မဂ္ဂင်ရှစ်ပါး လမ်း ကြောင်း ရှစ်သွယ်ပါ။ မဂ္ဂင် ရှစ်ပါး ဆိုတာ ကောင်းသော အမြင်၊ အားထုတ်မှု၊ အလုပ်အကိုင်၊ အပြော အဆို၊ အကြံအစည်၊ အသက်မွေးမှု၊ သတိ၊ သမာဓိ တို့ဖြစ် ပါတယ်။ မြတ်စွာဘုရားရဲ့ သည်းခံခြင်း မှာလည်း စိတ်ခံစား မှုများ ကိုသာ သည်းခံတာ ဖြစ်ပြီး သူတပါး မတရားတာ လုပ်နေတာ၊ မမှန်တာ ပြောဆို လုပ်ကိုင် ဆောင်ရွက် နေတာကို လုပ်ပါ စေလို့ ခွင့်ပေး ထားတဲ့ သည်းခံ ခြင်းမျိုး မဟုတ် တာကို အောင်ခြင်း ရှစ်ပါးက သက်သေခံ နေပါတယ်။

သည်နေရာမှာ သည်းခံခြင်း နဲ့ မနိုင် သောကြောင့် ငုံ့ခံခြင်း တို့ရဲ့ အဓိပ္ပာယ် ကွာခြား လွန်းကြောင်း သတိထား ရမှာ ဖြစ်ပါတယ်။ မဟာ မေတ္တာ၊ ကရုဏာရှင် ဖြစ်တော် မူသော မြတ်စွာဘုရားဟာ သည်း ခံတော် မူသော်လည်း မည်သည့် အခါမှ ငုံ့ခံတော် မမူတာကို မဟာ ဗုဒ္ဓ၀င်မှာ အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ သတ္တ၀ါ တို့ရဲ့ ကောင်းကျိုးကို လိုလား တော်မူတဲ့ အနန္တ မေတ္တာရှင် မြတ်စွာဘုရား ရှင်သာ အမြဲ သည်းခံ တော်မူ နေခဲ့ရင် အောင်ခြင်း ရှစ်ပါး ပေါ်ပေါက် လာစရာ အကြောင်း ရှိမှာ မဟုတ်ပါဘူး။ ဘယ်လို အောင်နိုင် ခဲ့တယ် ဆိုတာ ဟာလည်း တကယ်တော့ အလွန် စိတ်ဝင်စား စရာ ကောင်းလှ ပါတယ်။

ပထမအောင်ခြင်းဖြစ်တဲ့ မာရ်နတ်မင်းကိုအောင်နိုင်ခြင်းမှာ ဘုရားအဆူဆူ အစဉ်အဆက် သဗ္ဗညုတ ဉာဏ်တော်ကို ရရာ နေရာ ဖြစ်တဲ့ ပလ္လင်ကို မာရ်နတ်က လုပါတယ်။ မာရ်နတ် စစ်သည် များရဲ့ စစ်တပ် နဲ့ကို ချီပြီး အကြီး အကျယ် ဗိုလ်ကျ လုယက်တာ ဖြစ်သော် ငြားလည်း တရားမင်း ဖြစ်တော် မူတဲ့ မြတ်စွာဘုရား အလောင်းတော်က ကြောက်စိတ်နဲ့ ထွက်မပြေးပါ။ သည်ပလ္လင် နေရာ သင်္ကေတ ဆောင်တဲ့ ဘုရား အဖြစ်ကို ရဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်လာ ခဲ့တာမို့ သည်ပလ္လင် နေရာဟာ မာရ်နတ်ရဲ့ နေရာ မဟုတ်။ မိမိရဲ့ နေရာသာ ဖြစ်တာ မှန်ရင် မဟာပထ၀ီ မြေကြီးက တုန် ဟီးပြီး သက်သေ ပြပါလို့ သစ္စာ ဆိုတော် မူခဲ့ ပါတယ်။သည်အချိန်မှာ သစ္စာ တန်ခိုးကြောင့် အကြီး အကျယ် ငလျင် လှုပ်တဲ့ အတွက် မြေကြီးရဲ့ ငလျင် လှုပ်အားကြောင့် တောင်ပြို မြေပြို ရာက အသံ လှိုင်းများ ထွက်ပေါ် လာပြီး လေထုပါ သွက်သွက် ခါအောင် တုန်လှုပ်တဲ့ အတွက် လေထဲမှာ ရပ်တည် နေရတဲ့ မာရ်နတ် စစ်တပ် လေထဲမှာ ရပ်တည်လို့ မရ တော့ဘဲ ကျွမ်းထိုး မှောက်ခုံ ဖြစ်ကုန် တဲ့အ တွက် ကြောက်လန့် တကြား ထွက်ပြေးလို့ စစ်တပ် ပျက်ပါတယ်။သည်တော့မှ ဘုရား အလောင်းဟာ မာရ်နတ်မင်းရဲ့ မတရားမှုကို သစ္စာ တရားနဲ့(တနည်း ပြောရရင်) သစ္စာ ဆိုခြင်း နည်းနဲ့ အောင်မြင် တော်မူ ပါတယ်။

သည်လို နေရာလေး တစ်ခု အတွက်နဲ့ စကားပြော မနေချင်လို့ ဆိုပြီး သည်းခံပြီး နေရာ ဖယ်မပေး ပါဘူး။ သတိတရား လက်ကိုင် ထားတော် မူတဲ့ ဘုရား အလောင်းဟာ မာရ်နတ်ရဲ့ ရည်ရွယ်ရင်း ကို သိတော် မူပါတယ်။ မာရ်နတ်ဟာ သည်နေရာကို တကယ် လိုချင်တာ မဟုတ် ပါဘူး။ မြတ်စွာဘုရား အလောင်းတော်ဟာ အဓိဌာန် ပါရမီ အတွက် နောက်ဆုံး အဓိဌာန် ပြုခြင်း ဖြစ်တဲ့ ဘုရား မဖြစ်သမျှ ကာလ ပတ်လုံး သည်နေရာက မထ တော့လို့ အဓိဌာန် ပြုခြင်းကြောင့် တကယ် ဘုရား ဖြစ်တော့ မယ်လို့ မာရ်နတ်က သိတဲ့ အတွက် အဓိဌာန် ပျက်အောင် တမင် နှောင့်ယှက်တာ ဖြစ်ပါတယ်။ ဘုရား အလောင်းက နေရာ ဖယ်ပေး ခဲ့ရင် လည်း ရောက်လေ ရာမှာ တရား မထိုင် ဖြစ်အောင် လိုက်လံ နှောင့်ယှက် နေဦးမှာ ဖြစ်ပါတယ်။ သည်အဖြစ်ကို သိလို့ ဘုရား အလောင်းတော်က တမင် ဖယ်မပေး တာ ဖြစ်ပါတယ်။ သည်အပြု အမူဟာ အင်အား ကြီးသူကို ကြောက်ရွံ့ပြီး မတရားမှုကို ခေါင်းငုံ့ ခံခြင်း မပြုအောင် သတိတရား လက်ကိုင် ထားပြီး အရှုံး မပေးဘဲ ရင်ဆိုင်ဖို့ နောင်လာ နောင်သား များကို နည်းလမ်း ပြတာ ဖြစ်ပါတယ်။ သည်တော့သည်နေရာမှာအဆိုတော် မေရှင် သီဆိုတဲ့ အောင်ခြင်း ရှစ်ပါး သီချင်း မှာပါတဲ့ အတိုင်း မေတ္တာ ဓာတ်နဲ့အောင်မြင်တာ မဟုတ်ဘဲ သတိ၊ သစ္စာနဲ့ သတ္တိ တို့ကြောင့် အောင်မြင်တာ ဖြစ်ပါတယ်။

ဒုတိယအောင်ခြင်းဖြစ်တဲ့ အာဠာဝကဘီလူးကို အောင်တော် မူခန်းမှာ တညလုံး နည်းမျိုးစုံဖြင့် သတ် ဖြတ်ဖို့ ကြိုးစား နေတဲ့ အလွန် အမင်း ဒေါသ ထွက်နေတဲ့ ဘီလူး သတ်မရလို့ ဒေါကန်ပြီး ခိုင်းသမျှ မညည်း မညူဘဲ စံအိမ် တော်ထဲကို ၀င်လိုက် ထွက်လိုက် လုပ်ကာ ကိုယ် တော်ရဲ့ စိတ်ကို စမ်းသပ် လိုတဲ့ ဘီလူး စိတ်ပြေ အောင် လိုက်လျော ပါတယ်။ သည့်နောက် ၀င်ထွက် ခိုင်းရင်း အမော ဆိုက်မှ အသေ သတ်ဖို့ ဘီလူး က ကြံစည်တဲ့ အခါ မှာတော့ သည်းခံတော် မမူ တော့ဘဲ သည်စိတ်ကို သိပြီမို့ ခိုင်းတိုင်း မလုပ်နိုင် တော့ဘူး လို့အပြတ် ပြောတော် မူပါတယ်။ သည်နောက် ဘီလူး မေးသမျှ ပြဿနာ တို့ကို အမှန် အတိုင်း ပြေပြစ်အောင် ဖြေရှင်း ဟောပြော တော်မူ နိုင်ခဲ့လို့ ဘီလူးရဲ့ တပည့် ခံခြင်းကို လက်ခံ ရရှိ ခဲ့ပါတယ်။ သည်အောင်ခြင်းမှာ မြတ်စွာဘုရားရဲ့ သည်းခံခြင်း အပိုင်းအခြားကို တွေ့မြင် နိုင်ပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ချိန်သားကိုက် တုန့်ပြန် ဆုံးမ တော်မူ တတ်တဲ့ မြတ်စွာဘုရားရဲ့ ဆုံးမနည်း ကိုလည်း တွေ့မြင် နိုင်ပါတယ်။ သည်အောင်ခြင်းဟာ သည်းခံပုံ သည်းခံ နည်းကြောင့် အောင်နိုင်တဲ့ အောင်ခြင်း လို့ စာရေးသူက သုံးသပ် မိပါတယ်။

စိဉ္ဇာမာဏပရိဗိုဇ်မကိုအောင်တော်မူခန်းမှာလည်း မဟုတ် မတရား လီဆယ် အရှက်ခွဲ နေတဲ့ မိန်းမကို အကုသိုလ်ကြောင့် ငရဲ ကျမှာ စိုးရိမ်တဲ့ မဟာ ကရုဏာဖြင့် ချစ်သမီး၊ သင်ဧ။် စကား မှန်မမှန်ကို သင်နဲ့ ငါသာ သိဧ။် လို့ သတိပေး စကား မိန့်ကြား တော်မူ ခဲ့ပါ သေးတယ်။ သို့သော် ရှေးဘ၀က ရန်ငြိုး ကြောင့် သတိတရား မရနိုင်တဲ့ သူမဟာ ဆက်လက် စွပ်စွဲ ပြောဆို နေတဲ့ အခါမှာ ပြည်သူများ ဘုရားရှင် အပေါ် အထင် လွဲမှာ စိုးရိမ် လာတဲ့ သိကြားမင်းနဲ့ နတ်သား လေးပါး တို့က ကြွက်ယောင် ဆောင်ပြီး ဗိုက်အတု ဖြစ်တဲ့ သစ်သား ၀န်းကို ကိုက်ဖြတ်ကာ အဖြစ်မှန်ကို ဖော်ထုတ် ခဲ့ရ ပါတယ်။ သူမရဲ့ အကုသိုလ်ကြောင့် မြေမြိုခံ နေရစဉ် မှာတော့ သူမရဲ့ အကုသိုလ်က ကြီးမား လွန်းတဲ့ အတွက် မြတ်စွာ ဘုရားဟာ သနား တော်မူလို့ ဆိုပြီး ၀င်ရောက် တားဆီးခြင်း မပြု နိုင်ခဲ့ပါ။ သတ္တ၀ါ အများ အကုသိုလ် အမှုကို နောက်နောင် မပြုအောင် နောင်ကြဉ် စေဖို့သာ ဥပမာ ယူစေ နိုင်ခဲ့ ပါတယ်။ စိဉ္ဇာမာဏက စွပ်စွဲ ပြောဆို နေစဉ် မှာတော့ စိတ်ဆိုး ဒေါသ ထွက်မှု အလျဉ်း မရှိ တော့တဲ့ မြတ်စွာ ဘုရားဟာ တည်ငြိမ် အေးချမ်းသော သမာဓိ အားအစွမ်းဖြင့်၊ မဟာ ကရုဏာ တော်ဖြင့်သာ အောင် တော် မူခဲ့ ပါတယ်။ မေတ္တာ ဓာတ်နဲ့ အောင်တော်မူ ခဲ့တာ မဟုတ်ပါဘူး။ ဒီအောင်ခြင်းကို နမူနာ ယူပြီး ဘုရားနဲ့ သူ့သာသနာကို လူများ ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်သူကို နတ် သိကြား များက သည်းမခံဘဲ အပြစ်ပေးလေ့ ရှိတယ် ဆိုတာ သတိ ချပ်စေချင် ပါတယ်။

သစ္စကပရိဗိုဇ်ကိုအောင်တော်မူခန်းမှာ အတ္တ၀ါဒီ ဖြစ်သူ များကို အတ္တ၀ါဒကို စွန့်လွှတ် စေပြီး အနတ္တ ၀ါဒကို လက်ခံ နိုင်စေဖို့ ပညာဖြင့် ပိုင်းခြား ဝေဖန် ပြပြီး ဟောကြား ဆုံးမ တော်မူ ပါတယ်။ အတ္တ အယူ မှားပြီး အနတ္တ အယူ မှန်မှန်း သိလျက်နဲ့ ခေါင်းမာပြီး ၀န်မခံ ရုံသာ မက ဘုရားရှင် မေးသော မေးခွန်း ကိုပင် ပြန်မဖြေ ခဲ့သော သစ္စက ပရိဗိုဇ်မှာ သိကြား မင်းက ဘီလူး ယောင်ဆောင်ကာ ဘုရားရှင်ဧ။် မေးခွန်းကို မဖြေ ပါက ခေါင်းကို ခွဲမည်ဟု ခြိမ်းခြောက်တာ ခံရသော အခါမှ အမှန်ကို ဖြေကာ ၀န်ခံ လေသည်။ သည်နေရာတွင် မြတ်စွာ ဘုရားဧ။် အောင်မြင်ခြင်းသည် ပညာဖြင့် အောင်ခြင်းဟု သုံးသပ် နိုင်ပါသည်။ သည်နေရာမှာ ခေါင်းမာ သူများကို အကျိုး အကြောင်း ပြကာ ရှင်းလင်း ဟောပြလို့ နားလည် ပါလျက် ဆက်လက် ခေါင်းမာကာ တင်းခံ နေသူ များကို နတ်ကောင်း နတ်မြတ် များက မနှစ်သက်ဘဲ လာရောက် ဆုံးမလေ့ ရှိတာကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ မြတ်စွာ ဘုရားက အပြစ် မယူဘဲ ခွင့်လွှတ် ထားသော်လည်း နတ်ကောင်း နတ်မြတ် များက ခွင့်မလွှတ်ဘဲ အကုသိုလ် ကလည်း မည်သူ ကမျှ ကယ်တင်ခြင်း မပြုနိုင် လောက်အောင် အကျိုးပေး တတ်တာကို ခေါင်းမာ သူများ သတိထား သင့်လှ ပါတယ်။

နာဠာဂီရိဆင်ကိုအောင်တော်မူခန်းမှာတော့ အရက် မူးပြီး မုန်ယို နေတဲ့ ဆင်ကို အရက် အမူး ပြေ အောင် အဖြူရောင် ဖြစ်တဲ့ ရောင်ခြည် တော်ကို ထုတ်လွှတ် နိုင်ဖို့ မေတ္တာ ပွားများ ရပါတယ်။ မေတ္တာ အထူး လွှတ်ပြီး ဆင်အမူး ပြေအောင် လုပ်ပါတယ်။ ပြီးတော့မှ ဆင်ကို တရားဟော ပါတယ်။ သည် နေရာမှာ အသိဉာဏ် မရှိတဲ့ တိရိစ္ဆာန်ကို ဘယ်လို တရား ဟောမလဲလို့ ဘာသာခြားများ မေးခွန်း ထုတ်စရာ ရှိပါတယ်။ သည်ခေတ်မှာ တိရိစ္ဆာန် များကို အသုံးပြုတဲ့ ဆက်ကပ် တွေမှာ သည်တိရိစ္ဆာန် တွေ မိမိ ပြောစကား နားထောင်အောင် သာမက လုပ်ဆောင်ချက် များကိုပါ စွမ်းဆောင် နိုင်အောင် သင်ကြား ပြသ နေနိုင် တာကို သက်သေပြ နိုင်ပါတယ်။ သည့်အပြင် အိမ်မွေး တိရိစ္ဆာန် များဟာ လူ့ စိတ်ကို အင်မတန် သိနားလည် တတ်ပါတယ်။ နာဠာဂီရိ ဆင်ဟာ မင်းစီးဆင် ဖြစ်လို့ အရက်မူး ပြေ ချိန်မှာ မြတ်စွာဘုရားရဲ့ တရားတော်ကို နားလည် ပါလိမ့်မယ်။ သည်အောင်ခြင်း မှာတော့ မေတ္တာဖြင့် အောင်တော် မူတယ်လို့ ပြောလို့ ရပါပြီ။

တာဝတံသာ နတ်ပြည်မှာ နတ်များကို တရားဟောဖို့ ကြွလာတဲ့ မြတ်စွာဘုရားကို လမ်းကနေ နှောင့် ယှက်တဲ့ နန္ဒောပနန္ဒနဂါးကို အောင်တော် မူခန်း မှာတော့ အကြမ်း မဖက်ရေး မူဝါဒကို ထိုက်တန်သူ အတွက်သာ သုံးသင့်ကြောင်း ဥပမာနဲ့ ခေါင်းဆောင်ကောင်း ပီသစွာ နောက်လိုက် ရွေးတတ်တဲ့ မြတ်စွာဘုရားရဲ့ အကြီးအကဲ ပီသမှုကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ နာဠာဂီရိ ဆင် လောက်မှ မေတ္တာ ကို နားမလည် ပြောလို့ ဟောလို့ မရဘဲ အလွန် အမင်း မာန်တက် ဒေါသ ထွက်နေတဲ့ နန္ဒောပနန္ဒ နဂါးကို “တိရိစ္ဆာန် မျှသာ ဖြစ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဆုံးမတော် မမူပါနဲ့။ တပည့် ရဟန်း များကိုသာ ဆုံးမပါ စေ”လို့ ငယ်သား များရဲ့ ၀ိုင်းဝန်း တောင်းပန် မှုကြောင့် သည်နဂါး ကို ကိုယ်တော်တိုင် မဆုံးမ ပေမယ့် တိရိစ္ဆာန် ဖြစ်တဲ့ သည်နဂါးကို လျှော့တွက် တော်မမူ ပါဘူး။ သည် နဂါးရဲ့ တန်ခိုး အနှိုင်းအဆကို သိရှိတော် မူတဲ့ အတွက် မိမိရဲ့ လက်ဝဲတော်ရံ အဂ္ဂ သာဝက ဖြစ် တော် မူတဲ့ တန်ခိုး အရာမှာ အသာဆုံး ဧတဒဂ် ရတော် မူတဲ့ ရှင်မဟာ မောဂ္ဂလာန် ကိုသာ ဆုံးမခွင့် ပေးတော် မူပါတယ်။ သည်နေရာမှာ မျက်နှာလွဲ ခဲပစ် တာဝန် ပေးခြင်း မဟုတ်ဘဲ သည်နဂါးဟာ ပရိယာယ် သုံးလိမ့်မယ်၊ သင်ချစ်သား သတိထား ပါလို့ သတိပေး တော်မူ ပါသေး တယ်။ မာန်ယစ် နေတဲ့ သည်နဂါးကို မာန်စွယ် ကျိုးအောင် အရင် ဆုံးမ ပြီးမှ တရား ဟောတော်မူ ရမယ် ဆိုတာ (ဆုံးမ နည်း) ကိုလည်း သိတော် မူပါတယ်။ မြတ်စွာဘုရား တွေးမြင်တော် မူတဲ့ အတိုင်း နဂါးကိုတောင်နဲ့ ညှပ်ဖိပြီး အရှုံးပေး စေတဲ့ အခါ နဂါး ကြီးဟာ အရှုံး ပေးချင် ယောင်ဆောင်ပြီး သာမန် အရွယ် အစားနဲ့ ရှိခိုးရင်း ရပ်လာ ပါတယ်။ သည်အခါ ရှင်မဟာ မောဂ္ဂလာန် ဟာ တန်ခိုးအတွက် ဈာန် သမာပတ် ၀င်စား မှုကို ရပ်တော် မူပါတယ်။ သည်အချိန်ကို အခွင့်ကောင်း ယူပြီး နဂါးဟာ သူ့နှာခေါင်း လေကို မှုတ်ထုတ် ပါတယ်။ သည် အဆိပ် ငွေ့ဟာ မြေပြင်ကို ကျရင် ၁၂နှစ် သစ်ပင် မပေါက် နိုင်လောက် အောင် ပြင်းပါတယ်။အဏုမြူ ငွေ့နဲ့ နှိုင်းလို့ ရနိုင် လောက်ပါတယ်။ ရှင်မဟာ မောဂ္ဂလာန် ဟာ တန်ခိုး အကြီးဆုံး တပည့် ရဟန်း ဖြစ်တဲ့ အတွက် ကြောင့်သာ ဈာန် သမာပတ်ကို မြန်ဆန်စွာ ၀င်စား နိုင်မှုကို လေ့ကျင့် ပွားများ ထားလေ့ ရှိသူ ဖြစ်သော ကြောင့်သာ ချက်ချင်း အချိန်မီ ဈာန်ဝင်စား နိုင်တဲ့ အတွက် အသက် မသေတာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ် တန်ခိုး ပြိုင်ပြီး နဂါးကို အပေါ်က ဖိညှစ်ကာ တောင်နဲ့ ညှပ်ပစ်ပြီး သူ့ထက် ပိုပြင်းတဲ့ အဆိပ်ငွေ့နဲ့ မီးတောက်ကို မှုတ်ထုတ်ပြီး ပင်ပန်းကာ တန်ခိုးခြင်း မယှဉ် နိုင်မှန်း သိစေပြီး ပင်ပန်းစေပြီး တကယ့်ကို နဂါး မာန်စွယ် ကျိုးတဲ့ အခါ မှသာ တရား ဟောကာ နဂါးကို ယဉ်ကျေးအောင် ဆုံးမ နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် နန္ဒောပ နန္ဒ နဂါးကို အောင်တော် မူတာဟာ မေတ္တာနဲ့ အောင်တာ မဟုတ်ဘဲ အကြမ်းဖက် ဆုံးမမှ ရမယ့် သတ္တ၀ါကို အကြမ်းဖက် ဆုံးမ ပြီးမှ နာခံ ယဉ်ကျေး စေပြီးမှ ခေါင်းဆောင်ကောင်း ပီသစွာ အမြော် အမြင် ကြီးမှုနဲ့ နောင်ရေးကို မျှော်တွေး တတ်မှု၊ တပည့် သားများကို နေရာ ပေးရာမှာ လူရွေး မှန်မှု တို့ကြောင့်သာ ဖြစ်ပါတယ်။

အင်္ဂုလိမာလကိုအောင်တော်မူခြင်းမှာလည်း သာမန် လူဆိုး တောပုန်း ဓားပြ တစ်ဦးလို့ လျစ်လျူရှု တော်မမူတဲ့ မဟာ ကရုဏာ တော်ကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ တကယ့် လူဆိုး မဟုတ် ရှာဘဲ ဆရာ အတင်မှားကာ ဆရာရဲ့ ရက်စက်တဲ့ အမိန့်ကို နာခံ လွန်းတဲ့ တပည့် လိမ္မာ ရာဇ၀င် လူဆိုး တစ်ဦး ဖြစ်ရှာသူ အင်္ဂုလိမာလမှာ ထိုအချိန်တွင် နောက်ဆုံး လိုအပ် နေတဲ့ လက်ညှိုး တစ်ချောင်း အတွက် မိခင်ရင်း ကိုပင် သတ်ကာ လက်ဖြတ် ယူဖို့ ပြေးလိုက် နေပြီ ဖြစ်လေသည်။ ယခု ဘ၀ တွင်ပင် တရား ရကာ ရဟန္တာ အဖြစ် နိဗ္ဗာန် ၀င်ရမည့် တစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပတ်လုံး ပါရမီ ဖြည့်လာ ခဲ့ပြီးသူ ဖြစ်ပါလျက် အမေကို သတ်မိ ပါလျှင် တစ်ကမ္ဘာ ငရဲကျကာ နိဗ္ဗာန်နှင့် အဝေးကြီး ဝေးရ တော့မည်ကို သနားလို့ ကယ်တင် တရား ဟောတော် မူရာမှာ အချိန်မီ ရောက်ရှိ ဆုံးမနိုင် လောက်အောင် သတိ၊ ၀ီရိယ တရား မြဲမြံတော် မူပါ ပေသည်။ ချက်ကျ လက်ကျ ပြန်လှန် မေးခွန်း ထုတ်ခြင်း၊ အလွန်အမင်း စိတ်အား တက်ကြွ နေတဲ့ သူကို စိတ်ငြိမ် သွားအောင် ကိုယ်တော်ဧ။် နောက်သို့ ယူဇနာ ၃၀မျှ ပြေးကာ လိုက်စေခြင်း စသည့် သည်ဆုံးမနည်း များနှင့် သတ္တ၀ါ တို့ဧ။် စိတ်နေ စိတ်ထားကို ကျွမ်းကျင် ပိုင်နိုင်မှု တို့က သည်အောင်ခြင်း အဖြစ် သက်သေပြ နေပါသည်။ သည်အောင်ခြင်းက ပြဆိုသော ဥပမာ ကြောင့် ဆရာတိုင်း ဆရာကောင်း မဟုတ်သလို ကျေးဇူးရှင် ဆိုသူက ခိုင်းတိုင်း နာခံပါက သံသရာတွင် နစ်မွန်း တတ်ကြောင်း ဘုရားရှင်ဧ။် သည်အောင်ခြင်းက သက်သေပြ ဆုံးမတော် မူလေသည်။

ဗကဗြဟ္မာကိုအောင်တော်မူခန်းမှာတော့တန်ခိုးအစွမ်းကိုပြသပြီး ချေချွတ်တော် မူရ ပါတယ်။ အသက် အလွန် ရှည်တဲ့ ဗကဗြဟ္မာ ကြီးဟာ သူ့ကိုယ်သူ အမြဲ ရှိတယ်လို့ ထင်လာ ပါတယ်။ မြတ်စွာဘုရားရဲ့ ဇာတိဿရ ဉာဏ်ကလွဲလို့ ဒုတိယ အဆင့် အမြင့်ဆုံး ဖြစ်တဲ့ ပစ္စေကဗုဒ္ဓ ဘုရားငယ် များရဲ့ ဇာတိ ဿရ ဉာဏ်ပင်လျှင် ယခုဘ၀ မှစကာ နောက်ကြောင်း ပြန်လျှင် နှစ်သင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလ မျှသာ ရှေးဘ၀ များကို ပြန်သိ နိုင်တာ ဖြစ်ပါတယ်။ ဗြဟ္မာ မျိုးဟာ အသက် ရှည်ရတဲ့ အထဲ ဗြဟ္မာ ဘ၀ ကိုသာ ဆက်ကာ ဆက်ကာ ရရှိ လာခဲ့တဲ့ သည်ဗြဟ္မာ ကြီးဟာ သူ့ရဲ့ ရှေးဘ၀ များကို ပြန်သိ နိုင်တဲ့ ဇာတိဿရ ဉာဏ်ကလည်း အစဆုံး ဘ၀ကို ဗြဟ္မာ အဖြစ် နဲ့ပဲ ပြနိုင် ပါလိမ့်မယ်။ ဒီအပြင် ဗြဟ္မာတို့ရဲ့ သေဆုံးခြင်း ဖြစ်တဲ့ စုတိစိတ် ကျခြင်းဟာလဲ အလွန် သိမ်မွေ့ တဲ့အပြင် အလောင်း ကောင် ကျန်ခြင်းလဲ မရှိဘဲ စုတိစိတ် ကျပြီး ချက်ချင်း ဗြဟ္မာ ပြန်ဖြစ်တဲ့ ဗက ဗြဟ္မာဟာ သူသေလို့ သေလိုက်မှန်း သေပြီးမှ ဒီမူလ ဘ၀ကိုသာ ပြန်ရမှန်းလဲ မသိပါဘူး။ ဗြဟ္မာ မင်းလည်း ဖြစ်တဲ့ သူဟာ လောကကို ဖန်ဆင်းသူ၊ ဘယ်တော့မှ မသေဘဲ အမြဲ တည်ရှိ နေသူ မဟာ ဗြဟ္မာကြီး အဖြစ် သူ့ ကိုယ်သူ ထင်လာပြီး အတ္တ၀ါဒကို မှန်တယ် ထင်လာ ပါတော့တယ်။ ပြဿနာက သူဟာ ဗြဟ္မာမင်း ဖြစ်တဲ့ အတွက် ငယ်သား ဗြဟ္မာ များက သူပြော တာကို ယုံလာ ကြတာ ပါပဲ။ တရားမှန် ဖြစ်တဲ့ အနတ္တ ၀ါဒ တိမ်ကော ပျောက်ကွယ်ပြီး အတ္တ၀ါဒ ပိုမို အမြစ်တွယ် လာရင် သတ္တ၀ါ အများ သံသရာ ရှည်မှာ ဆင်းရဲမှာ စိုးရိမ်တော် မူတဲ့ မြတ်စွာ ဘုရားဟာ ရေရှည်ကို မျှော်ကိုးပြီး ဗြဟ္မာပြည် အထိ ကြွရောက်ကာ ဗက ဗြဟ္မာ မင်းကြီးကို ချေချွတ် တော်မူ ရပါတယ်။ သည်ဗြဟ္မာ ဘယ်အရာ ကိုမှီပြီး မာန်တက် နေတာလဲ ဆိုတာကို သိတော် မူတဲ့ မြတ်စွာ ဘုရားဟာ သတ္တ လောကမှာ မြတ်စွာ ဘုရား ပြီးရင် တန်ခိုး အကြီးဆုံး၊ ဗြဟ္မာ လောက မှာလည်း မင်းဖြစ်တဲ့ သည် ဗကဗြဟ္မာ ကြီးကို တန်ခိုး ယှဉ်ပြိုင် အနိုင် ယူကာ မာန်မာန အရင် ဖျောက်ပြီး တရား ရေအေး အမြိုက်ဆေးကို တိုက်ကျွေး ရပါတယ်။ တန်ခိုး ပြိုင်ရတဲ့ အချိန်မှာ ဗကဗြဟ္မာ တန်ခိုး မပြနိုင်အောင် မိမိရဲ့ တန်ခိုး အစွမ်းနဲ့ တားဆီး ထားခဲ့ပါတယ်။ သည်နေရာမှာ တခု တော့ ရှိပါတယ်။ လောကီ ဈာန်နဲ့လောကုတ္တရာ ဈာန် နှစ်မျိုး ရှိရာမှာ ၀ိဇ္ဇာ လမ်းစဉ် ဖြစ်တဲ့ လောကီဈာန် ကြောင့် ရရှိတဲ့ တန်ခိုး များဟာ ၀ိပဿနာ တရား တော်ကြောင့် ဖြစ်ပေါ် လာတဲ့ လောကုတ္တရာ ဈာန်ကြောင့် ရရှိ လာတဲ့ တန်ခိုးရှင်ရဲ့ ရှေ့မှောက်မှာ အစွမ်း ပျောက်ကုန် လေ့ရှိ ပါတယ်။ အမှောင်ဟာ အလင်းကို အမြဲ နေရာဖယ် ပေးရ သလို ပါပဲ။ သည်တော့ မြတ်စွာ ဘုရားရဲ့ ဗကဗြဟ္မာကို အောင်တော် မူခြင်းဟာ လောကုတ္တရာဈာန် တန်ခိုး တော်ကြောင့် အောင်တော် မူခြင်းလို့ ပြောနိုင် ပါတယ်။ သည်နေရာမှာ မြတ်စွာဘုရားလောင်း ဖွားတော် မူစဉ်က ဗြဟ္မာ လေးပါး လာရောက်ကာ ဇာပ၀ါဖြင့် ခံလာတယ် ဆိုပေမယ့် ထိုလေးပါးဟာ အနာဂါမ် ဖြစ်ပြီးသား နိဗ္ဗာန် ရောက်ကာနီး ဗြဟ္မာ များသာ နေထိုင်တဲ့ သုဒ္ဓ၀ါသ ဗြဟ္မာ ဘုံက လာတာ ဖြစ်ပါတယ်။ သာမန် ဗြဟ္မာ ဘုံက ဗြဟ္မာများ မဟုတ် ကြတဲ့ အတွက် ဗကဗြဟ္မာ နဲ့အလှမ်း ဝေးကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် မြတ်စွာဘုရားကို တနေ့ ဦးသုံးကြိမ် ချကာ ရှိခိုး ကန်တော့ကာ ပူဇော် ကိုးကွယ်ရင်း အောင်မြင်ရေး အတွက် ဆုတောင်း နေကြမည့် အစား ဆုပေးခြင်းမှ လွန်မြောက် တော်မူပြီ ဟု အပြတ် မိန့်ကြားကာ ဖခင်ရင်း ကိုပင် ဆုမပေးသော မြတ်စွာ ဘုရားဧ။် ကိုယ်တော်တိုင် ကျင့်သုံး ခဲ့သော အောင်မြင်ကြောင်း အကျင့်တရား များကို ကျင့်ကြံ ပွားများ ကြိုးစား အားထုတ် ခြင်းဖြင့် ဘ၀တွင် အောင်မြင်သော သူများ ဖြစ်နိုင် ကြပါစေ။

သည်အောင်ခြင်း ရှစ်ပါး အကြောင်းကို ရေးသား ပူဇော် ရတဲ့ ကုသိုလ် စေတနာကြောင့် လည်း ကောင်း၊ မြတ်စွာဘုရားဧ။် အောင်နိုင်ခြင်း အကြောင်း တရား တို့ဧ။် စစ်မှန်မှု သစ္စာ တို့ကြောင့် လည်းကောင်း၊ မြန်မာ ပြည်သူ ပြည်သား အပေါင်း တို့သည် မြတ်စွာဘုရားဧ။် အောင်မြင်ခြင်း အကြောင်း တရား တို့ကို လိုက်နာ ကျင့်သုံး နိုင်ကြ သဖြင့် လက်ရှိ ခံစား နေရသော ဆင်းရဲ ဒုက္ခ အဖြာဖြာ တို့မှ လွတ်မြောက် ကြပြီး စိတ်ဧ။် ချမ်းသာခြင်း၊ ကိုယ်ဧ။် ကျန်းမာခြင်း တို့နှင့် ပြည့်စုံ ကြသည် ဖြစ်၍ သံသရာ ၀ဋ်ဆင်းရဲ အပေါင်း တို့မှ လွတ်မြောက် ရာမှန် မြတ်နိဗ္ဗာန်ကို ဧကန် ဆိုက်ရောက် နိုင်ကြ ပါစေ ကုန်သတည်း။ သံသရာမှ လွတ်မြောက်ရာ လမ်းကို ညွှန်ပြသော ဗုဒ္ဓ မြတ်စွာဘုရားရဲ့ သာသနာတော်လည်း နေလို လလို ထွန်းလင်း တောက်ပ နိုင်ပါ စေသတည်း။

Read More...