Wednesday, May 7, 2008

မုန်တိုင်းက ပေးသော ဘာသာရေး အတွေး

နာဂစ် မုန်တိုင်း ၀င်အပြီး လူတွေ တော်တော်များများ တွေဝေ ကုန်ပါတယ်.. ဘာသာရေး နဲ့ သဘောတရားရေး အရပါ.. တော်တော် များများက ချတ်တင်မှာ လာပြောကြတာကို ဘ၀င် မကျလို့ “လုပ်တာ နအဖ ထိတာ ပြည်သူ မို့ ဗုဒ္ဓ ဘာသာကို မယုံချင်ဘူး”လို့ လာထိခိုက် ပြောနေလို့ ခု ပို့စ်ကို ရေးဖြစ်တာပါ။

မြန်မာ နိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမို့ သဘာဝ ကပ်ဘေး နည်းပါးတယ်လို့ အမြဲ ဂုဏ်ယူနေကျ နိုင်ငံပါ။ ခါတိုင်းနှစ်တွေ မုန်တိုင်းလာရင် မုန်တိုင်းဟာ မြန်မာ နိုင်ငံကို အဖျားသာ ခတ်လေ့ ရှိပြီး အိန္ဒိယနဲ့ အထူး သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ကိုပဲ ၀င်သွားလေ့ ရှိပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာမှာ ရွှေဝါရောင် တော်လှန်ရေး မှာ သံဃာတော်တွေ နအဖရဲ့ အသတ်ခံ ရပြီး တဲ့နောက် အင်အား ကြီးလှတဲ့ နာဂစ် မုန်တိုင်း ကြီးဟာ မြန်မာနိုင်ငံကို ခါးလယ်က ဖြတ်တိုက်ပြီး တည့်တည့်ကြီး ၀င်သွားခဲ့ ပါတော့တယ်။ ဒီမှာတင် “သံဃာ ကို သတ်တာ နအဖ၊ မုန်တိုင်း ထိတာ ပြည်သူ” ဆိုတဲ့ အတွေးတွေ ၀င်ကုန် ပါတော့တယ်။

အဂတိ တရား လေးပါး ရှိပါတယ်။ မြန်မာလို ပြောရရင် ဘက်လိုက် ရခြင်း အကြောင်း လေးပါးပေါ့။ ဆန္ဒဂတိ= ကိုယ်တိုင်က ဖြစ်စေ ချင်လို့ ဘက်လိုက်ခြင်း၊ ဘယာဂတိ= ကြောက်လို့ ဘက်လိုက်ခြင်း၊ မောဟဂတိ= တွေဝေ မိုက်မဲ သောကြောင့် ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်မှန်း မသိလို့ ဘက်လိုက်ခြင်း၊ ဒေါသ ဂတိ= စိတ်ဆိုး ဒေါသထွက် ခြင်းကြောင့် ဘက်လိုက်ခြင်း ပါတဲ့။ ကျန်ခဲ့တဲ့ စက်တင်ဘာ တော်လှန်ရေးမှာ သံဃာကို နအဖက သတ်တော့ ပြည်သူ တွေက သံဃာတော် တွေကို ရွပ်ရွပ်ချွံချွံ ကာကွယ် ခဲ့ပါသလား။ သံဃာတော်တွေ ဘက်က လိုက်ခဲ့သလား။ နအဖ ဘက်က လိုက်ခဲ့သလား။ ပြည်သူတွေရဲ့ လုပ်ရပ်ဟာ သံဃာတော် တွေဘက်က လိုက်ခဲ့ရာ ရောက်သလား။ နအဖ ဘက်က လိုက်ခဲ့ရာ ရောက်သလား။

ဆိတ်ဆိတ် နေခြင်းသည် ၀န်ခံရာ ရောက်တယ် … ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ သည်လေးဟူ တူတူ အကျိုး ရသည် ဆိုတော့ ဆိတ်ဆိတ် နေတာဟာ စိတ်တူ သဘောတူ တာနဲ့ သွားညိ နေတာပေါ့။ ဘာလို့ ပြည်သူက ဆိတ်ဆိတ် နေခဲ့တာလဲ.. ကြောက်လို့လား။ ဒါဆို ဘယာဂတိပေါ့.. ဒါပေမယ့် ကြံ့ဖွံ့၊ စွမ်းအားရှင် နဲ့ တချို့ စစ်သားတွေက ဆန္ဒဂတိလဲ ပါပါ လိမ့်မယ်.. ခိုင်းတာ လုပ်လို့ ရာထူး တက်ရင် ငါနဲ့ ငါ့ဆွေမျိုး ကောင်းစားရေး အတွက် ဆိုပြီး တော့လေ.. ပြည်သူ တချို့ တွေက သူများ နောက်က လိုက်လိုက် တာပေါ့ ဆိုတဲ့ မောဟဂတိနဲ့ နေခဲ့ ကြတယ်။ ဒီလိုနဲ့ ဘုန်းကြီးကို သတ်တဲ့ နအဖရဲ့ လုပ်ရပ်ကို ဆိတ်ဆိတ် နေခြင်းဖြင့် စိတ်တူ နေလို့ (သို့မဟုတ်) စိတ်တူရာ ရောက်နေလို့ ဒီလို ကပ်ဘေး ထိတာလို့ ကောက်ချက် ချမိ ပါတယ်။

ဒီနေရာမှာ စိတ်မတူ ဘဲနဲ့ တော်လှန် နေလျက်နဲ့ ကပ်ဘေး ထိတာကို ထည့်ပြောချင် ပါတယ်။ ကျွန်မက ဗုဒ္ဓဘာသာဝင်မို့ သံသရာမှာ ဘ၀ အဆက်ဆက် ရှိတယ်လို့ ယုံပါတယ်။ အတိတ်ဘ၀က ၀ဋ်ကြောင်း ပါလာ လို့ ကတော့ မြတ်စွာ ဘုရား သက်တော် ထင်ရှား ရှိလျက် နဲ့တောင် မျက်ကွယ်ပြုရတဲ့ အဖြစ်တွေ ရှိပါ တယ်။ အတိတ်ဘ၀က ငှက်သတ်သမား မုဆိုးများ ခုဘ၀မှာ ရဟန်း ဖြစ်တော့ ၀ဋ်ဆပ်ချိန် ရောက်တော့ ရဟန်း တပါး က စိတ်ဖောက် လာပြီး တခြား ရဟန်း တွေကို လိုက်သတ် ပါတယ်။ အသတ် ခံမယ့် ရဟန်း များကလဲ လိုလို လားလား အသတ်ခံ ကြပြီး ဝေဒနာကို ကမဌာန်း ရှုလို့ ရဟန္တာ အဖြစ် ပရိနိဗ္ဗာန် ၀င်စံ ကြပါတယ်။ သူတို့ ၀ဋ် ကြောင်း ကြီးလို့ မြတ်စွာဘုရားက ဘယ်လိုမှ တားမရလို့ တပါးတည်း ဂန္ဓကုဋီ တိုက်ထဲမှာ တနေကုန် မျက်ကွယ်ပြု နေခဲ့ရ ဖူးပါတယ်။

ဒါဖြင့် ဘာကြောင့် သံဃာကို သတ်ဖို့ အမိန့်ပေးတဲ့ နအဖ ကိုယ်တိုင်ကျ ဘာမှ မဖြစ်သေး တာလဲ လို့ မေးစရာ ရှိလာပါတယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကို အခါခါ သတ်ဖို့ ကြိုးစားခဲ့တဲ့ ဒေ၀ဒတ်ဟာ ချက်ချင်း မြေမမျိုပါဘူး။ ဗုဒ္ဓဘာသာ သာသနာ ဟာ အချိန်စောင့်ပါတယ်။ ပြင်ချိန်ပေး ပါတယ်။ ဒါပေမယ့် တရားလွန် လာတဲ့ အခါ သံဃာကို သင်းခွဲလို့ ပတ္ထုဇန သံဃာ့ ကံဆောင် သပိတ် မှောက်တာ ခံရပြီးတဲ့ အခါမှာ ရဟန်း၊ ရှင်၊ လူ အားလုံးက သူ့ကို ၀ိုင်းပယ် ကြဉ်ရှောင် လာတဲ့အခါ နောင်တ ရလို့ တောင်းပန်ဖို့ မြတ်စွာ ဘုရား ထံမှောက် ရောက်အောင် သွားတဲ့ အခါ တွေ့ခွင့်တောင် မရတော့ ပါဘူး။ တကမ္ဘာစာ ငရဲကျ ခံဖို့ စု ထားတဲ့ အကုသိုလ် ရိက္ခာထုပ် ပြည့်ပြီ ဖြစ်လို့ လမ်းခုလတ်တင် မြေမျိုခံရပြီး အ၀ီစိကို ကျရပါတယ်။ တကမ္ဘာ စာ ပြန်မပေါ် စတမ်း ငရဲ ကျခံ ရပါတယ်။ အဲလို ငရဲ ကျခံ နေရတုန်း အချိန်မှာ တသံသရာ လုံးက လုပ်ခဲ့တဲ့ ကုသိုလ် တွေဟာ လုံးဝ အကျိုး ပေးခွင့် မရတော့ ပါဘူး။ ငရဲက လွတ်တဲ့ အထိ စောင့်ရ ပါတော့တယ်။ ဒီတော့ လောဘတကြီး အကုသိုလ် ရိက္ခာစု နေတဲ့ သူတွေကို တသံသရာ လုံးက လုပ်လာတဲ့ ရှိစုမဲ့စု ကျန်သမျှ ကုသိုလ် ရိက္ခာတွေ ယတြာ အားကိုးနဲ့ ကုန်အောင် သုးံပါစေ… ၀ဋ်မှာ ရိက္ခာထုပ် မှားပြီး ၀ဋ်လည်တယ် ဆိုတာ မရှိပါဘူးနော်…

နောက်တစ်ချက်က ကျွန်မတို့ မြန်မာ နိုင်ငံဟာ ဗုဒ္ဓ ဘာသာ နိုင်ငံလို့သာ ဆိုပါတယ်.. ပြည်သူ ဘယ်လောက် ရာခိုင်နှုံးက ဗုဒ္ဓ ဘာသာ စစ်ပါသလဲ။ ကိုယ့်ကိုယ်ကို ဗုဒ္ဓ ဘာသာလို့ ခံယူ ထားသူများ ကိုယ်တိုင် ဖြေကြည့်ပါ။ မနက်တိုင်း ဘုရား ပုံမှန် ရှိခိုးတာ ကောင်းပါတယ်။ ဒါပေမယ့် ဘုရား ရှိခိုး ငါးပါး သီလ ခံပြီးရင် ဘုရားစင်က မျက်နှာ ကွယ်တာနဲ့ လိမ်ပြောတာ၊ ရုံးချိန် ခိုးတာ (ရုံးနောက်ကျတာ) ၊ အစချီလို့ ဘုရားရှေ့ ကတိခံ ထားသမျှ ချိုးဖောက် ပါတယ်။ စတည်းက မတည်နိုင်ရင် ဘုရားရှေ့မှာ လက်အုပ် ချီပြီး သွားမလိမ် ပါနဲ့။ ကိုယ့် အထက် လူကြီး ဆီကို ကတိ သွားပေးပြီး သူ့ကွယ်ရာ ထင်ရာ စိုင်းမှန်း အထက်လူကြီး သိရင် ဘာလုပ်မလဲ။ သူ့ပီအေ ကရော ဘာလုပ်မလဲ။ မြတ်စွာ ဘုရားဟာ အတုမဲ့ အနှိုင်းမဲ့ ဂုဏ်သရေ ရှိ လူသား ဘုရားပါ။ မြင်သာအောင် လွန်လွန် ကျူးကျူး နှိုင်းပြ တာပါ။ ဒီလိုဆို ဂျပန်၊ တရုတ် နိုင်ငံများ ဘယ်လိုလုပ် မလဲလို့ မေးစရာ ရှိလာ ပါတယ်။ သူတို့ရဲ့ ဗုဒ္ဓဘာသာ က ဘုန်းကြီးက အရက်သောက်၊ မိန်းမယူလို့ တောင် ရတယ် လို့ ဆိုလာ ပါတယ်။ ဒါဆိုရင် ကျွန်မက သာသနာချင်း နှိုင်းပြောပါမယ်။

မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ သာသနာ (ဘုရား ဟောသမျှ တရားကို လုံးဝ ပြုပြင် စီရင်ခြင်း မရှိဘဲ အတိ အကျ နဂို မူလ အတိုင်း ထားပြီး ကျင့်ကြံတဲ့ သာသနာ) ပါ။ တရုတ်၊ ဂျပန်၊ ကိုရီးယားက မဟာယာန သာသနာ (ဘုရား ဟောသမျှကို နောက်ပိုင်း လူတွေက ပြင်ချင် သလို ပြင်၊ ထုတ်နှုတ် ဖြည့်စွက် စိတ်တိုင်းကျ လျှောက်လုပ် ထားတဲ့ သာသနာ) ပါ။ ဒီတော့ ဘယ်သူ့ တရားက မှန်ကန် ပြင်းထန် မလဲ။ ဆေးစစ် ကို တန် ဆေး၊ လွန်ဘေး စားရပါတယ်။ ဆေးစစ်ဟာ ပြင်းထန် ပါတယ်။ ဒီလိုပဲ တရားတော် အစစ်ဟာ တန်ခိုး သတ္တိ အာနိသင် ပြင်းထန် ပါတယ်။ မရိုသေ မလေးစားရင် ဒဏ်ပြန် ထိမှု ပြင်းထန် ပါတယ်။ ဒီတော့ ဘုရားကို လိမ် ရင်၊ တရားတော်ကို လိမ်ရင် ဆိုးဆိုးရွားရွား ဒဏ်ပြန် ထိပါတယ်။ ဒီတော့ မြန်မာ နိုင်ငံက ဗုဒ္ဓ ဘာသာ ၀င်များ ဘုရားရှိခိုးတာ ကောင်းပါတယ် ကုသိုလ် ရပါတယ်။ ဒါပေမယ့် ငါးပါးသီလ ခံပြီးမှ ချိုးဖောက်ရင် ချိုးဖောက် တာ တပြစ်၊ ခံယူ ပါမယ်လို့ လိမ်တာ တပြစ် ဖြစ်နေပါ့မယ်။

နောက်ဆုံး အနေနဲ့ ပြောချင် တာကတော့ ဒေါက်တာစိုးထက် ကောမန့် ပေးဖူးတဲ့ အတိုင်း ထေရ၀ါဒ ဗုဒ္ဓ ဘာသာ သာသနာဟာ အကျင့် တရားကို ဦးစားပေးတဲ့ သာသနာပါ။ တရားတော်အတိုင်း ကျင့်ကြံ နေထိုင်ရင် လူမျိုး၊ ဘာသာ မရွေး အကျိုးပေးပါတယ်။ ခရစ်ယာန် ဘုရားကို ရှိခိုးနေ ပေမယ့် ဗုဒ္ဓဘာသာရဲ့ တရားတော် နဲ့ အညီ ကျင့်ကြံ နေထိုင် သလို ဖြစ်နေ ရင်ကို ကောင်းကျိုး ချမ်းသာ ရစေပါတယ်။ နမူနာ အနေနဲ့ ပြောတာပါ။ အဓိကက အကျင့် တရား ဖြစ်ပါတယ်လို့ တွေးမိသမျှ ကလေးကို ပြောရင်း နိဂုံးချုပ် ပါရစေရှင်။

အမိမြန်မာ နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများ အမြင်မှန် အကျင့်မှန်ဖြင့် တရားကျင့်ရင်း ချမ်းသာ သုခ အစစ်ကို ရကြပါစေ။

သဗ္ဗေသတ္တာ .. သတ္တ၀ါ မှန်သမျှ .. ကမ္မသကာ .. မိမိရဲ့ ကောင်းမှု မကောင်းမှု သည်သာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား…

ရေးခဲ့ဖူးသော သက်ဆိုင်ရာ ပို့စ်များ။ ။
ဘလော့မှာ ပို့စ်တရာပြည့် အမှတ်တရ (အ၀ါရောင် ကတုံး အတုံးအရုံး)
ငရဲကို တိုက်ရိုက်ကျတဲ့ အကြီးဆုံး အကုသိုလ် ကံကြီးများ
ဘာသာတရား လိုက်စား သူများ အရွတ်အဖတ် ၀ါသနာ ကြီးသူများ ကပ်ကြီးသုံးပါး ဘေးက လွတ်အောင် ရတနသုတ်တော်ကို အချိန်မီ ရွတ်ဖတ်ကြပါစို့
ရတနသုတ် ပါဠိတော်နဲ့ မြန်မာ အသံထွက်

4 comments:

တန်ခူး said...

လှိုင်ရေ…အရမ်းတန်ဖိုးရှိတဲ့postလေးပါ…ကျေးဇူးတင်ပါတယ်

halloweenie said...

i got to read this post coz my frd mentioned to me. first of all, let me confus that i didn't read thoroughtly; i juz skimmed through the post. I got attracted to this when my frd pasted part of the post while we r chatting. she's from different religion but she's not a oneside person. she usually accepts if it's good. we usually exchanged our opinions. ok, to cut it short, both of us are a bit confused with this post. sorry if i meant offence but i'm not so happy with the "the silence means supporting the gov.'s doing". and those ppl got purnished coz they stay silent while gov. is killing monks. but what about other parts of myanmar. irrawaddy delta is not the only place who stayed silent. what about those in overseas? they also stayed silent. those in myanmar had risked their lives. facing armed blood-thirsty beasts with bare hands. it's a bit unfair to comment they reaped what they sow. and i do believe that our buddhism main concept is "forgiveness" not the "punishment". pls forgive me if i offend u. i might be wrong. i'm not so knowledgeable yet. still a student. but pls, don't take it as those victims are paying for what they have done. pls help them. thanks you

Anonymous said...

ကနော့်အတွေးလေလဲနဲနဲလောက်ပြည်စွက်ခွင့်ပြုပါ သဘာဝကပ်ဘေုးကီးတွေနဲ့ပတ်သက်လို့ လူအတော်များများ ဆရာမုကီးပြောသလို ထင်မြင်ယူဆနေုကပါတယ် တိုက်ရိုက်အပြစ်လုပ်သူ စစ်ဘီလူးတွေကို တိုက်ရိုက်အပြစ်မသက်ရောက်တာလဲပေါ့ နိယာမအရ အာုးကီးသူနဲ့ အားသေးသူ အားသေးသူတွေ အရင်ခံရမြဲထုံစံပါ ဒါပေမဲ့ အရင်ခံရခြင်းသည် ၀ဋ်ကျွတ်ခြင်းတမျိုးမို့ နောက်မှခံရမည့်သူများက ဒီထက်ပိုဆိုးဖို့လဲရှိပါတယ် ။ နောက်တခု ကျနော်ပြောခြင်တာ သီလအပိုင်းပါ သီလဆိုတာ စာရီတ္နသီလ ၀ါရိတ္နသီလလို့ နှစ်မျိးရှိပါတယ် ။ လုပ်သင့်လုပ်ထိုက်တာ တာဝန်ဝတ်တရားတွေကို လုပ်ကိုင်ဆောင်ရွက်တာ စာရိတ်တ သီလပါ ။ မလုပ်သင့်မလုပ်ထိုက်တာကို ရှောင်ုကည်တာက ၀ါရိတ်တ သီလလို့ ကျနော်နားလည်ထားပါတယ် ။ ဒီသိလ နှစ်မျိးမှာ စာရိတ်တသီလက ပိုလို့အရေုးကီးတယ်လို့ စာပေမှာပြောထားတာုကားဖူးပါတယ် ၀တ်တံ အရိပူရေန္နိ သီလံနပရိပူရေန္နိ ပါတဲ့ ။ လုပ်ထိုက်တာ မလုပ်တဲ့သူတွေအတွက် သီလရှိတယ်လို့ကိုပြောမရပါဘူးတဲ့ ။ ဆရာမပြောသလို တာဝန်ပျက်ကွက်ခြင်း ပြည်သူတွေလုပ်သင့်တာမလုပ်ခြင်းဟာ သီလပျက်တာပါပဲ ပြည်သူတွေမှာလဲ စစ်အစိုးရနဲ့အတူတူ သီလပျက်ယွင်းနေုကတာကို သတိပြုစေခြင်ပါတယ် စာရိတ်တ သီလ ဘယ်လောက် အရေးပါတယ်ဆိုတာ ကို ဆရာမတင်ထားတဲ့ ဒူဘိုင်းပိုစ့်လေးနဲ့ နိင်းယှဉ်ူကည့်စေခြင်ပါယတ် ဒူဘိုင်ကအာဏာပိုင်တွေ ငါးပါးသီလခေါ်တဲ့ ၀ါရိတ်တ သီလမရှိုကပါဘူး ဒါပေမယ့် ခေါင်းဆောင်တယောက်ရဲ့ တာဝန်လို့ဆိုနိုင်တဲ့ ပြည်သူတွေအပေါ်တာဝန်ကျေတဲ့ စာရိတ်တ သီလရှိတာ ငြင်းမရပါဘူး ဒါေုကာင့် ဒူဘိုင်းဆိုတာ ဆရာမမြင်တဲ့အတိုင်းပါပဲ ကျနော်တို့ ခေါင်းဆောင်တွေကရော ဆက်ပြောဖို့မလိုတော့ဘူးထင်ပါတယ် တိုင်းပြည်မှာ လုပ်သင့်လုပ်ထိုက်တဲ့စာရိတ်တ သီလ ဘယ်လောက်ပျက်ယွင်းနေုကတယ်ဆိုတာ ကိုယ်တိုင်ကစလို့ ပြန်လည်သုံးသပ်ုကဖို့ လိုအပ်လာပါပြီ ကျနော်တို့လုပ်နိုင်တဲ့တာဝန်တွေ ဘယ်လောက်တောင် ပျက်ကွက်ခဲ့သလဲ ခေါင်းရှောင်ခဲ့သလဲ ခွေးလေးခုန်လို့ဖုန်မထပါဘူး နိုင်ငံရေးဆိုတာ စားဝတ်နေရေးလောက်အရေးမပါပါဘူး ဆိုတဲ့ ဆင်ခြေတွေနဲ့ ခေါင်ရှောင်ုကတာဟာ လုပ်ထိုက်တဲ့ စာရိတ်တ သီလပျက်ယွင်းနေုကတယ်ဆိုတာကို ပြည်သူအများနားလည်စေခြင်ပါတယ် ဆရာမကလောင်စွမ်းနဲ့ တင်ပြပေးဖို့လဲတောင်းပန်ပါတယ် ။ ဒီဖေါင့်နဲ့စာမရေးတတ်လို့ စာလုံးပေါင်း မမှန်တာခွင့်လွတ်ပါ။ ကိုအောင်

Anonymous said...

Thank alot. Last few year my mind is not clear about the parent and children. I also fell like you. But I can not talk. And about of buddish. Some women offer to Buddah with greety.