Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 14, 2011

တိုက်ပိတ်လို့ မရတဲ့ နေ

ရုပ်ဝတ္ထုသမား

ဥာဏ်အမြင် နည်းပါးသူတွေက

အမှောင်ကိုခွင်း

အလင်းဆောင်ကြဉ်းတဲ့

နေတစင်းကို တိုက်ပိတ်လိုက်ကြတယ်...



နေဖက်လုံး

နေလုံးဖက်

နာမည်ပြောင်တွေနဲ့နေတစင်း

ပိတ်ထားတဲ့ တိုက်နံရံတွေကိုဖောက်

အမှန်တရားငတ်သူတွေရဲ့ ရင်ထဲထိ ရောက်တယ်...



ရောင်ခြည်အလင်းကို ပိတ်ဖို့ ကြိုးစားသူများ

စိတ်အလင်းကို ဘာနဲ့ပိတ်၊ ခြား မလဲ

စိတ်အလင်း ရောင်စဉ်ဖြာတဲ့ နေအစင်းစင်း

လူငယ်တွေရဲ့ နှလုံးသားထက်

ဝင်းဝင်းကိုလက်လို့။

Read More...

ပန်းပုဆရာ

တနေ့တခြား ငယ်ငယ် လာနေတဲ့ အသက်ကြောင့်

သူနဲ့တွေ့ရဖို့ ရင်တွေခုန်ကြ

ကြောက်ကြ စိုးရိမ်ကြ



လူငယ်ဘ၀ လူလတ်ဘ၀ လူကြီးဘဝ

လူလွတ်ဘ၀ အိမ်ထောင်သည်ဘဝ

ဘ၀.. ဘ၀.. ဘဝ

ဘ၀ကူးကောင်းပါစေလို့

ဆုတောင်းပေးတတ်တဲ့

သူငယ်ချင်းတယောက်ကို သတိရ

တချို့ တချို့တွေကတော့ အထင်လွဲကြ ၀ိုင်းဆဲကြ



ပြောင်းမှာ သေချာတဲ့ဘဝ

အကူးကောင်းဖို့ ပဓာန မဟုတ်လား

ထားလိုက်ပါစ...



ညနိဂုံးကို အသိတရားနဲ့မျက်နှာသစ်

အကူးအပြောင်းတွေ သေသပ်ဖို့ထုဆစ်

အလှတရားနဲ့ ကဘာဖြစ်စေ...

Read More...

ပန်းချီဆွဲခြင်း

ပန်းချီဆွဲဖို့ ကင်းဗတ်တစ

စိတ်ကူးနဲ့ဆွဲထုတ်လိုက်တော့

အမည်းရောင် ပိတ်ကား

ဝဲကျလာတယ်

ငါ့စိတ်ကူးနဲ့ဆေးရောင်ခြယ်



အနီတွေက စိမ်းသွား

အညိုတွေက လင်းဝါးး

ဆေးစပ်ဗန်း လွတ်အကျမှာ

အဖြူရောင် ဆေးဗူးက ရှာမရခဲ့



အနန စက်ဝိုင်းကို ဆွဲဖို့

လေးထောင့်ကားကျက်ထားတဲ့ ဘောင်က ခွင့်မပြု

ဆေးရောင်မစုံတဲ့ ဆေးဗူးတွေနဲ့

ခြယ်ချင်တဲ့ အရောင်လဲ ဆေးစပ်မရခဲ့

ဒီလိုနဲ့

လက်စမသတ်ချင်တဲ့ ပန်းချီကား

တို့လို့တန်းလန်းနဲ့ ပြီးသွားခဲ့တယ်တဲ့



စိတ်ကူးထဲက ပန်းချီကား

ချိတ်ထားဖို့ နံရံ ငှားမရခဲ့ဘူး

နှလုံးသွေးနဲ့ဖြန်းပက်

အနီရောင် ကင်းဗတ်ကို ပြန်သိမ်းခဲ့

ဒီ စိတ်ကူးယဲ့ယဲ့ထဲမှာ...

Read More...

Monday, December 6, 2010

သုံးကျောင်းပြောင်းတဲ့ ရှင်တို့ခေတ်

ဦးလေး အဒေါ် အကို အမတို့

ဂုဏ်ယူ ပျော်ရွှင် တက်ခဲ့ဖူးတဲ့ ကျောင်း

နှစ်လွှာပေါင်းတရွက် တင်စားချက်ရဲရင့်

သမိုင်းတင့်ခဲ့တဲ့ စွယ်တော်ရိပ်ညို

ခေတ်ပြောင်းခဲ့တဲ့ အမိတက္ကသိုလ်





ကံကြမ္မာ အလှည့်အပြောင်းက

ရိုင်းအောင်ဖန်ပြန်တော့

စွယ်တော်ရိပ်က မြစိမ်းရောင်စို

ပြည်ထောင်စုကျောင်းတော်ဘ၀က

ရန်ကုန်သားချင်းတောင် ၂ခြမ်းခွဲ

သန်လျင် မှော်ဘီ ကွဲခဲ့တယ်

အင်္ကျီဖြူ အရေးအခင်းနဲ့

ခေါင်းလောင်းတီးမှ အတန်းပြင်ထွက်

ကျောင်းသားတို့ အခွင့်အရေး

တိုက်ယူမှ ပေးခဲ့ပေမယ့်

မပီပြင်တဲ့ ကျောင်းသားဘဝ

မြောင်းထဲဆို့တဲ့ အမှိုက်ကွ တဲ့…

ပြီးပြီးရောလို့ သဘောထား

ငါးလနဲ့ တတန်းပြီးခဲ့ရ

အစိုးရရဲ့ စေတနာတွေ…

လှည်းငုပ်ချောင်း ရွာအစွန်က

မှော်ရုံတောလို့ ကင်ပွန်းတပ်

ရန်ကုန်မြောက်ပိုင်း နည်းပညာ ကောလိပ်လို့ ကမ္ပည်းတင်

ရပ်စွန်ရွာပြင်က ငါတို့ကျောင်း

Informer တွေ သောင်းပြောင်းရောလို့။



ဘယ်မလဲ ဂျီဟော... ဘယ်မလဲ ထီးကိုးလက်

ဘယ်မလဲ နွေးအေး... ဘယ်မလဲ သြဘာလမ်း

ကျောင်းကားတွေက မလုံလောက်

စာသင်ခုံတွေ မလုံလောက်

ရပ်ပေဦးတော့ ခပ်တောင့်တောင့်

စာခြောက်ရုပ် မင်းညို

တေးချင်းကို ဆိုရင်း

“ တို့ဦးထားတဲ့ ထိုင်ခုံနော်”

“နောက်ဆုံးခုံတန်းကို ၀မ်းလျားမှောက် ဦးထားကွ”

“ဘောလုံးကိုကျော်မယ်ဆရာ” “ တန်းလေးတွေ ကိုင်ထားမယ်.. ခြေနင်းကွက်လေးတွေ မြဲပစေနော်…

ကွေ့မယ် ၀ိုက်မယ် လိုအပ်ရင် ဘရိတ်သုံးမယ်” “ စိုက်ကြည့်ရင် အလိုက်သိပါ” “ လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်နော်”

Toll gate က စစ်သားကို

T-Square နဲ့ တဒိုင်းဒိုင်းပစ်

၂နှစ်ကြာလို့ တရွာပြောင်း

ထိန်ပင်ကုန်း တက္ကသိုလ် ကင်ပွန်းတပ်

ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာ တခန်းရပ်ပြန်ရော့။



သူပုန်မျိုးဆက် ကျူငုတ်ဖြတ်မတဲ့

တကြောင်းတည်းသော ထွက်ရာလမ်း

အကဲစမ်းရင် ငရဲလမ်းမြန်းမယ်

ထိပ်ပေါက်မှာ ရဲစခန်း ဘေးချင်းကပ်က သုသာန်

Lab ၀င်ဖို့က မီးမလာပြန်ဘူး

“ပေါင်ချိန်ရေ… နင်ဘယ်မတုံး

တို့မြင်ရအောင် သွားလေးဖြီးပြ”

“လိုက်မစနဲ့.. တို့လို ငပြောင် စိတ်မဆောင်ဘူး

ပီလောပင် ပက်ကျိတက် … ရုံးပတီသီး ကြော်ချက်နဲ့မှ”

စနောက် ထေ့ပြောင်

အသောအရွှန်းတွေဖောက်

ခဏနေတော့ စာမေးပွဲရောက်တယ်

ငါးလတတန်းမှာ သင်ရိုးတိုးတော့

အခြေအနေက အတော်ဆိုးတယ်

ဟေး ဟေး ဟေးးးး ဟေးးးးးးးးးးးး ဟေးးးးးးးးးးးးးး

မလန့်ပါနဲ့ စိတ်ထွက်ပေါက်ပါ

ဖြေနိုင်သလား လာမမေးပါနဲ့

တို့ ဆရာ ဆရာမများ

နာမည်ချိုသလောက် မေးခွန်းခါး

ညစာစားဖို့ မလိုတော့ဘူး

ဧဒင်ဆောင် မရဏတောင်ကြား

ကျားဌာနနဲ့ ဆည်းဆာဦး

အုတ်နဲ့ မြက် ရောခင်းထားတဲ့

ကွန်ကရစ်နဲ့ ရေညှို ထင်သလို မင်းမူတဲ့

ဆက်ကပ်လမ်းကြား

ထမင်းချိုင့် တဖားဖား T-Square တကားကား

YTU ကျောင်းသားဘဝ

လွမ်းစရာ မကျန်လဲ သတိရတယ်

စာပေနဲ့ သမိုင်းတင်

ကဗျာနဲ့ ရင်ဖွင့်

စာခြောက်ရုပ်တွေ ရဲရင့်ကြ

ရေကြည်အိုင်မှာ မှတ်ကျောက်တင်ခဲ့ရ

ဘ၀တချို့ ကြွေလွင့်ခဲ့ကြတယ်။





ကျောင်းမပြီးခင် MES

Orientation course တစခန်းတက်

အောင်လက်မှတ်တွေ ထုတ်ခါမှ

၂လွှာတရွက် စွယ်တော်ရိပ်ညို

ကွန်းခိုရပြန်တယ်

ဘီအီးငယ်ဖြူ နောက်ပိုင်းနှစ်

သုံးကျောင်းပြောင်းတဲ့ ရှင်တို့ခေတ်

ပုံရိပ်ဟောင်းတို့ သစ်ခဲ့ပြန်ပြီ

Facebook ဆိုတဲ့ ကွန်ယက်ဆီ…



Read More...

Sunday, October 24, 2010

မုဆိုး လမ်းပျောက်

လေဆိပ်ထဲမှာ စာတအုပ် ဖတ်တုန်း
အသံတသံ တရစပ်
Mind your step တဲ့...

ဆီဆီဆိုင်ဆိုင်လား

မဆီမဆိုင်လား

ခပ်ပါးပါး ပြုံးမိတယ်

အပြောင်းအလဲ ခြေတလှမ်း

ကုဋေတသန်းလဲ မမှန်းချင်တော့...

ငါဟာမုဆိုး
တရမန်းကြမ်း အမဲလိုက်ခဲ့တဲ့ အရိုးပေါ့

ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား
အလိုက်မှားရင်း လမ်းပျောက်
မုဆိုးရာဇ၀င်မှာ တောက်တခေါက်ခေါက်နဲ့...

ချစ်ခြင်းမေတ္တာဆိုတာ
သံယောဇဉ်နဲ့ ခင်မင်မှုကြား
ဘာနဲ့များ ခြားနားထားလဲ...

သစ္စာတရားဆိုတာ
ပကတိအမှန်တရားလား
တဦးတယောက် တဖွဲ့အပေါ်မှာ
လှေနံဓားထစ်ခြင်းလား...

ဟုတ်ကဲ့
ကျွန်တော်မုဆိုးပါ
အလိုက်မှားရင်း လမ်းပျောက်
မုဆိုးရာဇ၀င်မှာ တောက်တခေါက်ခေါက်နဲ့။

Read More...

" ဗီလိန် "

ကိုယ်ကလွဲရင် အတွေးတောင် မသယ်ချင်တဲ့ငါ
ဝန်ထုပ် ၀န်ပိုး ကီလိုတရာနဲ့...

မပိုင်ဆိုင်ချင်ပါမှ
ပေးထားလိုက်တဲ့ အရာတွေ
စွန့်ပစ်ခဲ့ပြန်ရင်လဲ
နာကျင်ကြလိမ့်ဦးမယ်...

ဘာတွေလဲကွယ်

ဘယ်သူ့ကိုမှ
မနာကျင်စေချင်တဲ့ လူကိုမှ
ကင်ပွန်းတပ်လိုက်ကြတာ
" ဗီလိန် " တဲ့...

Read More...

အစိမ်းရင့် ခရီးစဉ်

သူစိမ်းဆန်လိုက်တဲ့ ခရီး
မသိခြင်းတွေ ငြီးငြီးတောက်
လူမျိုး ဆယ်ပါး
ငါသိတဲ့ စကားကို မပြောကြဘူး
ကောင်းရော...


ဆို့ကြပ်လာတဲ့ ရင်ကိုဖိ
တော်သေးရဲ့
ငါ့နှလုံးသားနဲ့ ငါနဲ့ သိတယ်...

အထီးကျန်လိုက်ပုံများ
စိတ်နဲ့ ကိုယ်နဲ့တောင် မကပ်
တခြမ်းပဲ့ ခရီးသည်မှာ
ပတ်ကြားကို အက်လို့...

Read More...

Wednesday, September 15, 2010

သေပျော်ချိန်

မောပြီကို…

ရုန်းကန် ပြေးလွှား
ကာကွယ် တွန်းလှန်
အလိုက်သင့် အမျောမခံနိုင်တဲ့ အပြစ်လား
လဲမကျရင်တောင်
လှဲချပြီး နားလိုက်ချင်ပြီ ကို…

ငြိမ်းချမ်းတဲ့ ရင်ခွင်ကိုမှီရင်း
တရေးလောက် မှေးစက်
အသည်းအသက် နှင်းအပ်ပြီး ငို
ဒါဆို သေပျော်ပါပြီ ကို…

မှတ်ချက်... ဒီဘလော့ရဲ့ ၅၀၀မြောက် ပို့စ် က ဒီကဗျာဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ဘလော့စပေါ့ကို ဖွင့်လိုက်တော့မှ ဒီပို့စ်ဟာ ၅၀၀ မြောက် ဖြစ်နေတာကို သိလိုက်ရတယ်။ အမှတ်တရပါ...

Read More...

ကျေးဇူးပါ ကို…

မာယာ စံအိမ်က
ကျင့်ဝတ် အဆိပ်ဆူး ထောင်ထဲ
ယဉ်ကျေးမှု သားရဲတွေရှေ့မှောက်
ပြေးလွှားမူးနောက်
လမ်းပျောက်လုချိန်
ပေးဝင်ခိုလှုံ ဒီရင်အုံ အတွက်
ကျေးဇူးပါ ကို…

ကဲ့ရဲ့ရှုံ့ချ
အာဏာမာန်ထ
ပညာတွေပြ အထာတွေချ
ချစ်ချစ် ပြသူတွေကြား
နစ်နစ်ဝင်အောင် ကျသွားတဲ့စိတ်
တထိတ်ထိတ်နဲ့ပြန်ကောက်
နောက်ကျောမှာက သွေးလက်ဝါး
ခပ်ပါးပါးပြုံးရင်း မျှော်ငေး
ကို့ကို တွေးရရုံနဲ့ ငြိမ်းချမ်း
ပုခုံးပေါ်မှီငြမ်းခွင့်အတွက်
ကျေးဇူးပါ ကို…

Read More...

Sunday, September 5, 2010

လွမ်းလိပ်ပြာတို့ အိမ်ပြန်ချိန်

လွမ်းတယ်… လွမ်းလိုက်တာကွယ်…
တမာမြေက အညာလေကို လွမ်းတယ်
ပုဂံလမ်းက ဦးဆောက်ပန်းကို လွမ်းတယ်
ညောင်ဦးကမ်းပါးက ဘူးဘုရားကို လွမ်းတယ်
ပုပ္ပားတောင်မြတ် စကားဝါနံ့တွေကို လွမ်းတယ်
သနပ်ခါး ပါးကွက်ကျား အညာသူများကို လွမ်းတယ်

အင်းလေးမှာမြူး ခြေနဲ့လှော်တဲ့ အင်းဆားကူးကို လွမ်းတယ်
ပအို့ဝ်မြေက မနောဖြူအူစင်း နောင်ဗိန်ကတဲ့ သွေးချင်းတွေကိုလွမ်းတယ်
ဆည်းလည်းသံဝေ ဘုရားမြေနဲ့ ငြိမ်းချမ်းအေးမြ ပရ၀ုဏ်အလှတွေကိုလွမ်းတယ်
ကန္တာရဆူး ဖုန်ပေတူးနဲ့ နီမောင်းမည်းနက် ရေနံမြေထဲက အသက်တွေကို လွမ်းတယ်
မြစိမ်းရောင်စို လယ်တောတခိုက ငုတ်တုတ် လှုပ်တုတ် စာခြောက်ရုပ်တွေကို လွမ်းတယ်

လွမ်းလွန်လွန်းတဲ့ ကယောက်ကယက် အလွမ်း ကာရံမညီ နရီမကျ မလှပလဲ ကစဉ့်ကလျဲ ပါပဲ
လွမ်းတယ်…

ဝိညာဉ်လိပ်ပြာ လွင့်ပျံသာလျှင်
လွမ်းတပါဘိ မွေးဇာတိကို
လျှင်ခါ ပျံသန်း တွေ့ဖို့ မှန်းသီ
လွမ်းလိပ်ပြာတို့ အိမ်ပြန်ပြီ…

(ကြိုးကြာငှက်တို့ အိမ်ပြန်ချိန် သီချင်းလေးကို ခင်မောင်တိုး သီဆို ထားတာမို့ မြန်မာတော်တော် များများ နားယဉ် နေမှာပါ။ သိပ်ကို သိမ်မွေ့ နူးညံ့တဲ့ လိပ်ပြာတွေလဲ မိုင်ထောင်ချီ ခရီးကို ဖြတ်လို့ အိမ်ပြန်ကြပါတယ်။ သူတို့ကတော့ Monarch Butter flies ပါ။ သူတို့ အကြောင်းကို ဖတ်ရင်း ၀င်မိတဲ့ အတွေးကြောင့် ဒီခေါင်းစဉ် လေး ကို ဖန်တီးလိုက်ပါတယ်။ )

Read More...

Tuesday, August 31, 2010

အိပ်မက်မျှားတဲ့ မြင်ကွင်းများ

နတ်တော် ပြာသို
သွေးသံယိုလိမ့်...

ရာစုနှစ် ၂၁မှာ
စော်ကားသူတို့ စံမြန်းရာ
ငရဲဘုံက မြေပေါ်တက်
လက်တံတွင်းတွေ တပွက်ပွက်...

ကုမာရီ ဓားထက်ထက်နဲ့
မီးတွင်းဝင် ခုတ်ပယ် ဖြတ်ပါမှ
ပြတ်ရမယ့်ပွဲ...

မဖြတ်နိုင် စမ်းရင်တော့
ဒီလူ့ဘုံ ကျွံကာကျမယ်
လောကပြတ်စဲ...

Read More...

Friday, August 20, 2010

တံခါးများ

မြင်တချက် ပျောက်တချက်
ရိပ်ခနဲလက် မြူခိုးအတိတ်
ပိတ်လိုက် ပွင့်လိုက် တံခါးတွေ...

ဘယ်ခရီးကို ထွက်ပါလို့
ဘယ်လမ်းကိုပေါက်ပါလိမ့်
တွေးစကိုရှည်
အာရုံတွေ ထွေပြား...

ဒီခရီးသည်
ဘယ်ဝယ်ကို မြန်းရပါ့
ဆုံးဖြတ်နိုင် ကိုယ်မအားတယ်
တွေး ဗျာပါ များ ...

Read More...

Transparency, Responsibility and Privacy

Right Uses of
Transparency leads to Accountability
Responsibility leads to Reliability
Privacy Leads to Security

Misuses of
Transparency leads to Suspicion
Responsibility leads to Intervention
Privacy leads to deception

How do we balance
How do we analyze
to reach the righteous and truth
How to we approach
When edges are so close

(ဘိုရူးရူးနေလို့ မဟုတ်ရပါဘူး။ မြန်မာလို ကိုယ်ဆိုလိုချင်တဲ့ ခံစားချက်နဲ့ အဓိပ္ပာယ်ပေါက်အောင် ရေးဖို့ ကာရံ မစပ်တတ်လို့ပါ။ ကူညီပြီး ဘာသာပြန်ပေးမယ့်သူများရှိရင် အတိုင်းထက် အလွန် ကြိုဆိုပါတယ်)

Read More...

လွမ်းဋီကာ ချဲ့ပါလို့ လွမ်းစကိုရှည်

လွမ်းတယ်
အပေါ်ထပ်နဲ့ အောက်ထပ်
ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်း
အသက်ရှူသံ မကြားရတိုင်းလဲ လွမ်းတယ်...

လွမ်းတယ်
ချတ်ဘောက်စ်ပေါ်က မီးလေးတလုံး
နီချင်နီ စိမ်းချင်စိမ်း ၀ါချင်ဝါ
စကားလုံးတွေအပြန်အလှန် ဖြန်းပက်မနေလဲ
မီးလုံးလေးကို မြင်ရရုံနဲ့ အလွမ်းပြေ
မီးလုံးလေး ပျောက်နေရင် လွမ်းတယ်...

လွမ်းတယ်
ဘေးနားမှာ အိပ်ပျော်နေလဲ
အိပ်မက်ထဲမှာ မတွေ့ရရင်
လွမ်းတယ်...

လွမ်းတယ်
မျက်စိရှေ့မှာ မြင်နေရလဲ
သူ့သက်ပြင်းငွေ့ငွေ့လေး
မထိတွေ့ရရင်လဲ
လွမ်းတယ်...

အလွမ်းဆိုတာ
ခွဲခွာသူအတွက်ချည့် မဟုတ်
ကျန်ရစ်သူအတွက်လဲ မဟုတ်
ချန်ရစ်သူအတွက်လဲ မဟုတ်
ချစ်သူ မုန်းသူတွေ အတွက်လဲ မဟုတ်
သတိရမိသူကို ကျိုးကြောင်းမဲ့စွာ
လွမ်းချင်လို့ကို လွမ်းတယ်...

(အတိဿယ၀ုတ္တိ အလင်္ကာသုံးပြီး အမြင်ကတ်အောင် ရေးဖွဲ့သည်)

Read More...

Thursday, August 19, 2010

ကျောတခင်းစာ

ကျောတခင်းစာလေးပါ
ကျောတခင်းစာလေး အနားရဖို့
ကျောတခင်းစာလေး လုံခြုံဖို့
ကျောတခင်းစာလေး ငြိမ်းချမ်းဖို့
ကျောတခင်းစာလေး ဂုဏ်ရှိဖို့
ကျောတခင်းစာလေး ဇိမ်ရှိဖို့
ကျောတခင်းစာလေး…
ကျောတခင်းစာလေး……


တချို့က ရွာမှာ
တချို့က မြို့မှာ
တချို့က နိုင်ငံခြားမှာ
တချို့က ကမ္ဘာပတ်ရင်း
တချို့က တဏှာဖက်ရင်း
တချို့က မိစုံဘစုံ
ဆွေရိပ် မျိုးရိပ် ချစ်သူ့ရိပ်မှာ...

တချို့က မိဝေး ဖဝေး
ဆွေဝေး မျိုးဝေး
မိတ်ဆွေဝေး ချစ်သူဝေး
ကိုယ့်အရိပ်နဲ့ ကိုယ်တောင် ပြန်ဝေး...

တချို့က မြနန်းစံ
တချို့က အထီးကျန်

အနာဂတ် ကျောတခင်းစာအတွက်
ပစ္စုပ္ပန် ကျောတခင်းစာကို ရင်းပြီး
သံသရာခရီးသည် ကိုယ်တို့
ဘ၀ခရီးကို လျှောက်လှမ်း
မရဏခရီးကို စံမြန်းတဲ့ အခါ
အားလုံးရတဲ့ ကျောတခင်းစာ
ဒါထက်လဲ မပိုတော့…

(ဥရောပရောက် အမ၀မ်းကွဲတယောက်နဲ့ ဘ၀အမောတွေ မျှဝေခံစားရင်း ရွာကို လွမ်းရင်း ရေးဖွဲ့သည်။)

Read More...

Irrawaddy Flowing on the Road

I won't cry, Mother.
On the nights
I closed all the doors
Turned off all the lights
And slept quietly
I sighed asking myself
What mistakes had I made.


The first day
Next to the road enveloped
By the echos of love
Covered by the monks
I put my hands together with tears
My legs still pulled back
By fear, Mother.

The second day
With bare feet in the wind and rain
Where love overflowed
The youth and people
Surrounding the golden-colored stream
A new Irrawaddy
Flowed on the road.
That day, I became the Irrawaddy, Mother.

The next day was very simple, Mother.
Against your worries
Ignoring the aches and pains
For sure I became
A brick and a grain of sand
For the brave monks, Mother.

Being a Buddhist
From a country where Buddhism flourishes
You, I'm sure, will be happy
For the actions I took, Mother.

I won't try to spell out to you
Things about some people
Who are not worth thinking about.
The worst among the craziest people
Is the one crazy for power.
His lips have the power to give orders.
Under him are
Heretics
For whom hell is too good.
In their hands are weapons to kill.
How can I hand over
This country's future to them, Mother?

Spirits of some of the dead monks
Covered with wounds they took from beating
Came to talk to me, Mother.
(May all the living things in the east
Be free from all kinds of danger, be free from anger
Be free from all kinds of poverty, and be in peace.)

With love light
We lit up peace.
Yes, mother.
Everything was peaceful
Before the noises from
Shields hit by the batons
Tear gas explosions
Gun shots
Loud swear words
Then .... the sounds of yelling and beating.
The entire country was complete with love and peace
Love of the monks, Mother.

The spirit of a student
Who had to give permission
For a bullet from the heretics
To enter his heart
Came to talk to me, Mother.
(I paid obeisance to the monks.
I donated everything the monks needed.
Along with the monks, I spread my love
To all living things.
I didn't do anything wrong.
With the purest mind
I just did the most appropriate thing.)

Yes, Mother.
I'm not walking on the road
Built by the students, the youth, the people, and the monks
For fun.
We went onto the road because
We understood our race and our religion
We understood what was right and wrong
We knew we should stand by the truth.
Also, to lessen inappropriate things that keep happening
We came out onto the road
With little strength we had
With little hope uncertain.

The white chest of the youths
Far away from fault
They had the heart to shoot and covered in red blood, Mother.

In that revolution
Even the platforms of the pagodas
Turned into battlefields, Mother.
The heretics enjoyed drinking
The blood of the monks
The blood of the students.

They say that to change something
We need to sacrifice our lives, Mother.
Please ask those with answers
How much more do we have to sacrifice
For peace, for justice, for truth, Mother.

Let's forget about guns that are not to shoot into the air
Bamboo batons not for display, Mother.
One sure thing is
However much they kill
However many people die
The Irrawaddy on the road will
Forever be flowing in our hearts.

Written by Nay Phone Latt
Translated by Than Than Win

Read More...

ဆုတောင်းမှားတဲ့သူ

ပါလီတဲ့
ဝေသာလီရဲ့သမီးပျိုပေါ့
ဘ၀တပါးမှာ ဆုတောင်းမှားခဲ့ရင်း
ဘုရင့်သမီးတော် အဖြစ်က
နိုင်ငံတော် ပြည့်တန်ဆာ ဖြစ်ခဲ့ရတယ်
သူ့အလှက သူ့ပြန်သတ်
ရာဇဂြိုဟ်ပြည့်ရှင်နဲ့ ချစ်ဇာတ်လမ်းလဲ တခန်းရပ်ခဲ့ပေါ့...


မိန်းမလှဟာ သူ့အလှတရားကို
တလောကလုံးနဲ့ မျှဝေဖို့ တာဝန်ရှိသတဲ့လားး
ပါလီရေ...
ရှင့်မျက်ရည်တွေကို သနားမိခဲ့ပြီကွယ်
တာဝန်ပေးမှုနဲ့ အကာအကွယ်ပေးမှုကြား
မဟာပုရိသ ယောက်ျားသားတွေရဲ့
တဖက်စောင်းနင်း ဆုံးဖြတ်ချက်တွေအတွက်
ပါလီ့ ဘ၀နဲ့သက်သေပြု
မိန်းမသားတွေရဲ့ပေးဆပ်မှုတွေ
မော်ကွန်းဝင်ပေမယ့် သမိုင်းမတင်ခဲ့ဘူး။

တလောကလုံးမှာ ၂မျိုး၂စားတည်းရှိကြ
ကျားနဲ့ မ ပါ...
လောကတာဝန်
ဦးနဲ့ပဲ့ တန်းတူ ထမ်းဖို့
အမျိုးသမီးအခွင့်အရေးတိုက်ပွဲတွေ
ငြိမ်းချမ်းမှုနဲ့အောင်မြင်နိုင်ပါစေ....

Read More...

Sunday, May 16, 2010

သုည

လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ
ကြယ်ငါးတွေရဲ့လက်တံလို
ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား
အားလုံးနဲ့တသားတည်း ရှိနေမယ်...

သူများတန်ဖိုးတက်ဖို့
နောက်နားက အဖြည့်ခံ
ပေးဆပ်တဲ့ သုညအတွက်
နောက်ကောက်ကျစရာလဲမရှိ
ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့
သုညကို အပိုင်းပိုင်းခွဲလဲ
သုညဟာ သုညပဲမို့လေ...

Read More...

Wednesday, January 27, 2010

After 2 years???

ဇန်န၀ါရီ ၂၉
ထပ်ထပ်တိုးတဲ့ ရက်စွဲတွေနဲ့
စာရေးမယ်လို့ ခဲတံကိုမ
သက်ပြင်းတွေပဲ ထွက်ထွက်ကျလာတယ်

အိပ်မက်တွေကို အသက်သွင်းဖို့ နိုးထ
ဒါပေမယ့် အမှောင်တွေက ညမဟုတ်တော့လို့လား
လင်းချိန်မှာ အားကုန်ကြုံးလို့ကြိုးစားချင်လဲ
ညတာက ရှည်နိုင်လွန်းခဲ့တယ်

အမှောင်ဟာ ည မဟုတ်ခဲ့မှတော့
အလင်းကို ထွန်းမိဖို့
ကိုယ့်ကိုယ်ကို မီးငြှိ
နှလုံးသားတွေ ထိထားကြမယ်။

တပွင့်ချင်း လင်းတဲ့ကြယ်စင်မီးအိမ်နဲ့
ကောင်းကင်ကို ထိန်စေမယ်ပေါ့။

Read More...

Saturday, January 23, 2010

Human= Human

ကဗျာတွေ သီးပွင့်နေတဲ့ ကောင်းကင်ကို ရဲ့ ကဗျာ တပုဒ်ကို ကြိုက်လို့ နိုင်ငံတကာ ကပါ ခံစားနိုင်အောင် ဘာသာပြန် ကြည့်လိုက် ပါတယ်။ ကောင်းတယ်လို့ ခံစားမိရင် မူရင်းကောင်းလို့ပါလို့ ပြောပါရစေ။ မူရင်းနဲ့ ချွတ်ချော် သွားခဲ့ရင်တော့ ကျွန်မရဲ့ ဘာသာပြန်မှု အားနည်းလို့ပါ။

while myanmar boss is scolding
to the burmese child-labors
japanese oldie is donating
to the burmese youngsters

during genocidal civil war
between similar ethnics
German doctor is helping
african patiences

Aww
with passionate love
we don't need to be the same race officially
we all are family

while parents threw out their own offspring
Jolie is adopting children of different nations
Monastery is feeding refugees with full of passion

Aww
passion is magic
no need to be relatives
we all are family

Don't talk me nazism
pretending to be nationalism
instead of drama, why war movies are plenty
among the different ethnics
historical lessons are collecting rubbish
rather than jewels
with which reason, human beings have only eye

If one group desires to influence others
the whole world will have scars
If hatreds filled to all,
Hammurabi will influence rather than gods

humanity is reducing their own power
by installing weapons of war
that start with hatred in the mind of one and another

there can be thousand kinds of blood for racism
there only be four kinds of blood for the needing patients
Aww
Loot at the mothers
there are eyes on love
But
being hot, with mist covered
blind eye is hatred.

Read More...