အစိမ်းရင့် ခရီးစဉ်
သူစိမ်းဆန်လိုက်တဲ့ ခရီး
မသိခြင်းတွေ ငြီးငြီးတောက်
လူမျိုး ဆယ်ပါး
ငါသိတဲ့ စကားကို မပြောကြဘူး
ကောင်းရော...
ဆို့ကြပ်လာတဲ့ ရင်ကိုဖိ
တော်သေးရဲ့
ငါ့နှလုံးသားနဲ့ ငါနဲ့ သိတယ်...
အထီးကျန်လိုက်ပုံများ
စိတ်နဲ့ ကိုယ်နဲ့တောင် မကပ်
တခြမ်းပဲ့ ခရီးသည်မှာ
ပတ်ကြားကို အက်လို့...
မသိခြင်းတွေ ငြီးငြီးတောက်
လူမျိုး ဆယ်ပါး
ငါသိတဲ့ စကားကို မပြောကြဘူး
ကောင်းရော...
ဆို့ကြပ်လာတဲ့ ရင်ကိုဖိ
တော်သေးရဲ့
ငါ့နှလုံးသားနဲ့ ငါနဲ့ သိတယ်...
အထီးကျန်လိုက်ပုံများ
စိတ်နဲ့ ကိုယ်နဲ့တောင် မကပ်
တခြမ်းပဲ့ ခရီးသည်မှာ
ပတ်ကြားကို အက်လို့...
1 comment:
ခံစားချက်ကို ရေးထားတာ ထိမိတယ် မမရေ..
အဖော်မပါ ဘာမပါ တစ်ယောက်တည်း သွားရတဲ့ နိုင်ငံခြား ခ၇ီးတွေဆို အဲလိုပဲ နေမှာပဲ..
Post a Comment