Sunday, October 24, 2010

အစိမ်းရင့် ခရီးစဉ်

သူစိမ်းဆန်လိုက်တဲ့ ခရီး
မသိခြင်းတွေ ငြီးငြီးတောက်
လူမျိုး ဆယ်ပါး
ငါသိတဲ့ စကားကို မပြောကြဘူး
ကောင်းရော...


ဆို့ကြပ်လာတဲ့ ရင်ကိုဖိ
တော်သေးရဲ့
ငါ့နှလုံးသားနဲ့ ငါနဲ့ သိတယ်...

အထီးကျန်လိုက်ပုံများ
စိတ်နဲ့ ကိုယ်နဲ့တောင် မကပ်
တခြမ်းပဲ့ ခရီးသည်မှာ
ပတ်ကြားကို အက်လို့...

1 comment:

သိင်္ဂါကျော် said...

ခံစားချက်ကို ရေးထားတာ ထိမိတယ် မမရေ..
အဖော်မပါ ဘာမပါ တစ်ယောက်တည်း သွားရတဲ့ နိုင်ငံခြား ခ၇ီးတွေဆို အဲလိုပဲ နေမှာပဲ..