ကျောတခင်းစာ
ကျောတခင်းစာလေးပါ
ကျောတခင်းစာလေး အနားရဖို့
ကျောတခင်းစာလေး လုံခြုံဖို့
ကျောတခင်းစာလေး ငြိမ်းချမ်းဖို့
ကျောတခင်းစာလေး ဂုဏ်ရှိဖို့
ကျောတခင်းစာလေး ဇိမ်ရှိဖို့
ကျောတခင်းစာလေး…
ကျောတခင်းစာလေး……
တချို့က ရွာမှာ
တချို့က မြို့မှာ
တချို့က နိုင်ငံခြားမှာ
တချို့က ကမ္ဘာပတ်ရင်း
တချို့က တဏှာဖက်ရင်း
တချို့က မိစုံဘစုံ
ဆွေရိပ် မျိုးရိပ် ချစ်သူ့ရိပ်မှာ...
တချို့က မိဝေး ဖဝေး
ဆွေဝေး မျိုးဝေး
မိတ်ဆွေဝေး ချစ်သူဝေး
ကိုယ့်အရိပ်နဲ့ ကိုယ်တောင် ပြန်ဝေး...
တချို့က မြနန်းစံ
တချို့က အထီးကျန်
အနာဂတ် ကျောတခင်းစာအတွက်
ပစ္စုပ္ပန် ကျောတခင်းစာကို ရင်းပြီး
သံသရာခရီးသည် ကိုယ်တို့
ဘ၀ခရီးကို လျှောက်လှမ်း
မရဏခရီးကို စံမြန်းတဲ့ အခါ
အားလုံးရတဲ့ ကျောတခင်းစာ
ဒါထက်လဲ မပိုတော့…
(ဥရောပရောက် အမ၀မ်းကွဲတယောက်နဲ့ ဘ၀အမောတွေ မျှဝေခံစားရင်း ရွာကို လွမ်းရင်း ရေးဖွဲ့သည်။)
2 comments:
ကျောတခင်းစာလေးပါ.....
ဟုတ်တယ် ညီမလေးရယ်
ကိုယ့်အရိပ်နဲ့ ကိုယ်တောင်ပြန်ဝေး....
ဟုတ်တယ်မရေ
ကျောတခင်းစာလေးပဲ...
Post a Comment