သေပျော်ချိန်
မောပြီကို…
ရုန်းကန် ပြေးလွှား
ကာကွယ် တွန်းလှန်
အလိုက်သင့် အမျောမခံနိုင်တဲ့ အပြစ်လား
လဲမကျရင်တောင်
လှဲချပြီး နားလိုက်ချင်ပြီ ကို…
ငြိမ်းချမ်းတဲ့ ရင်ခွင်ကိုမှီရင်း
တရေးလောက် မှေးစက်
အသည်းအသက် နှင်းအပ်ပြီး ငို
ဒါဆို သေပျော်ပါပြီ ကို…
မှတ်ချက်... ဒီဘလော့ရဲ့ ၅၀၀မြောက် ပို့စ် က ဒီကဗျာဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ဘလော့စပေါ့ကို ဖွင့်လိုက်တော့မှ ဒီပို့စ်ဟာ ၅၀၀ မြောက် ဖြစ်နေတာကို သိလိုက်ရတယ်။ အမှတ်တရပါ...
1 comment:
ဒီညီမတယောက်ဟာလေ...
အလန့်ထညက်တွေ တော်တော်လုပ်ပါလား....
ခေါင်းစဉ်က သေပျော်ချိန်ဆိုတော့ လန့်သွားတာပဲ...
ဒါပေမယ့် ကဗျာလေးကတော့ နူးနူးညံ့ညံ့နဲ့ ချစ်စရာလေးရယ်... မောရတဲ့ ဘဝတွေမှာ မှေးစက်စရာ ရင်ခွင်တခုရှိနေတာကိုက အဖိုးတန်လှပါပြီ....
၅၀၀ မြောက်ပိုစ့်မှသည် ပိုစ့်ပေါင်း...
ထောင် သောင်းဆီသို့....
Post a Comment