Wednesday, September 15, 2010

ကျေးဇူးပါ ကို…

မာယာ စံအိမ်က
ကျင့်ဝတ် အဆိပ်ဆူး ထောင်ထဲ
ယဉ်ကျေးမှု သားရဲတွေရှေ့မှောက်
ပြေးလွှားမူးနောက်
လမ်းပျောက်လုချိန်
ပေးဝင်ခိုလှုံ ဒီရင်အုံ အတွက်
ကျေးဇူးပါ ကို…

ကဲ့ရဲ့ရှုံ့ချ
အာဏာမာန်ထ
ပညာတွေပြ အထာတွေချ
ချစ်ချစ် ပြသူတွေကြား
နစ်နစ်ဝင်အောင် ကျသွားတဲ့စိတ်
တထိတ်ထိတ်နဲ့ပြန်ကောက်
နောက်ကျောမှာက သွေးလက်ဝါး
ခပ်ပါးပါးပြုံးရင်း မျှော်ငေး
ကို့ကို တွေးရရုံနဲ့ ငြိမ်းချမ်း
ပုခုံးပေါ်မှီငြမ်းခွင့်အတွက်
ကျေးဇူးပါ ကို…

1 comment:

ဒီကောင်မလေး said...

ကဗျာလေးတွေက ဖတ်လို့ကောင်းလိုက်တာ
ဒီကဗျာလေးကို လိုချင်လို့ သိမ်းယူထားခွင့်ပြုပါ