Monday, February 14, 2011

ပန်းချီဆွဲခြင်း

ပန်းချီဆွဲဖို့ ကင်းဗတ်တစ

စိတ်ကူးနဲ့ဆွဲထုတ်လိုက်တော့

အမည်းရောင် ပိတ်ကား

ဝဲကျလာတယ်

ငါ့စိတ်ကူးနဲ့ဆေးရောင်ခြယ်



အနီတွေက စိမ်းသွား

အညိုတွေက လင်းဝါးး

ဆေးစပ်ဗန်း လွတ်အကျမှာ

အဖြူရောင် ဆေးဗူးက ရှာမရခဲ့



အနန စက်ဝိုင်းကို ဆွဲဖို့

လေးထောင့်ကားကျက်ထားတဲ့ ဘောင်က ခွင့်မပြု

ဆေးရောင်မစုံတဲ့ ဆေးဗူးတွေနဲ့

ခြယ်ချင်တဲ့ အရောင်လဲ ဆေးစပ်မရခဲ့

ဒီလိုနဲ့

လက်စမသတ်ချင်တဲ့ ပန်းချီကား

တို့လို့တန်းလန်းနဲ့ ပြီးသွားခဲ့တယ်တဲ့



စိတ်ကူးထဲက ပန်းချီကား

ချိတ်ထားဖို့ နံရံ ငှားမရခဲ့ဘူး

နှလုံးသွေးနဲ့ဖြန်းပက်

အနီရောင် ကင်းဗတ်ကို ပြန်သိမ်းခဲ့

ဒီ စိတ်ကူးယဲ့ယဲ့ထဲမှာ...

No comments: