Wednesday, January 27, 2010

After 2 years???

ဇန်န၀ါရီ ၂၉
ထပ်ထပ်တိုးတဲ့ ရက်စွဲတွေနဲ့
စာရေးမယ်လို့ ခဲတံကိုမ
သက်ပြင်းတွေပဲ ထွက်ထွက်ကျလာတယ်

အိပ်မက်တွေကို အသက်သွင်းဖို့ နိုးထ
ဒါပေမယ့် အမှောင်တွေက ညမဟုတ်တော့လို့လား
လင်းချိန်မှာ အားကုန်ကြုံးလို့ကြိုးစားချင်လဲ
ညတာက ရှည်နိုင်လွန်းခဲ့တယ်

အမှောင်ဟာ ည မဟုတ်ခဲ့မှတော့
အလင်းကို ထွန်းမိဖို့
ကိုယ့်ကိုယ်ကို မီးငြှိ
နှလုံးသားတွေ ထိထားကြမယ်။

တပွင့်ချင်း လင်းတဲ့ကြယ်စင်မီးအိမ်နဲ့
ကောင်းကင်ကို ထိန်စေမယ်ပေါ့။

1 comment:

Doughnut IO said...

You are in Thailand. We are aiming at Japanese culture, or alike.

ဂျပန်မှာ အနုပညာရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနေ့ ကလေးသူငယ် ပညာပေးကား ရိုက်၊ မနက်ဖြန် အပြာကားရိုက်ပြီး သဘက်ခါကျတော့ အနုပညာလက်ရာမြောက်တဲ့ ရုပ်ရှင် ရိုက်ချင်ရိုက်ပါမယ်။ နောက်နှစ်ကျတော့ တုံးလုံးချွတ်ပြီး ဓာတ်ပုံအရိုက်ခံချင် ခံပါမယ်။ ဒါကို လက်ခံပါတယ်။

အစ်မက ထိုင်းကို ရောက်နေလို့ ထိုင်းက ဖြစ်ရပ်တွေပဲ သိတာကိုး။