Friday, June 6, 2008

ကျွန်မ ဖတ်ဖို့ (၁)

အောင်ခြင်းတရား

အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်ရာဧ။်။ မကောင်းသောသူကို သူတော်ကောင်းပြုပြီး အောင်ရာဧ။်။ ၀န်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်ရာဧ။်။ မဟုတ်မမှန် ပြောဆိုသောသူကို မှန်ကန်သော စကားဖြင့် အောင်ရာဧ။်။
(ဂေါတမ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား)

မေတ္တာကိုသုံး အရှုံးမရှိ

သူတဖက်သား၊ မျက်မာန် ပွားသော်၊
တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊
မေတ္တာနှလုံး၊ ကိုယ်က သုံးလျှင်
၊ အရှုံးဘယ်မှာ ရှိချိမ့်နည်း။
(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)

သူတော်ကောင်း ဟူသည်

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးမြစေဧ။်
နံ့သာတုံးသည် မကျွမ်းမချင်း (မီးရှို့သူကို) အနံ့ဖြင့် မွှေးစေဧ။်
သူတော်ကောင်းသည် မိမိကို ညှင်းဆဲသူ ကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။်
ဆေးဆရာသည် သူနာနှင့် ပြိုင်ပြီး အသက်မထွက်ကောင်း။
လူကောင်းသည် သူရူးနှင့် ပြိုင်ပြီး အ၀တ်မလစ်ကောင်း။
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်ပြီး ဒေါသ မဖြစ်ကောင်း။
(ပထမ ရွှေကျင် ဆရာတော် ဘုရားကြီး)

အရင်တပတ်က ဒေါသထွက်နေသော ကျွန်မအတွက် ယောက်ခမက ပို့ပေးလိုက်သော ဓမ္မစာစု များ ဖြစ်ပါသည်။ ပေးပို့သော ယောက်ခမကို ကျေးဇူး အထူး တင်ရှိသော အားဖြင့် ခုလို ထပ်ဆင့် ဖော်ပြ ပေးခြင်းဖြစ်ပါသည်ရှင့်...

1 comment:

Anonymous said...

PLEASE WRITE MORE LIKE THIS AND DHAMMA . THANK