Friday, April 25, 2008

နှစ်သစ် မင်္ဂလာ

သင်္ကြန် မတိုင်ခင်တည်းက ဘလော့ လောကက ပျောက်နေတဲ့ ကျွန်မ ခုမှကို နှုတ်ဆက်နိုင်ပါတော့တယ်။
နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေရှင်…
မင်္ဂလာပါ… မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေ .. ဆိုတဲ့ စကားများ နားယဉ်အောင် ကြားဖူး ကြမှာပါ။ မင်္ဂလာ ဆိုတာ ဘာပါလဲ… တော်တော် များများ သိပြီးသား ဖြစ်ပါ လိမ့်မယ်။ မင်္ဂလာ ဆိုတာ ပစ္စုပ္ပန် ရော အနာဂတ် သံသရာ မှာပါ ကောင်းကျိုး တရားများ ပွားများ စည်ပင်စေသော အကြောင်းတရား များလို့ အဓိပ္ပာယ် ရပါ တယ်။ တရားများထဲက အရွတ် တရား၊ အကျင့် တရား၊ သဘော တရား ရယ်လို့ ရှိကြတဲ့ အထဲမှာ မင်္ဂလာ တရား ဟာ အကျင့် တရား ဖြစ်ပါတယ်။ မြတ်စွာဘုရား ဟာ မထင်မရှား နတ်သား တစ်ပါးကို မင်္ဂလာ တရား အကြောင်း ဟောပြရာမှာ မင်္ဂလသုတ် အဖြစ် မင်္ဂလာ တရား ၃၈ ပါး ရှိပါတယ်။ ၃၈ဖြာ မင်္ဂလာ လို့လဲ ဆိုကြ ပါတယ်။ ဒါကို အကျယ်အားဖြင့် တခြား ဘလော့ဂါ တော်တော်များများ အပြည့်အစုံ ဖော်ပြပြီး ဖြစ်ကြလို့ အသေးစိတ် ထပ်မံ ဖော်ပြခြင်း မပြုတော့ပါဘူးနော်။
မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ ဆိုတဲ့ စကားလေးဟာ ၃၈ဖြာ မင်္ဂလာ တရားတော်နဲ့ အညီ ကျင့်ကြံ နေထိုင် ပါလို့ ဆိုလိုရာ ရောက်ပါတယ်။ ဒါကြောင့် ကမ္ဘာအေး ကုန်းမြေမှာ ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ဦးစီးပြီး ယဉ်ကျေးမှု သင်တန်းသူ သင်တန်းသားများက နှစ်ဆန်း တစ်ရက်နေ့ တိုင်း နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကိုကျင်းပပြီး မင်္ဂလသုတ် ဖြစ်ပေါ်ရာ သမိုင်းနဲ့ မင်္ဂလသုတ်တော်ကို အကျယ် အားဖြင့် ရွတ်ဖတ် ပူဇော် ကြပါတယ်။ ကျွန်မကတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ရွတ်တိုင်း မင်္ဂလသုတ်ကို ရွတ်တိုင်း မင်္ဂလာတရား ၃၈ပါးလုံးကို အတိအကျ လိုက်နာ ကျင့်ကြံ နိုင်အောင် ကြိုးစားဖို့ အားတင်း နေရပါ တယ်ရှင်။

No comments: