Sunday, July 13, 2008

မြို့ ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံး စို့လား (ဒုတိယပိုင်း)

သင်တန်းတက်ရင်း အလုပ်များ နေလို့ မြို့ ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံး စို့လား ဆောင်းပါး တပိုင်းတစ ဖြစ်ချိန် ကြာသွားတာ တောင်းပန် ပါတယ်နော်.. ခု ဒုတိယပိုင်းကို မအားတဲ့ ကြားက အချိန်ခိုးပြီး တင်ပေးလိုက်ပါတယ် (သင်တန်းဆရာ မလာခင်လေးပေါ့)။ နောက်ဆက်တွဲ တွေကို ခပ်သွက်သွက် တင်ပေး နိုင်အောင် အချိန်ရပါစေလို့ ဆုတောင်းပေးပါနော်.. အားနေရင် အချိန်တိုင်း ဘလော့ နေချင်တာပါ..

ဘယ်သူတွေ အိုဇုန်းဆိပ် သင့်မှု အများဆုံးလဲ

လူတော်တော်များများဟာ အိုဇုန်းဆိပ်ကို ခုခံမှု စွမ်းအား နည်းကြပါတယ်။ အထူးသဖြင့် ပြင်ပ လေထုထဲမှာ သွက်လက်စွာ သွားလာ လှုပ်ရှား နေကြသူတွေ ပါပဲ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အရ လှုပ်ရှားလေလေ အသက်ရှုနှုံန်းက ပိုမြန် ပိုပြင်း လာလေ မို့ အိုဇုန်းကို ပိုရှူမိလေပဲ မဟုတ်ပါလား။
• အိုဇုန်း ထိတွေ့မှု အန္တရာယ် အများဆုံး အုပ်စုကတော့ အဆော့သန်တဲ့ကလေးများပဲဖြစ်ပါတယ်။ နွေရာသီ ကစားကွင်း များမှာ အချိန် အကြာဆုံး လေထုနဲ့ ထိတွေ့သူများ မဟုတ်ပါလား။ ကလေးတွေ ရင်ကြပ် ပန်းနာ ဖြစ်တတ်ကြတာ အိုဇုန်းကြောင့် အဖြစ်များပါတယ်
ပြင်ပ လေထုမှာ ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့ လူများထက် ပြင်ပ လေထုမှာ အားကစား လေ့ကျင့်ခန်း နဲ့ အလုပ် လုပ်တဲ့ သူများဟာ အိုဇုန်း ထိတွေ့မှုဒဏ်ကို ပိုခံစားရလေ့ ရှိပါတယ်။
• ပန်းနာ ရင်ကြပ် ရောဂါနဲ့ တခြား အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဝေဒနာရှင် များဟာ ယေဘူယျ အားဖြင့် အိုဇုန်းရဲ့ ဒဏ်ကို အိုဇုန်း ပမာဏ လေထုထဲမှာ တော်တော် နည်းနေတဲ့ အခြေအနေ မှာတောင် သာမန် လူများထက် ပိုပြီး စောစွာ ခံစားရလေ့ ရှိပါတယ်။
• ဘာရောဂါ ဝေဒနာမှ မရှိတဲ့ သာမန် လူတစ်ချို့မှာလဲ အိမ်ခန်း ပြင်ပမှာ အိုဇုန်း ဒဏ်ကို ခံစားရတဲ့ ကျန်းမာရေး ထိခိုက်မှုကို လူသာမန်တို့ထက် ခံစားရပြီး အကြောင်းရင်းကို သိပ္ပံ ပညာရှင်တို့ ခုထိ မသိကြရ သေးပါဘူး

ယေဘူယျ အားဖြင့် မြေပြင် နဲ့ အနီးဝန်းကျင်မှာ အိုဇုန်းလွှာ တိုးတက် များပြား လာတဲ့ သိပ်သည်းဆ များလေလေ လူတို့ ကျန်းမာရေး ထိခိုက်မှု ပိုမို ပြင်းထန် လာလေ ဖြစ်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာရှင် လူနာများ ဆေးရုံ ဆေးခန်း ရောက်သည် အထိ ကျန်းမာရေး ထိခိုက်လေ့ ရှိပါတယ်။ အိုဇုန်း သိပ်သည်းဆ သိပ်မြင့် လာပြီ ဆိုရင်တော့ လူတိုင်း အိုဇုန်းလွှာနဲ့ ထိတွေ့မှုနဲ့ ပတ်သက်ပြီး ပညာပေးခြင်းနဲ့ အိုဇုန်းသိပ်သည်းမှု လျော့ကျရေး နဲ့ လေထု ညစ်ညမ်းမှု ကာကွယ်ရေး တို့ အတွက် စတင် စဉ်းစား လုပ်ဆောင်ဖို့ လိုအပ် နေပြီ ဖြစ်ပါတယ်။

မြေလွှာအထက် အိုဇုန်းလွှာ ဒဏ်သင့်မှုကို ရှောင်ရှားခြင်း

ပြင်ပ လေထုနဲ့ အချိန်ကြာကြာ ထိတွေ့မှု များလေလေ အိုဇုန်းဒဏ်သင့်ဖို့ အခွင့်အလမ်း များလေလေပါ။ အားစိုက်ထုတ်မှု များတဲ့ ပြင်ပ လှုပ်ရှားမှုထဲ သင်ပါဝင် နေရပြီ ဆိုရင် လှုပ်ရှားချိန်ကို လျှော့ချဖို့ ကြိုးစားခြင်း သို့မဟုတ် အနေတော် အားစိုက်ထုတ်မှု လောက်နဲ့ လုပ်လို့ ဖြစ်တဲ့ တခြား လှုပ်ရှားမှု ပုံစံ တမျိုးကို အသုံးပြုခြင်း တို့ဖြင့် အစားထိုး နိုင်ပါတယ်။ (ဥပမာ ဖွဖွ ပြေးခြင်း အစား လမ်းလျှောက်ခြင်း ကို အစားထိုး နိုင်ပါတယ်။) ဒါထက် ပိုပြီး သင် လုပ်နိုင်တာက လေထုထဲ အိုဇုန်း ပမာဏ လျော့ကျ နေတဲ့ မနက်ခင်း နဲ့ ညနေခင်းတို့မှာ အိမ်ခန်း ပြင်ပ လှုပ်ရှားမှု ကို သင်စီမံ နိုင်ပါတယ်။

သာမန် အားစိုက်ထုတ်ရတဲ့လှုပ်ရှားမှု တွေရဲ့ ဥပမာ တချို့ကတော့ လှေကားတက်ခြင်း၊ တင်းနစ် နဲ့ ဘေ့စ်ဘော ကစားခြင်း၊ ဥယျာဉ်စိုက်ခြင်းနဲ့ သာမန် ဆောက်လုပ်ရေး လုပ်ငန်း၊ သက်သာသော ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်းနဲ့ တောင်တက်ခြင်းတို့ ဖြစ်ပါတယ်။
ပြင်းပြင်းထန်ထန် အားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှု တွေရဲ့ ဥပမာ တချို့ကတော့ ဘောလုံးကန်ခြင်း၊ ဘတ်စကတ်ဘော ကစားခြင်း၊ သစ်ခုတ်ခြင်း၊ အလေးမခြင်း၊ တာတိုပြေးခြင်း၊ စက်ဘီးအပြင်းစီးခြင်းနဲ့ တောင်မြင့် တက်ခြင်းတို့ ဖြစ်ပါတယ်။

အားကစား လုပ်ခြင်းဆိုတာ လုပ်သူအပေါ် မူတည်ပြီး အားကစားနည်း တစ်ရပ်မှာကိုပဲ အားစိုက်ထုတ်မှု အပေါ် မူတည်ပြီး ပြင်းထန်မှုနဲ့ သက်သာမှု တို့ ဖြစ်ပေါ် နိုင်တာမို့ အားကစားနဲ့ ထက် တစ်ယောက်ချင်းစီရဲ့ အားစိုက်ထုတ်မှုကို မူတည် ပြီးသာ သာမန်နဲ့ အပြင်းအထန် ဆိုပြီး ခွဲခြား သတ်မှတ် နိုင်မှာ ဖြစ်ပါတယ်။

အိုဇုန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု ဆိုတာ ဘာတွေလဲ

မြေပြင် အထက် အိုဇုန်းလွှာ ဖြစ်ပေါ်မှုဟာ သစ်ပင်များ အစာချက်လုပ် သိုလှောင်မှုကို နှောင့်ယှက်နိုင်တဲ့ အစွမ်း ရှိနေပြီး အဲဒါကြောင့် အပင်များ ရောဂါဒဏ်၊ အင်ဆက် ပိုးမွှားဒဏ်၊ ရာသီဥတုဒဏ်နဲ့ ဓာတု ညစ်ညမ်းမှုတို့ကို ခုခံ နိုင်မှု ကျဆင်း တတ်ပါတယ်။ ဒါ့အပြင် အိုဇုန်းဟာ အပင်များ၊ သစ်ပင်များရဲ့ အရွက်များကို ဖျက်ဆီးလေ့ ရှိလို့ အပန်းဖြေ ဥယျာဉ်များ၊ ပန်းခြံ များနဲ့ မြို့ ပြ အလှတို့ရဲ့ ဆွဲ ဆောင်မှု ကိုလည်း ဖျက်ဆီးပါတယ်။ သစ်ပင်မှာ သစ်ရွက်ဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ် ပေးတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် လေထုကို ပြန်လည် သန့်စင်မှု ဆိုတဲ့ အပင်ရဲ့ လုပ်ဆောင်ချက်ကို ထိထိရောက်ရောက် ဖျက်ဆီးတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် သဘာဝ အတိုင်း ပြန်လည် နာလန်ထူမှုကို နှောင့်ယှက်ပါတယ်။ ဒါ့အပြင် အိုဇုန်းဟာ သီးနှံ စိုက်ခင်း များနဲ့ သစ်တောတို့ရဲ့ ထွက်နှုံးကိုလဲ လျော့ကျစေပြီး သစ်ပင်တို့ရဲ့ ရောဂါဒဏ်၊ ဖျက်ပိုးဒဏ်နဲ့ ရာသီဥတုဒဏ် တို့ကို ခံနိုင်ရည်စွမ်းကို ထိခိုက် ပျက်ပြားစေပါတယ်။

အိုဇုန်းလျှော့ချရေး လှုပ်ရှားမှုနေ့

သင့် ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လေထု အရည်အသွေး ဌာနက အိုဇုန်းပမာဏ လူသားကျန်းမာရေးကို ထိခိုက်လောက်အောင် များလာတဲ့ နေ့အဖြစ် ကြေညာတဲ့ အခါ ဒီနေ့ကို အိုဇုန်းလျှော့ချရေး လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ပါတယ်။ အိုဇုန်းလွှာ လေထုထဲ သိပ်မြင့် လာနေပြီ ဆိုရင် ညစ်ညမ်းမှု လျော့ချရေး ကို ပါဝင်ကူညီဖို့ အောက်ပါ အထူး အချက် များကို လိုက်နာနိုင်ရင် ကောင်းပါတယ်။

 လေထု ပိုမို သန့်စင်လောက်တဲ့ ပတ်ဝန်းကျင်မှာ နေပါ။ အများသုံး သယ်ယူပို့ဆောင်ရေးကို သုံးပါ။ (ကားကနေ ထွက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို လျော့ချဖို့ပါ)
 ခရီးထွက်ခြင်းကို လျော့ချပါ။ နီးနီးနားနားဆို လမ်းလျှောက်သွားပါ။ (ယာဉ်တွေက ထွက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို လျှော့ချဖို့ပါ)
 သင့်ကားကို ညနေခင်း ပိုအေးချိန်ရောက်မှ လောင်စာဆီ ဖြည့်ပါ။
 လျှပ်စစ်မီးနဲ့ လေအေးပေးစက် သုံးခြင်းကို ချွေတာပါ။ (သူတို့က ထွက်တဲ့ အငွေ့တွေကို လျှော့ချဖို့ပါ။ အဲဒီ အငွေ့ တွေက လေထု အခြေအနေကို ပိုဆိုးစေ ပါတယ်)
 အိမ်အလုပ်၊ အလုပ်ရုံနဲ့ ပန်းခြံထဲမှာ ဆေးဖြန်းခြင်း အစရှိတဲ့ အငွေ့ပျံမှု ရှိတဲ့ အလုပ်တွေကို လျှော့ချပါ။ အထူးသဖြင့် အိုဇုန်းသိပ်သည်းမှု မြင့်နေချိန်မှာ မလုပ်ဘဲ အချိန်ရွှေ့ပြီးမှ လုပ်ပါ။
 လောင်စာဆီသုံး စက်တွေကို အသုံးပြုပြီး ဥယျာဉ်ပြင်ခြင်း မြက်ရိတ်ခြင်း အလုပ်တွေကို အိုဇုန်းလွှာ သိပ်သည်းမှု နည်းတဲ့ ညနေခင်း အချိန်တွေ ရောက်တဲ့ အထိ စောင့်ပြီး လုပ်ပါ။

အကောင်းဆုံးကတော့ လေထု ညစ်ညမ်းမှုကို လျှော့ချဖို့ နေ့တိုင်း ဒီအချက်တွေကို လိုက်နာ နိုင်တာပါပဲ။

စွမ်းအင်ကို အိမ်မှာ၊ အလုပ်မှာ၊ နေရာတိုင်းမှာ ချွေတာပါ
ဓာတ်ငွေ့ရည်နဲ့ လောင်စာဆီ ဖြည့်တဲ့နေရာမှာ အငွေ့ မလစ်စေဖို့ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပါ။ ပြီးတော့ အငွေ့ မထွက်အောင် မဖိတ်မစင်အောင် အဖုံးကို သေချာ လုံခြုံစွာ ကြပ်ကြပ် ပိတ်ပါ။
ကား၊ လှေနဲ့ တခြားစက်တွေ အားလုံးကို ထုတ်လုပ်သူရဲ့ အာမခံ သက်တမ်းနဲ့ ညွှန်ကြားချက် အတိုင်း အတိအကျ သုံးစွဲပါ။
သင့် ကားတာယာ တွေဟာ မှန်ကန်စွာ စွန့်ပစ်တာ သေချာပါစေ
အတတ်နိုင်ဆုံး အများသုံး မော်တော်ယာဉ်နဲ့ စက်ဘီး စီးနင်းခြင်း နဲ့ လမ်းလျှောက်ခြင်း တို့ကို ပြုလုပ်ပါ
အတတ်နိုင်ဆုံး သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အနံ့ အသက် ရှိတဲ့ အိမ်သုတ်ဆေးနဲ့ တခြား ဓာတု သန့်စင် ဆေးရည် တွေကို သုံးပါ။ ဒီထက် ပိုပြီး လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေးမှာ ပါဝင် လှုပ်ရှား ချင်ရင်တော့ http://www.weather.com/outlook/health/airquality/articles/rt-18 ကို ဖတ်ရှုလိုက်နာ နိုင်ရင် အတိုင်းထက် အလွန် လူသားလောကကို အကျိုးပြု ပေးနိုင်မှာ ဖြစ်ပါတယ်ရှင်
(ဆက်လက် ဖော်ပြ ပါဦးမည်)

No comments: