Sunday, January 31, 2010

Brain Storming and Debating Skill နဲ့ မြန်မာတွေ

မှတ်သားမိသလောက် ရေးရရင် ၀န်ကြီးဌာနတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို အားနည်းချက် ထောက်ပြပြီး ရေးလိုက်တာနဲ့ ဆဲစာတွေ တက်လာတော့တာပဲ။ အ၀တ်အစား ပက်စက်တဲ့ အကြောင်းတွေကို အရှက် အကြောက် စည်းမျဉ်းနဲ့ ထောက်ရေးလိုက်ရင် အလွယ်တကူပဲ ခေတ်ဟောင်းက အဖွားကြီး အဖြစ် ဝေဖန် ပစ်လိုက်ကြတယ်။ သကရာဇ် ၂၀၀၀ နောက်ပိုင်း မြန်မာ မိန်းကလေးတွေ အ၀တ်အစား ပက်စက်နှုံး သိပ်ကို မြန် လာပါတယ်။ ခေတ်ရေစီးကြောင်း ဆိုတာ ဘယ်သူ့ခေတ်ရဲ့ ရေစီးကြောင်းလဲ။ နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေ တာပဲ။ ရေးသူ ကိုယ်တိုင် နိုင်ငံခြားမှာ နေပြီး နိုင်ငံခြားသူတွေ ၀တ်ချင်သလို ၀တ်နေတာကျ မပြောနိုင် ဘဲ ကိုယ့်နိုင်ငံထဲက လူတွေကို ခေတ်ဟောင်းထဲ ထားချင်တယ်လို့ စွပ်စွဲ ပြစ်တင်တဲ့ လူတွေ အတွက် ကျွန်မ ဘာကြောင့် ဒီလို မေးခွန်းတွေနဲ့ ခေါင်းပေးစားလဲ ဆိုတာ ဖြည်ချ ပါ့မယ်။

ပြည့်တန်ဆာ စီးပွားရေးနဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံမှာ အခု ကျွန်မ နေပါတယ်။ ဒိထက် ပိုပြီး လေ့လာခွင့် ရတဲ့ အကြောင်းက ကျွန်မ တကသိုလ် တက်စဉ်က အပိုဝင်ငွေရအောင် ပါရဂူတန်း ကျောင်းသားကျောင်းသူတွေ အတွက် သုတေသန စာတမ်း တွေကို လူတွေ ဖြေနိုင်ဖို့ အကူ လိုက်မေး ပေးတဲ့ interviewer အလုပ်ကို စာတမ်း တစောင် ဘယ်ဈေးနှုံးနဲ့ အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ ဒီတော့ sex industry ကိုသုတေသန လုပ်တဲ့ စာတမ်းရော၊ လူမှုရေးသိပ္ပံ ဘာသာရပ်က နယ်ပယ်မျိုးစုံကို ရှုထောင့် ပေါင်းစုံနဲ့ ချဉ်းကပ် သုတေသန လုပ်တဲ့ မေးခွန်းတွေကိုပါ ကျွန်မ အကျွမ်းတ၀င် ရှိခဲ့ဖူးပါတယ်။ ကျွန်မ ရေးသမျှ စာတွေကို မပိုင်ဘဲ ကျွန်မ လက်ဖျားနဲ့ တောင် မတို့ပါဘူး။ ကျွန်မ ကိုယ်ရည်သွေးချင်လို့ ဒီလို ရေးပြနေတာ မဟုတ်ပါဘူး။ ကျွန်မ ရဲ့စာတွေကို ပေးတဲ့ မှတ်ချက်တွေဟာလဲ ကျွန်မရဲ့ နောင်လုပ်မယ့် လူမှုရေး သုတေသန စာတမ်း အတွက် လောကမှာ ဘယ်လို လူစားတွေလဲ ရှိနေနိုင်ပါလား ဆိုတာ ကျွန်မ ထည့် တွက် စဉ်းစားဖို့ အထောက်အကူပြုပါလိမ့်မယ်။

ဝတ်ဆင်သူရဲ့ ကိုယ်ရေးကိုယ်တာ

အရင်အပတ်က မြန်မာ မော်ဒယ်လ်တွေ ထိုင်းမှာ ပြည့်တန်ဆာ အတန်းအစားက ညဘက် အလုပ်လုပ်ဖို့ ဧည့်ကြိုခေါ်တဲ့ အ၀တ်အစား မျိုးတွေ ၀တ်ပြီး မျက်နှာပေးကလဲ ရမ္မက်တွေ ဆူဝေ နေတဲ့ အိပ်ရာထဲ ၀င်ရန် အသင့် အနေအထားနဲ့ ရိုက်ထားတဲ့ ပြက္ခဒိန် တစောင်ကို မေးခွန်းထုတ်ထားတဲ့ ပို့စ် တခု တင်လိုက်ပါတယ်။ မှတ်ချက် မျိုးစုံ တက်လာပါတယ်။ ဒီနေရာမှာ ကျွန်မ ကြိုပြောထားချင်တာက ပြည့်တန်ဆာ ကို မျက်စိမှိတ် အထင်သေးပြီး ရှုံ့ချတဲ့ လူစားထဲ ကျွန်မ မပါတဲ့အပြင် လူ့အသိုင်းအ၀ိုင်းအတွက် တနည်းတဖုံ အသုံးဝင်တဲ့ ကယ်တင်ရှင်တွေ အဖြစ်တောင် ကျွန်မ သဘောထားပါတယ်။ သူတို့သာ ရှိမနေရင် ကာမ သောင်းကျန်းတဲ့ ယောက်ျားသားတွေကြောင့် မုဒိမ်းမှုတွေ ဘယ်လောက် များလိုက်မလဲ လို့ စဉ်းစားမိလို့ပါ။

ပထမ ဦးဆုံး မြန်မာမော်ဒယ်လ်တွေ ဒီလိုဝတ်စားပြီး ဒီလိုပုံစံနဲ့ ပြက္ခဒိန် ထုတ်တာကို ရှုံ့ချတဲ့ အချက်ကို ကျွန်မ ပြောချင်ပါတယ်။ ထိုင်း လို နိုင်ငံမှာတောင်ဒီလိုဓာတ်ပုံကို ရုပ်ရှင်မင်းသမီးတိုင်းမရိုက်ပါဘူး။ တောင်းမှာ အကွပ် လူမှာ အ၀တ် ဆိုတာ အလကား မဟုတ်ပါဘူး။ နိုင်ငံခြားမှာ အ၀တ်ကို ကြည့်လိုက်တာနဲ့ ဘယ်အတန်းအစား လဲ ဆိုတာ တန်းသိပါတယ်။ ရုပ်ရှင်က လိုင်း မျိုးစုံရှိပါတယ်။ လိင်စိတ်ဆွတဲ့ ရုပ်ရှင်လိုင်းမှာ သရုပ်ဆောင်တဲ့ မင်းသမီးများသာ ဒီလိုပုံကို ရိုက်ပါတယ်။ တခြား လိုင်းက မင်းသမီး ဒီလို ပုံရိုက်ရင် ဒီ အတန်း အစားကို သွင်း လိုက်ပါတယ်။ မြန်မာနိုင်ငံက လူငယ်ထု အတော် များများက နိုင်ငံခြားနဲ့ အလှမ်း ဝေးပါတယ် (မြို့ကြီးတွေက အင်တာနက် တက်နိုင်တဲ့လူငယ် လက်တဆုပ် စာကို တနိုင်ငံလုံးက လူငယ်ထုနဲ့ နှိုင်းကြည့်ပါ) နိုင်ငံခြားမှာ ဘယ်အတန်းအစားက ဘယ်လို ၀တ်လဲ ဆိုတာ မသိဘဲ ဘယ်သူက ဘယ်လိုင်းရယ်လို့ တိတိ ကျကျ မရှိတဲ့ ကိုယ့်နိုင်ငံက လူငယ်ထု အတုယူစရာလို ဖြစ်နေတဲ့ မော်ဒယ်လ်တွေက ဒါမျိုးဝတ်ပြီး ဒီလို နေပြ ရင် နာမည် ကြီးသူကို အထင်ကြီးတတ်တဲ့ သာမန် လူတန်းစားက လိုက်အတုခိုးပါလိမ့်မယ်။ နိုင်ငံခြားမှာ ဒါမျိုး ၀တ်တဲ့ အတန်းအစားက ၀တ်နေတာပဲ ဆိုပေမယ့် ဒါမျိုးဓာတ်ပုံ ရိုက်တဲ့ နေရာမှာ ဘယ်လောက် အတိမ်း အစောင်း မခံလဲ ဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ် အဆင့်ရောက်လောက်အောင် ဘယ်လောက် စော်ကား ခံနေရလို့ ခံနေရမှန်း မသိကြ တာလား။ သိသိနဲ့ ပျော်ပျော်ကြီး လိုင်းဝင် ခံနေကြတာလား ဆိုတာတော့ ကာယကံရှင်တွေ အသိဆုံး ဖြစ်ပါ လိမ့်မယ်။

နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေတာပါ ခေတ်မီအောင် ဒါမျိုးဝတ်ပါလို့ မြှောက်ပေးတဲ့ နိုင်ငံခြားပြန်တွေက ဘယ်လို လူစားတွေလဲ ဆိုတာ ကျွန်မ အမုန်းခံပြီး ဖော်လိုက်ပါ့မယ်။ ပညာတတ် လူကုံထံ အမျိုးကောင်းသမီး အသိုင်း အ၀ိုင်းကို မ၀င်ဆံ့လို့ အားသန်ရာ ၀ါသနာပါရာ အပေါစား နိုက်ကလပ်တွေ တက်ပြီး အပျော်မယ် လောက လောက်ကိုသာ ၀င်ဆံ့ တဲ့ မြင်ဖူး ဆက်ဆံဖူးတဲ့ လူစားများက ကိုယ့်ကိုယ်ကို ဆရာကြီးလုပ်ကာ ပြည်တွင်းမှာလဲ သူတို့ ဈေးပေါပေါနဲ့ အာသာဖြေ ငမ်းကြောထူလို့ ရအောင် တလွဲပြော မြှောက်ပေးခြင်းသာ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ နိုက်ကလပ်က အလွှာစုံ ရှိပါတယ်။ အပေါစား နိုက်ကလပ်များမှာ ကြေးနည်းစား ညဉ့်ငှက်မယ် တွေက အကြမ်းစား တိုင်ပတ် အကတွေနဲ့ ဖျော်ဖြေပါတယ်။ ကျောင်းသား နိုက်ကလပ်မှာ ကျောင်းသူ ကျောင်း သားတွေ အပျော် ကခုန် ကြပါတယ်။ စည်းရှိတဲ့ ကျောင်းသူ ကျောင်းသားများ ရှိသလို စည်းလွတ်ဝါးလွတ် သမား တွေလဲ ကိုယ့်ဇာတ် ကိုယ် ကကြပါတယ်။ ကြေးကြီးတဲ့ နိုက်ကလ ပ်တွေမှာ ကရင်းခုန်ရင်း ရင်းနှီး ကျွမ်းဝင် အောင် မိတ်ဖွဲ့ပြီး စီးပွားရေး ဆွေးနွေးကြပါတယ်။ အသိအကျွမ်း နယ်ချဲ့ကြပါတယ်။ ကြေးကြီးစား နိုက်ကလပ်မှာ အပေါစား အပျော်မယ် ၀တ်စုံနဲ့ ညဉ့်ငှက်မယ်များ အနားတောင် သီလို့ မရပါ။ နိုင်ငံခြားမှာ လူတိုင်း ကိုယ့်အဆင့်အတန်း နဲ့ကိုယ်၊ ကိုယ်ကျင်လည်ရာ ၀န်းကျင်နဲ့ကိုယ် ၀တ်ရ စားရပါတယ်။ ပါရဂူ ပါမောက္ခလဲ နားကွင်းနဲ့ ဘောင်းဘီ တိုနဲ့ လို့ လာမပြောပါနဲ့။ သူ့ကိုယ်ပိုင်အချိန် သူသွားလာ ကျက်စားရာ နေရာမှာ သူဝတ်ချင်သလို ၀တ်မှာ ဖြစ်ပေမယ့် စာသင်ခန်းထဲ ညီလာခံထဲ ပွဲလမ်းထဲ သာမန် ဧည့်သည်နဲ့ တွေ့တဲ့ အချိန် တွေမှာ ဒါမျိုးဝတ်ရင် ယဉ်ကျေးမှု နားမလည်တဲ့ အရိုင်းအစိုင်း အဖြစ် သတ်မှတ် ခံရမှာ အသေ အချာပါ။ နောက်တခုက သူများလူမျိုး ကိုယ်ပြားပြားမို့ အတိုအပြတ်ဝတ်တိုင်း ကြည့်လို့ မျက်စိမရိုင်းတာ ရှိပါတယ်။ မြန်မာမိန်းကလေး အိုးကြီးပါတယ်။ ကြိုက်တဲ့ ထိုင်းမ စလုံးမနဲ့ ယှဉ်ပါ။ အိုးကြီး ခြေတုတ်နဲ့ အတို အပြတ် ၀တ်တော့ တော်တော်ကို ကြည့်ရရုပ်ဆိုးပါတယ်။ ကျွန်မမှ ဒီလိုပြောတာ မဟုတ်ပါဘူး။ နှမသားချင်း စာနာ တတ်တဲ့ မိန်းမဖြစ်ပြီးရော ငမ်းတတ်သူ မဟုတ်တဲ့ ယောက်ျားလေးတိုင်း ပြောတာ ကြားဖူးပါတယ်။

လျှပ်ပေါ်လော်လည်တဲ့ အ၀တ်အစားတွေ ကို ခေတ်မီတယ် ထင်ပြီး ၀တ်လို့ ဖြစ်နိုင်တဲ့ ဆိုးကျိုးက ကိုယ့် အန္တရာယ် ကိုယ်လက်ယပ်ခေါ်နေတာပါပဲ။ တကယ်တမ်း အားမနာတမ်း ပြောရရင် ကိုယ့်နိုင်ငံက မဟာပုရိသ မြန်မာ ယောက်ျားသား များထဲ နှမချင်းစာနာပြီး ယဉ်ကျေးသူက ခုခေတ်မှာ နည်းလာပါပြီ။ ဒီလိုပြောလို့ မဟုတ် သူများ မနာပါနဲ့။ မိန်းကလေး တယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လို့ ချွတ်ချက်အော် မကြားတကြား ဖြစ်စေ အုပ်လိုက် လှောင်စိန် ကျပြီး ဖြစ်စေ ပါးစပ် အရသာခံတဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။ သင်္ကြန် အပါအ၀င် ပွဲတော်တွေမှာ ဘတ်စ်ကားတွေ ပေါ်မှာ နှမသားချင်း မစာနာ လူအုပ်ထဲ လူကြပ်တာကို အခွင့်ကောင်း ယူပြီး လက်သရမ်းတတ်တဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။ ကျွန်မ ဘတ်စ်ကား စစီးတဲ့ အချိန် ကလေး ဘ၀တည်းက မြင်ဖူးပါ များလွန်းလို့ အပျိုဖော်ဝင်တည်းက ဘတ်စ်ကား စီးတိုင်း ဓားမြှောင် သော့ချိတ် ကို အိတ်မှာ အမြဲချိတ်ပြီး ဓားကို အဆင်သင့် ဖွင့်ပြီးမှ ဘတ်စ်ကား စီးပါတယ်။ ထိုင်းလို နိုင်ငံမျိုးမှာတောင် မြန်မာပြည်ထဲက အခြေအနေမျိုးကို ၆နှစ်အတွင်း တခါမှ မမြင်ဖူးသေးပါဘူး။ ဒီလို အခြေ အနေ မျိုးမှာ ဖုံးလွှမ်း ထားသင့်တဲ့ အစိတ်အပိုင်းကို မျက်စိပသာဒ အလှူပေးနေတဲ့ အ၀တ်မျိုး ၀တ်တာဟာ ဘယ်လောက်ထိ အန္တရာယ် လက်ယပ်ခေါ်တဲ့ အပြုအမူပါလဲ။ ဖွဟဲ့ မပြောကောင်း ပြောကောင်း မုဒိမ်းကျင့် ခံရလို့မှ ရဲစခန်းမှာ တိုင်တာတောင် ရာဇ၀တ်ကောင်က ဈေးတည့်ပြီးမှ အတိုင်ခံရတာပါလို့ ထွက်ဆိုလာရင် ဘယ်လို လုပ်ကြ မလဲ အရပ်ကတို့။ ၂၀၁၀မှာ ဒါမျိုးဝတ်တာ မဆန်းဘူးဆိုသူများ မျက်မွှေးတဆုံး မကြည့်ကြ ပါနဲ့။ မောင်နဲ့ နှမ၊ သားနဲ့အမိ၊ နှမသားချင်း မိဘချင်း သားသမီးချင်း စာနာကြဖို့ ကျွန်မ အမုန်းခံ ရေးနေရ တာပါ။

နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်တယ် ဆိုတဲ့ လူစားများကို ထပ်ပြီး သက်သေနဲ့ တကွ ကျွန်မ စိန်ခေါ်ပါတယ်။ ဘယ် လူကြီးလူကောင်း အသိုင်း အ၀ိုင်းက ဒီလိုဝတ်လဲ ဆိုတာ ပြပါ။ ဒီနှစ်ပိုင်းတွေမှာ ပြတဲ့ နိုင်ငံတကာ ဖက်ရှင်ရှိုး တွေတောင် တော်တော် လုံခြုံ လာပါပြီ။ သြော်စီ၊ အစ္စရေးနဲ့ နိုင်ငံတော်တော်များများက ဖက်ရှင်ရှိုးတွေ ကြည့် ပြီး မြန်မာပြည်က ဖက်ရှင်ရှိုးတွေ ကြည့်မိရင် ဘုရားတပြီး နိုင်ငံခြားသားက မြန်မာ ဖက်ရှင်ရှိုးတွေ မကြည့် မိပါစေနဲ့ ဆုတောင်းရတာ အမောပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က တချို့ ဖက်ရှင်ရှိုးတွေက ကိုယ် တိုင် ထွင်ပါတယ် ဆိုတဲ့ တချို့ ဒီဇိုင်းတွေက ဘန်ကောက်က ပတူနမ်လို့ ခေါ်တဲ့ ဘတ်ဂျက်ဈေးက အ၀တ်တွေ ဒီဇိုင်းတွေ ဖြစ်နေ လို့ပါ။ ဘယ်ဆိုင်က ဒီဇိုင်း ဆိုတာက အစ ကျွန်မ တပ်အပ် ပြောနိုင်ပါတယ်။ ဆိုင်တွေက အမျိုးအစား မျိုးစုံ ရှိပါတယ်။ ကျောင်း သူကျောင်း သားလိုင်း၊ အစိုးရ၀န်ထမ်းလိုင်း၊ နိုင်ငံခြားကုမ္ပဏီ ၀န်ထမ်း လိုင်း၊ ကုန်တိုက် ဈေးသည်လိုင်း၊ လမ်းဘေး ဈေးသည်လိုင်း၊ မားကက်တင်း ၀န်ထမ်းလိုင်း၊ အပျော်မယ်လိုင်း စသဖြင့် လိုင်းပေါင်းစုံ အတွက် ဖက်ရှင်ဝတ်စုံ တွေကို သက်ဆိုင်ရာ လိုင်းကိုသာ ကိုင်တဲ့ ဆိုင်တွေမှာ ၀ယ်နိုင် ပါတယ်။ ဒီလောက် သူ့လိုင်းအတွက် သူ သီးသန့် ဖြစ်နေတဲ့ နိုင်ငံခြားက ၀တ်စား ဆင်ယင်ပုံ ကိုတောင် မသိ ဘဲနဲ့ ဗဟုသုတ မရှိဘဲနဲ့ နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေတာကို ပြည်တွင်းက လူတွေကို ဘာညာ ဆိုတဲ့ ဝေဖန် စကားက တော်တော်ကို သနားစရာ ကောင်းတဲ့ မှတ်ချက် ဖြစ်နေပါပြီ။ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင် လို့ တင်စားကြပါတယ်။ ကျွန်မတို့ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေ နည်းနည်း ပြော များများ စဉ်းစားကြ စေချင်ပါတယ်။ အရည်အသွေးကောင်းမွန်စွာ စဉ်းစား ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း ရှိဖို့ ဘက်စုံထောင့်စုံက အသိပညာ ဗဟုသုတတွေ ကြွယ်ဝအောင် လေ့လာ သင့်ပါတယ်။ ကိုယ့်ဝန်းကျင် က ကိုယ် အထင်ကြီး မိတဲ့ တစုံတယောက်ရဲ့ စကားလောက်နဲ့ လမ်းမဆုံးဘဲ ဖြန့်ထွက် ရှာဖွေကြပါ လို့ တောင်းပန် ပါရစေ။

ဒီနေရာမှာ စကားကတ်ပြီး ထိုင်မသိမ်းနဲ့ ရင်ဖုံးနဲ့ နေပါလား အစရှိသဖြင့် အရေမရ အဖတ်မရ အဓိပ္ပာယ် မရှိတဲ့ မှတ်ချက်များကတော့ ကလေးဆန် လွန်းတယ် ပြောမိရင်တောင် ကလေးသူငယ် အသရေဖျက်မှုနဲ့ ပြန်တရားစွဲ ခံရနိုင်လို့ မပြောတော့ပါဘူး။ ခေတ်အခါ အခြေအနေ ပတ်ဝန်းကျင် အလုပ်အကိုင်ပေါ် မူတည်ပြီး ၀တ်စား ဆင် ယင်မှု ပြောင်းလဲ နိုင်ပါတယ်။ နိုင်ငံခြားမှာ နေရာတကာ ချိတ်ထမီ ကြီး တကားကားနဲ့ ကျွန်မ မ၀တ်ပါဘူး။ မလို အပ် ပါဘူး။ ဒါပေမယ့် လူ့လောကမှာ အ၀တ်အစား ၀တ်ဆင်ရခြင်းရဲ့ အဓိက အကြောင်း ရင်း အရှက် တရား ကို ထိန်းသိမ်းဖို့ နဲ့ လူမြင်ကွင်းမှာ မမြင်သင့်သော အရာများကို ဖုံးကွယ်ဖို့တော့ ၀တ်စား ဆင်ယင် ရပါ လိမ့် မယ်။ အ၀တ်အစားက အဓိက မဟုတ်ပါဘူး စိတ်ဓာတ်က အဓိက ပါလို့ ကတ်သတ် ပြောဆိုနေမယ့် လူများကို တခွန်းပဲ ပြန်ပြောပါ့မယ် ဒီလောက် ဖြစ်နေရင် ရှင်တို့ အမေ သမီး နှမတွေကိုသာ ဒီလိုဆင်ပြီး လူပုံအလယ် ထုတ်ကြွားပြီး တော်လိုက်တာလို့ လက်ခုပ်တီး ချီးမွမ်း လိုက်ကြ ပေတော့။ သူများ အမေ ဖြစ်လာမယ့် သူများ သမီး သူများနှမ တွေကိုတော့ မြှောက်ပေး မနေကြပါနဲ့။

စီးပွားရေး

ဒုတိယမေးခွန်းကို ဖြည်ပါပြီ။ နာမည်ကြီး အွန်လိုင်းဂျာနယ် တခုရဲ့ ဝေဖန်ချက်ပါ။ အမျိုးသမီးရေး တဖက်စွန်း ရောက်တယ် ဆိုတဲ့အချက်။ အမျိုးသမီးတွေကို စီးပွားရေးကြော်ငြာတွေမှာ မသုံးသင့် ဆိုပြီး ခပ်ကြောင်ကြောင် ဘာညာ ဆိုပြီး ဝေဖန်တဲ့ ကိစ္စ။ ကျွန်မဆိုလိုချက်ကို သိသိနဲ့ မသွားဘဲ ကိုယ်လိုရာကိုယ်ဆွဲပြီး ဝေဖန်တာ ဖတ်ရတာ တော်တော် စိတ်ပျက်မိပါတယ်။ ကျွန်မ ဆိုလိုတာ အမျိုးသမီးတွေကို မလုံတလုံဝတ်ခိုင်း ကောက်ကြောင်း တွေ ဖော်ပြီး စီးပွားရေးကြော်ငြာတွေမှာ သုံးတာကိုပဲ ကျွန်မ ဆိုလိုတာပါ။ ဆိုလိုချင်တဲ့ ပုံစံကို ပြက္ခဒိန်ပါ ပို့စ်တင်ပြီး ဝေဖန်ထားတာမို့ အရှင်းကြီးပါ။

ကမ္ဘာကျော် လျှပ်စစ်ကုမ္ပဏီ Philips နဲ့ တကွ တခြား နာမည်ကျော် ကားကုမ္ပဏီတွေ သူတို့ ပစ္စည်းတွေရဲ့ ခံနိုင်ရည်၊ အရည်အသွေးနဲ့ ခေတ်မီမှုတွေကို လူတောင် မပါဘဲ ကြော်ငြာတာ ကြည့်ဖူးပါသလား။ ဘရစ်စတုံး ကားတာယာ ကြော်ငြာကို ခွေးလေး ၂ကောင်နဲ့ ကားနဲ့ ကြော်ငြာတာ ကြည့်ဖူးပါသလား။ ကားရှေ့ ခုန်ဝင်တဲ့ ခွေးလေးကို မတိုက်မိအောင် အချိန်မီ ဘရိတ်အုပ်နိုင်လို့ ခွေးမသေဘူး တာယာလဲ ပန်းမစားဘူးဆိုတဲ့ အတွေး အခေါ် နဲ့ ကြော်ငြာသွားတာပါ။ မြန်မာပြည်က ကြော်ငြာတွေများ ကြည့်လိုက်ရင် ဘာမှမဆိုင်ဘဲ မော်ဒယ်လ် ရေစိမ် လိုက်ကြတာ နားကို မလည်နိုင်ပါ။ ပစ္စည်းအရည်အသွေးကို လူသိအောင် ကြော်ငြာ မလုပ်နိုင်လို့ လူ သတိထားမိပြီးသား မော်ဒယ်လ်နဲ့ ပစ္စည်း နာမည်ကို လူသိအောင် ကြော်ငြာ နေရတဲ့ ဘ၀လို့ သနားရမလို ဖြစ်နေပါတယ်။

ဒီမှာ ကြော်ငြာ လုပ်ငန်းနဲ့ အသက်မွေးတဲ့ လူတွေက ဘာလို့ ဒီလိုပုံစံနဲ့ ကြော်ငြာလဲ ဆိုတာ လာပါပြီ။ မားကက်တင်း ပိုင်းက ညီမ တယောက်က ပြောလာပါတယ်။ ဒါမျိုးကြော်ငြာရိုက်မှ စီးပွားရေး သမားက ဈေး ကွက် ရှိတော့ မှာပေါ့ အမရယ်တဲ့။ ဘာဈေးကွက်ပါလိမ့်။ ကျွန်မတို့ မြန်မာ့ဈေးကွက်က ဒါမျိုးပဲ တောင်းဆို တတ်တဲ့ အဆင့်အတန်း ရောက်နေပြီလား။ ဒါမှမဟုတ် ဒါမျိုးကိုမှ အဟုတ်ထင်အောင် တမင် တွန်းပို့နေတဲ့ ရေစီးကြောင်းကို ဖန်တီးနေကြတာလား။ နောက်ပြီး ဒါမျိုးနဲ့ပဲ စီးပွားလုပ်စား တတ်ကြတော့ တာလား။ ရိုက် ပေါက် မေးခွန်းတွေ တသီကြီး ပိုထွက်လာပါတယ်။

အနုပညာ

ဒါဟာ အနုပညာ ဆိုလာရင်တော့ အနုပညာ နဲ့ ပတ်သက် လို့ ကျွန်မ ပြန်မေးစရာတွေ ရှိလာပါတယ်။ Fine art, classical art, modern art စသဖြင့် ဖန်တီးနိုင်ရင် ဖန်တီး နိုင်သလောက် အနုပညာ ပေါင်းစုံ ရှိတဲ့ အထဲမှာမှ nude art တမျိုးတည်းကိုသာ အနုပညာလို့ မြင်နေ ရှေ့တန်းတင်နေ ရင်တော့ ကျွန်တော်မျိုးမ ပြောစရာ စကားလုံး ရှာမတွေ့တော့ပါ။ ဟုတ်ကဲ့ ဒါမျိုးပုံကို ညစ်ညမ်း တယ် လို့ မြင် ရင် ကျွန်မစိတ် မသန့်ရှင်းလို့ ဖြစ်မယ်လို့ ဝေဖန်သူကို ပြန်မေးပါရစေ။ ဒီပုံကို မြင်ပြီး ဘယ်သူ ဘယ် နိုင်ငံခြားသား ကမှ ယဉ်ကျေး သိမ်မွေ့ တဲ့ အမျိုးကောင်းသမီးတွေလို့ ချီးကျူးမှာ မဟုတ်တာ တော့ သေချာ ပါတယ်။

ဓာတ်ပုံပညာ

ဓာတ်ပုံပညာကို ဘယ်လောက် နားလည်လို့လဲ ဆိုတော့ ကျွန်မမှာ ဟောတော့ လို့သာ အော်မိပါတယ်။ photography ပညာရပ်မှာ fashion photography ရယ်လို့ တလိုင်းရှိတယ် ဆိုတာကို ဓာတ်ပုံ ပညာ မလေ့လာ ဖူးသူ အတွက်တော့ ဟယ် ဟုတ်လားလို့ ပြောချင် ပြောပါလိမ့်မယ်။ ကျွန်မ ပြန်မေး ပါရစေ။ photography and pornography ကြားက ကွဲပြားမှုကို သိပါသလား။ မသိလို့ ဘာတွေ ဘယ်လိုဖြစ်ပျက် ခဲ့ဖူးတယ် ဆိုတာလေးတွေ လေ့လာနိုင်ဖို့ ချပြရင်း ကျွန်မ နှုတ်ဆက်လိုက်ပါတယ်။ မြန်မာလူငယ်များ ဦးနှောက်သုံး စဉ်းစား နိုင်ကြပါစေ။ စကားရည် မလုခင် အသိပညာ ၀မ်းစာပြည့်အောင် အရင် ဖြည့်ဆည်း နိုင်ကြပါစေ။

ဥပဒေရေးရာ သတ်မှတ်ချက်
http://www.feministing.com/archives/012385.html

နိုင်ငံတကာ အမြင်
http://www.usefilm.com/photo_forum/11/1495/

ဒီဆောင်းပါးရဲ့ အဆက်ပါ။

22 comments:

Anonymous said...

အရမ်းကိုကောင်းတဲ့ချေပမူတစ်ခုပါ။
ပထမပိုစ့်ကတည်းက ကွန်မန့်တွေကိုဖတ်ပီးပြောချင်နေတာ
အခုတော့ ဒီပိုစ့်ကိုဖတ်ပီး ကျေနပ်သွားပီး :D
ခေတ်မီတာနဲ့ ကလက်တာကိုနားမလည်ကြရင် နားလည်အောင်အရင်လုပ်ပြီးမှကွန်မန့်ပေးကြပါ။ဒီလိုဖော်ထားတာတွေကိုမှ လှတယ်ဆိုရင်တော့ ကိုယ်ဟာဘယ်လိုလူတန်းစားလည်းဆိုတာနားလည်သင့်ပါတယ်။
ဒီလိုပြောနေလို့ ရှေးခေတ်ကအဖွားကြီးလားလို့လာမပြောနဲ့။
နိုင်ငံခြားမှာတစ်ယောက်တည်းကိုယ်ဝမ်းကိုယ်ကျောင်းပီးနေနေတဲ့မိန်းကလေးတစ်ယောက်ပါ။ဒီမှာတောင် ဒီလိုဖော်ပီးဝတ်ထားရင်ဘာအတန်းအစားလည်းဆိုတာချက်ချင်းသိကြတယ်။ဒီမှာဘယ်သူမှဒီလိုမ၀တ်ကြဘူး။လုံလုံခြုံခြုံနဲ့ ခေတ်မှီအောင်ဝတ်စားလို့ရပါတယ်။
တစ်ခါမှကွန်မန့်မပေးဖူးပါဘူး။ ဒီပိုစ့်ကိုအရမ်းကြိုက်လွန်းလို့ ကွန်မန့်ပေးခဲ့တာပါ။ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။

ဝေယံဘုန်း said...

အရမ်းကောင်းပါတယ်။ အစ်မပြောတာတွေ ကျွန်တော် လက်ခံပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့သူတွေအတွက်တော့ စိတ်ထဲဘာမှမထားပါနဲ့။ လောကမှာ လူအမျိုးမျိုး အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ်မှန်တယ်ထင်တာ ကိုယ်ပြောရဲဖို့ကသာ အဓိကပါ။ ဆက်ရေးပါဦး

Anonymous said...

စာရေးသူဟာ ကိုယ့်ကို လုံးဝ အဝေဖန်မခံတဲ့ ကက်ကက်လန်တစ်ယူသန်သမားလို့
မှတ်ချက်ပြုပါတယ်....
စာရေးသူရဲ့ ကိုယ်ရည်သွေးပိုစ့်တွေကို
ဖတ်ပြီးမှ ပြောတာပါ....

Aye Chan Win said...

100% support to you.Carry on.Our country need this kind of thoughts and education.Thanks for this post.

AKM said...

I totally agree with you. We need such kind of education to teenage and young adults in back home. They need to know how to dress according to the circumstances. I appreciate you very much for this valuable post. Thank you. Keep carrying on.

ဘကြီးအောင် said...

အင်း ကိုယ့်မြန်မာနိုင်ငံ မှာ ဘယ်လိုတွေ အောက်ကျ နောက်ကျ ဖြစ်နေပြီ ... တိုးတက်မှု ပါတဲ့ ပြောင်းလဲမှု မဟုတ်ဘဲ မြောင်းထဲ ဇောက်ထိုးဆင်းနေတဲ့ ပရမ်းပတာ ပြောင်းလဲမှုကို ဝေဖန်ထောက်ပြတဲ့ ဒီလို ပို့စ်ကို “စာရေးသူဟာ ကိုယ့်ကို လုံးဝ အဝေဖန်မခံတဲ့ ကက်ကက်လန်တစ်ယူသန်သမားလို့
မှတ်ချက်ပြုပါတယ်....
စာရေးသူရဲ့ ကိုယ်ရည်သွေးပိုစ့်တွေကို
ဖတ်ပြီးမှ ပြောတာပါ....” ဆိုပြီး comment ပေးတဲ့ anonymous ရဲ့စကားကတော့ အဆင့်အတန်းရှိရှိ ပြန်၍ စကားရည် လုစရာ စကားမရှိလို့ ၀ါးလုံးရှည်နဲ့ မျက်စိမှိတ်ရမ်းတယ်လို့ သိသာထင်ရှားစွာ ယူဆလို့ ရပါတယ်။ ကျနော် နိုင်ငံခြားရောက်နေတာ ၁၀ နှစ်နီးပါး ရှိပါပြီ။ နိုက်ကလပ်တွေ၊ ဘားတွေ၊ pole dance တွေ ... အဲလို ဟာမျိုးတွေ ရှိတဲ့ နေရာတွေ သိပ်ကို ရောက်ဖူးတာပေါဗျာ ... ဒီမှာက လမ်းပေါ်မှာ မိန်းကလေး တယောက်ကို ကြည့်လိုက်တာနဲ့ ၀တ်ပုံစားပုံ မျက်နှာ အမူအယာ ကြည့်တာနဲ့တင် ဘယ်လို အစားဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ sex industry မှာ လုပ်တဲ့ သူတွေကိုယ်တိုင်ကိုက အဲဒီလို နေမှ၊ ၀တ်မှ သာမန်မိန်းကလေးများနဲ့ ကွဲပြားမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ သာမန် ခေတ်ဆန်တဲ့ မိန်းကလေး တယောက်ကို sex worker တယောက်နဲ့ မှားပြီး ဈေးသွားမေးမိလို့ ကတော့ ကိုယ့်လူရေ “ဘွာတေး ကျနော် မှားသွားပါတယ်” ပြောလို့ မရဘူး ... တရားရုံးရောက်မှ ရှင်းပေတော့ ... လျော်ကြေးပေးနိုင်ရင်ပေး ... မပေးနိုင်ရင် ထောင်နန်းစံပေတော့ပဲ ... အဲဒီတော့ ဒီက မိန်းကလေးများဟာ အ၀တ်အစား အမူအယာကို ကြည့်တာနဲ့ လုပ်စားနေတာလား သာမန် ခေတ်မှီ၊ ခေတ်ဆန်တဲ့ မိန်းကလေးလား ဆိုတာ သိသိသာသာပါ။ ဒီ link ကလေးကို ကြည့်လိုက်ပါ http://www.youtube.com/watch?v=HY2dFgTAfFA ကျနော်တို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ သင်္ကြန်တုန်းက ကနေတဲ့ပုံပါ။ နိုင်ငံတကာ မျက်စိနဲ့ ကြည့်ရင် အင်မတန် အပေါစားဆန်တဲ့ မြင်ကွင်းပါ။ ဒီအကမျိုး ဘယ်နေရာမှာ ကသလဲဆိုတာ နိုင်ငံခြားသားတွေကို မေးကြည့်ကြပါ ... မြန်မာ့ရိုးရာ အတာသင်္ကြန် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဒီလို နိုင်ငံခြားက sex industry တွေကအကမျိုးတွေ တွေ့ရတာ အင်မတန် ရှက်စရာ ကောင်းပါတယ်။ အခု ပြက္ခဒိန်ထဲမှာလဲ အချို့သော post တွေက sexy ဖြစ်တဲ့ အမူအယာထက် horny ဖြစ်တဲ့ အမူအယာ တွေ ဖြစ်နေတယ် ဆိုရင် ပို သင့်လျော်ပါလိမ့်မယ်။ ပြောချင်တာက အဲဒီလို မြန်မာ celebrity တွေ ဘုမသိ ဘမသိ နာမည်ကြီးချင်တိုင်း သူများနိုင်ငံက xာ သယ် တွေ လုပ်တဲ့ အမူအယာ မျိုးတွေ sexy ဖြစ် ပြီးရော လုပ်နေတာမျိုးတွေ လမ်းပေါ်က သာမန် မိကောင်းဖခင် သားသမီးလေးတွေ လိုက်အတု အခိုးမှားကြရင်ဖြင့် ... မြန်မာပြည် ကို ဘုမသိဘမသိ ရောက်လာတဲ့ နိုင်ငံခြားသားက ဈေးလာမေးတော့ မှ ကိုယ့်ကိုယ်ကို ဘယ်ဘ၀ ရောက်နေမှန်း သိကြရမယ့် ကိန်းဆိုက်ပါလိမ့်မယ်။ “တောင်းမှာ အကွပ် လူမှာ အ၀တ်” ဆိုတာ လူဆိုတာ အ၀တ်ဝတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါ ... သူ့နေရာနှင့်သူ လိုက်လျောညီထွေ ၀တ်တတ်စားတတ်စေရန် ဆိုလိုခြင်း ဖြစ်ပါသည်။

Anonymous said...

တော်တော် အပေါစားဆန်တဲ့ပုံတွေပဲ။ အဲဒီပုံတွေကို okay လို့ပြောတဲ့သူတွေရှိတာ စိတ်မကောင်းစရာပဲ။ မြန်မာတွေ အဲလောက်တောင် ignorant ဖြစ်နေလား။

ကလေး ရေချိုးပေးတဲ့ ပုံဖြစ်တုန်းက ဖတ်လိုက်ပါတယ်။ အဲလိုမျိုးပုံကို Porn လို့သက်မှတ်မှန်း အဲတော့မှသိ လိုက်တယ်။

Facebook မှာဆိုလဲ breast-feeding photos တွေကို ခွင့်မပြုဘူး။ ရွှေမြန်မာ များကတော့ တင်ကြတာဘဲ။ နို့တိုက်တဲ့ပုံ၊ ကလေးတုန်းက ကိုယ်တုံးလုံးပုံတွေ။ အဲတာတွေ Report Abusive လုပ်ခွင့်ရှိတယ်။

-SM

Unknown said...

ကောင်းလိုက်တာ ဗျာ...။

ငြိမ်းချမ်းပါစေ။

PAUK said...

ဖတ်ရှုမှတ်သားသွားပါတယ်...။။

Anonymous said...

Burma is becoming a failing state. You will see more and more like this in the future, unfortunately. Most people are becoming degenerated, and not understand how low their moral standards are now, as obvious in the comments from the previous post. Sad for the country.

Anonymous said...

အရမ်းကောင်းတဲ့ပို့စ်ပဲ။
ကော်မန့်မှာထောက်ပြသွားတဲ့ youtube link ကိုသွားကြည့်မိပါတယ်..
ဘုရားရေလို့ပဲ..အော်လိုက်မိတယ်။ အဟုတ်။

ဝတ်တာစားတာ နေတာထိုင်တာတွေ..မြန်မာပြည်ကလူငယ်တွေတော်တော်ဆိုးနေပီ။ ဟိုးလွန်ခဲ့တဲ့ ၂၀၀၀ အစလောက်ထဲက ဆရာစံလမ်းမှာ သင်္ကြန်ဆို မပေါ့တပေါ်တွေနဲ့ အရက်သောက်ပီးကနေတယ်ဆိုတာ ကြားဖူးခဲ့ပေမဲ့...တခါမှမမြင်ခဲ့ဘူးဘူး။ အခုမှတကယ်မြင်လိုက်ရတယ်။ ကြောက်စရာ ကောင်းလိုက်တာ။
အဲလိုမျိုးပြောရင် ကိုယ်တွေပဲ အဘွားကြီးဖြစ်တယ်လို့ ပြောဦးမလားမသိ။

အမျိုးကောင်းသားသမီးတွေအနေနဲ့ အနေအထိုင် အပြောအဆို ကအစ ထိန်းသိမ်းတာတောင် တော်ကာမကျပါဘူးဟာ။ အထူးသဖြင့် စနစ်ပျက်ကြီးအောက်မှာ ပိုပီးထိန်းသိမ်းသင့်တယ်လို့ထင်တယ်။

MN

Kthi said...

I strongly support your article. You are the one who telling the truth what is happening in our country and among young people.

Anonymous said...

Totally agree with you. Great work-done.
should ban those model . should not appreciate them , especially moe hay ko ... she is big....

ရွှန်းလဲ့ said...

အရမ်းကောင်းပါတယ်အစ်မ။ email ကနေ အစ်မလင့်ခ် ပါထည့်ပြီး forward လုပ်ခွင့်ပြုမလားအစ်မ။ ကျွန်တော် တခြား သူတွေကို မျှချင်လို့ ပါ။

Anonymous said...

we are same perspective.

Anonymous said...

Pls also check shameful and rude dance of Moe Hay Ko and Darli Lin.
http://www.youtube.com/watch?v=JKDIvfxtvSk

http://www.youtube.com/watch?v=Tb8EEJ5ZnVQ

They think that they are very popular.
What a pity girls.

Anonymous said...

ကျက်သရေတော်တော်တုံးတာပဲ အပေါ်ကမိုးဟေကိုနဲ့ ဒါလီလင်း

စင်ပေါ်တက်ပီး ရောင်းနေတယ်

MG Pwa Gyi said...

ပွတာဘဲ..ဒီမှာမကြည့်ရသမျှ ရန်ကုန်
သင်္ကြန်ကြမှကြည့်တော့မယ်နော်.....

myat said...

Totally Agree with u.

Anonymous said...

စာရေးသူဟာ ကိုယ့်ကို လုံးဝ အဝေဖန်မခံတဲ့ ကက်ကက်လန်တစ်ယူသန်သမားလို့
မှတ်ချက်ပြုပါတယ်....
စာရေးသူရဲ့ ကိုယ်ရည်သွေးပိုစ့်တွေကို
ဖတ်ပြီးမှ ပြောတာပါ....
လို့အပေါ်ကပြောသလိုပဲ ထပ်ပြောပါတယ်

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်....တဲ့

Anonymous said...

Frankly I say,

I wanna see and read Dirty things, thoughts and Photos..

I'll always come here...Only for this purpose...

Whatever is Your blog intend to.....

anyway is GOOD.....

mks said...

အမြင်တွေကို ဖတ်သွားကြောင်းပါ မခွန် ...

လေးစားစွာဖြင့်