Sunday, January 24, 2010

ဒါလား စာပေစိစစ်ရေးတွေ ဆင်ဆာတွေ ပေါများပါတယ် ဆိုတဲ့ မြန်မာပြည်???

သရုပ်ဆောင် မိန်းမတွေက ယောက်ျားတွေကို တခြားနည်းနဲ့ဆွဲဆောင်ဖို့အရည်အချင်းမရှိတော့လို့ ဒီလိုဝတ်တာလား ၀ါသနာ ကြောင့် ကိုယ့်တန်ဖိုး ကိုယ်မထားဘဲ ဒီလောက် ရက်ရက်ရောရော ဖြစ်နေတာလား။ သူများခိုင်းရင်ရော ငြင်းပယ်ဖို့ ဘာကြောင့် မကြိုးစားတာလဲ။

ထုတ်လုပ်သူတွေ ကရော... ကိုယ့်ပစည်း အရည်အသွေးကိုယ်တိုင်က လူသတိထားမိလောက်အောင် မကောင်းလို့ ပြီးတော့ တခြားနည်းနဲ့ မကြော်ညာ နိုင်လို့ ဒီလိုပုံတွေ သုံးပြီး ကြော်ငြာရတာလား

ဓာတ်ပုံ ဆရာတွေ ဒါရိုက်တာတွေ ကရော တခြား အနုပညာ အရည်အသွေး မရှိတော့လို့ လူစိတ်ဝင်စားပြီးရော၊ လူကြည့်များ ပြီးရော ဖြစ်အောင် ဒီလိုပုံတွေ ရိုက်တာလား

(စိတ်ကူးရသလို ထပ်ရေးပါဦးမည်။ ဒါလား စာပေစိစစ်ရေးတွေ ဆင်ဆာတွေ ပေါများပါတယ် ဆိုတဲ့ မြန်မာပြည်။)

ဒါ မြန်မာပြည်က တဲ့လား

19 comments:

Anonymous said...

So what? You wanna see oldies design like lonegyi shay and yin fone in 2010?

Ryan said...

hey.. i'm a photographer also.. don't come and insult us without ani sense of art in your mind.. how old are u? 96? 100+? this is 2010.. not a Min Tone Min Age.. u luk at those photos with ur dirty minds and u onli come out with dirth thoughts ain't u? then u think everyone is like u.. so we shoot this kind of photo to get Fame??? lolx.. do u even have ani idea how much experience and knowledge to get one gud photo? huh? wht a loser.. get a life..

Zayar said...

ရှေးဦးစွာ စာရေးသူ ၏ အမြင်စောင်းမှု ကို ဝေဖန်လိုပါတယ်။ photography မှာ Fashion Photography ဟာ လိုင်းတလိုင်းအနေနဲ့သီးသန့်ရှိတဲ့အတွက် ဒါကိုအပုတ်ချလို့မရပါဘူး။ အမ မှာ မစ္စရိယစိတ်တွေ တအားများနေလို့ မမြင်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်မှာလဲ ဥပမာ ဥပမေယျတွေ။ ဒါဟာ လက်ဝှေ့ပွဲမှာ ချက်အောက်ကိုရည်ရွယ်လိုက်တဲ့ လက်သီးတလုံးလိုပါပဲ။
နောက်တခုက တံဆိပ်တပ်လိုက်ခြင်း ..ဓာတ်ပုံဆရာ ကိစ္စ .. ဒါဟာ ၀ါးလုံးရှည်နဲ့ရမ်းလိုက်တာ.. မခွန်မြလှိုင် ရေးခဲ့တာတွေအားလုံးဟာ ပုဂ္ဂိုလ်စွဲ တွေကြီးပါပဲ။ ဓာတ်ပုံဆရာတယောက်ဟာ တခြားအရည်အသွေးမရှိလို့ မဟုတ်ပါဘူး။ ဒီလို အလှဓာတ်ပုံတွေဟာ လဲစီးပွားရေးလိုင်းတလိုင်းဖြစ်နေလို့။ ဒီပုံတွေကို မြူဆွယ်တယ်ထင်ရင်လဲ အမ ရဲ့ အတွေးက မသန့်ရှင်းလို့ဖြစ်ပါလိမ့်မယ်။လူမှန်ရင် တဏှာနဲ့မကင်းနိုင်ပါဘူး။ ခေတ်တခေတ်မှာ အယူအဆ တမျိုးစီ ရှိကြပါတယ်။ အခုက မခွန်မြလှိုင်တို့ခေတ်ကိုကျော်သွားပြီး အမ အတွေးအခေါ်တွေ နောက်ကျနေပါပြီ။ အရာအားလုံးမှ ဘက်၂ဘက်စီရှိတဲ့အတွက် ချိန်ညှိပြီး လိုတာယူ မလိုတာပယ် လုပ်ရမှာပါ။
ငါနဲ့မတူ ငါ့ရန်သူ မလုပ်ပါနှင့်။

Anonymous said...

အခုလိုဝေမျှပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ :D

Anonymous said...

ဒီလိုပုံတွေကို ခွင့်ပြုသူတွေကို အံ့သြပါတယ်။
ခေတ်မှီခြင်း နှင့် ပျက်စီးခြင်း ဟာ လုံးဝကွဲပြားပါတယ် ။

Anonymous said...

ဓာတ်ပုံဆရာတွေရဲ့ အနုပညာအမြင်မျက်စိမျိုး မရှိတဲ့အတွက်တော့ အသက်၁၀၀ ဘွားဘွားလို့ခေါ်လဲ ..စိတ်မဆိုးပါဘူး။

ဒါပေမဲ့ပေါ့ဗျာ... အနုပညာဆိုတဲ့စိတ်ကလေးမှာ ငါတို့ဟာ မြန်မာဆိုတာလေးတော့ ထည့်ပေးစေချင်ပါတယ်။ ဖက်ရှင်ဆိုတာကို ခေတ်နဲ့အညီ လှပသစ်ဆန်းတာကို လက်ခံနိုင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုလေးနဲ့အညီပေါ့။ လူကြီးလူငယ် အမြင်မရိုင်းစေပဲ မောင်နဲ့နှမ သားနဲ့အမိ အတူကြည့်နိုင်တဲ့ လှပတင့်တယ်တဲ့ အနုပညာမျက်စိမျိုး နဲ့ လုပ်ကြမယ်ဆိုရင် ပိုမကောင်းဘူးလားဟင်။

ဆွေးနွေးကြည့်တာပါ။ အနုပညာကို သေချာမဖတ်တီးတတိပါ။

နွေဆူးလင်္ကာ said...

စိစစ်ရေးကလူတွေလဲ မြင်ရတာ ရိုးသွားပြီနေမှာပါဗျာ။

Anonymous said...

Thanks for sharing photos.

သိင်္ဂါကျော် said...

ခေတ်နဲ့ အညီတော့ ဆန်းသစ်ရမှာပေါ့လေ.. ဒါပေမယ့်လည်း လုံလုံခြုံခြုံ အမြင်မရိုင်းတဲ့ ဖက်ရှင်မျိုးဝတ်ပြီး ကိုယ့်ကိုယ်ကို မြန်မာ ဆိုတဲ့ အသိလေးနဲ့ ဆင်ခြင်ကြဖို့ ကောင်းတာပေါ့နော်..

အတ္တ said...

သူတို့ စိစစ်တဲ့ အထဲမှာ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်း မပါလို့ နေမှာပါ......။
အဲလို ထင်တယ်လေ ... :)

Anonymous said...

နိုင်ငံခြားမှာနေပြီး လျှောက်ပြောနေကြတယ်.......
ခင်များတို့ နေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ထက်စာရင်အပုံကြီးသာပါသေးတယ်ဗျာ..

Anonymous said...

နိုင်ငံခြားရောက်နေတဲ့သူအချို့ဟာ ငါတို့ကတော့နေချင်တဲ့နေရာမှာ နေချင်တဲ့ယဉ်ကျေးမှုတွေနဲ့နေမယ်။ ကျန်ခဲ့တဲ့ နိုင်ငံတွင်းကလူတွေကတော့ အဟောင်းအမြင်းကြီးတွေကို တွယ်ဖက်ကြစေချင်ကြပါတယ်။ IT & Media ခေတ်ကြီးမှာ အားလုံးကို ထိန်းချုပ်ဖို့မလွယ်တော့ပါဘူး။ ဒါမြန်မာပြည်ပါ ဒါပေမယ့် ၂၀၁၀ မှာပါ။ ၁၉၁၀ မဟုတ်ပါဘူး။ အဲဒါဘာဖြစ်သလဲ။ စိတ်ဓါတ်ကသာအရေးကြီးတာပါ။

Anonymous said...

she may be a fwar gyi ... hehehe

Anonymous said...

ခင်ဗျားတို့နေတာ သူများတိုင်းပြည် သူများယဉ်ကျေးမှုပါ

ခင်ဗျားတို့က နေချင်သလိုနေကြတာ ဆို ..နေချင်သလိုနေတယ်ဆိုတဲ့နေရာမှာ ပြောစရာရှိလာပါပီ။ ဘယ်နေရာမှာနေတဲ့သူအမျိုးအစားပါလဲ။ နိုက်ကလပ်တက်နေတဲ့သူတွေ ပျက်ဆီးနေတဲ့အသိုင်းအ၀ိုင်းမှာနေတဲ့သူ အမျိုးအစားကိုပြောတာလို့ထင်ပါတယ်။ နိုင်ငံခြားရောက်သူတိုင်း နေချင်သလိုနေလို့ရတယ်လို့ ထင်နေရင် တော့ သိပ်မှားသွားပီလို့ပြောပါရစေ။ ကိုယ်နေတဲ့အသိုင်းအ၀ိုင်းမှာ ကိုယ့်သိက္ခာနဲ့ကိုယ်ဝတ်ရပါတယ်။ သတိပြုပါ။

မြန်မာပြည်မှာ ၂၀၁၀ မှာဒီလိုနေတာ ၁၉၁၀ မဟုတ်ဘူးဆိုတော့..မြန်မာ့ယဉ်ကျေးမှုတွေ ဘယ်ပျောက်သွားပီလဲ ။ ၂၀၁၀မှာ ဒီလိုတိုရင် ၂၀၁၁မှာ ဘီကနီပေါ့။ ဒါဆို၂၀၁၁ မှာ လူကြားထဲ အ၀တ်ဝတ်စရာမလိုတော့ဘူးပေါ့ ။အဲဒီလိုဆိုလိုတာလား။ တဆိတ်လောက်ရှင်းပြပေးပါ။

mg kyi poae said...

ဘာရယ်မဟုတ်ဘူးဗျာ မရောက်တာကြာလို့ လာလည်သွားတယ်။ ဒီကိစ္စက ကျွန်တော့်အမြင်မှာပေါ့လေ ဖန်တီးမှုအနုပညာဆိုတာထက် ဖေါ်ပြချင်တာ များနေသလားပဲ။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်လို့ မြင်ပါတယ်။ ခေတ်အလိုက်လို့ပြောပေမဲ့ ကိုယ့်ရိုးရာအရိပ်ကို မပျောက်စေချင်ပါဘူး။ ဥပမာဗျာ- ထမီဆိုပါတော့.. ခုခေတ် ပါတိတ်တွေ ဘာတွေဆိုတာ ခေတ်ပေါ်ပစ္စည်း နိုင်ငံခြားထွက်ကုန်၊ သို့သော်လဲ မြန်မာစတိုင်ချုပ်ဝတ်တာမျိုးတွေ ခေတ်အရ အတွန့်လေးဘာလေးထည့်ချင်လဲထည့်မှာပေါ့။ သို့သော် မြန်မာထမီဆိုတာကို ခံစားလို့မြင်နိုင်တယ်။ အဲဒီလိုမျိုးပါ။
ထိုင်းမှာရှိနေတဲ့ ကျနော်တို့ မြန်မာတောင်ကျော်တွေဟာ အစစ အရာရာ ထိုင်းတွေရဲ့နှိမ်တာခံရတယ်။ သို့သော် ဒီရိုးရာယဉ်ကျေးမှုမှာ ထိုင်းပုလိပ်ကအစ အရပ်သားအလယ် အလုပ်ရှင်အဆုံး ဒီယဉ်ကျေးမှုနဲ့ပတ် သက်လာရင် မြန်မာတေါကို အထင်ကြီး ချီးမွမ်းကြတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေဟာ အခါကြီးရက်ကြီးတွေမှာ ဘုရားကျောင်းကန်ကို ရိုးရာလုံချည်ထမီတွေနဲ့ လုံလုံခြုံခြုံ သွားလာကြတာမြင်တွေ့ရလို့ပဲ။ ထိုင်းတွေမှာဆို အဖွါးအိုတွေလောက်ပဲရှိတော့တယ်။ လူငယ်တွေ အထူးသဖြင့် မိန်းမငယ်တွေဟာ နေရာအနှံ့ တိုတိုပြတ်ပြတ်တွေနဲ့ ပဲ(ဘုန်းကြီးရှေ့မရှောင်) သွားလာနေကြတာလေ။ ဆိုင်လားမဆိုင်လားတော့မသိဘူးဗျ ထိုင်းမှာအုပ်စုလိုက်မဒိမ်းကျင့်တာတွေ အဘိုးကမြေးကို မဒိမ်းကျင့်တာတွေ မျိုးဆက်သစ်တွေမှာ လိင်ဆက်ဆံမှု စောတာတွေ အများကြီးမှ အများကြီးပဲ။ ဒါဗုဒ္ဓဘာသာနိုင်ငံနော်။ မယားငယ်ဆိုတာ ထမ်ငးစားရေသောက်ကိစ္စလိုပဲ မိန်းကလေးတွေကိုယ်တိုင်က သဘောထားနေတာတွေ
အဲဒါလဲ ခေတ်မီလို့လားဘာလားတော့မသိပါဘူး။ တွေ့တာမြင်တာပြောကြည့်တာပါ။ ကျနော် မနှစ်က မြန်မာပြည်ပြန်ဖြစ်တယ်။ နယ်မှာတော့ အရင်အတိုင်းပါပဲ သို့သော်ရန်ကုန်မှာ တိုတိုပြတ်ပြတ်တွေတွေ့တော့ တော်တော်အံ့သြသွားတယ်။ သူငယ်ချင်းကလဲပြောပါတယ်။ ကောင်မလေးတွေမှာ စကားပုံရှိနေပြီတဲ့ မီးမီးတို့အကြိုက် ဖိုးတီးဖိုက်(၄၅) တဲ့ အဓိပ္ပါယ်က ကောင်မလေးတွေလဲ ငွေရရင် မယားငယ်စမောလ အဖြစ်ခံတဲ့သဘောပေါ့။ ဒါက အများကို ကိုယ်စားမပြုပါဘူး သို့သော်လည်း ခေတ်မီနေကြလို့လားလို့ တွေးမိလို့ပါ။ မြင်တာလေးဆွေးနွေးကြည့်တာပါဗျာ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဆဲချင်လဲ ဆဲနိုင်ပါတယ်။ ဘာရယ်မဟုတ်ဘူး အလုပ်သမားတယောက်ရဲ့အမြင်ကို ဖြည့်ကြည့်တာပါ။

Ko Boyz said...

- ဆင်ဆာဖြတ်ပြီးမှ ထုတ်ဝေခွင့်ကျတဲ့ ပြက္ခဒိန်တော့ မဟုတ်လောက်ဘူး။ နိုင်ငံခြားမှာ ပုံနှိပ်ပြီးမှ ပြည်တွင်းကို တစ်နည်းနည်းနဲ့ ပြန်ဝင်လာတာ ဖြစ်နိုင်တယ်။
- ရောင်းတန်းဝင် ဒါမှမဟုတ် ဈေးကွက်ထဲ ရောင်းဖို့ ပုံနှိပ်တာ မဖြစ်နိုင်ပါ။
- ကုမ္ပဏီကြော်ငြာ အနေနဲ့ ခင်ရာမင်ရာ စီးပွားဖက်များကို နှစ်ကူး လက်ဆောင်ပေးဖို့ ပရိုမိုးရှင်လုပ်ဖို့သတ်သတ်သာ ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။
- ဆင်ဆာခွင့်ပြုချက် ဘာညာ မပါတာ သတိထားမိတယ်။
- အရင်က မြန်မာဘီယာကြော်ငြာ ပိုစတာတစ်ခုလဲ ဒီလိုပဲ အပြင်မှာ ပုံနှိပ်ပြီးတော့ သွင်းလာတာ တွေ့ဖူးတယ်။
- မြန်မာပုံနှိပ်လုပ်ငန်းရှင်အများစုဟာ ဆင်ဆာ ခွင့်ပြုချက် မရှိတဲ့ ပုံနှိပ်ခြင်းကို လက်မခံတော့တာ ဆားဗစ်မပေးတော့တာ အတော်ကြာပါပြီ။

ဒူကဘာ said...

အဲဒီ ကင်ပေတိုင် ရုံးက လူကြီးမင်းတွေက မျက်မှန်စိမ်း တပ်ထားကြတာလေ ဟိုတခု ကိုပဲ ပြူးပြဲကြည့်တာ ကျန်တာတွေ မြင်တာ မဟုတ်ဖူး၊ သီချင်းတွေ ဆိုလဲ ဖွတ်ဖွတ်လမွတ်ကို ကြေလို့ အမိန့်ရ ဆဲနေလိုက်ကြတာ၊ အတော်တော့ ရင်လေးမိသား။

Anonymous said...

ဓါတ်ပုံဆရာကလည်း ဓါတ်ပုံကိစ္စပါလာတော့ ဆောင်းပါရှင်ကို ၀င်ဆဲ.. ကိုယ်ကိုယ်တိုင်က တိုးတက်တဲ့ နိုင်ငံက ပညာတွေ အတွေးအခေါ်တွေ စိတ်ဓါတ်စည်းကမ်းတွေ လိုက်မမီလို့  လိုက်မီလို့ ရတဲ့ ခေတ်မီတဲ့ထင်တဲ့ အ၀တ်အစားကိုပဲ ၀တ်နေရတဲ့ သူကျတော့လည်း မကျေမနပ်ဖြစ်.. ပြည်တွင်းမှာပဲ နေပြီး ပြည်ပက လူတွေကတော့ နေချင်သလိုနေ ၀တ်ချင်သလိုဝတ်နေရတယ်လို့  မြင်နေရှာတဲ့ ဗဟုသုတနည်းတဲ့သူတစ်ချို့ ကလည်း ဆောင်းပါရှင်ကို ၀င်ကလော်တုတ်ကြ ဒါမှ ဒို့  မြန်မာကွ....ဘူးထွားသခွား..ဟား..ဟား..

Anonymous said...

သိပါဘူး Myanmar play boy calender များစာပေစိစစ်ရေးကတရားဝင်ထုတ်ခွင့်ပြုလိုက်သလားလို့..အားလုံးထဲမှာဒီဆောင်းပါးအကြိုက်ဆုံးပဲ...
ဓာတ်ပုံပညာတော့သိပ်နားမလည်ဘူး.ဒါပေမဲ့ဗမာမိန်းမတယောက်အနေနဲ့တော့ခံစားလို့ရပါတယ်..ဓာတ်ပြားဟောင်းပဲပြန်ဖွင့်ချင်ပါတယ်. ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံပေါ့.ဘာလို့လဲဆိုတော့ အထက်ကအချို့သောကွန်မန့်များမှာရေးထားသလိုပါပဲကျွန်မနေတဲ့နိုင်ငံခြားဆိုတဲ့နေရာမှာတော့ အဲဒီဟိုဟာတွေပဲဒါမျိုးဝတ်တာတွေ့ဖူးတယ်.အဲတချို့တချို့ သော ဟိုမရောက်ဒီမရောက် မြန်မာမများလဲဒီလိုပဲဝတ်ကြပါတယ်...လှပါတယ်မြန်မာမလေးများ..ကြည့်လို့လဲကောင်းပါတယ်.အားပေးသောသူများလည်း တော်တော်သဘောထားကြီးရက်ရောကြထင်ပါ့..သူတို့အမ၊ညီမများကိုလဲ ဒီလိုပဲ ရက်ရက်ရောရောပြနိုင်၊ခေတ်မှီနိုင်ကြပုံပါပဲ.fashionလေးတွေလဲခေတ်မှီပါတယ်.natural fashionလေးတွေပေါ့ မိမွေးဖမွေးနီးပါးလေးတွေ.ဒီလိုင်းကိုလိုက်စားကြသောဓာတ်ပုံဆရာများ..သတ္တိရှိရင် play boy line တစ်လိုင်းတရားဝင်ရအောင်စာပေစိစစ်ရေးမှာတောင်းဆိုကြည့်ကြပါလား....