Tuesday, August 11, 2009

Only in Japan

မြန်မာပြည်မှာ ဘတ်စ်ကား ကြပ်တယ်လို့ ညည်းတတ်သူများ အတွ့်... အဲ.. ကျန်သးတယ်.. ဂျပန်မှာ ဆွေမိုးသားချင်း မိသားစုဝင် အလုပ်လုပ် ငွေပို့ နေရင် အားရပါရ သုံးဖြုန်း တတ်သူများ ကိုယ်ချင်းစာ နိုင်စေဖို့ ...

5 comments:

Anonymous said...

ုဟုတ်ပဟာ
ဗွီဒီယိုကို မြင်စက မယုံကြည်သေးဘူး
ဒါနဲ့ ဂျပန်ဆရာတယောက်ကို မေးတာ
သူက တခြားမြို့ကနေလာတာလေ
rush hour ဆို အဲ့အတိုင်းပဲတဲ့..။ ဆိုးပါ့..။
ကံကောင်းသေးတယ် ခုချိန်ထိတော့ ကျောင်းက အိမ်နဲ့ နီးလို့

တိုကျိုမှာဆိုလဲ ရထားက ၅မိနစ် ၁စီး ရှိတာတောင် အဲလို အချိန်ဆို ပုံနေတာပဲ
ပီးတော့ ရထား တစုံတရာ ချွတ်ယွင်းလို့ ရှိရင် ၅မိနစ်တစီးမဖြစ်လိုက်တာနဲ့ လူတွေအများကြီးဟာ ကြောက်ဖို့တောင် ကောင်းသတဲ့..။

မလွယ်ပါဘူး။

ရထားလာခါနီး နေရာလုလွန်းလို့ နှစ်စဉ် ရထားနဲ့ ရထားလမ်းကြားလေးထဲကျပီး သေတဲ့လူက ၁၀ယောက်ထက်မနဲ ရှိပါတယ်.။

မြတ်နိုး

တန်ခူး said...

ကြည့်လို့ မရဘူးဖြစ်နေတယ်… နောက်တခေါက်လာခဲ့ဦးမယ်…တက်ဂ်တာလဲရေးပေးသေးဘူး

စိမ်း... said...

အောင်မလေး ဘုရား ဘုရား မြင်ဖူးမှ ယုံစဖွယ် ဆိုသလိုပါပဲလား တော်သေးတာပေါ့ ဂျပန်မရောက်တာ...:)

kyaw102 said...

အခုအဲလောက်လည်း မဟုတ်တော့ပါဘူး .. အဲဒီဗီဒီယိုက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရိုက်ထားတာပါ .. ဒါပေမယ့် ရထားစင်းရေတော့ ပိုစိတ်သွားတယ် .. rush hour ဆို ၃ မိနစ်၁ စီးပေါ့ .. ရထားတခုခုဖြစ်ရင်တော့ စိတ်ညစ်စရာပါ .. ဒါပေမယ့် ရထားလမ်းပေါ်မကျအောင် ရထားလာမှ ရထားနားကပ်လို့ရအောင် တံခါးတွေနေရာတိုင်းလိုလိုမှာ တပ်ထားပါတယ်
အားတဲ့အခါ လာလည်လေ ..

kyaw102 said...

http://www.youtube.com/watch?v=UHLrBsx0Jkw&feature=player_embedded