Friday, August 14, 2009

ကြယ်ကြွေမိုး၊ မိုးကြိုးလက်၊ ကောင်းကင်နှစ်ခြမ်းကွဲနဲ့ ဂရိဒဏ္ဍာရီ

ဒီရက်ပိုင်းမှာ perseids ကြယ်စုတန်းက ကြွယ်ကြွေမိုး ရွာခဲ့ပါတယ်။ ကြယ်ကြွေမိုးဆိုတာ မိုးရွာသလောက်ကို ကြယ်တွေ ကြွေခဲ့တာမို့ တင်စား ပြောတာပါ။ ဂရိ ဒဏ္ဍာရီ အရ သူရဲကောင်း perseides ဟာ မိစ္ဆာကို ခေါင်းဖြတ်သတ်ပြီး နှိမ်နင်း နိုင်ခဲ့လို့ ဒီကြယ်စု ဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။ သူရဲကောင်းတွေ သေရင် ကြယ်ဖြစ်တယ်။ သူရဲကောင်း ကြယ်ကြွေရင် အဲဒီ သူရဲကောင်းက လူ့ပြည် ဆင်းတာလို့ ဒဏ္ဍာရီတွေက ယုံကြည်လေ့ ရှိပါတယ်။ ခုတော့ သူရဲကောင်း ကြယ်စုတန်းက ကြယ်ကြွေမိုး ရွာခဲ့ပါပြီ။ မိစ္ဆာ တွေတော့ လည်ပင်းယားလိမ့်ဦးမယ် ထင်ပါတယ်။ ပိုကြက်သီးထ စရာ ကောင်းတာက သူရဲကောင်း ဓားခုတ်ဟန် နက္ခတ် ကြယ်စုမှာ လက်နေရာက ကြယ်တွေ ကြွေတာ ဖြစ်လို့ပါ။






မိုးနတ်မင်းက မိုးကြိုးလက်နဲ့ ရိုက်တယ် ဆိုတဲ့ စကားက တရုတ်ဒဏ္ဍာရီက စကားပါ။ ဒီဓာတ်ပုံ အစစ်လေးကို ကြည့်ပါဦး။


လောကမှာ အဆိုး နဲ့ အကောင်း၊ အမှန်နဲ့ အမှား၊ တည်ဆောက်သူနဲ့ ဖျက်ဆီးသူ အမြဲဒွန်တွဲ တည်ရှိနေပြီး အင်အား ကောင်းတဲ့ ဘက်က လောကကို စိုးမိုးလေ့ ရှိပါတယ်။ အဖျက်သမား လူဆိုးများရင် လောက မငြိမ်းချမ်းဘူးပေါ့။ မြတ်စွာဘုရား လက်ထက်က သံဃာ သင်းကွဲရာမှာ နတ်ပြည်ခြောက်ထပ် အထိ သူ့လူ့ ကိုယ့်လူ ကွဲကုန်ပါသတဲ့။ နောက်မှ မြတ်စွာဘုရားရဲ့ တရားတော်ကြောင့် ပြန်သင့်မြတ်ရပါတယ်တဲ့။ အကောင်းနဲ့ အဆိုးကတော့ ပြန်သင့်မြတ်ရိုး ထုံးစံ ရှိပါသလား။ ခုတော့ ကောင်းကင်က နှစ်ခြမ်းကွဲလို့...


ကြယ်ကြွေတဲ့ သတင်းကို ဒဏ္ဍာရီနဲ့ ဆက်စပ် ရေးဖွဲ့ပါတယ်။ ဓာတ်ပုံတွေကို ဒီက ယူပါတယ်။

No comments: