Wednesday, July 15, 2009

မှတ်လောက် သားလောက် ရွှေမြန်မာ (၁)


တခါက မဲဆောက်မှာ ပတ်စပို့ မရှိ အလုပ်သမား လက်မှတ် မရှိတဲ့ မြန်မာ တစ်ယောက်ကို ထိုင်းရဲက ဖမ်းပါတယ်။ ကိုရွှေမြန်မာက ထိုင်းစကားက မွှတ်နေပြီး ထိုင်းစတိုင်လ် ဖမ်းထား ပေမယ့် ရဲမျက်စိက ထိုင်းမဟုတ်မှန်း သိသတဲ့။ ထိုင်းရဲတစ်ယောက်ကို ကျွန်မ စပ်စုပြီး မေးဖူးပါတယ် ဘယ်လို သိလဲ ဆိုတာ… ခိုးနေတဲ့ သူပီပီ ရဲကို မြင်ရင် ဘယ်လောက် ဟန်ဆောင် ထားထား ကြောက်နေ သတိထားနေတဲ့ အရိပ်အယောင် ဟန်ပန် ပေါ်ပါသတဲ့။ အဲဒါကို ကြည့်ပြီး ဖမ်းပါသတဲ့။

အဖမ်းခံရတဲ့ ကိုရွှေမြန်မာကလဲ ဟန်ကောင်းကောင်းနဲ့ သူ ထိုင်းလူမျိုး ဖြစ်ကြောင်း ပြောရှာတယ်။ ထိုင်းရဲက ထိုင်းမှတ်ပုံတင် ပြခိုင်းတော့ သူက အိမ်မှာ ကျန်ခဲ့လို့ ပြန်ယူပါရစေတဲ့။ မယုံရင် လိုက်ကြည့် ဆိုပဲ။ ရဲပဲ အဲလောက်တော့ နပ်တာပေါ့။ လိုက်ကြည့်ရအောင် ဂျူတီချိန်မှာ နေရာကို ပစ်ပြီး သွားလို့မှ မရဘဲ။ နောက်ဆုံးတော့ ရွှေမြန်မာက ဘယ်လိုမှ ပြောမရတဲ့ အဆုံး ထိုင်းရဲက အကြံထုတ်ပါတယ်။ ထိုင်း ဆိုရင် ထိုင်းနိုင်ငံရဲ့ အမျိုးသား သီချင်းနဲ့ ဘုရင့်သီချင်းကို ဆိုပြတဲ့လေ

ရွှေမြန်မာက ဘာလုပ်သလဲ သိလား… ဒီသီချင်းတွေက သူက မြတ်နိုး တန်ဖိုးထားလွန်းလို့ ဒီအတိုင်းတော့ မဆိုပြနိုင်ဘူး ဆိုပဲ။ သူသီချင်း ဆိုနေတုန်း ရဲက သတိဆွဲ အလေးပြု နေရမယ် ဆိုပဲ။ ရဲကလဲ သဘောတူပါတယ်။ ကဲ… အလေးပြု ဆိုတဲ့ စကား အဆုံး ရွှေမြန်မာရဲ့ ပါးစပ်က ထွက်လာတဲ့ အမျိုးသား သီချင်းက

“ကမ္ဘာမကြေ”

အစကတော့ မပီကလာနဲ့ ဆိုတယ် မှတ်လို့ ထိုင်းရဲက မျက်မှောင်ကြုတ် နားထောင် နေပေမယ့် နောက်တော့ သိသွားပြီး အင်မတန် စိတ်ဆိုး ဒေါသထွက်တဲ့ မျက်နှာနဲ့ ရွှေမြန်မာရဲ့ အင်္ကျီကော်လာကို နောက်က ဆွဲပြီး ရဲကားဆီ ဖမ်းခေါ် သွားပါတော့တယ်။ ကိုရွှေမြန်မာရဲ့ မျက်နှာ ပျက်မယ် ထင်လား … စပ်ဖြဲဖြဲနဲ့။

6 comments:

စူး said...

ဟားဟားးးးးး

အော်ရယ်သွားတယ်..။

မိုက်တယ်..

P.Ti said...

အကြံကတော့ပိုင်ပါပေတယ်။ နောက်ဆုံးအဖမ်းခံရမယ်ဆိုတာတောင် ကိုယ့်နိုင်ငံသီချင်းကို ထိုင်းရဲအလေးပြုရတယ်။ :)

Unknown said...

ကြိုက်တယ်... မထူးလဲ အဖမ်းခံရမယ့် အတူတူ အဲဒီလို ကြောလိုက်ရတာ တန်တယ်နော်.... ကောင်းလိုက်တဲ့ အကြံ..... မှတ်သားလောက် ပါပေတယ်။ ရီလဲ ရီရတယ်... ယိုးဒယား ရဲစုတ်တော့ ဒေါသ ထွက်လိုက်မဲ့ ဖြစ်ခြင်းးးး ဟီးးးးးးးး ဟီးးးးးးး

maylay said...

ရယ်လိုက်ရတာ မမရေ။ မိုက်တယ်နော် ။အဲလိုလေး ကိုယ့်နိုင်ငံသီချင်းကို သူတို့အလေးပြုအောင် လုပ်နိုင်တယ်။

တန်ခူး said...

လှိုင်ရေ… မြန်မာတွေ ဖျတ်ထိုးဥာဏ်ကောင်းပုံတော့ ကျင်းထဲကျပ်ထဲတောင်နော်…

JulyDream said...

ထိုင်းရဲခမျာ... သတိဆွဲ နေပေးလိုက်ရရှာတယ်။ အဟက်... ဖတ်ပြီးတော့ အတော်လေးကို ပြုံးမိတယ်။