Thursday, June 18, 2009

လူငယ်တစ်ယောက် ဘာလုပ်နိုင်လဲ???

ကိုယ်ပိုင် အရည်အချင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့်နဲ့ ကိုယ့်အနာဂတ်ကို ပုံဖော်နိုင်တဲ့၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို မိမိရရ ဆုပ်ကိုင်နိုင်တဲ့ လူငယ်တွေ အတွက် ပညာနဲ့ယှဉ်ပြီး ကိုယ့်အနာဂတ်ကို ပုံဖော်နိုင်တဲ့ အမြင် ရရှိစေဖို့ နဲ့ ဒီလို လူငယ်တွေက ပိုကောင်းတဲ့ လူမှုရေး အပြောင်းအလဲတွေ ဖြစ်ထွန်းအောင် ဖန်တီးပြီး ပိုမို နေပျော်တဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့ နိုင်ငံတကာ လူငယ်များ အဖွဲ့ကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။


နိုင်ငံတကာ လူငယ်များ အဖွဲ့က လူငယ်တွေကတော့ ခေတ်မီ ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ ခေါင်းဆောင်မှုနဲ့ စေ့စပ်ညှိုနှိုင်း ဆွေးနွေး အဖြေထုတ် နိုင်မှု ဆိုင်ရာ အရည်အသွေးများ ပြည့်မီရေး၊ ကျန်းမာရေး ပညာပေးနှင့် အသိအမြင် ရရှိရေး တို့အတွက် ဦးစားပေး လှုပ်ရှား နေကြပါတယ်။

ဒီအဖွဲ့ကြီးရဲ့ ကွန်ယက်ထဲမှာ အာရှ- ပစိဖိတ် ဒေသက နိုင်ငံရှစ်နိုင်ငံ ပါဝင်ပြီး မြန်မာ့ အိမ်နီးချင်း ထိုင်း နိုင်ငံလဲ တစ်နိုင်ငံ အပါအ၀င် ဖြစ်ပါတယ်။ ကဲ… သူများနိုင်ငံက လူငယ်တစ်ယောက် ဘာလုပ် နိုင်ကြ လဲ… ကျွန်မတို့ မြန်မာလူငယ် တစ်ယောက် ဘာလုပ်နိုင်သလဲ။

ဒီနေရာမှာ ဟိုလူ မလုပ်လို့၊ ဒီလူက ပေးမလုပ်လို့၊ ဟိုလူကြီးက လုပ်ပိုင်ခွင့်တွေ ကန့်သတ်ထားလို့၊ ဘယ်သူ ကမှ လမ်းညွှန်ချက် မလုပ်ထားလို့ စသဖြင့် ဆင်ခြေ မပေးကြေးပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ နိုင်ငံသား တစ်ဦးဖြစ်တဲ့ ကျွန်မက မြန်မာ နိုင်ငံထဲက အခြေအနေတွေကို သိနိုင်တဲ့ အနေ အထား မှာ ရှိနေပါတယ်။ အခက်အခဲဆိုတာက ညီးတွားဖို့ မဟုတ်ပါဘူး ကျော်လွှား ပစ်ဖို့ပါ။ နိုင်ငံ တကာ လူငယ်များ အဖွဲ့ထဲက လူငယ်တွေ အခက်အခဲတွေ ကို ဘယ်လို ရင်ဆိုင်ကျော်လွှားပြီး ဆုံးရှုံးမှု တွေကို ဘယ်လို လက်သင့်ခံ သင်ခန်းစာ ထုတ်ယူလဲ ဆိုတာကို ကျွန်မတို့ လေ့လာ ကြရအောင်နော်။ လေ့လာ ပြီးရင်တော့… အကြံတူ နောက်လူ သာစမြဲမို့…

လုပ်စရာတွေကတော့ တပုံတပင်ကြီး စောင့်နေပါတယ်…

ကဲ… သူများနိုင်ငံက လူငယ်တစ်ယောက် ဘာလုပ် နိုင်ကြ လဲ… ကျွန်မတို့ မြန်မာလူငယ် တစ်ယောက် ဘာလုပ်နိုင်သလဲ။




1 comment:

JulyDream said...

ကဲ... ဘာလုပ်ကြမလဲ...

ကျွန်တော်ကတော့ ရှိနေမြဲ ပုံစံလေးအတိုင်း ဖြေးဖြေးငြိမ့်ငြိမ့် စီးဆင်းနေဆဲပါ။