Thursday, June 18, 2009

၇၆၅ ရက်အကြာ

ဘလော့လေး ၂နှစ်ပြည့်သွားတာ ၂၆ရက်တောင် ရှိသွားပါပကော… အလုပ်များသလောက် အာရုံ တွေ များနေလိုက်တာ ၂နှစ်ပြည့် မွေးနေ့ကို သတိတောင် မထားလိုက်မိဘူး။ တော်ပါ သေးရဲ့ ဘလော့ လေးက စိတ်မကောက် တတ်လို့…

ဒီ ၂နှစ်ကျော် ကာလအတွင်း ဘလော့ဂါလောကမှာ စိတ်တူကိုယ်တူ ဘလော့ဂါမောင်နှမတွေနဲ့ အတူတူ

အမျိုး၊ ဘာသာ၊ သာသနာအတွက် တတပ်တအား ကလောင်နဲ့ တမျိုး လုပ်အားနဲ့ တဖုံ ဥာဏ်အား နဲ့တနည်း နှုတ်စွမ်းနဲ့ တလီ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့တယ်။

နိုင်ငံပေါင်းစုံ ဒေသ အသီးသီးက ဘလော့ဂါ မောင်နှမ တွေဆီက လူ့လောက အကြောင်း ဘ၀ အ ကြောင်း ဒေသန္တရ ဗဟုသုတ တွေ ဖလှယ် နိုင်ခဲ့တယ်။ လောကဓံ တွေက ထိုးနှက် လာခဲ့ရင်လဲ တယောက်ပုခုံး တယောက် ငှားလို့ မှီရင်း ရင်ဖွင့်ရင်း သက်သာရာ ရစေခဲ့ ရယူခဲ့ ဖူးတယ်။ တယောက် ဆီက သင်ခန်းစာ ကို တစ်ယောက်က မျှဝေ ပွားယူပြီး အသိတရားတွေ အတွေ့အကြုံတွေ ထက်မြက် လာခဲ့ တယ်။

ဒီဘလော့ဂါ လောကမှာ စိတ်ဓာတ် ဖြူစင် မြင့်မြတ်စွာနဲ့ အများအကျိုးကို ကိုယ်ကျိုးမဖက် နေရာ မမက် ကြိုးစား လုပ်ဆောင် နေသူတွေ ရှိတယ်။

ဒါပေမယ့် ဒီဘလော့ဂါ လောက မှာပဲ စုန်းပြူး တချို့ရဲ့ ငပြူးက ပြန်ပြဲ တာကို ပိုးစိုးပက်စက် ခံခဲ့ရ ဖူးတယ်။ ကိုယ်က ခင်နေ ချစ်နေ သနားပြီး ကူညီပေး နေလျက်က မိန်းမချင်း မစာနာ ရက်ရက် စက်စက် လုပ်ကြံတာလဲ ခံရဖူးသလို အဲလိုလုပ်သူ ကိုယ်တိုင်က ဦးအောင် ငိုပြ တာလဲ ခံရဖူးတယ်။ မှတ်မှတ်ရရ ပါပဲ။

ဒီလောကမှာ ဘလော့ဂါ အယောင်ဆောင် ကြေးစား သတင်းပေးတွေ လဲ ရှိတယ်။ ခင်ချင်လို့ ဆိုပြီး မေးလ်တောင်းယူပြီး hacking လုပ် ချောက်ချသူ တွေလဲ ရှိတယ်။
ဒီလောကမှာ နောက်မှရူးပြီး ငထူးခေါ် ခံချင်သူတွေ ရှိတယ်
ဒီလောကမှာ နောက်မှ လူးပြီး ငဦး ခေါ်ခံချင်းသူတွေ ရှိတယ်

ဘာပဲ ဖြစ်ဖြစ်ပါ… တခါက သူငယ်ချင်း တစ်ယောက်ကို အားပေးဖူးတဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို အဖန်ဖန် ပြန်အားပေးရင်း ရှေ့ဆက် ခဲ့ပါတယ်။ ရှေ့ဆက် ပါဦးမယ်။

နေဖက်ကို မျက်နှာမူနေရင် အရိပ်ကို မမြင်ရဘူး
လူဆိုးတစ်ယောက်ကို ဂရုစိုက်ဖို့ အချိန်တွေ ပေးနေရလို့ လူကောင်းတွေကို လျစ်လျူရှုရာ ရောက်တာမျိုး မဖြစ်သင့်ဘူး


ဒါကြောင့် ဆက်လက် ဘလော့ ပါဦးမည်။ ၂နှစ်သား ဘလော့လေး လေတိုက်ရင် လဲနိုင် ပါသည်။ ရေတိုက်စားရင် မျောနိုင်ပါသည်။ လမ်းလျှောက်ရင်း ခလုတ်တိုက် လဲနိုင်ပါသည်။ လမ်းလျှောက် တတ်စ ကလေးငယ်လို လဲကျတိုင်းတော့ ကြိုးစားပြီး ပြန်ထရပ် လမ်းလျှောက် ဦးမှာ ဖြစ်ပါတယ်ရှင်။ အမြင်မတော်ရင် ဆွဲထူပေးပါ။ အမှားတွေ့ရင် သတိပေးပါ။ မိုက်မဲ နေတာ တွေ့ရင် ဆုံးမပါ။ ၂နှစ်သား လေးကို ကြင်နာပါလို့ တောင်းဆို လိုက်ပါတယ်နော်။


No comments: