Sunday, June 14, 2009

ရှာရှာဖွေဖွေ ဖတ်မိတယ်

ငယ်ငယ်တုန်းက ဖတ်ဖူးတာပါ။ ဘယ်စာအုပ်ထဲ ဖတ်ဖူးမှန်းတောင် မမှတ်မိတော့ ဘယ်သူရေးတာလဲ ဆိုတာကို မမှတ်မိတာ မဆန်းပါ။ ဒါပေမယ့် ခုချိန်ထိ စွဲနေအောင် မှတ်မိအောင် ပြောင်မြောက်တဲ့ ကဗျာလေးတွေမို့ ရေးသူကို သိချင်ပါတယ်။ သိသူများ ကောမန့်မှာ ရေးပေးခဲ့ကြပါနော်

အပ်နဖား

ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား
အဖွားအို အမြင်ကတ်တယ်
အပ်ရွှေနဖား။
တိုသလောက် ထိရောက်တဲ့ ပြုံးစရာ ဂရုဏာသက်စရာ ကဗျာလေးပါ။ နောက်ပြီး ရွှေမြန်မာတို့ရဲ့ အသေးစိတ် မြင်တတ်တဲ့ အကျင့်လေးကို ဖော်ပြနိုင်စွမ်း ရှိပါတယ်။

နောက်ကဗျာလေး တစ်ပုဒ်ကတော့ ရွံတတ်သူများ ထမင်းစား၊ အစာစားနေရင်း မဖတ်ပါနဲ့။ သရုပ်ဖော် အားကောင်းလို့ ရီရလို့ ကြိုက်တဲ့ အတွက် တင်တာပါ။

ကုန်းကမူ
နေပူဖင်လှည့်လို့
ယိုခဲ့တဲ့ ချေး
အတောင့်ရယ်ခွေ
ကိုဖိုးလူ ယောင်လေပွေနဲ့
တူလှချေသေး။

အိမ်သာ မရှိတဲ့ တောရွာတွေက ရွာသူရွာသားတွေ ချုံတိုးပြီး ၀မ်းရေး ဖြေရှင်းရတဲ့ အခြေအနေလေးကို သရုပ် ဖော် ထားတဲ့ ကဗျာပါ။ စာရေးသူက ရွာတရွာမှာ ချုံတိုးရင်း နောက်ဖေးသွားစဉ် မြေကြီးပေါ်မှာ တုတ်နဲ့ ခြစ်ပြီး စပ်ထားတဲ့ ဒီကဗျာကို မြင်လို့ ကူးယူခဲ့တယ်လို့ ဆိုပါတယ်။ ကဗျာဥာဏ် တော်တော် ထက်သန်တဲ့ ရွာသူ ရွာသား တွေလို့ပဲ ချီးကျူးရမယ် ထင်ပါရဲ့။ အချင်းချင်းလဲ နောက်တတ် ပြောင်တတ်ပုံ ရပါတယ်။ ဒီလို အသေးစိတ် လေးတွေကို ရှာရှာဖွေဖွေ မြင်တတ် ကဗျာ စပ်တတ်တဲ့ မြန်မာ ကဗျာဆရာများရဲ့ အမည်ကို သိချင်လို့ ဘလော့မှာ တင်လိုက်ပါတယ်ဗျို့ :P


2 comments:

Anonymous said...

ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား
အဖွားအို အမြင်ကတ်တယ်
အပ်ရွှေနဖား။
I think, the poet is 'Ant Maung' and 'ah mae o' instead of 'ah phwar o'. Sorry if it's wrong.

Anonymous said...

ဇော၈ျီရေးပါတယ်။ဇော်ဂျီစာပေါင်းချုပ်မှာပါတယ်။