Saturday, June 6, 2009

Motivation for the Day

မနက်ခင်း အိပ်ရာက နိုးချိန် မွေ့ယာပေါ် လှဲနေရင်းကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်။
ဘ၀မှာ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ
စဉ်းစားရင်းနဲ့ အဖြေကို ကိုယ့်အိပ်ခန်းထဲမှာပဲ တွေ့လိုက်ပါတယ်။

ပန်ကာက ပြောတယ် … စိတ်အေးအေး ထားပါ … တဲ့
ခေါင်မိုးက ပြောတယ် … ရည်မှန်းချက် မြင့်မြင့်ထားပါ … တဲ့
ပြတင်းပေါက်က ပြောတယ် … လောက ကို မြင်အောင် ကြည့် … တဲ့
နာရီက ပြောတယ် … စက္ကန့်တိုင်းက တန်ဖိုးရှိတယ် … တဲ့
မှန်က ပြောတယ် … တခုခု မလုပ်ခင် ကိုယ့်ကိုယ်ကို မြင်အောင် ကြည့် … တဲ့
ပြက္ခဒိန်က ပြောတယ် … ခေတ်နဲ့ အမီ လိုက်လျောညီထွေ ဖြစ်ပါစေ … တဲ့
တံခါးက ပြောတယ် … သင့်ပန်းတိုင်ကို ရောက်ဖို့ သင့်ကိုယ်သင် ခပ်ပြင်းပြင်းတွန်းပါ… တဲ့

အမုန်းတရား မရှိတဲ့ နှလုံးသားကို သယ်
မမှုံန်းဝါးတဲ့ အပြုံးများကို သယ်
မထိခိုက်တဲ့ ထိတွေ့ခြင်းတွေကို သယ်ရင်း
နေ့ရက်တွေကို ကျော်ဖြတ်ရင်း အောင်မြင်မှုကို ရင်ဝယ် ပိုက်နိုင် ကြပါစေ။

ဝန်ခံချက်။ အီးမေးလ်ထဲကို ရောက်လာတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ forward mail ကို မြန်မာမှု ပြုပါတယ်။


2 comments:

Yan said...

း)

စောစောစီးစီး တွေးစရာလေးတွေရသွားတယ် မလှိုင်ရေ...

ဂွတ်...

Y.

maylay said...

မမ ခုမှ လာဖတ်ဖြစ်တယ်။ တွေးစရာတွေ ယူသွားတယ် ။ကောင်းတယ်နော်မမ