Friday, May 15, 2009

မေးခွန်း အများဆုံး မေးမိတဲ့ သတင်းတပုဒ်

ဘာလို့ ဒီရေကူးချန်ပီယံက ဒေါ်အောင်ဆန်းစုကြည်ကို ပြန် လွှတ်မလွှတ် အရေးကြီးတဲ့ အချိန် ၂၁ရက်အလို မှာမှ တိုက်တိုက်ဆိုင်ဆိုင် သူ့ခြံထဲ ရေကူး ၀င်ရတာလဲ

ခိုးဝင်တယ် ပြောပြီး ဘာလို့ လုံခြုံရေးရော သာမန်လူပါ စည်ကားရာ IBC နားကနေ ရေကူးပြီး ဖြတ်ရတာလဲ။ ဒါ့အပြင် ညဘက်မှာ ခိုးဝင် ခိုးထွက်တယ်ပြောပြီး လူမြင်သာတဲ့ ရေသန့်ဗူး ၅လီတာဝင် ဗူးကြီး ဖက်ပြီး ရေကူး ရတာလဲ။ google ကိုသုံးပြီး သတင်းအချက်အလက် ရှာတတ်လျက်သားနဲ့ ဘာကြောင့် ခေတ်မီပြီး ၀န်ကျဉ်းတဲ့ တခြား ရေငုပ် ကိရိယာတွေ အကြောင်းကို ရှာပြီး မသုံးတာလဲ။

ဘာကြောင့် အဝေးဆုံး နဲ့ လူအမြင်သာဆုံး လမ်းကြောင်းကနေ ရေကူးပြီး ၀င်ရတာလဲ။ ဘာကြောင့် ဒေါ် အောင်ဆန်း စုကြည် အိမ်နဲ့ ခရီးလဲနီးပြီး ချောင်ကြိုချောင်ကြားလဲ ပေါတဲ့ မြကျွန်းသာ ဘက်ကနေ မ၀င် တာလဲ။


နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို ခိုးဝင်နေပုံ လုံခြုံရေး ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလဲ ပြနိုင်ပြီး ၂၀၀၈ တုန်းက ၂ကြိမ် ခိုးဝင်တာကို သိရမယ့် ကိစ္စမှာ မသိလိုက်ကြဘူးလား။ အဲဒီ လုံခြုံရေး ကင်မ၇ာကို တာဝန်ခံရတဲ့ သူက ဘာလို့ အဲဒီအချိန်တုန်းက သက်ဆိုင်ရာကို အကြောင်းမကြားခဲ့တာလဲ

တကယ်လို့ အကြောင်းကြားခဲ့တယ် ဆိုရင် ဘာလို့ ခုမှ ဒီသတင်းကို ချိန်သားကိုက် ထုတ်ပြန်တာလဲ

ဘာလို့ ဒေါ်အောင်ဆန်းစုကြည်လို နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် အဘွားကြီး တစ်ယောက်ကို သည်းကြီး မည်းကြီး ၀ိုင်းပြီး ပုတ်ခတ် နေကြတာလဲ။ သူကို ဘာလို့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေ ဆိုတာကြီးနဲ့ ဘာလို့ တရားစွဲ ထားတာလဲ။ ဒီလို နှောင့်ယှက်ဖျက်ဆီးနေတယ် ဆိုရင် ဘာလို့ ပြည်သူလူထုက သူ့ကို တအား ချစ်နေပြီး သူ့အမိန့်ကို နာခံမှု အတွက် အသက်ပေးရဲ နေတာလဲ။ နိုင်ငံတော် ဆိုတာကို ဒီနေရာမှာ ဘယ်လို အဓိပ္ပာယ် ဖွင့်ထားလို့လဲ

မသိလို့ပါ။ ဒါတွေကို တကယ့်ကို မသိလို့ စဉ်းစားမိပါတယ်

2 comments:

ဆရာဖေ said...

×အဲဒီလူ ဒေါ်အောင်ဆန်းစုကြည် အိမ်ကနေ ရေကူးပြီပြန် တဲ့လမ်းမှာ ပြန်တက်လို့ကောင်းတဲ့နေရာ တွေ အများကြီးပါ၊ ဘာဖြစ်လို့ အဝေးဆုံးနေရာထိ ကူးသွားပြီးမှတက်ရတာလဲ...
×ဒီလူ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ မှာရောက်နေတဲ နှစ်ရက်လုံး လုံခြုံရေး တွေဘာလုပ်နေလဲ...
×ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းတစ်ခုလုံးရဲ့ လုံခြုံရေးကို ဘယ်သူယူထားတာလဲ...

တန်ခူး said...

လှိုင်ရေ…. ????????????????????????