Monday, December 1, 2008

သတိ!!! မိုးနတ်မင်း ပြုံးနေသည်...

တကယ့်ကို မိုးကောင်းကင်က ပြုံးနေတာပါ။ ဂျူပီတာခေါ် ကြာသပတေးကြယ်၊ ဗီးနပ်စ်ခေါ် သောကြာကြယ်နဲ့ လတို့ ကောင်းကင်မှာ ဒီလို ဆုံဖို့ သိပ်ခဲယဉ်း ပါတယ်။ ခုတော့ သူတို့ ပေါင်းစုလို့ အပြုံး တစ်ပွင့် ကောင်းကင်မှာ ငွားငွားစွင့်စွင့် ပေါ်ခဲ့ပါပြီ။ ဒီည ကျွန်မ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရပါပြီ။ ကင်မရာ နဲ့ သေချာ ရိုက်ယူ ခဲ့ပေမယ့် တနေရာမှာ မေ့ကျန်ခဲ့လို့ နက်ဖြန်မှာ ကျွန်မတို့ ရိုက်ယူ ခဲ့တဲ့ ပုံကို တင်ပါ့မယ်။ လောလောဆယ် တခြား နိုင်ငံတွေက တင်ထားတဲ့ ဓာတ်ပုံတွေကို ဒီလင့်ခ်ကနေ ယူပြီး ပြန်လည် မျှဝေ လိုက်ပါတယ်။







1 comment:

Anonymous said...

အင်း ... သိတော့ သိတယ်..မိုးအုံ့နေတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဖူး၊ ညီလင်းဆက်လဲ စောင့်ရိုက်နေတာတွေ့တယ်။ မလှိုင် ..ပုံတွေလဲ ပြန်လာကြည့်ဦးမယ်။