သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကျွန်မတို့နဲ့ သက်ဆိုင်သလား
ဘလော့လေးကို ပစ်ထားတာ ကြာပြီမို့ ပြန်စစ် လိုက်တော့ ခုမှ တွေ့တယ် လားလား Powerpoint Presentation လေး ကို scribd.com သုံးပြီး တင်ထားတာ စာတွေ မပေါ်ဘူးပဲ။ ကိုယ်ပျောက်စာတွေနဲ့ ဆိုတော့ ရေးထားတာတွေ မမြင်ရဘူး ဖြစ်နေတာပေါ့။ ဒါနဲ့ စိတ်နာနာနဲ့ ဓာတ်ပုံ ဖိုင်အဖြစ် ပြောင်းပြီး picasa သုံဲးပီး ပြန်တင် ပေးလိုက်ပါတယ်။ ဆွေးနွေး ဝေဖန် အကြံပြုချက် များကို မျှော်နေပါမယ်နော်။ ကောမန့် များလေ ကြိုက်လေ ပါပဲ။
အမျိုးသမီးဆိုတာ စက်မှုနဲ့ လျှပ်စစ် ဆိုရင် စိတ်ဝင်စားမှု နည်းတာက အမျိုးသမီး အများစုပါ။ ဒီကြားထဲမှာ နားစိမ်း လှတဲ့ စကားလုံး ကြီးက စက်မှု ဆိုင်ရာ သဟ ဇီဝန စနစ်တဲ့။ တော်တော် အလှမ်းဝေး စိမ်းလှတဲ့ နာမည်ကြီးမို့ လျစ်လျူ မပြုလိုက် ပါနဲ့နော်။ တကယ်တော့ ကျွန်မတို့ မိန်းမသား များဟာ အိမ်ရှင်မ ဖြစ်မယ့် လူတွေမို့ ကိုယ့်မိသားစုနဲ့ တိုက်ရိုက် ဆက်စပ် ပတ်သက် လာမယ့် ဒီစကားလုံး ကြီး အကြောင်း နည်းနည်း လေ့လာ ရအောင်ပါ။
ဇီဝန စနစ် ဆိုတာ သက်ရှိတွေ အားလုံး ပါဝင်ပြီး အချင်းချင်း လှည့်ပတ်သက် နေတဲ့ ဖြစ်စဉ် တစ်ခုပါ။ ဒုတိယတန်း ဖတ်စာမှာ သင်ရတဲ့ ရေသံသရာ ကဗျာလေး လိုပေါ့။ သက်ရှိ ဖြစ်စဉ် တွေရော၊ သဘာဝ ဖြစ်စဉ်တွေပါ သံသရာ လည်နေတဲ့၊ အချင်းချင်းလဲ လှည့်ပတ် ပတ်သက် သက်ဆိုင် နေတဲ့ ဖြစ်စဉ် တစ်ခုပါ။
ဒီဖြစ်စဉ်လေး ဟန်ချက်ညီညီ မှန်မှန်ကန်ကန် ရှိနေတာ သဟဇာတ ဖြစ်နေတာကို သဟ ဇီဝန စနစ် လို့ ခေါ်တာပါ။
စက်မှု ဆိုင်ရာ သဟဇီဝန စနစ် ဆိုတာကတော့ ဒီ ဟန်ချက်ညီနေတဲ့ သဘာဝ သံသရာ ဖြစ်စဉ် ထဲကို စက်မှုဇုန်တွေ ၀င်ရောက် အကျိုးသက်ရောက် လာတဲ့ အခါ ဖြစ်ပေါ်လာတဲ့ သံသရာ ပြောင်းလဲမှု ပါပဲ။
(ဆက်လက် ဖော်ပြပါမည်)

No comments:
Post a Comment