Wednesday, September 10, 2008

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကျွန်မတို့နဲ့ သက်ဆိုင်သလား

ချင်းမိုင် တက္ကသိုလ် အင်တာနေရှင်နယ် စင်တာမှာ ဟော ပြော ပေးဖြစ်ခဲ့တဲ့ စာတမ်း လေးပါ။ ဒီဘာသာရပ် အကြောင်း လုံးဝ ကြားဖူးနားဝ မရှိသေး သူများ နားလည်အောင် လွယ်ကူအောင် စီစဉ် ဟောပြော ခဲ့ရ ပါတယ်။ ခက်တာက ကျွန်မရဲ့ အားနည်းချက်က အင်္ဂလိပ်စကား အားသာ နေတာပါပဲ... ဘာသာရပ် ဆိုင်ရာ ဝေါဟာရ တွေကို မြန်မာမှု ပြုရတာ ၂ပတ် ကြာပါတယ်။ ခု slide မှာလဲ တစ်ချပ်ကို ဆယ်မိနစ် ကျော် ကြာ အကျယ်ချဲ့ ပြန်ရှင်းပြ ရပါတယ်။ တက်ရောက်သူ များရဲ့ စိတ်ပါ ၀င်စားစွာ ဆွေးနွေးမှု ကြောင့် တနေကုန် ခဲ့ရ ပေမယ့် ကိုယ်ပေးချင်တဲ့ အချက်အလက်တွေ သူတို့ သေချာ ရသွားတာမို့ အောင်မြင် ခဲ့တယ်လို့ ယူဆပြီး ပီတိ ဖြစ်ရ ပါတယ်။ အသေးစိတ် ရှင်းပြချက် တွေကို ပို့စ် အဖြစ် ဆက် တင် ပေးပါ့မယ်။ ကျွန်မရဲ့ စာတမ်းကို မပြုမပြင်ဘဲ ဘယ်သူမဆို လွတ်လပ်စွာ ဆက်လက် ဖြန့်ဝေ နိုင်ပါတယ်။ ဟဲဟဲ.. အဲဒီအချိန် တုန်းက ဒီ ဟောပြောပွဲ စီစဉ်သူရော ကျွန်မပါ ပတ်စ်ပို့ အတုနဲ့ နေပါတယ်လို့ သံရုံးနဲ့ အစိုးရရုံးတွေကို လိမ် အတိုင် ခံရလို့ ဖြေရှင်း လိုက်ရတာလေး ကတော့ အမှတ်တရ ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူး တယ်လေ။ မြန်မာပြည်ဟာတဲ့ အများအကျိုး ဆောင် တဲ့ သူတစ်ယောက် အတွက် နေရာကောင်း မဟုတ်ဘူး တဲ့။ အဲဒီ အများအကျိုးဆောင်သူ ခေါင်းဆောင် အဖြစ်နဲ့ နာမည်ကြီး လာပြီ ဆိုရင် ၃နှစ်လောက်ပဲ ခံတယ်တဲ့။ သူကိုယ်တိုင် ကတော့ တစ်နှစ်လောက်ပဲ မှန်းထားတယ်တဲ့။ ဒီစကားလေး ပြောပြီး ၃လ အကြာမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံခဲ့ ရပါတယ်။ ကျွန်မလဲ ကျွန်မရဲ့ လူမှုရေး လုပ်သက်ကို ပြန်တွက် ကြည့်နေ မိတယ်ရှင့်.. ဒါပေမယ့်လေ.. ပန်းလေး တပွင့်စာလောက်တော့ သတ္တိ ရှိတဲ့ ကျွန်မက ဒီရှေ့လျှောက် နယ်လှည့် ဟောပြောပွဲ ဆက်တော့မှာ ဆိုတော့ ဘလော့ပေါ် ပို့စ်တင်နှုံး နှေးမယ် ထင်တယ်ရှင့်။ ဒါပေမယ့် ခရီးသွား အတွေ့အကြုံ ပို့စ်တွေတော့ အသစ်တွေ များကြီး တင်ပေးဖြစ်မှာ သေချာပါတယ်။ တောင်ပတ်လည်နဲ့ ညိုတဲ့မြို့ လို့ စာဆို ရှင်ငြိမ်းမယ် စပ်ဆို ခဲ့တဲ့ ဇင်းမယ်အကြောင်းလဲ မကြာမီ လာမည် မျှော် …. ပေါ့နော်။

Read this document on Scribd: Map Foundation Presentation 001



No comments: