Friday, October 17, 2008

လက်တို့ ပြီးတော့ ပြောရဦးမယ်

အင်တာနက် စာမျက်နှာလေး နှစ်ခု မိတ်ဆက် ပေးချင်လို့ပါ။ တစ်ခုက မြန်မာ ကျောင်းသားကျောင်းသူများ အတွက် အင်မတန် အသုံးဝင်တဲ့
အင်္ဂလိပ်-အင်္ဂလိပ်/ မြန်မာ အွန်လိုင်း အဘိဓာန် လေးပါ။ အင်တာနက် စာကြည့်တိုက် လေးကိုလဲ လေ့လာ နိုင်ပါတယ်။ စီစဉ်သူများကို မသိပေမယ့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ရှိပါကြောင်းပါ။

နောက်အင်တာနက် စာမျက်နှာ ကတော့ သုတေသီလေး ဆောင်းမြူနှင်းရဲ့ ဘလော့ပါ။ နိုင်ငံတကာ အလေးဂရုပြု ကျင်းပ နေကြတဲ့ အထိမ်းအမှတ် နေ့များ ကျင်းပရခြင်း အကြောင်းရင်းနဲ့ လတ်တလော အခြေအနေ တွေကို စဉ်ဆက်မပြတ် တင်ပြ ပေးနေပါတယ်။ ကျွန်မ သွားချောင်းနေကျ ဘလော့လေးပေါ့။ တခုပဲရှင့်.. သူ့ရဲ့ အားနည်းချက်က အင်္ဂလိပ်စာ အားသာတော့ မြန်မာလို ဖတ်ချင်ပေမယ့် မရဘူး ဖြစ်နေတယ်။ အင်္ဂလိပ်လိုချည့် ရေးထားတာကိုးးးး

ဘာပဲဖြစ်ဖြစ်ပါ။ သွားရောက် လည်ပတ်ရကျိုး နပ်မယ့် အသုံးကျမယ့် နေရာလေး နှစ်ခုကို အားလုံးနဲ့ မျှဝေ လိုက်ပါတယ်နော်။

2 comments:

Unknown said...

ညီမရေ ကျေးဇူးပါနော် သွားကြည့်လိုက်မယ် စာအုပ်တွေရတာပေါ့ နောက်လည်းများများရေးပါ နော

စူး said...

thanks for that link.
i book marked.