Monday, October 20, 2008

ပျိုပျိုမေတို့ သတိထားစရာ (၁)

အချိုရည် လာတိုက်ရင်

မိန်းကလေး သဘာဝ ပတ်ဝန်းကျင်မှာ အန္တရာယ် များတတ်တာမို့ သူများနဲ့ ကားကြုံ မလိုက်ဖို့က စလို့ သူများကျွေးတာ မွေးတာ မစားဖို့က အစ သတိပေး ခံရတတ်တာ အပျိုဖော် မ၀င်ခင် အရွယ်လောက် တည်းကပါ။ ကိုယ်နဲ့ သိတဲ့လူ ဖြစ်စေ၊ ကိုယ်နဲ့ မသိတဲ့ လူဖြစ်စေ မိန်းကလေး တစ်ယောက်ကို အချိုရည် လာတိုက်ရင် ဆေးခတ် ခံရတာ သတိထားလို့ ပြောတတ် ကြသလို ဆေးဟာ ခါးလေ့ ရှိလို့ ကော်ဖီလိုမျိုး အရက်လိုမျိုး ခါးတဲ့ အဖျော် ယမကာ ဆိုရင် မသောက်ဖို့ သတိပေး ခံရတတ်တာ မိန်းကလေး အများစုပါ။ ဒါဆိုရင် စပါကလင်လို၊ စပရိုက်စ်လို အကြည်ရောင် အချိုရည် ဆိုရင်ရော..

စပါကလင်တို့ စပရိုက်စ် တို့လို အချိုရည် ထဲကို ဟင်းချိုမှုန့် (Monosodium glutamate) ခတ်လိုက်တဲ့ အခါ အရောင် အဆင်း အနံ့ အရသာ မပြောင်းလဲ ပေမယ့် ဓာတု ဓာတ်ပြုမှု ကတော့ အဆမတန် ပြောင်းလဲ သွားတဲ့ အတွက် အင်မတန် အစွမ်းထက်တဲ့ လိင်စိတ် ကြွဆေး ဖြစ်ပါသတဲ့ရှင်။ တိုးတိုးတိတ်တိတ် သတင်း ပေး သတိပေးပြီး မသောက်မိဖို့ လာတားတဲ့ ၀မ်းမနာ မောင်ငယ်လေးကို ကျေးဇူး အနန္တ ပါပဲ။ လောကမှာ လူယုတ်မာတွေ ပေါပေမယ့် ဒီလို နှမချင်း အမချင်း အမေချင်း စာနာ တတ်တဲ့ လူတွေလဲ ရှိသေးတာမို့ တော်ပါ သေးရဲ့။ ပြုသူ အသစ် ဖြစ်သူ အဟောင်း ဆိုတဲ့ ဓမ္မစကား အတိုင်း ၀ဋ်ကြွေးပါသူက ဖြစ်ရပ် တစ်ခု မှာ ခံရသူ အဖြစ် အပြစ် ပေးဆပ် ရပေမယ့် အပြစ်ကို လုပ်သူကတော့ ၀ဋ်ကြွေး အသစ် မွေးယူ လိုက်တာမို့ သံသရာမှာ တကျော့ပြန် ခံရဦးမှာ အသေအချာ ပါပဲ။ အဲ.. သူဝဋ်ကျွတ်အောင် ငါက အပြစ်ဖြစ်ခံပြီး လုပ်ပေး လို့ ငါ့ကို ကျေးဇူးတင် ဆိုတဲ့ သူများကတော့ လူကို မဟုတ်တော့ လောက်အောင် မိစ္ဆာစိတ် ၀င်နေတဲ့ ဒိဌိ တွေ ဖြစ်တာမို့ လူစာရင်းကို သွင်းဖို့ မလိုတော့ ပါဘူးရှင်။

ဟင်းချိုမှုန့် ခတ်ထား မထား ကြည့်ရုံနဲ့ မြည်းရုံနဲ့ မသိနိုင် တာမို့ ဒီအချိုရည်ကို ကိုယ်ကလဲ သူတပါးကို ဧည့်မခံ၊ သူများ လာဧည့်ခံလဲ မသောက်ဘဲ သောက်ချင်သပဆို ရင်တော့ ပုလင်းအသစ် ၀ယ်လို့ အိမ်မှာသာ စိတ်အေး လက်အေး သောက်တာက စိတ်ချ ရမှာ ဖြစ်ပါကြောင်း…

မှန်ရှေ့မှာ ဆိုရင်

အများသုံး ရေချိုးခန်း၊ အိမ်သာ၊ ဟိုတယ်ခန်းများ၊ ကုန်တိုက် များရဲ့ အ၀တ်လဲခန်းများမှာ အ၀တ် ချွတ်တော့ မယ် ဆိုရင် အဲဒီမှန်ကို သံသယ ၀င်ဖူး ကြပါသလား။ မိန်းကလေး ပီပီ မှန်ကြိုက်ကြ သူချည့် လို့ ထင်မိတာ ပါပဲနော်။ သက်မဲ့ ပစ္စည်း တစ်ခုကို အားအားယားယား လိုက်သံသယ ၀င်ရအောင် ရူးနေလား လို့ အပြစ် တင် မစောလိုက် ပါနဲ့။ သိပ္ပံ ပညာ ထွန်းကားပြီး ခေတ်မီ လှတဲ့ ခေတ်ကြီးမှာ ပြဒါးသုတ် ထားလို့ ကိုယ့် ကိုယ်ကို မြင်နေရတဲ့ မှန်တိုင်း တဖက်ပိတ် မှန် မဟုတ်တော့ ပါဘူး။ တချို့မှန် များဟာ တဖက်က ပြဒါးသုတ် ထားလို့ ကိုယ့်ကိုယ်ကို မြင်နေ ရလောက်အောင် ကြည်လင် ပြတ်သား နေတာမို့ ဟိုဘက် ဒီဘက် ဒိုးယို ပေါက် မြင်နေရတဲ့ မှန်လို့ မထင်ရက်လောက် စရာပါ။ တဖက်ကို အလင်းပြန် နေပေမယ့် မျက်နှာချင်းဆိုင် ဘက်ကို အလင်းပေါက်ပြီး မှန်ရဲ့ တခြား တဖက်က လူကလဲ မှန်ကြည့်နေသူကို ကောင်းကောင်း မြင်နေ ရပါတယ်။ ဒါကို ရိုးရိုး သာမန် မှန် ထင်ပြီး လက်လွတ်စပယ် အ၀တ် အစား လဲမိမယ်၊ ချွတ်မိမယ် ဆိုရင်ဖြင့် မသမာသူ တစုံတယောက်က ကင်မရာနဲ့ ရိုက်ကူး ဖြန့်ချီ ထားလိုက်ရင် က္ကနြေ္ဒ သိက္ခာနဲ့ နေခဲ့သူ စင်စစ်က ကိုယ်လုံးတီး မော်ဒယ်လ် ဖြစ်သွား နိုင်ပါတယ်။

သာမန် ရိုးရိုးကြည့်မှန်နဲ့ ၂ဖက်မြင်မှန် သိသာအောင် စစ်ဆေးနည်းကတော့

သင့်လက်ညှိုးလေးကို အလင်းပြန် မျက်နှာပြင်ပေါ် ထောက်လိုက်တဲ့ အခါ သင့်လက်ညှိုးနဲ့ မှန်ထဲက လက် ညှိုး အရိပ်ကြား အကွာအဝေး သေးသေး တစ်ခု ရှိနေရင် ဒီမှန်ဟာ သာမန် ကြည့်မှန်ပါတဲ့။

ဘာကြောင့် လဲ ဆိုတော့ အလင်းပြန်ဖို့ အတွက် ငွေမှင်ကို မှန်ချပ်ရဲ့ တဖက် မျက်နှာ မှာ သုတ်ထားတာမို့ သင့်လက်ညှိုးနဲ့ လက်ညှိုးရဲ့ အရိပ်ကြား မှန်တစ်ပြားစာ ကွာနေလို့ ပါတဲ့။

အဲလိုမှ မဟုတ်ဘဲ သင့်လက်ညှိုးနဲ့ လက်ညှိုးရဲ့ အရိပ်တို့ အခြားအလပ် မရှိဘဲ ထိနေတယ် ဆိုရင်တော့ မှန်ရဲ့ မျက်နှာပြင်ပေါ်မှာ ငွေမှင်ပါးကို သုတ်ထားတာမို့ ဒါဟာ ၂ဖက်မြင် မှန် ဖြစ်ပါသတဲ့။

အသိ၊ သတိလေး လက်ကိုင် ထားလို့ အမျိုးသမီးများ ကာယိနြေ္ဒကို အမြင်ဖြင့် စော်ကား ခံရခြင်းက ကင်းဝေး နိုင်ကြပါစေ။


4 comments:

Anonymous said...

အမလေး မလွယ်ပါလားနော်။ ကျေးဇူးပဲအစ်မ။ သူငယ်ချင်းတွေကိုသတိပေးလိုက်အုံးမယ်။ အားပေးနေပါတယ်

Meengelay said...

သုတ၊ ရသတွေ အများကြီးရပါတယ်။
လင့်ခ် ချိတ်ထားတယ်နော်။

Anonymous said...

အမရေ.. ကျွန်တော့ထက်လည်းအသက်ကြီးမယ်လို့မျှော်လင့်ပါတယ်..
အမပြောတဲ့ ဗဟုသုတကတော့ကောင်းပါတယ်ဗျာ.. ဒါပေမယ့် ဟင်ချိုမုန့်လို ဖြစ်တတ်တဲ့ ကိစ္စက ကိုတော့
ထိန်းသိမ်းသင့်တယ်လာလို့.. မတော်လို့ မကောင်းတဲ့လူတစ်ယောက်က တွေ့မိမယ်ဆို ရင် သူတို့အသုံးချဘို့များဖြစ်နေမလာဗျာ..
ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပါဗျာ...

Anonymous said...

Starရေ မလွယ်တာတွေ များတယ် တတ်နိုင်သလောက် လက်ဆင့်ကမ်း သတိပေး ပေးပါနော်။

meengelay ရေ သုတ၊ ရသ အများကြီး ရတယ် ဆိုလို့ ၀မ်းသာပါတယ်။

htinkyaw24 ရေ ဒီသတင်းလေး နှစ်ပုဒ်ကို သိထားတာ နှစ်ချီနေပါပြီ။ ပို့စ်တင်သင့် မသင့် တစ်နှစ်ကျော် စဉ်းစား ချင့်ချိန် ပြီးမှ တင်လိုက်တာပါ။ လူယုတ်မာ တွေကလဲ အချင်းချင်း လက်ဆင့်ကမ်းပြောပြ နေမှာ မဟုတ်လား။ ဒီတော့ ကာမိအောင် လူကောင်း အချင်းချင်းက သူတို့ထက် ပိုပြီး လက်ဆင့်ကမ်း သတိပေး နေဖို့ လိုတယ်လေ။ အထက်တန်းကျောင်းတွေမှာ ကွန်ဒုံး သုံးဖို့ လိုက်ပညာပေးရ သလိုပေါ့။ မတတ်သာတဲ့ အဆုံးတော့ ပညာပေး အသိ ရှိတာက တော်သေးတာပေါ့နော်