Tuesday, September 30, 2008

စက်တင်ဘာ ၁၆ရက်:အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ကာကွယ်ရေးနေ့

ရေးထားတာ ကြာလှပြီ ဖြစ်ပေမယ့် အင်တာနက်ရှေ့ မရောက်နိုင် မဘလော့နိုင်တာမို့ ခုမှ တင်ပေးလိုက်ရပါတယ်။

ကမ္ဘာ့ ကျန်း မာရေး အဖွဲ့ကြီး (WHO) နဲ့ ကမ္ဘာ ကုလသမဂ္ဂ့ သဘာဝ ပတ်ဝန်းကျင် အစီအစဉ် (UNEP) တို့က 2008 အတွက် ဆောင်ပုဒ်ကို “ကလေးသူငယ် ကျန်းမာရေး၊ အိုဇုန်းလွှာကို ကာကွယ်ပေး” လို့ သတ်မှတ် ခဲ့ကြ ပါတယ်။

အိုဇုန်း ဓာတ်ငွေ့ဟာ ကမ္ဘာ့လေထု အလွှာကြီး လေးလွှာ ထဲက ဒုတိယ အမြင့်ဆုံး အလွှာ ဖြစ်တဲ့ မြေ ပြင် အထက် မိုင် ၃၀ကျော် အမြင့်က စထရာတို စဖီးယား အလွှာမှာ သဘာဝ အတိုင်း တည်ရှိနေတဲ့ အပြာရောင် ဓာတ်ငွေ့ ဖြစ်ပါတယ်။ ဒီလေထု အလွှာထဲမှာ တကမ္ဘာ လုံးက အိုဇုန်း အားလုံးရဲ့ ၉၀% ရှိနေတာပါ။ အိုဇုန်း ဓာတ်ငွေ့ဟာ နေရောင်ခြည်က လာတဲ့ ခရမ်းလွန် ရောင်ခြည်တွေ ကမ္ဘာ မြေပေါ် ကျရောက်မှု နည်းအောင် စုပ်ယူပြီး အကာအကွယ် ပေးထား ပါတယ်။

ဒီခရမ်းလွန်ရောင်ခြည်တွေသာ မြေပေါ်ကို တိုက်ရိုက် ကျရောက် ခဲ့ရင် တကမ္ဘာလုံး ကပ်ဆိုက် သွားနိုင် ပါတယ်။ လူ့အရေပြား ကင်ဆာ ရောဂါ၊ မျက်စိ တိမ်စွဲခြင်းနဲ့ မျက်ကြည်လွှာ ကင်ဆာ၊ ကိုယ်ခံအား ပျက်စီးခြင်း၊ ငှက်ဖျားနဲ့ တခြား ကူးစက် ရောဂါ တွေကို ပိုဆိုး စေနိုင်တယ်။ အပင်တွေကို ညှိုးခြောက် သေဆုံး စေနိုင်လို့ အစားအစာ ကွင်းဆက်တွေ ပြတ်သွား စေနိုင်တယ်။ တိရစ္ဆာန်တွေ အပေါ် သက် ရောက်မှုက ပိုဆိုးလွန်းလို့ မှန်းလို့တောင် မရနိုင်ဘူးလို့ ဆိုပါတယ်။ နယူးယောက် အရေပြားကင်ဆာ ဖောင်ဒေးရှင်းရဲ့ အတည်ပြုချက် အရ အမေရိကန် ၅ယောက်မှာ တစ်ယောက်နှုံး၊ ကော့ကေးရှန်း လူမျိုး ၃ယောက်မှာ တစ်ယောက်နှုံးဟာ အရေပြား ကင်ဆာ ဖြစ်ပွား နေကြတယ်လို့ ဆိုပါတယ်။ ဒါမျိုးတွေ မဖြစ်အောင် ကာကွယ် ပေးတာ အိုဇုန်းလွှာပါ။

ဒီအိုဇုန်းလွှာကို ပျက်စီးစေတာ ကတော့ ဖန်လုံအိမ် ဓာတ်ငွေ့များပဲ ဖြစ်ပါတယ်။ ဖန်လုံအိမ် ဓာတ်ငွေ့ တွေဟာ စက်ရုံတွေ၊ အင်ဂျင်ကျ နေတဲ့ ကားတွေ၊ ရေခဲသေတ္တာနဲ့ လေအေးပေးစက် တွေ စတဲ့ ပစ္စည်း တွေကနေ ထွက်ပါတယ်။ သဘာဝ အတိုင်း ထွက်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ဟာ ကမ္ဘာ့ လေထုရဲ့ ၁၈% သာ ရှိပြီး ကျန်တဲ့ ၈၂% ကတော့ လူသားတွေ ဖန်တီးလို့ ထွက်လာတာ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လေထုထဲ ပြန့်ပြီး ၉၉%ကတော့ အိုဇုန်းလွှာရှိတဲ့ လေထုထဲ သွားစုတာကို သုတေသနလုပ်ရင်း တွေ့ရှိခဲ့ကြပါတယ်။ ၁၉၈၄ မှာတော့ အန္တာတိက တိုက်ပေါ်မှာ အိုဇုန်းလွှာ အပေါက် ကြီးကို စတင် တွေ့ရှိပြီ ဖြစ်ပါတယ်။ အိုဇုန်းလွှာ ပေါက်ပြဲမှုကြောင့် ဒီတိုက်ကြီး တခုတည်းကို ခြိမ်းခြောက် နေတာ မဟုတ်ဘဲ ကမ္ဘာ့ ရေချို ပမာဏ စုစုပေါင်းရဲ့ ၇၀% ကိုသိုလှောင် ထားတဲ့ ဒီရေခဲ ပြင်ကြီး ဟာ တနှစ်ကို ၃၆ ကုဗမိုင်နှုံးနဲ့ အရည်ပျော် နေခဲ့တာကြောင့် တကမ္ဘာလုံးက စိုးရိမ် နေကြပါပြီ။



ဒါကြောင့် စက်တင်ဘာ ၁၆ရက်ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ကာကွယ်ရေးနေ့အဖြစ် 1994 ခုနှစ်မှာ စတင် သတ်မှတ်ပြီး 1995 ခုနှစ်က စတင်ပြီး နှစ်စဉ် ကျင်းပ ခဲ့ပါတယ်။ နေရောင်အောက်မှာ ကစားလေ့ ရှိတဲ့ ကလေးများကိုလဲ အိုဇုန်းလွှာနဲ့ ကျန်းမာရေးအတွက် ပညာပေး အစီအစဉ် အနေနဲ့ ဂိမ်းကစားနည်းနဲ့ ကာတွန်းဇာတ်လမ်း များကို ဖန်တီး ပေးထား ခဲ့ပါတယ်။ အိုဇုန်းလွှာ ကာကွယ်ရေး ကြိုးစားကြသူ များကိုလဲ နှစ်စဉ် ဆုများ ပေးအပ် ခဲ့ပါတယ်။ ဆုတွေထဲမှာ အမြင့်ဆုံး ကတော့ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဖြစ်ပြီး အိုဇုန်းလွှာ ထိန်းသိမ်းရေး လှုံ့ဆော်ခဲ့သူ အမေရိကန် ဒုသမတ ဟောင်း အယ်လ်ဂိုးက ၂၀၀၇ ခုနှစ်မှာ ဒီဆုကို ရရှိ သွားခဲ့ ပါတယ်။

အိုဇုန်းလွှာဟာ နေရောင်ခြည်က လာတဲ့ ခရမ်းလွန် ရောင်ခြည် UVA, UVB နဲ့ UVC သုံးမျိုး ထဲက UVC ကို လုံးဝ မကျရောက်အောင် ကာကွယ်ပေးထားပါတယ်။ UVA ဟာ မနက်ခင်းနဲ့ ညနေ နေ၀င်ရိုးရီ အချိန်မှာ ကမ္ဘာမြေပေါ် ကျရောက်ပါတယ်။ UVB ကတော့ မနက် ဆယ်နာရီ လောက်ကနေ ညနေ ၄နာရီ လောက်အထိ အချိန်ကြားမှ ကျရောက်ပါတယ်။ UVB ဟာ UVA ထက် လှိုင်းတိုပြီး ရောင်ခြည် ပြင်းအား ပိုများတာမို့ အရေပြားကင်ဆာ ဖြစ်စေနိုင်စွမ်း ပိုများပါတယ်။ ဒါကြောင့် အန္တာတိက တိုက်နဲ့ အနီးဆုံး သြစတြေးလျ နိုင်ငံမှာ မနက် ဆယ်နာရီ ကနေ နေ့လယ် နှစ်နာ၇ီ ကြားကို Dead Hour လို့ သတ်မှတ်ပြီး နေ့ခင်း အပြင်မထွက်ဖို့ နှိုးဆော် ယူရတဲ့ အထိပါပဲရှင်။







No comments: