Tuesday, September 30, 2008

နှစ်ပေါက် တစ်ပေါက် ရိုက်သည် ဆိုရာဝယ်

တရုတ်နိုင်ငံလုပ် နို့မှုန့်နဲ့ နို့ထွက် ပစ္စည်း တံဆိပ် ၆၉မျိုးမှာ စက်မှုလုပ်ငန်းသုံး မယ်လမင်း ဓာတ်တွေ ပါဝင်လို့ သောက်သုံးသူ ကလေးငယ် လေးဦး ကျောက်ကပ် ပျက်စီးပြီး ဆီးမသွား နိုင်ဘဲ သေဆုံး ခဲ့ရပြီး ကလေးငယ်ပေါင်း တစ်သောင်း သုံးထောင်ခန့် ဆေးရုံ တင် ကုသ ခဲ့ရ ပါတယ်။ ၁၀၄ ယောက် ဟာ အခြေအနေ ဆိုးဝါးလျက် ရှိပြီး ကလေး ငါးသောင်း သုံးထောင် ကျော် ကျောက်ကပ် နဲ့ ဆက်စပ် ရောဂါတွေ ခံစား ခဲ့ရတယ်လို့ ဆိုပါတယ် ။



တ၇ုတ်နိုင်ငံ ကျန်းမာရေး ၀န်ကြီး ဌာနက တရုတ်နိုင်ငံလုပ် နို့မှုန့် ကုမ္ပဏီ ၂၀၀ကျော်ကို စစ် ဆေး ခဲ့ရာမှာ ကုမ္ပဏီ ၂၂ခုက ထုတ်လုပ်တဲ့ နို့မှုန့် နဲ့ နို့ထွက် အစား အစာ အမှတ်တံဆိပ် ၆၉မျိုးမှာ အန္တရာယ်ရှိ စက်မှု လုပ်ငန်းသုံး မယ်လမင်းဓာတ် ပါဝင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ ပါတယ်။ 2007 ဒီဇင်ဘာတည်းက အဆိပ်သင့် နို့မှုန့်နဲ့ ပတ်သက်ပြီး တိုင်တန်းမှု ပြုခဲ့ပေမယ့် သတင်းဖုံးကွယ်မှုကြောင့် တရုတ်နိုင်ငံရဲ့ နို့မှုန့် ထုတ်လုပ်သူ ဈေးကွက်ထဲက အကြီးဆုံး စန်လူကုမ္ပဏီ တည်ရှိ ရာ ရှိကျားကျွမ်းမြို့တော်ဝန်၊ ကုမ္ပဏီ တာဝန်ရှိ ပုဂ္ဂိုလ် အပါ အ၀င် လူ ၁၈ဦးကို စက်တင်ဘာ ၁၈ရက် မတိုင်ခင်တည်းက ဖမ်းဆီး အရေးယူပြီး တခြား စုံစမ်း စစ်ဆေးမှုတွေလဲ လုပ်နေတယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။




ဂွမ်ဒေါင် ရာရှိလိ

ရီလီ တံဆိပ်နို့မှုန့်
ခုချိန်ထိ ၂၇ဦးကို ဖမ်းထားပြီလို့ အေအက်ဖ်ပီ သတင်းဌာနက ပြောပါတယ်။ တရုတ် အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှု ဌာ ညွန်ကြားရေးမှူးချုပ် လီကျန်ခန်း ဟာ စက်တင်ဘာ ၂၂ရက်နေ့က ရာထူးက နှုတ်ထွက် ခဲ့ရပြီး ထိုင်ဝမ် နိုင်ငံခြားရေး ၀န်ကြီး ကလည်း သူ့နိုင်ငံထဲ ဒီနို့မှုန့် တွေ ၀င်လာတာကို ကြိုတင် မကာကွယ် နိုင်ခဲ့တဲ့ အတွက် ရာထူးက နုတ်ထွက် ခဲ့ပါတယ်။

အဆိပ်သင့် နို့မှုန့် ထုတ်လုပ်ခဲ့တဲ့ ရီလီ၊ မန်နျူနဲ့ ဂွမ်မင် စတဲ့ အမှတ်တံဆိပ်တွေကို မြန်မာ၊ ယီမင်နဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အာဖရိက နိုင်ငံ တချို့ကို တင်ပို့ထားသည်ကို တွေ့ရှိခဲ့တယ်လို့ တရုတ် အစိုးရက ၀န်ခံ ကြေညာ ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက ဖော်ပြ ခဲ့ပေမယ့် မြန်မာ အစိုးရ ရဲ့ မြန်မာ့ အလင်းသတင်းစာက ခုလိုထုတ်ပြန် ကြေညာခဲ့ပါတယ်။






No comments: