Wednesday, July 2, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (တတိယပိုင်း)

ဒီတလော တာဝန်နဲ့ ၀တ္တရား အတွက် ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ပြီး တာဝန်နဲ့ ၀တ္တရားကိုတော့ မကျေပွန်တဲ့ သူများနဲ့ ဆက်ဆံ ရတဲ့ အခါ အတော့ကို စိတ်ပန်း လူပန်း ဖြစ်ရပါတယ်။ ဘာကြောင့် သူတို့ ဒီလို ဖြစ်ရသလဲ ဆိုတာ အပြန်အလှန် စဉ်းစားတော့အဖြေက မထွက်.. အင်းပေါ့လေ သူတို့ ဘယ်လို ပတ်ဝန်းကျင်မှာ ဘယ်လို သမိုင်းကြောင်းနဲ့ ရှင်သန် ကြီးပြင်း ခဲ့ကြ သလဲဆိုတာ သိမှ မသိရတာကိုးး…

စိတ်ပန်းလူပန်းနဲ့ အိပ်ရာပေါ် ကိုယ့်ကိုယ်ကို ပစ်တင် လိုက်ပြီး စိတ်ရော လူပါ အကြောလျှော့ချ လိုက်မိတော့ တင်းကြပ်မှုတို့ တော်တော် သက်သာ သွားသည်ကို သတိထားလိုက်မိသည်။ ခဏတာ မှိန်းလျက် နားနေခိုက်

ဘယ်လို တာဝန် မသိတတ်တဲ့ လူတွေအတွက် စိတ်ပျက်နေတာလဲ

အော်.. အများအကျိုးအတွက် တာဝန် ထမ်းဆောင်ဖို့ တာဝန်ပေး ခံထား ရတာကိုတော့ တာဝန် မကျေဘဲ အဲလို လုပ်နိုင်ဖို့ တွဲလျက် ရလာတဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့် အာဏာကို သူတို့ ကိုယ်ကျိုး အတွက်ပဲ တလွဲ အသုံးချ နေကြလို့ပါ

အော် ဒါများ သမီးငယ်ရယ်… ကိုယ့်တာဝန် ကိုတောင် ကိုယ်တိုင် မယူဘဲ သူများ လာလုပ်ပေးမှာ ထိုင်မျှော် ထိုင်စောင့် နေသူတွေနဲ့ နှိုင်းယှဉ်ရင် ဒီလူတွေက သူတို့ တာဝန်ကို တော့ သူတို့ ကိုယ်တိုင် ယူသေးတယ်လေ.. သူများအတွက် လုပ်ပေးရတဲ့ တာဝန်ကို သာ မကျေပွန်တာ မို့လား.. သူတို့ ကိုယ်ကျိုး သူတို့ ရှာရမယ့် တာဝန်တော့ ကျေပွန်သားပဲလေ… တခုပဲ အပြစ်ပြောစရာ ရှိတာက သူတို့က သူတို့ ကိုယ်ကျိုးကို မသမာနဲ့ နည်းနဲ့ ရှာတာလေးပဲ အပြစ်ပြော စရာ ရှိတာ… ကိုယ့်တာဝန် ကိုယ့်အကျိုး အတွက်တောင် ကိုယ်မလုပ် ဘဲ သူများကို အပြစ်ဖို့ ပြီး ကယ်သူထိုင်မျှော် နေတဲ့ သူတွေက ပိုမဆိုးဘူးလား… မကောင်းမှု လုပ်တာတင်မှ မလုပ်သင့် တာကို လုပ်တာ တင်မှ အပြစ် ရှိတာ မဟုတ်ဘူးလေ. လုပ်သင့်တာကို မလုပ်တာလဲ အပြစ်ပဲလေ..

(ဆက်လက် ဖော်ပြပါဦးမည်...)

1 comment:

တန်ခူး said...

လှိုင်ရေ..ဖတ်လို့ မှ အရှိန်ရတုန်းရှိသေး…ဆက်ရန်တဲ့…ဒီတခါ နဲနဲတိုတယ်နော်…