Friday, April 25, 2008

လူမျိုးနဲ့ နိုင်ငံသား

သက်ထား ကျောင်းက ရင်မောမောနဲ့ ပြန်လာရင်း သမီးဖြစ်သူ သက်နှင်းကို ဖုန်းဆက် လှမ်းခေါ် လိုက်သည်။ သက်ထား လို ဆရာမ တစ်ယောက် အတွက် သူများ သားသမီးကို မဆုံးမခင် ကိုယ့်သား သမီးကို အရင်ဆုံး ဆုံးမ သွန်သင် နိုင်မှ တန်ကာ ကျမည်။ နိုင်ငံ ခြားက တက္ကသိုလ်တွင် ကထိက အဖြစ် လာရောက် အလုပ် လုပ်ကိုင်နေသော သက်ထား အတွက် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများ ကြားတွင် မြန်မာ နိုင်ငံသား ကျောင်းသူ ကျောင်း သား များကို မျက်နှာကောင်း ရစေချင်သည်။ ကမ္ဘာမှာ မြန်မာကျောင်းသားသည် အ ကောင်းဆုံး အတော် ဆုံး ဖြစ်စေချင် သော်လည်း တတ်နိုင်သလောက် အဆိုး ဆုံးတော့ မဖြစ်စေချင်။ ဒါကြောင့် နိုင်ငံ တကာ ယဉ်ကျေးမှု ကိုလည်း နားလည်အောင် သူ့ယဉ်ကျေးမှုကို မစော်ကား မိအောင် ကိုယ့် ယဉ်ကျေးမှု ကိုလဲ နိုင်ငံတကာ ကျောင်းသားများ နားလည် လက်ခံ လာအောင် သွန်သင် ဆုံးမခြင်းက မျိုးချစ်စိတ် ကြောင့် ဆိုလျှင် မှားမည် မဟုတ်။ ကထိက တာဝန် သာမက နိုင်ငံ သားကောင်း တာဝန် ကိုပါ ကျေပွန်အောင် ထမ်း ဆောင် နေရသော သက်ထား အဖို့ ဒီနှစ်မှ သက်ထားတို့ တက္ကသိုလ် တွင် ၀င်ခွင့် ရလာသော ကျောင်းသူ နှစ်ဦး ကြောင့် ဆံပင်ဖြူသည် အထိ စိတ်ဆင်းရဲ ရလေသည်။

မြန်မာ နိုင်ငံ တွင်းမှာ ဘာရာထူး အာဏာကြီး ရှိရှိ၊ သူတပါး တိုင်းပြည်မှာ သူ့ စည်းကမ်း၊ ဥပဒေကို လိုက်နာ ရ မည်က ဧည့်သည် ကိုယ့်တာဝန်။ မြန်မာ လူမျိုး ဆိုသည်ကို တမင် စောင့်ကြည့် ခံနေ ရသည့် အချိန်မှာပင် တစ် ယောက်သော သူမက ဒီနိုင်ငံကို မကြာခဏ အလည် လာသော ကမ္ဘာကျော် နာမည်ကြီး အိမ်ထောင်ရှင် တစ်ယောက်နဲ့ လူသိ ရှင်ကြား living together သွားနေသည်။ တိတ်တိတ် ခေါ်ဆုံးမ ပြန်တော့ သူမ အဖေရဲ့ ရာထူး အာဏာ ကြောင့် ထီမထင် မျက်နှာပေးနဲ့ ဘယ် မြန်မာ ကိုမှ အပေါင်းအသင်း မလုပ် ခပ်တန်းတန်း နေ သည် ဆိုသေး.. ထိုမျှ မကသေး.. သူ့ကို တစ်ယောက် တည်းမို့ အဖော် ရအောင် လာနေ ပေးသော သူငယ် ချင်းမ ဆိုသူ ယောက်ျားလျာ ပုံစံ ကောင်မလေးနဲ့ အမြဲ အတူ နေသေး သည်။ သို့သော် ဆုံးမ မရ သော်လည်း နိုင်ငံခြားသား ဘက်က သက်သေ ပြစရာ မရှိလို့ တော်သေး သည်ဟု ရင် တထိတ်ထိတ် နေခဲ့ရာမှ graduated night party မှာ အရက် အမူးလွန်ကာ နိုင်ငံတကာ ကျောင်းသားများနဲ့ ဆရာ၊ ဆရာမ ၀န်ထမ်း များရှေ့ ပါတီ ထဲ မှာပါ မိန်းမ ချင်း ဖက်နမ်း ရာမှ မလျော် မကန် တွေပါ လူကြားထဲ ထလုပ် လေရာ…. သေချင် စော်သာ နံပါ တော့သည်။ နိုင်ငံ တကာ ကျောင်းသူ ကျောင်းသားများ ရှေ့တွင် မြန်မာမတွေ ဆိုသော စကားက တမဟုတ် ချင်း ပြန့်တော့သည်။ နာမည် ကြီးပြီး သားလူ မဟုတ်တာ ပေါ်တော့ နာမည် ကျော်တာ ဟိုးလေး တကျော်ပါ။

နောက် ကျောင်းသူ တစ်ယောက်က ရွာသူ… တောသူ ဆန်းတော့ ခွက်လုံး မှောက်သည်… ပထမ ရည်းစားက ကျောင်းထားလို့ ဘွဲ့ တစ်လုံးရသည်။ သူ့ အကူအညီနဲ့ သက်ထားတို့ ကျောင်းကို ရောက်လာပြီး ဘွဲ့လွန် တက်သည်။ သည်မှာ နောက် ရည်းစားရသည်။ နောက်ရည်းစား အကူအညီနဲ့ စာတမ်းလုပ်သည်။ မြန်မာပြည် ပြန်တော့ နောက်ရည်းစားက လေဆိပ် လိုက်ပို့သည်။ လေယာဉ် တက်ခါနီးထိ ဖုန်းနဲ့ အလွမ်းသယ်သည်။ ရန်ကုန် လေဆိပ် ရောက်တော့ အရင် ရည်းစား လာကြို သည်ကို လေဆိပ် ထဲတင် ရင်ခွင်ထဲ ပြေးဝင်သည်။ သူနဲ့ လေယာဉ် တစ်စီးတည်း စီးခဲ့တဲ့ မြန်မာ ကျောင်းသားများက နောက်ရည်းစားကို သတင်းပို့တော့ သူက သွားပုတ် လေလွင့် ပြောခံ ရပါတယ် ဆိုကာ ပြန်ငိုပြ လိုက်သေး.. သို့သော် ဗီယက်နမ် အတန်းသူ များကို အားရ ပါးရ ကြွားလုံး ထုတ်သည်က သူဘယ်လောက် ဆွဲ ဆောင်မှု ရှိကြောင်း၊ ယောက်ျား များကို ကစားနိုင် ကြောင်း… ထိုကျောင်းသူ များက ပြန်ဖွတော့ မြန်မာမ ဆိုတာ ဒီလို ယောက်ျား တွေကို ကစားပြီး လိမ်ပြီး တက်လမ်း ရှာသူလို့ နာမည် ကြီးခဲ့သည်။ သက်ထား ဆရာလုပ်သက် တသက်လုံး နီးပါးမှာ တခါမှ ဒါမျိုး မကြုံ ဖူးခဲ့.. ဒီနှစ်ထဲ ဘယ်လို လူလွန်မတွေ မြန်မာ ပြည်က မွေးထုတ် နေပါလိမ့် လို့ သက်ထား ရင်မ ရသည်။ ဘယ်လို လုပ်ရပါ့…

မေမေ… ဘာတွေ တွေးနေတာလဲ.. သမီးရောက်နေတာ ကြာပြီ.. သမီးကို မေမေ မြင်တောင် မမြင်ဘူးနော်

အော် သမီး.. ထိုင်ကွယ်. မေမေ ရင်မော လွန်းလို့ အတွေးလွန်နေတာ

ဘာတွေ ဖြစ်ခဲ့လို့လဲ မေမေ…

မေမေ အရင် တပတ်က ကွန်ဖရင့် တက်ခဲ့တာ သမီး သိတယ် မို့လား

ဟုတ်တယ်လေ မေမေ…

အင်း အဲဒီမှာ မေမေ ထိုင်းဘုရင့် တက္ကသိုလ်က ပါမောက္ခ အဘွားကြီင်္းနဲ့ ခင်ခဲ့တယ်။ သူက သူ့ ကျောင်းသူ ဘ၀ က အကြောင်းကို အမေ့ကို ပြောပြတယ်… နင်တို့ မြန်မာမတွေ ကံကောင်းတယ် နိုင်ငံတကာ အလယ်မှာ မြန်မာမဆို လူလေးစား ခံရတယ်.. ငါတို့ ထိုင်းမ တွေလို မဟုတ်ဘူးတဲ့… ဘာလို့ လဲလို့ မေမေက အံ့သြ တကြီး မေးမိ တာပေါ့.. ခံစားချက် မရှိလှတော့ သိပ်သတိ မထားမိ ဘူးပေါ့။ သူက ပြောတယ်.. တကသိုလ်မှာ သူနဲ့ ဒေါ်အောင်ဆန်း စုကြည်က တခန်းတည်း အခန်းဖော်တဲ့.. ဒေါ်အောင်ဆန်းစုကြည်က သိပ်မြန်မာ ဆန်တယ် .. မိန်းမ ပီသ တယ်တဲ့။ ကျောင်းက ပြန်လာရင် ကိုယ်တိုင် ဟင်းချက်ပြီး သူငယ်ချင်းမ တွေကိုလဲ ကျွေးတယ်တဲ့။ ဘယ်ယောက်ျားလေး လာဖိတ်ဖိတ် လုံးဝ လက်မခံ ဘူးတဲ့။ နိုက်ကလပ်တွေ ဘာတွေလဲ မတက် ဘူးတဲ့။

ဟင်.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ယောက်ျား ပွေတယ် နိုက်ကလပ် တက်ကဲနေတယ် ဘာညာနဲ့ သူ့အဖေ ထူထောင်ခဲ့တဲ့ တပ်အသိုင်းအ၀ိုင်း ကိုယ်တိုင်က ဟိုးလေး တကျော် သတင်းစာ ထဲမှာပါ ပြောဆို နေတာ ကျတော့ရော

မေမေလဲ သေချာ အဲဒီ ပါမောက္ခကြီးကို မေးခဲ့ပါတယ်။ သူက ရီလိုက် တာလေ။ ကြိုက်တဲ့ အတန်းဖော် သူငယ် ချင်း ကို လိုက်မေးပါ တသံတည်း ထွက်ပါတယ်တဲ့။ ကျွန်မတို့က ဒီကိစ္စ အတွက် ဘယ်သူ့ ထမင်းမှ စားနေတာ မဟုတ်သလို ဘယ်သူ့မျက်နှာကိုမှ ငဲ့နေစရာ မရှိဘူးတဲ့။ ကိုယ့်သူငယ်ချင်း အတွက် အမှန်ကိုပဲ ပြောမှာပဲတဲ့။ အဲဒီတုန်းက ဗိုလ်ချုပ် သမီး ၂ယောက် အတူတူ ကျောင်းတက် ကြတယ်.. ကဲခဲ့တာ.. နိုက်ကလပ် တက်ခဲ့ တာက ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး မဟုတ် ဘူးတဲ့… ဗိုလ်ချုပ်နေ၀င်းရဲ့ သမီးပါတဲ့။

ဟယ်.. ကောင်းရော… ဟုတ်သားနော် မေမေ .. နိုင်ငံခြားသား ပညာတတ် တွေက မျက်နှာလိုက် ပြောစရာ အကြောင်းမှ မရှိတာနော်..

သူက ပြောသေးတယ် သမီးရဲ့.. နင်တို့ မြန်မာမတွေ မစ် အောင်ဆန်း စုကြည်ကို ကျေးဇူးတင်ဖို့ ကောင်းတယ် တဲ့။ သူက အဲလို နေခဲ့တော့ နိုင်ငံ တကာမှာ နင်တို့ မြန်မာမ တွေကို နိုင်ငံ ခြားသားက လေးလေး စားစား ဆက်ဆံ တာ ခံရတယ်တဲ့။ ငါတို့ ထိုင်းမ တွေကတော့ ဗီယက်နမ် စစ်ပွဲကြောင့် အမေရိကန်က ထိုင်းမှာ ရေတပ် စခန်း လာဆောက်တုန်းက ထိုင်းက ဆင်းရဲ သေးတော့ ထိုင်းမ တွေက အမေရိကန် စစ်သားတွေနဲ့ နေခဲ့ကြတော့ ခုဆို နိုင်ငံ တကာမှာ ထိုင်းမလို့ သိလိုက် တာနဲ့ ဘယ်လောက်လဲ လို့ အမေးခံရတာ ငါရင်နာ တယ်တဲ့။ ဒါကြောင့် ငါက ငါ့တပည့်မ တွေကို ဒီအဖြစ်ကို ယှဉ်ပြောပြီး အမြဲ မှာတယ်။ နိုင်ငံတကာရောက် ကျောင်းသူ ကျောင်းသား ဆိုတာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်နဲ့ တူတူပဲ.. ကိုယ်အနေ မှားရင် ကိုယ့်နိုင်ငံသား အားလုံး ကို သိမ်းကြုံးပြီး ပြောဆို အထင်သေး ခံရတာ.. လူတစ်ယောက်ချင်း နာမည်ထက် ဘယ်နိုင်ငံသား ကျောင်းသားလေ ဆိုတဲ့ ခေါင်းစဉ် တပ်ခံရ တာမို့ အနေအထိုင် အစစ အရာရာ အကောင်းဆုံး အတော်ဆုံး မဟုတ်တောင် မဆိုးအောင် နေထိုင် ကြပါလို့ သင်ရတယ်တဲ့ သမီးရယ်… သမီးကိုဒါပြောတာက မေမေက မြန်မာ မိန်းကလေး ကျောင်းသူတွေမှမဟုတ်ဘူး၊ နိုင်ငံခြားကို ၊အကြောင်း အမျိုးမျိုး ကြောင့် ရောက်နေတဲ့ ၊ မြန်မာ နိုင်ငံ က မိန်းခလေးတိုင်း အလွန်ကို သတိထား ရမှာ၊ မြန်မာ လူမျိုးက မြန်မာ လူမျိုးဘဲ၊ ဘာဘဲ ဖြစ်နေ ဖြစ်နေ ၊အမေရိကန် လူမျိုး၊ ထိုင်းလူမျိုး၊ မလေး လူမျိုး။ တရုပ် လူမျိုး ဆိုတာတွေ ဖြစ်သွားတာ မဟုတ်ဘူး၊ ပြောင်းလဲ ခွင့်လည်း ဘယ်သူ ကမှ မပေး သလို ပြောင်းလဲ လို့လည်း မရဘူး၊

ဟင်.. ဒါဆို အခြေအနေ သိပ်ဆိုးလာရင် တခြား နိုင်ငံသား ခံယူတာမျိုး ပြောင်းလိုက်ရင်ရော

ဒီမှာ သမီး… နိုင်ငံသား ဆိုတာ ကိုယ်က အစွမ်းထက်ရင် ပြောင်းလဲဖို့ အတွက် ရွေးချယ်ခွင့် ရှိပေမယ့် လူမျိုးကို ဘယ်သူမှ ရွေးချယ်ခွင့် မရှိတော့ဘူး။ မွေးကတည်းက တရုတ်လူမျိုးဟာ အမေရိကန် နိုင်ငံသား ဖြစ်နေပါစေ.. လူမျိုးကတော့ တရုတ် လူမျိုးပါပဲ။ နိုင်ငံသား ပြောင်းလဲလို့ ရချင် ရမယ် … လူမျိုးကိုတော့ ဘယ်တော့မှ ပြောင်း လဲလို့ ရမှာ မဟုတ်ဘူး။ ခုလဲ ကြည့်လေ.. ထိုင်းမတွေ ဂျပန် နိုင်ငံသား ခံယူလဲ ထိုင်းလူမျိုးက ထိုင်းလူမျိုးပဲ… နိုင်ငံသားနဲ့ လူမျိုးဟာ သပ်သပ်စီပါ သမီး.. လူမျိုးကို အစော်ကား ခံရလို့ နိုင်ငံသား ပြောင်းပြေးတယ်၊ ကိုယ်ရဲ့ ဘ၀ တစ်ခုလေး ကိုဘဲ ကြည့်ပြီး၊ ကိုယ်သာလျှင် အဆင် ပြေဖို့ အရေး ကြီးတယ်၊ နောက်ခါလာ နောင်ခါဈေး ကြည့်ရှင်းမယ် ဆိုတဲ့ စိတ်တွေ ရှိပြီး လုပ်တတ်ကြသောသူ ဟာ လူမျိုးအပေါ် သစ္စာရှိသူ ဖြစ်ပါ့မလား.. ။အမျိုး၊ ဘာသာ၊ သာသနာ အပေါ် ထိန်းသိမ်း ကာကွယ် စောင့် ရှောက် သူဖြစ်မှ နိုင်ငံ သားကောင်း ဖြစ်မယ် သမီး။ ကိုယ့်လူမျိုးရဲ့ နာမည်၊ ဂုဏ်သတင်းကို ဖျက်သူ ဟာလဲ မျိုးဖျက် သစ္စာ ဖောက်ပဲ ဖြစ်တော့ မှာပေါ့.. ဘယ်တော့မှ ကိုယ့်ကြောင့် ကိုယ့်လူမျိုးရဲ့ နာမည်၊ ဂုဏ်သတင်းကို ထိခိုက် ပျက်ပြား စေမယ့် အလုပ်မျိုးကို မလုပ်ပါနဲ့ သမီး.. သူတပါး လုပ်လဲ အတတ်နိုင်ဆုံး တားမြစ်ပါ.. ကိုယ် နဲ့ မဆိုင်ဘူး ဆိုတဲ့ စိတ် မထားပါနဲ့.. သူတို့ မဟုတ်တာ လုပ်ပေမယ့် ခံစရာ ရှိရင် အမျိုးနဲ့ချီပြီး လက်ညှိုးထိုး ခံရမှာ ကြောက်ဖို့ ကောင်းတယ် သမီးရဲ့.. မဟုတ်ရင် သမီး ကိုယ်ချင်းစာ ကြည့်စမ်း.. ကိုယ့် လူမျိုး မြန်မာမ မှန်း သိတာနဲ့ ဘယ်လောက်လဲ လို့ အမေးခံ ရရင်.. မြန်မာ လူမျိုး ဆိုတာ ပြည့်တန်ဆာ မျိုးလို့ အထင် ခံရတဲ့ အဖြစ်မျိုး ရောက်သွားမယ် ဆိုရင် ဘယ်လို နေမ လဲလေ.. ကိုယ့် သမီး၊ တူမ၊ မြေးမ တွေ အလှည့် ကျရင် အဲလို အမေး ခံရမယ် ဆိုရင် ဘယ်လို လုပ်မလဲ…

အခု အမေတို့ကျောင်းက ဟို မယ်မင်းကြီးမ နှစ်ယောက်ကြောင့် အရင်နှစ်တွေက သမီးတို့ကို လေးစား ခဲ့ကြတဲ့ လူတွေတောင် အခု မျက်နှာထား ပြောင်းကုန်ပြီ မေမေ…

အင်း… ဒါကြောင့် အမေတို့ သမီးတို့ ပိုလို့ အစစ သတိထား ရတော့ မှာပေါ့ သမီးရယ်.. သမီးကို မေမေ ခေါ်ရတာ အဲဒါကြောင့် ပါပဲ.. မေမေလို မြန်မာ မိခင်တွေ၊ ဖခင်တွေ တော်တော် များများ ရှိကြ မှာပါ၊ ကိုယ်လူမျိုး အမျိုးသမီးတွေ အားလုံးကို သူများ တိုင်းတပါးမှာ၊ ကျောင်းစာဘဲ သင်သင်၊ အလုပ်ဘဲ လုပ်လုပ်ပေါ့ တိုင်းတပါးက သူတွေက ရော၊ ကိုယ့် နိုင်ငံ သားချင်းရော က အပေါစားအဖြစ် ဆက်ဆံ ခံရ မှာရယ်၊ လင်ရှိ မယား တို့ ၊ မယားရှိလင်တို့၊ အကျင့် စာရိတ္တ ပျက်သော လူမှုရေး ဖောက်ပြန်သော ယောက်ကျား လေးတွေရဲ့ အပေါ်ယံ ပြောဆိုမှုနဲ့ တွေ့ထိ သာယာတာ၊ စိတ်ခံစားမှု တွေရဲ့ နောက်ကို လိုက်ခဲ့တာ တွေကြောင့် ဘ၀ ဆုံးမှုတွေ ဖြစ်မှာကို တွေးကြောက် ကြပါတယ်၊ ကာယကံရှင်က သမီးတို့  တွေလေ၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်း စောင့်ရှောက် နိုင်မှသာ အကောင်းဆုံး ဘ၀ကို တက်လှမ်း နိုင်ကြတာလို့  မေမေ ပြောချင်တယ်။ သမီးလဲ သမီးရဲ့ ကျောင်းမှာ တွဲဘက် ပါမောက္ခတောင် ဖြစ်နေမှပဲ.. အမေ့ထက် သမီး တော်တာ နေရာရတာ အမေ ၀မ်းသာ ကျေနပ်တယ်.. သမီးလဲ အမေ့လိုပဲ တပည့်မ တွေကို တတ်နိုင် သလောက် ကိုယ့်လုမျိုး အတွက် အမြင် မတော်တာ ရှိရင် ပဲ့ပြင် ဆုံးမပါ လို့ မေမေ တောင်းဆို ချင်ပါတယ်… နော် သမီး

မေမေရယ်.. သမီး တော်တာ မေမေရဲ့ ပျိုးထောင်မှု ကြောင့်ပါ… စိတ်ချပါ မေမေ.. သမီးလဲ တတ်နိုင်သမျှ ထိန်းသိမ်း စောင့်ရှောက် ပါ့မယ်.. မဟုတ်ရင် သမီးတို့ရဲ့ နောင်လာမယ့် မြန်မာ့ မျိုးဆက်သစ်တွေ အနှိမ်ခံရ၊ အစော်ကား ခံရကုန် လိမ့်မယ်.. သမီး အတတ်နိုင်ဆုံး ကြိုးစား ပါ့မယ် မေမေရယ်

သာဓုပါ သမီးရယ်..

5 comments:

တန်ခူး said...

လှိုင်ရေ...အရမ်းအကျိုးရှိတဲ့၊ တန်ဖိုးရှိတဲ့postလေးပါ။ အရမ်းတိုလွန်းတဲ့ ဘောင်းဘီတွေဝတ်၊ ကျောဗလာနဲ့ ဘီယာသောက် ကလပ်တက်မှ ခေတ်မှီတယ်ထင်နေတဲ့၊ အချစ်နဲ့ကိုယ်ကျင့်တရားလွဲမှားစွာ ဘာသာပြန်နေတဲ့ တလွဲဆံပင်ကောင်းနေတဲ့ မြန်မာမိန်းခလေးတချို့ ဖတ်ဖြစ်ပါစေလို့။

Anonymous said...

နိုင်ငံသား ဆိုတာ ကိုယ်က အစွမ်းထက်ရင် ပြောင်းလဲဖို့ အတွက် ရွေးချယ်ခွင့် ရှိပေမယ့် လူမျိုးကို ဘယ်သူမှ ရွေးချယ်ခွင့် မရှိတော့ဘူး။ မွေးကတည်းက တရုတ်လူမျိုးဟာ အမေရိကန် နိုင်ငံသား ဖြစ်နေပါစေ.. လူမျိုးကတော့ တရုတ် လူမျိုးပါပဲ။ နိုင်ငံသား ပြောင်းလဲလို့ ရချင် ရမယ် … လူမျိုးကိုတော့ ဘယ်တော့မှ ပြောင်း လဲလို့ ရမှာ မဟုတ်ဘူး။

sis

Very meaningful comment. This is 1st time I come to your blog. Thanks.

khayayphyu

Anonymous said...

ပြည်ပရောက်မြန်မာအမျိုးသမီးတွေ မဖတ်မနေရ ဖတ်သင့်တဲ့စာပါ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းဖို့သတိပေးတဲ့စာလေးပါ ရေးပေးတာ ကျေးဇူး

Anonymous said...

I like this post very much. We all must know. I copied and send email to others myanmar girls. Thank you very much.

Anonymous said...

ပြည်ပရောက်မြန်မာများသာမက ပြည်တွင်းမြန်မာများပါ အလေးထားလိုက်နာသင့်ပါတယ်။ အခုဆို ပြည်တွင်းက မြန်မာမိန်းကလေးတော်၂များ၂ ကိုယ်ကျင့်တရား ဖောက်ပြားလာတာကို တွေ့နေရပါတယ်။ လက်မထပ်ရသေးဘဲ အတူတူနေတာကို ၁၀ယောက်မှာ ၇ ယောက်လောက်အထိ လုပ်နေကြပါပြီ။ မိဘအုပ်ထိန်းသူတွေက တကယ်ဘဲမသိလို့လား ဒါမှမဟုတ် ဒီလိုနေမှ ယောင်္ကျားရမယ်/ ခေတ်မီတယ် ထင်ကြသလား မပြောတတ်ဘူး။ စိတ်ပျက်စရာကောင်းလောက်အောင် နေရာတိုင်းမှာ တွေ့နေရတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေကတောင် အပျိုစင် ဖြစ်ဖို့အရေးမကြီးဘူးလို့ ပြောနေကြပါပြီ။ ယောင်္ကျားလေးတွေကလည်း လွယ်၂ ရတော့ လွယ်၂ ပဲ လုံးဝတန်ဖိုးမထားတော့ပါဘူး။ အမေနှမသားချင်း စာနာမှုဆိုတာ လုံးဝမရှိတော့ပါဘူး။