Saturday, April 26, 2008

သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကို ကြားလိမ့်မယ်

သံလွင်အိပ်မက် ဆိုတဲ့ နာမည်လေးကို ကြားလိုက်တာနဲ့ သံလွင်ခက်ကို အိပ်မက် တာလားလို့ မေးခဲ့တဲ့ ကျွန်မကို သူ့ထုံးစံ အတိုင်း နွေလေ ဆိုတဲ့ ကဗျာ ဆရာ ကလောင် နာမည်နဲ့ လိုက်ဖက် ညီစွာ လေပြည် အေးအေး လေးနဲ့ သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦးဖြစ်သူ နေဘုန်းလတ်က ပြန်ဖြေပါတယ်… သံလွင်မြစ်လို စီးဆင်းခွင့်တွေကို အိပ်မက် မက်တာတဲ့… မြစ်တစ်မြစ်ဟာ ကိုယ့်စီးဆင်းခွင့်ကို ကိုယ်ပြန် တမ်းတ နေရ တာဟာ ကြေကွဲစရာ ကောင်းလှပါတယ်။ ဒီလိုနဲ့ သံလွင် အိပ်မက် အပတ်စဉ် ၃ ကစပြီး ကျွန်မဟာ သံလွင်အိပ်မက် နဲ့ ရင်းနှီး ခဲ့ပါတယ်။ အုတ်နံရံ လေးဘက်ကြား တစ်ယောက်တည်း ဘုမသိ ဘမသိ နေရရှာတဲ့ သူငယ်ချင်းလေး နေဘုန်းလတ်က တစ်ပတ်တခါ တွေ့ခွင့်ရတဲ့ သူ့အမေကို မေးတဲ့ စကားထဲမှာ

သူငယ်ချင်းတွေ နေကောင်းလား

သူတို့ အဆင်ပြေ ကြလား လို့ မပါဘူး….

သူ အကုန် အဆင် ပြေတယ် နေကောင်း တယ်လို့ သူငယ်ချင်း တွေကို ပြောဖြစ်အောင် ပြောပေးပါတဲ့… သူ အဖမ်း မခံရ ခင်က စာရေးဖို့ မုဒ် ပျက်နေတာ .. ခုတော့ ကုန်ကြမ်းတွေ တလှေကြီး ရပြီ.. ရေးစရာ အတွေး တွေ အများကြီး ရနေပြီတဲ့… အထဲ နေရတာကို သူကပြန်ပြီး ကျေးဇူးတင် နေသေးလား မသိ… အင်း ကောင်းတာပေါ့.. အပြင်မှာဆို လျှောက်သွား နေတော့ ခြေထောက် က အရိုးကျည်းပေါင်းက မကောင်းနိုင်ဘူး ခုတော့ ငြိမ်နေရတော့ ကျန်းမာရေး ကောင်းတာပေါ့.. ဘီယာ မသောက်ဖြစ်တော့ ဗိုက်ကျ တာပေါ့ လို့ အငေါ်တူးပြီး ပြန်ပြောရင် ရီနေမယ့် နင့်ကို မြင်ယောင် မိသေးတယ်…

သံလွင်အိပ်မက် အမှတ် (၁၂) ထွက်ပြီလား…

အမ်ဘီအက်စ် အခြေအနေ ဘယ်လို ရှိလဲ…

သူငယ်ချင်းတွေ အချင်းချင်း တွေ့ဖြစ်ကြသေးလား… တဲ့


ကဲ… မှတ်ကရော… လူကို အကြောင်းမရှိ အကြောင်းရှာပြီး သံတိုင်တွေနောက် ထည့်ထားလဲ စိတ်ကူး တောင်ပံတွေ ဖြန့်ပြီး လုပ်စရာ ရှိတာတွေ ဖြစ်စေချင် တာတွေ အတွေး စိတ်ကူး တွေကို အကောင် အထည် ဖော်လို့ ရကြောင်း သက်သေ ပြနိုင်ပါပြီ… သူချစ်တဲ့ မြန်မာပြည် အတွက် မြန်မာလူမျိုးတွေ အတွက် ဘာလုပ်ပေးဖို့ လိုမလဲ ဆိုတာကိုသာ အချိန်ပြည့် စဉ်းစား နေသည်.. လူကဖြင့် နံရံ လေးဖက် ထဲမှာ.. အဲလိုလူ ကိုမှ နံရံ လေးဖက်ထဲ ထည့်တာ လူကောင်းကို မုန်းသော သူများပါပေ… သူဖြစ် စေချင် တာတွေ ဖြစ်ဖို့ သူငယ်ချင်းတွေ ၀ိုင်းကြိုးစား လိုက်ကြတာ ခုတော့ သံလွင် အိပ်မက် အွန်လိုင်း မဂ္ဂဇင်း အတွဲ ၂၊ အမှတ် ၁ ထွက်လာပါပြီ။ သံလွင်ကို အိပ်မက်ခဲ့တဲ့ သံလွင် အိပ်မက် အယ်ဒီတာ တစ်ယောက်ကို ခုတော့ သံလွင်အိပ်မက်က ပြန်ပြီး အိပ်မက် နေရ ပြန်ပါပြီ။ သူငယ်ချင်းရေ နောက်ခြေလှမ်းတွေ slow and steady ပေါ့နော့… look before you leap … think again before hitting ‘Enter’ key ပေါ့နော.. နင်ပြောဖူးတဲ့ အတိုင်းပဲလေ…

အေးချမ်း (သံလွင်) ခေါ် အိုအေစစ် မောင်ပွတ်က သံလွင်အိမ်မက် ထွက်ပြီလို့ သတင်းပေးလာချိန်က ငါခရီး သွားရင်း တန်းလန်း … ကံကောင်းစွာ ၀ိုင်ယာလက်စ် ကော်နက်ရှင် ရတုန်းလေး အစဉ်လိုက် ကမန်းကတန်း ဖတ်ကြည့်… နင်တို့ ပွေလီ ဗရုတ်ကျ နေကျ ဗေဒင်အရောက် တခွိခွိ ရီရသေးတယ်… မလုပ်လို့ မအား၊ … မအားလို့ မလုပ် မဖြစ်ရလေအောင် မအားတဲ့ ကြားထဲက ဖြစ်အောင် လုပ်တဲ့ ငါတို့ကို နင် အားရ နိုင်ပါစေ သူငယ်ချင်း… နင့်ရဲ့ အတွေး စိတ်ကူး များလဲ လွတ်လပ်စွာ ဆက်လက် ကွန့်မြူး ပျံသန်း နိုင်ပါစေ။
မာတိကာ
အတွဲ ၂ ၊ အမှတ် ၁ ။
အမှာစာ
သံလွင်ဝိုင်းတော်သားများ

ကာတွန်း
အော်ပီကျယ်၊ ကေအန်တီ၊ NNOK၊ Lမီးစု

ကဗျာ
ကမ်းနားသစ်ပင် (ဇေသန်း)

ပိတောက်၏ ငြင်းပယ်ခြင်း (ပန်ဒိုရာ)

ချန်ပီယံ “လု” ပွဲ (ခေလွန်း)

ချစ်သူသိစေဖို့ ... (ချိုဧပရယ်လ်)

အမှောင်ထဲမှာ မြင်ကြည့်ခြင်း (မိုးလှိုင်ည)

ကန့်သတ်ဘဝ (ခန့်ငြိမ်းသက်)

ရယ်လိုက်ပါလားကွာ (ကိုဖြိုး)

အိမ်ပြန်မယ့်အချိန် (နေဘုန်းလတ်)

စာဖတ်သူများထံမှ ပေးစာ
သံလွင်စာဖတ်ပရိသတ်များ

ဆောင်းပါး
သံလွင်စကားဝိုင်း (သံလွင်ဝိုင်းတော်သားများ)

တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ (ညီညီ(သံလွင်))

မြို့ကြီးပြကြီးနှင့် မီးစက်ယဉ်ကျေးမှု (ကိုလေး(ဆေး-၁))

နေ့တစ်နေ့၏ အတွေးများ (ခရေဖြူ)

တောင်ကြီး တန်ဆောင်တိုင် ယဉ်ကျေးမှုနဲ့ အမိမြေ (ခွန်မြလှိုင်)

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား (နေဘုန်းလတ်)

သူတို့ပြောတဲ့ အလုပ်အကြောင်း (အေးချမ်း(သံလွင်))

မျိုးကျော့မြိုင်၊ ဥပဓိအနက်သရုပ်နှင့် စဉ်းစားရန် အတိုအစများ (ရဲစစ်ကောင်းကင်)

စီးပွားရေးသမား၊ ပရောဂသက်ရောက်မှုနှင့် တံတောင်တွတ်ခံရခြင်း (ဇော်ကြီး)

ဝတ္ထုတို
သူငယ်ချင်းသို့ ပေးစာ (သံလွင်မောင်)

မြစ်တစ်စင်း (သက်မာ)

သူမသည် ကမ္ဘာမြေကို မျှား၏ (ပန်ဒိုရာ)

မချိုသော ပန်းသီးများ (မွန်းသက်ပန်(ဆေး-၁))

သူမ၏ အလင်းနှစ်တည်ရှိရာ (နေညိုရနံ့)

လက်ကလေးများ (နန်းသက်ထား)

ဘဝဆက်တိုင်း (ပိုး)

၀၉၅၁...အနာဂတ် (အောင်ပိုင်စိုး)

နေရောင်မဲ့သော ကျွန်မ၏ မနက်ဖြန်များ (မီမီတိုး)

အက်ဆေး
ဘဝကား (မင်းလူ)

စည်းအပြင်မှာ ပွင့်တဲ့ပိတောက် (ကိုဖြိုး)

အတိတ်ကျောင်းမှ အတ္ထုပ္ပတ္တိခြေရာများ (ခရေဖြူ)

စိတ်ကူးမဲ့ မနက်ခင်းများ (မိုးလှိုင်ည)

စည်းလုံးခြင်းသည် အင်အား (ကိုငယ်(မန္တလေး))

ရင်ဝေးငှက်ရဲ့ တောင်ပံခတ်သံ (နေညိုရနံ့)

ကျွန်တော်သိတဲ့ မြို့တော် (ဇင်ကိုလတ်)

စာအုပ်စင်
သံလွင်ဝိုင်းတော်သားများ

အင်တာဗျူး
စာရေးဆရာ ဆရာမောင်သစ်ဆင်းနှင့် စကားစမြည် အပိုင်း (၂)

သီးလေးသီး အငြိမ့်အဖွဲ့နှင့်။

ဗေဒင်
သံလွင်ကဝိ

သီချင်း
သီချင်းကောင်း (၁၀) ပုဒ်

ဓါတ်ပုံ
စိုးဇေယျထွန်း၊ ကိုငယ်(မန္တလေး)၊ ဇင်ကိုလတ်၊ နေဘုန်းလတ်၊ မြင့်ထွန်းလင်း၊ ဖိုးသား၊ ဂျေဂျေ၊ ကိုမောင်မောင်၊ နိုနိုသူ၊ ညီညီ(သံလွင်)။

သို့ ... ကိုသံလွင်
သံလွင်နှင့် အမေးအဖြေ

Thanlwin Ainmat Online Magazine
Volume 2, No 1 (Web Version)



No comments: