Wednesday, January 23, 2008

ကျွန်မ သိတဲ့ ဇန်န၀ါရီ မွေးနေ့ရှင် ဘလော့ဂါများ မွေးနေ့ အသီးသီးမှ သက်ဆုံးတိုင် ပျော်ရွှင်စွာ ဘလော့နိုင်ကြပါစေ..

ဇန်န၀ါရီ 1 ရက် မွေးနေ့ရှင် ဂျေဂျေ
ဇန်န၀ါရီ ၁၂ ရက် မွေးနေ့ရှင် လေးမ
ဇန်န၀ါရီ 19 ရက် မွေးနေ့ရှင် ပင့်ခ်ဂိုးလ်
ဇန်န၀ါရီ 21 ရက် မွေးနေ့ရှင် မင်းသစ္စာ
ဇန်န၀ါရီ 22 ရက် မွေးနေ့ရှင် မအိမ့်ချမ်းမြေ့ (ဘာညာ့ ဘလော့မှာ တွေ့လို့ :) )
ဇန်န၀ါရီ 24 ရက် မွေးနေ့ရှင် မောင်ပွတ် (ဇန်န၀ါရီဖွား ညီအကို သုံးယောက်လုံး :) )
ဇန်န၀ါရီ 25 ရက် မွေးနေ့ရှင် ကိုလင်းဦး
ဇန်န၀ါရီ 29 ရက် မွေးနေ့ရှင် စိန်မမ
ဇန်န၀ါရီ လဖွား ဖြစ်ပေမယ့် မွေးနေ့ ရက်စွဲ မသိလိုက်ရတဲ့ မောင်မျိုးမောင်နိုင် မြလွှာ သိုးမလေး ရွှန်းမီ စမိုင်းမေ တို့ အားလုံး အတွက် မွေးနေ့ ဆုတောင်း ကဗျာလေး ရေးပေး လိုက်ပါတယ်။

မွေးနေ့ဆုတောင်း

အပြင်မှာ မမြင်ဖူးပေမယ့်
စိတ်ချင်းနီးလို့ ခင်မင်
စကားလုံးနဲ့ ဖွဲ့တဲ့ ဘလော့ ကောင်းကင်မှာ
စိတ်ကူး တောင်ပံ ဆန့်လို့ ခရီးနှင်
ငါတို့ရင်ခုန်သံချင်း ပွင့်လင်း ခင်မင် ခဲ့ကြတယ်…

မွေးနေ့တဲ့!!!
ဘ၀ရဲ့ သမိုင်းမှတ်တိုင်
တစ်တိုင်ပြီးတစ်တိုင် ချန်ရစ်
လက်ရှိနောက်ဆုံး တစ်တိုင်ကို
ဘယ်လို ပုံစံနဲ့ စိုက်ထူရစ်မလဲ
အတွေးရဲရဲ အရေးရဲတဲ့ ဘလော့ဂါရေ…

ကလောင်တစ်ခုနဲ့ ဘလော့ပေါ် ခရီးနှင်
နှလုံးသား တွေကို အရောင်ကောင်းအောင် ပြုပြင်နေတဲ့
ကလောင်ရှင်တို့ မွေးနေ့မှသည်
သက်ဆုံးတိုင် အနုပညာနဲ့ ပျော်မွေ့
နှလုံးစိတ်ဝမ်း ချမ်းမြေ့ ကြပါစေ….

4 comments:

Anonymous said...

မှတ်မှတ်ရရ မွေးနေ့ဆုတောင်း ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်..မလှိုင်...။
မလှိုင်နှင့် ..... ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။

ထွန်း said...

ကျေးဇူးပါဘဲ ညီမရေ မွေးနေ့ ဆုတောင်း ကို ယနေ့မှ ဖတ်မိတော့ အသက်၂၅ရက်ငယ်ပြန်ငယ်သွားတယ် လို့ ခံစားရတယ်

Pinkgold said...

မမရေ
ဂျီတော့ကနေလည်း ဆုတောင်းပေးတယ်
ဂျီမေလ်းကနေလည်း မွေးနေ့လက်ဆောင်ပေးတယ်
ဘလောဂ့်မှာလည်း ဆုတောင်းပေးတယ် ဆိုတော့ မမကို သိပ်ချစ်သွားပြီ အာဘွား

ထွန်း said...

Jan bornတွေစုရင် ဘလော့ရွာ တရွာ တည်လို့ ရတယ်