Tuesday, January 22, 2008

ရွှေမြန်မာကို ဘယ်လို စာလုံး ပေါင်းမလဲ

မြန်မာ နိုင်ငံသား များဟာ ရွှေ ကြိုက်တဲ့ လူမျိုး ဖြစ်သလို ရွှေထွက်ရာ မြေကို ပိုင်ဆိုင်သူများလဲ ဖြစ်ပြီး ရွှေရောင် ၀င်းတဲ့ စေတီ ပုထိုး ပေါများရာ အမိ မြန်မာ နိုင်ငံတော်ကို ရွှေ နိုင်ငံတော်လို့ တင်စား ကြပါတယ်။ မိမိ ကိုယ်ကိုလဲ ရွှေများလို့ တင်စား ခေါ်ဝေါ် ကြပါတယ်။ အဲဒါဟာ ဟိုးးးး ပဒေသရာဇ် ခေတ် တည်းက ခုထိ ပါပဲ။ နိုင်ငံခြားရောက် မြန်မာများဟာ အချင်းချင်းကြား မြန်မာလူမျိုး ဆိုတဲ့ စကားလုံး အစား ရွှေလို့ စကားဝှက် သုံးနှုံး ကြပါတယ်။

ရွှေစစ်ရင် ငရဲမီးကို ကြောက်စရာ မလိုဘူး။ ရွှေစစ်ရင် အက်ဆစ် အစားခံတယ်။ ရွှေစစ်ရင် မီး မကြောက်ဘူး ဆိုတဲ့ စကားတွေဟာ ရွှေပန်းထိမ် သမားများ ပြောလေ့ ရှိတဲ့ စကားလဲ ဖြစ်သလို ရှေး မြန်မာ ကြီးများက ကိုယ့်ကိုယ်ကို သီလဂုဏ်၊ အမျိုးသား ယဉ်ကျေးမှု စွမ်းရည် အစရှိတာတွေ အပေါ် ဂုဏ်ယူ ၀ံ့ကြွားစွာ တင်စား ပြောဆို ကြတာလဲ ဖြစ်ပါတယ်။ သီလ လုံခြုံလို့၊ ကိုယ်ကျင့်တရား ကောင်းမွန်လို့ ငရဲကျမှာ မဟုတ်တဲ့ အတွက် သီလကို ယုံကြည်လို့ ငရဲကို ကြောက်စရာကို မလိုသူ၊ အဘက်ဘက်က စမ်းသပ် စစ်ဆေး ခံနိုင်သူ အဖြစ် ဂုဏ်ယူ ၀ံ့ကြွား ကြတာ ဖြစ်ပါတယ်။

၂၁ရာစု ခေတ်သစ် ရွှေ မြန်မာ တို့ကရော … ကိုယ့်ကိုယ်ကို ဘယ်လို ရွှေ မြန်မာ အဖြစ် စာလုံး ပေါင်းနေကြ ပါ သလဲ။ ကိုယ့်ကိုယ်ကို ပြန်မေးကြ စေချင် ပါတယ်။ မိုက်တွင်း နက်လွန်းပြီး ငရဲကျမှာ မကြောက် ရလောက်အောင် လောဘ၊ ဒေါသ၊ ရာဂ မီးတွေ ဟုန်းဟုန်း တောက်နေ ကြလို့လား၊ ဘာကြောင့် ဘယ်လို အကြောင်းကြောင့် ငရဲ မကြောက် ကြသလဲ အဓိပ္ပာယ် ဖွင့်ဆိုမှု စာလုံးပေါင်း ချင်းတော့ မတူ ပါဘူး။ ကျွန်မတို့ ၂၁ ရာစု ရွှေ မြန်မာကို ဘယ်လို စာလုံး ပေါင်းကြ မလဲရှင်။ ကိုယ့်ခေတ်က ရွှေ မြန်မာကို ဘယ်လို စာလုံးပေါင်းနဲ့ သမိုင်း တွင်စေ ချင်ပါ သလဲရှင်။

1 comment:

Pinkgold said...

အမ
ရွှေထက်တဲ့နော်
တစ်ထက်ပဲ ၇ှိတယ်
ရွှေကလည်း စစ်သလား မမေးနဲ့
အမ မယုံရင် လာစမ်းပါလား ဟိဟိ