Monday, November 5, 2007

တောင်းဆု

ကြားဖူးသမျှ အသံတွေထဲမှာ
မောင့်အသံသာ နွေးထွေးဆုံးပါ…
လေထဲ မိုးကြား မျက်ဝန်းများထဲမှာ
မောင့်မျက်ဝန်းကို ယုံကြည်ဆုံးပါ…
ကြုံဖူးသမျှ အသိုင်းအ၀ိုင်းထဲမှာ
မောင့်ဝန်းကျင်သာ ငြိမ်းချမ်းဆုံး နေရာ…

ကိုယ် အကြောက်ဆုံးဟာ
မောင်ဝမ်းနည်းချိန်မှာ မျက်ရည် တစက်မှ မကျမှာ…
ကိုယ် အကြောက်ဆုံးဟာ
မောင် စိတ်မကောင်းဖြစ်ရင် အံကြိတ်ထားလျက် ဖွင့်မပြောမှာ…
ကိုယ် အကြောက်ဆုံးဟာ
မောင့် ခံစားချက်တွေ ယုံကြည်ရင်ဖွင့် မပြောပြမှာ…
ကိုယ် အကြောက်ဆုံးဟာ
မောင့် ရပ်တည်ချက်တွေ ပြောင်းလဲသွားမှာ…

နွေရာသီရဲ့ သစ်ရိပ်အောက်မှာ
မောင် ပူပြင်းမှုကို ကြံ့ကြံ့ခံနိုင်ပါစေ…
မိုးရာသီရဲ့ မိုးစက်တွေ အောက်မှာ
မောင် မိုးခါးရေ စိုရွှဲခြင်းမှ ကင်းပါစေ…
ဆောင်းရာသီရဲ့ နှင်းလွင့်ပျံချိန်မှာ
မောင် နှင်းကိုက်ခံရလို့ ရိဆွေးတဲ့ပန်း ဘ၀က လွတ်ပါစေ…
အခါခါ ရေကာရွတ်ပါရဲ့
တောင်းဆု တဝေေ၀…

1 comment:

စိုးထက် - Soe Htet ! said...

ငယ်မူငယ်သွေးတွေ အတိတ် ပြန်တွေးပြီး ပြထား တယ်ပေါ့ ... :)