ရွက်ကြွေ တစ်လွှာရဲ့ အတ္ထုပ္ပတ္တိ
ဆောင်းနှောင်း နွေဦး
မြူငွေ့ သင်းပျံ့ တစ်မနက်မှာ
ပုရစ်ရောင်ပြေး ရွှေဝါသွေးနဲ့
စိမ်းနုခြယ်သ ပျိုမျစ်တဲ့ ဘ၀နဲ့
ပင်အိုရဲ့ ကိုင်းဖျားနား
ငါမွေးဖွားခဲ့တာပေါ့….
လောကဓံ လေလှိုင်းကြား
ပျော်ပျော်ကြီး ယိမ်းကလို့
နေခြည်နဲ့ အစာချက်
ငါ့ဘ၀ ဟန်မပျက်ပါဘူး
ပင်အိုကို ကျေးဇူးဆပ်လို့
နုငယ်ရာက ရင့်ကျက်
ဥတု သုံးလီ ဖြတ်ပါလို့
ခုတော့.. ငါရွက်ဝါ ဖြစ်ခဲ့ပြီလေ…
နေအကွယ် လေစွယ် တိုက်ချိန်မှာ
ငါ့လက်တွေ မခိုင်တော့ပြီမို့
ကြွေလုပြီ စိုးထိတ် မိပါရဲ့
ဇရာကို ရင်ဆိုင်လို့ အံခဲပြီး တွဲလဲခို
ငါမအိုသေးလို့ ဇွဲတင်း
တကယ်တမ်းတော့… ဘယ်သင်းက ခံနိုင်မှာလဲ….
လောကကိုအလှဆင် လေသန့်စင်ပေးခဲ့ပြီမို့
ပင်အိုကိုကျေးဇူးဆပ် အစာချက်ပေးခဲ့ပြီမို့
မြစ်ဖျားကိုကျေးဇူးတုံ့ဖို့ ညှာကျင်ကိုလက်တွဲဖြုတ်ရင်း
ဆွေရောင်းရင်း ပေါင်းတသင်းနဲ့
ငါပျံဆင်းခဲ့ပြီလေ…
ယမန်နှစ် ဒီအချိန် အခါမှာ
ရွှန်းတင့်စွာ လှပခဲ့ပေမယ့်
ဒီနှစ် ဒီချိန်ခါမှာ တော့
ရွက်ဝါကြွေ မြေခခဲ့ပေမယ့်
ရွက်ကြွေငါ လှပဆဲဟာမို့
ကျေနပ်စွာ နိဂုံးချုပ်ပြီကွယ်
ရွက်ငယ် ငါ့ဘ၀….
(ကိုဖြိုးရေ.. နင် tag တာ ပို့စ် တင်လိုက်ပြီနော်)
1 comment:
ဒီကဗျာလေး အရမ်းကောင်းတယ်ဗျာ ..
Post a Comment