Sunday, November 4, 2007

ဘလော့လေး တစ်ခုရဲ့ တန်ဘိုး

သင့်ဘလော့လေး ဘယ်လောက် တန်နေပြီလဲ ဆိုတဲ့ ပို့စ်လေးကို ဒေါက်တာ စိုးထက် ဆီမှာပဲ တွေ့ရပြန် ပါရော။ ဒါနဲ့ ဘလော့ ချင်စိတ် နည်းနည်း ပျောက်နေတဲ့ ကိုယ့်ကိုယ်ကို အားပေး နိုင် မလားလို့ စိတ်ပြေလက်ပျောက် စမ်းကြည့် မိတယ်။ အမယ် ဒီလောက်တဲ့ တော့…


My blog is worth $23,710.68.
How much is your blog worth?



တကယ်က ဒါလေးနဲ့ အပျော်သာ စစ်ကြည့်မိတာပါ။ ဘယ်လို လေတိုက်တိုက်.. မုန်တိုင်းထဲ ကနေ ကိုယ့် ဘလော့ကို လာဖတ် နေကြတဲ့၊ စီဗုံးနဲ့ ကွန်မန့်တွေမှာ လာအားပေး နေကြတဲ့၊ ချစ်စွာသော သူငယ်ချင်းများနဲ့ စာဖတ် ပရိသတ် ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေ ပေးပြီး ရောင်ပြန် ဟပ်ထားတဲ့ စေတနာ၊ မေတ္တာ တန်ဖိုး ကတော့ တန်ဖိုး ဖြတ်မရ ပါဘူး။ တခါတလေ မှာ ကိုယ်ပိုင်အား မရှိတော့ လောက်အောင် အားပြတ် တတ်ပေမယ့် ဒီလို အားပေးသူတွေ ဆက်ပေးတဲ့ အားနဲ့ ပြန် နာလန်ထူ ခဲ့ရ ပေါင်းလဲ များပါပြီ။ ဒါကြောင့် အားလုံးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဆက်လက် ကြိုးစား သွားပါမယ် နော်…

1 comment:

စိုးထက် - Soe Htet ! said...

တန်ဘိုးက ကျွန်တော့် နှစ်ဆ ရှိတယ်ဗျ ... :)