Thursday, November 1, 2007

ပညာတတ် တချို့တွေလေ

ပညာရှိ သတိ ဖြစ်ခဲတာလား…
ပညာတတ် အမျက် သိမ်သိမ်မွေ့မွေ့ အပြင်ထွက်တာလား…

တက်ကြွလှုပ်ရှားသူတချို့ ရန်လိုသူလို့ ကင်ပွန်းတပ်ခံရ
တည်တည်ငြိမ်ငြိမ် ကျိုးကြောင်း ရှင်းပြတာကို စိတ်ဆိုးတယ်လို့ စွပ်စွဲလို စွပ်စွဲ
ရပ်တည်ချက် ခိုင်မာမိရုံနဲ့ ခေါင်းမာသူလို့ နာမည်ကျော်
လိုရင်းရောက်ဖို့ ၂ဖက် မျှတွေး ပြမိလို့ ခြံစည်းရိုး ခွထိုင်သူလို့ ပြောလိုပြော
တော်လှန်ရေး စကားမပြောရင် သစ္စာဖောက်သူ ဖြစ်ကရောတဲ့လား
မခံရစေချင်လို့ ချပြမိခဲ့ဖူးတဲ့ ဇာတ်လမ်းနဲ့ ပြန်စွပ်စွဲလား စွဲ
မျှော်လင့်ချက်မဲ့ စေတနာတွေ ကတ္တရာအိုးထဲ အသွန်ခံ ခဲ့ရသေး
မေ့လိုက်ကြစို့လို့ ပြောနေလျက် ငါ့နောက်ကျောမှာ ချိန်ကိုက်ဗုံး မကပ်နဲ့
အရက်စက်ဆုံး အဓိပ္ပာယ် သီတဲ့ဓားနဲ့ အနူးညံ့ဆုံး ထိုးသတ်သွားတာ ကြင်နာမှုလား
ဒီလိုပါပဲ
စေ့စပ်ညှိနှိုင်းပေးပါ တစာစာနဲ့ အကူအညီ တောင်းလား တောင်းရဲ့
အခါခါ နွားကျမိတဲ့ ကျွန်တော်မျိုးမ ထောင်ချောက်ထဲကို တည့်တည့်ကျ
၂ဖက်သား ပြောစကားမတူမှတော့ ငါကတူအောင်ပြောရင်း ဖျန်ဖြေလို့ရမလား
ဒါနဲ့ပဲ နှစ်ဘက် ရန်တိုက်ပေးသူလို့ နာမည်ကျော် ခဲ့ရပြန်ပေါ့
ပညာတတ် အမျက် လှပချက် ကမ်းကုန်သဟဲ့
ဖာတလုံးခေါင်းကျား လိုပဲ အော်လိုက်ချင်ရဲ့
(((ဟဲ့…. အသင်လောက)))

(စိတ်ရှုပ်လို့ ဘလော့ လောကရော လူ့ပတ်ဝန်းကျင်ကိုပါ ကျောခိုင်းပါဦးမည်။ ပြန်လာ/မလာ မသေချာပါ။ လုပ်ထားခဲ့သော စုပေါင်း ဘလော့လေးရဲ့ အက်ဒမင်အဖြစ် မမယ်လိုဒီမောင်ကို လွှဲအပ်ပေးခဲ့ပါတယ်။ )

3 comments:

KhunMoung said...

အောက်တိုဘာလကုန်ပြီနော်။ ပြန်လာတော့။ :D

Mintasay said...

ကလောင်နာမည်ချိန်းထားတော့ ဘယ်သူမှန်းမသိဘူးဗျ

MELODYMAUNG said...

ဘယ်ကိုသွားမှာလဲ ဘာမပြောညာမပြောနဲ့ ရဘူး ပြန်လာ အနော်တစ်ယောက်တည်းဆို လုပ်ဘူး ပြန်လာ ပြန်လာ ဒါပဲ ငှက်ငှက်ငှက်