Thursday, October 18, 2007

မှတ်လောက်သားလောက် အသံဝဲမှုများ

အီတလီ။ ။ အိုင် ၀မ့်ထ် နာတူရယ် ဂျမ်စတုန်း ယူရွတ်ဂျန့်တလီး (နေချရယ်=natural ကို နာတူရယ်လို့ အသံထွက်လိုက်တာပါ) (အားဂျန့်တလီး= urgently ကို ယူရွတ်ဂျန့်တလီး ပါတဲ့)

ထိုင်း။ ။ ၀မ်းပလိတ်အော့ဖ် စပါ… ဂတီးးး အန် မာကလို နီးးးးးး (one plate of spaghetti and Macaroni)

ကမ္ဘာပတ်နေတဲ့ သူတို့ရဲ့ အသံထွက် အလွဲတွေကြောင့် ကလေးဘ၀က အညာမှာ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် အားရပါးရ စာအော်ကျက်သံလေးကို ပြန်သတိရပြီး ပြုံးမိပါတယ်။

မြန်မာ။ ။ စပယ်ရိုး စာကလေး၊ အောက်က ဆင်း နွား၊ ဘဖယ် လိုး ကျွဲ

မှားပါတယ် ကိုယ့်ဆရာတို့ ရယ်…

7 comments:

Anonymous said...

ဘလယ်ဒီဖူး = ဘီလူးတွေဖယ်

ကလိုစေးထူး said...

ဒီထက်ပို မှတ်သားချင်ရင် ဦးဉာဏ်ဝင်းရဲ့ အင်္ဂလိပ်စကားကို နားထောင်ကြည့်ပါလား။ :D စကားလုံးနဲ့တောင် ရေးပြလို့ မတတ်ဘူး။

ပီကေ said...

၀က္တအစ္စဒစ္စ။ ဒစ်စအစ်စ အေဘွတ်ခ။
What is this? This is a book.

nu-san said...

မခွန်မြလှိုင်ရေ.. ဒီပို့စ်ဖတ်မိတော့ အမ တစ်ယောက်တည်း ပြုံးမိတယ်.. မန်နေဂျာ မမ က ဗစ်တနမ်၊ ဗစ်တနမ်ဆိုပြီး သူစကားပြောရင် ထည့်ပြောတတ်တော့ အစက ဘာပြောမှန်း မသိဘူး.. နောက်မှ ဗီယက်နမ်ကို ခေါ်တာမှန်းသိရတာ.. တခြား ကွန်ပျူတာ အသုံးတွေလည်း အဲဒီလိုပဲ... NULL ဆိုရင် အမတို့က နားလ်ဆိုပြီး ခေါ်ရင် သူက နူး တဲ့.. Radio Button ဆိုရင် သူက ရာဂျိအို ဘိုတန်တဲ့.. :D ရှိသေးတယ်.. ရှိသေးတယ်..

nu-san said...

ထပ်ပြောအုံးမယ်... သတိရလာလို့.. ကျောင်းတုန်းက သူငယ်ချင်းတွေ နောက်ထားတာလေ..
book - ဘွတ်.. လေလည်သည်။
a hook -အဟွတ်.. ချောင်းဆိုးသည်တဲ့.. အများကြီးပဲ နောက်ထားကြတာ.. အမ မမှတ်မိတော့လို့.. :D :D

MYO HAN HTUN said...

ဒီလိုပါပဲ ..

"0" ကို

ကုလားခေါ်တော့ “ဂျီးရိုး”
မြန်မာခေါ်တော့ “ဇီးရိုး” (ကိုယ့်မြန်မာမို့ မြှောက်ပြောတာမဟုတ်ဘူး .. တော်တော်နီးစပ်သလားလို့) ..
တရုတ်ကခေါ်တော့ “ဆီးလိုး”

ဘိုအသံပေါက်ချင်ရင်တော့ “R” သံပါအောင်ခေါ်ပေါ့ ..
အင်း .. ဖြစ်နိုင်ရင်တော့ မွေးကတည်းက သွားနေတာပဲ ကောင်းပါတယ် .. ဟီး ..

ကိုတိုး

ရွှေဂျမ်း said...

ဒီပို့စ်ကို ဖတ်မိတော့ ၁၀တန်းတုန်းက ဆရာမကို သွားသတိရတယ်။ Wuthering Heights ထဲက weatherbound ကို့ ၀က်သားပေါင်း (၀က်သပေါင်း)လို အသံထွက်လို့။ အဲဒီတုန်းက ရယ်ရသလောက် အခုတော့ စိတ်မကောင်းတောင် ဖြစ်မိပါတယ်။