Tuesday, October 16, 2007

မှ... သို့... ဒဏ်ရာရှင်

ငါဟာ ပိုးကိုက်ခံ ပန်းဖူးလေး တစ်ခု ဖြစ်ခဲ့ဖူးတယ်..
ဆက်ပွင့်ရင် မလှမှာ စိုးလို့ ...
ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး ...

ပန်းဆိုတဲ့အမျိုးက မျိုးဆက်သစ်အတွက်
ပွင့်ဖို့တာဝန် က အဓိက..
လှဖို့တာဝန်က သာမညမို့ ..

ဆက်သက် ရှင်သန်ပါရစေ ..
ဆက်လက် ဖူးပွင့် ပါရစေ...
ပွင့်ဖျက်ပိုးကိုတော့ ဂရုမစိုက် အားတော့လို့ ..

နှလုံးသားလေးရေ
ပြန်လည် နိုးထပေးပါ
ပြန်လည် ရှင်သန်ပေးပါ
မင်းရဲ့ စည်းချက်ကျ မြည်သံမှာ
ယိမ်းနွဲ့ ကခုန်ကြမယ့်
စောင့်စားနေတဲ့ ပန်းဖူးတွေလေ….


1 comment:

ပီကေ said...

ကာရံမလှ၊ စည်းချက်မကျလည်း
ဒါဘ၀လို့ နားလည်လိုက်ပေါ့။
သွားလမ်းမကြုံ၊ ပစ်မှတ်မဆုံလည်း
ပုံလို့ရတဲ့ကံကိုပဲ စွဲချက်တင်လိုက်ပါ။