Sunday, August 12, 2007

ပန်းတိုင်မဲ့လှေကား

ကြိုးစားပမ်းစား တက်လှမ်းခဲ့လိုက်ရတာ…
လှမ်းမျှော်ကြည့်လို့မြင်ရတဲ့
သည်လှေကားအဆုံးက စိမ်းလန်းခြင်းလွင်ပြင်
တနေ့တော့ရောက်နိုးနိုး
အံခဲလို့ကြိုးခဲ့ပေါ့


ယုတ်လိုက်ကဲ့အကြံအစည်နဲ့
စီရင်တဲ့သည်လှေကားကိုမှ
ရွေးခွင့်မဲ့တက်ခဲ့ရတဲ့
ငါတို့ ရဲ့
ရိုင်းလိုက်တဲ့ကံကြမာလေ….

အဖျားရှူးတစ်ဖက်ပိတ်နဲ့
မျှော်လင့်ချက်ပေးပြီးမှရိုက်ချိုးတဲ့
မျိုးမစစ်သည်လှေကား
လောကကြီးကနေပေါ့
ကွယ်လို့သာပျောက်စေချင်ရဲ့
ယုတ်နိမ့်တဲ့အတွေးတွေ
သည်မြေကကွယ်ပျောက်စေဖို့
သူငယ်ချင်းတို့ရေ….
ဖျောက်ဖျက်စို့လား။ ။


No comments: