Wednesday, July 4, 2007

ကောင်းကင်မဲ့ငှက်

ကောင်းကင်မဲ့ငှက်
ကျွန်တော် ဘာငှက်ပါလိမ့်
တောင်ပံနဲ့ ခွန်အား
လုံလောက်အောင် ရှိငြားပေမယ့်
ပျံသန်းခွင့်တွေ ဆုံးရှုံး
အမုန်းရင်ဝယ် မပိုက်ချင်ပါဘူး၊

ပျံခွင့်မဲ့ ငှက်များ
ဘာလုပ်ကြသလဲ အကဲခတ်
ပတ်ဝန်းကျင်ကို ဖျတ်ခနဲကြည့်
ဟယ်...သူတို့ ရေကူးတတ်တယ်၊

ပျံခွင့်မဲ့ ရေမကူးတတ်တဲ့သတ္တ၀ါ
ကျွန်တော်လုပ်နိုင်တာ ဘာကျန်ပါလိမ့်
ကမ္ဘာ့ နံပါတ်တစ် ချန်ပီယံ
မာရသွန်ဝင်တဲ့ အပြေးသမား
Emu ငှက်လိုပေါ့
ခွန်အားအပြည့်နဲ့ ပန်းတိုင်အရောက်
ကျွန်တော် ဆက်လက်ပြေးသွားဦးမယ်
ရနိုင်သမျှနည်းလမ်းတွေနဲ့ပေါ့။ ။

No comments: