Wednesday, June 13, 2007

ဓာတ်ခဲတစ်လုံးရဲ့ ဘဝ

သူ့အတွက်နဲ့ ကိုယ့်အတွက်
ဘယ်သူ့ဖက်ကိုမှ မထိခိုက်စေချင်လွန်းတဲ့ငါ
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို
ဦးစားပေးတတ်လွန်းတဲ့ငါ
အလယ်လမ်းကိုလိုက်ဖို့
ချိန်ခွင်လျှာကိုရှာဖွေရင်း
ချစ်ချင်ရက်နဲ့ ချစ်ရကောင်းနိုး
လွမ်းချင်ရက်နဲ့ လွမ်းရကောင်းနိုး
မွတ်သိပ်ခြင်းအပြည့်နဲ့ ရင်တစ်ခွင်လုံးက
ခံစားချက်တွေ ဗလာကျင်းလို့
ဆိုးလိုက်တဲ့ဝေဒနာရယ်…
အချိန်တွေကုန်လွန်ခဲ့ကာမှ
ရဲရဲကြီး မချစ်မိ၊ မလွမ်းမိတာကို
နောင်တများရနေမလား
သက်သာရာရနေမလား
မရေရာတဲ့လောကအလယ်
မသေချာတဲ့လမ်းတွေပေါ်
ဖြစ်ချင်မှုဆန္ဒတွေ တနင့်တပိုးနဲ့
ခံစားရဲဖို့ မဆုံးဖြတ်ရဲသူ
တဇွတ်ထိုးနာမည်ရှင်တစ်ယောက်ကတော့
လေးကန်ကန် လျှောက်လှမ်းဆဲ…

No comments: