သီတင်းကျွတ်မှာတမ်း သို့မဟုတ် ချိန်ခွင်တစ်လက်ရဲ့ မှတ်တမ်း
သီတင်းကျွတ်လကို နက္မ္ခတ် တာရာများကို လေ့လာ လိုက်စားသူများက တူရာသီလို့ ခေါ်ဆိုပြီး နက္မ္ခတ် ရာသီ၏ ရုပ်ပုံကို သည်ရာသီတွင် ထွန်းလင်း တောက်ပဆုံး ကြယ်စု၏ ပုံအတိုင်း ချိန်ခွင်တစ်ခု ၏ ပုံသဏ္ဍာန်ဖြင့် ဖော်ကျူးကြလေသည်။ ဆယ့်နှစ်လ ရာသီရှိသည့်အနက် ကျန် တစ်ဆယ့်တစ် ရာသီ တို့သည် လူ သို့မဟုတ် တိရစ္ဆာန် ရုပ်ပုံများနဲ့ကိုယ်စားပြု ခံရသော်လည်း တူရာသီ သီတင်းကျွတ်လ တစ်ခုတည်းသာ တမူထူးခြားစွာ သက်မဲ့ ချိန်ခွင်တစ်ခု၏ ပုံသဏ္ဍာန်ဖြင့် ကိုယ်စားပြု ဖော်ပြခြင်း ခံရလေသည်။ သည်နေရာမှာ သတိထား ရမှာက တူရာသီကို ကိုယ်စားပြု သူမှာ ချိန်ခွင်ကို ကိုင်ဆောင် ထားသောလူ မဟုတ်ဘဲ ချိန်ခွင်သက်သက် ကသာ ကိုယ်စားပြုတာ ဖြစ်လေသည်။ ထို့အတူ ချိန်ခွင်ရုပ်ကို ကိုယ်စားပြုခံရတဲ့ တူရာသီဖွား များသည် မျှတမှု၊ ဘက်မလိုက်မှု၊ တရားစီရင် ဆုံးဖြတ်ရာတွင် တိကျ ပြတ်သား မှန်ကန်စွာ လုပ်ဆောင်တတ်မှု တို့နှင့် ပြည့်စုံသည်ဟု နက္မ္ခတ် ဗေဒင်ကျမ်းများက ပြဆိုထားသည် ကို စာရှုသူတို့ ဖတ်ရှုဖူးကြမည်ဟု မျှော်လင့်ပါသည်။ သို့သော် စာရေးသူကတော့ နက္မ္ခတ်ကျမ်း များထက် ချိန်ခွင်တစ်လက်၏ တန်ဖိုးကိုသာ ပိုမို စိတ်ဝင်စား မိပါသည်။ သို့သော် တလောက Online Forum တစ်ခုတွင် တစုံတယောက်ကို မကျေနပ်ရုံမျှဖြင့် ကျန်လူများကိုပါ သိမ်းကျုံးကာ ပုတ်ခတ် စော်ကားရာ ကျသော "တူရာသီဖွား များဟာ ချိန်ခွင်ကိုင်လျက် အလေးခိုးသူတွေ " လို့ ရေးသားထားတဲ့ စာတစ်ကြောင်းကို ဖတ်လိုက်ရတဲ့အတွက် အကျိုးအကြောင်း ဂဃနဏ မသိဘဲ ရမ်းသမ်း စွပ်စွဲကာ ၀ါးလုံးရှည်နှင့် သိမ်းကျုံး ရမ်းတတ်သော အဆိုပါ စာရေးသူု နောက်နောင် သတိထားမိစေဖို့ ရည်ရွယ်ရင်း ပေါ်ပေါက် လာသော အတွေးတစ်စကို ဝေမျှဖို့သည်ဆောင်းပါးကို ရေးမိခြင်း ဖြစ်ပါသည်။
ချိန်ခွင် တစ်လက်ကို လူသားတို့ မည်သည့် ခေတ်က စတင်တီထွင် သုံးဆောင်ခဲ့ ကြတယ်ဆိုတာ စာရေးသူ မသိပေမယ့် သည်ချိန်ခွင်ဟာ ဘာအတွက် သုံးတယ်၊ ဘယ်လို အသုံးကျတယ် ဆိုတာကိုတော့ ဈေးသည် မဟုတ် ပေမယ့် ဈေးဝယ်ဖူးတဲ့ အမျိုးသမီး တစ်ဦးပီပီ ကျွန်မ ကောင်းကောင်း သိပါသည်။ သူ့ဘက် ကိုယ့်ဘက် ညီညီမျှမျှ ဖြစ်အောင်၊ တန်ရာတန်ကြေး ဈေးဖြတ်နိုင်အောင် ဆုံးဖြတ်တဲ့ နေရာမှာ တရားမျှတမှုနဲ့ ဘက် မလိုက်မှုကို ကိုယ်စားပြုကာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတတ်တဲ့၊ ငွေကြေးနဲ့ နှိုင်းလို့မရတဲ့ ယုံကြည်မှု တန်ဖိုးကို ဆောင်နေတဲ့ ချိန်ခွင်ကို ကျွန်မအလွန်ပဲ တန်ဖိုးထားပါသည်။ ချိန်ခွင်ကို ပြုလုပ်သူရော၊ သုံးစွဲသူ များဟာ လူသားများ ဖြစ်ပါတယ်။ ထို့ပြင် ချိန်ခွင်ရဲ့ ချိန်ခွက်ထဲမှာ ထည့်သွင်း အသုံးပြုရတဲ့ အလေးများကို ပြုလုပ်သူ ဟာလည်း လူသားပဲဖြစ်ပါသည်။ အလေး ချိန်ခွင်ကို မမှန်မကန် လုပ်ပြီး လိမ်လည်ကာ စီးပွားရေး လုပ်စားသူများဟာ ချိန်ခွင်ကို ခိုးလို့မရပါဘူး၊ ချိန်ခွင်ဟာ စံပြအဖြစ် တန်းလန်းချိတ် ခံထားရရင်း ဘက်ညီမှုကို တာဝန်ကျေစွာ ထမ်းဆောင် နေရတာ ဖြစ်ပါသည်။ ချိန်ခွင်ရဲ့ ချိန်ခွက်ထဲမှာ ထည့်သွင်း အသုံးပြုရတဲ့ အလေးများရဲ့ ပမာဏ ကသာ ဈေးရောင်းသူ အကြိုက် စီစဉ်ထားတာ ဖြစ်ပြီး အလေးကိုသာ ခိုးလို့ရပါတယ်။
တန်ရာတန်ကြေးနဲ့ ညီမျှစွာ ရသင့်တာကို မရနိုင်ဘဲ လျော့နည်းစွာ ရတဲ့အတွက် အသင် ဈေးဝယ်သူဟာ မည်သူ့ကို အပြစ်တင်ချင် ပါသလဲ။ ချိန်ခွင်ကိုလား၊ အလေးကိုလား၊ ဈေးရောင်းသူကိုလား။ ဈေးရောင်း သူရဲ့ စာရိတ္တကို သိသိချည်းနဲ့ ပြန်မပြောရဲ ထောက်မပြရဲလို့ မလွှဲမရှောင်သာ ဆက်ဆံကာ ဈေးဝယ်ရင်း အလေးခိုးမှု ကို ချိန်ခွင် မကောင်းလို့လို့ လွှဲချနေတဲ့ ဇာတ်လမ်းများကို ကြားရတာ များလာကြောင့် ပုဂံခေတ်က ဒဏ္ဍာရီ တစ်ပုဒ်ကို ပြန်ပြောင်း သတိရရင်း ဖောက်သည် ချလိုက်ရပါတယ်။
ပျူများအဖြစ် အာရှတလွှား တရုတ်နိုင်ငံ တောင်ပိုင်းမှ အင်ဒိုနီးရှား နိုင်ငံ ဆူမတြား ကျွန်းဆွယ် ထိ ဖိန့်ဖိန့်တုန် ကျော်ကြားခဲ့တဲ့ သရေခေတ္တရာ ပြည်ကြီးမှာ သိကြားမင်းက ပုဂံဘုရင်ကို ဆက်သထားတဲ့၊ နတ်မျက်စိ ရှိတဲ့ ညှပ်ကြီးတစ်ချောင်း ရှိပါသတဲ့။ လိမ်ညာမှုအတွက် အငြင်းပွားသူတွေဟာညှပ်ကြီးရှေ့မှာ သစာဆို ကာ မိမိရဲ့ လက်ကို ညှပ်ကြီးထဲမှာထားရပါသတဲ့။ နတ်မျက်စိ ရှိတဲ့အတွက် လူလိမ်ကိုသိတဲ့ ညှပ်ကြီးက လိမ်ညာ သစာ ဆိုသူရဲ့ လက်ကို ဖြတ်ပစ်ပါသတဲ့။ တစ်ရက်မှာတော့ ဒါယကာ တစ်ယောက်နဲ့ ထိုသူ က ယုံကြည် စိတ်ချလို့ အပ်နှံထားတဲ့ ပစည်းကို လိုချင်စိတ် ကြောင့် ပြန်ပေးပြီးပြီလို့ လိမ်ညာ ပြောဆိုတဲ့ ရသေ့လိမ် တစ်ယောက်တို့ ညှပ်ကြီးဆီကို သစာဆိုပြီး အဆုံးအဖြတ် ခံဖို့ အတူတူ ရောက်ရှိလာပါသတဲ့။ ဒါယကာက သစာဆိုပြီး လက်ကို ညှပ်ကြီးထဲမှာ ထားတဲ့အခါမှာ သူ့ရဲ့သစ္နာ မှန်တဲ့အတွက် လက်အဖြတ် မခံရပါဘူးတဲ့။ သည်အခါမှာ ရသေ့လိမ်က "ငါသစ္နာဆိုခိုက် ငါ့တောင်ဝှေးကို သင်ခဏယူထား " လို့ပြောပြီး ဒါယကာရဲ့ ပစ္နည်းကို ထည့်ဖွက်ထားတဲ့ တောင်ဝှေးကို ဒါယကာထံ ခဏ လှမ်းပေးပါသတဲ့။ ပြီးမှ ငါ့ဒါယကာထံ သူ့ရဲ့ပစည်းကို ပြန်ပေးပြီးပါပြီ။ သစ္နာ မှန်ခဲ့ရင် လက်အဖြတ် မခံရပါစေ သတည်းလို့ လူကြား ကောင်းအောင် ကြွေးကြော် ပါသတဲ့။ ကလိမ်ကကျစ် လက်တလုံးခြား လုပ်တဲ့ ရသေ့ကြောင့် နတ်မျက်စိရော ညှပ်ကြီးမျက်စိပါ လည်သွားပါ တော့တယ်။ ဒါယကာရဲ့သစာရော၊ လက်ကို ညှပ်ကြီးထဲမှာ မထားခင် တောင်ဝှေးကို ပေးထားတာကရော အမှန်ဖြစ် နေတဲ့အတွက် သည်လို ကလိမ်ကကျစ် ဒဏ်ကို ယိုသူမရှက်၊ မြင်သူရှက်ပြီး သည်လိုလူမျိုး ရှေ့မှောက်မှာ မနေလိုတော့တဲ့ ဟာ ချက်ချင်းပဲ သရေခေတ္တရာ ပြည်ကပျောက်ကွယ်သွားပါတော့သတဲ့။ ညှပ်ကြီး ပျောက်ပြီး မကြာခင်ပဲ ပုဂံပြည်မှာ ငါ့ဆန်ကော ဆိုတဲ့ အော်သံနက်ကြီး ကြောင့် လူတွေ ထိတ်လန့်တကြား ပြေးလွှားကြ ရင်း သရေခေတ္တရာ ပြည်ပျက်တယ်လို့ သည် ဒဏ္ဍာရီကဆိုပါတယ်။
သည်ဇာတ်လမ်းကို ယုတ္တိ ရှိအောင် စဉ်းစား ကြည့်ရင် အချက်သုံးချက်ကို အခြေခံပြီး စဉ်းစား ကြည့်ရမှာ ဖြစ်ပါတယ်။ သည်အချက်များ ကတော့ မြန်မာ့အကျင့် လို့တောင် ပြောရင် ရနိုင်မယ့်
၁. မြန်မာတို့ရဲ့ နာမည်ပြောင် ပေးတတ်လွန်းတဲ့ အကျင့်
၂. သွယ်ဝိုက်ပြီး ပြောတတ် ဆိုတတ် စောင်းမြောင်း ပြောတတ်တဲ့ အကျင့်
၃.ငါတကော ကောကာ လုပ်ချင်ရာ ထင်ရာစိုင်းပြီး လုပ်တတ် ကိုင်တတ်တဲ့ အကျင့်တို့ ဖြစ်ပါတယ်။
သိကြားမင်းကပေးတဲ့၊ နတ်မျက်စိရှိတဲ့ ညှပ်ကြီး ဆိုတာဟာ သမာသမတ်ရှိပြီး လူလိမ်လူညာ ခွဲခြား သတ်မှတ် ဆုံးဖြတ်ကာ သက်သေပြတဲ့ နေရာမှာ အမှုလိုက် တော်လွန်းတဲ့ ဉာဏ်အမြင် စူးရှသူ တရားသူကြီး ကို တင်စား ပြောဆိုတာ ဖြစ်နိုင်ပြီး ညှပ်ကြီး ဆိုတာကတော့ အကွပ်အညှပ် အပြစ်ပေး ကြမ်းတမ်းလို့ သူ့ကွယ်ရာမှာ သည်တရားသူကြီးကို နာမည်ပြောင်နဲ့ ခေါ်တာ ဖြစ်နိုင်တယ် လို့စဉ်းစားလို့ ရနိုင်ပါတယ်။ သည်ဒဏ္ဍာရီ ဟာ တိုင်းပြည် တပြည်မှာ တရားဥပဒေက မနိုင်တော့ လောက်အောင် ကလိမ်ကကျစ် လုပ်သူ များလာရင် တိုင်းပြည် ပျက်တတ်တာကို ရည်ညွှန်းတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ညှပ်ကြီး ပျောက်ပြီး မကြာခင်ပဲ သရေ ခေတ္တရာ ပြည်မှာ ငါ့ဆန်ကော ဆိုတဲ့ အော်သံနက်ကြီးကြောင့် လူတွေ ထိတ်လန့်တကြား ပြေးလွှားကြတယ် ဆိုတဲ့နေရာမှာ ငါ့ဆန်ကော ဆိုတာဟာ ငါတကော ဆိုတဲ့ မြန်မာစကားကို ဆိုလိုဟန် ရှိတယ်လို့ ယူဆရပါတယ်။ ညှပ်ကြီးဆိုတဲ့ တရားဥပဒေ မရှိတော့ သို့မဟုတ် မစိုးမိုးနိုင်တော့တဲ့ နောက်ပိုင်း မှာ ငါတကော ကောကာ ကိုယ့်တရား ကိုယ်စီရင်သူ များလာတဲ့အခါ လူအများဟာ ထိတ်လန့်တကြား ပြေးလွှားကြရမှာလည်း အမှန်တကယ် ဖြစ်တာကြောင့် လူဆိုး သူပုန်များလို့ တိုင်းပြည်ပျက်တယ် လို့ယူဆ နိုင်ပါတယ်။ ဒါကြောင့် သည်ဒဏ္ဍာရီဟာ တိုင်းပြည်ပျက်ခါနီး အခြေအနေကို သတိပေးတဲ့ ပုံပြင်တစ်ပုဒ်လို့ ယူဆမိပါတယ်။ အခုအချိန်မှာလည်း ဗုဒ္မ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်မှာ ဗုဒ္မ္ဓဘာသာ ကိုးကွယ်သူ မြန်မာလူမျိုး ဖြစ်လျက်နဲ့ ခိုးမှုလိမ်မှု ဆိုတဲ့ မတရားမှုများကို ကျူးလွန်ရင်း တရားခံအတုကို ရှာရာမှာ "ချိန်ခွင်က အလေးခိုးတယ် "ဆိုသလို တစ်ယောက်က အဆိုတင်သွင်း၊ အဂတိလေးပါး လိုက်စားသူများက တစ်ယောက် တစ်ပေါက် ထောက်ခံကာ ကျန်သူများကပါ အတည်ပြု ပေးနေကြလျှင်ဖြင့် မကြာခင် အမှန်တရား မှေးမှိန် ပျောက်ကွယ်ကာ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အကျင့်ပျက်မှု ခြစားရင်းလက်ရှိ မြန်မာ ပြည်ဟာ သရေ ခေတ္တရာ ပြည်ကြီး ပျက်စီးသလို ပျက်စီးဖို့ ရှိနေပါကြောင်း သတိပေးလိုက် ရပါတော့သည်။

No comments:
Post a Comment