Wednesday, June 13, 2007

တုံ့မယူလိုတကား...

သံသရာဆက် ကြွေးဟောင်းပြစ်ချက် အကြေဆပ်ဖို့သင်ပြုရက်တဲ့ အပြစ်ဒဏ်တွေ ပိုနေပါလည်းလက်စားချေ ပြန်တလှည့်အခွင့်ကိုဒေါသပူ၊ သောကပူခံရင်းငါတုံ့မယူလိုတကား...

ချစ်၊ မုန်းနှစ်ပင် သံယောဇဉ်တို့ပြီးပြတ်ပြေပျောက် လွန်ခါမြောက်သော်နင့်ကြွေးယူရန် သံသရာတကွေ့ပြန်ခါမှ မတွေ့ချင်ပြီမို့ငါတုံ့မယူလိုတကား...

ကြွေးပြန်ရရေး သံသရာဘေးနှင့် အို၊ နာ၊ သေမှု အစုစုကို ရင်ဆိုင်ရင်းစောင့်ဆိုင်းဖို့လွန်စွာကို မတန်တာမို့သူ့ကြွေးရှိသမျှ ကြေအောင်ဆပ်ရင်းကိုယ့်ကြွေးရှိသမျှ လျော်စေရင်း ချစ်ကြွေး၊ မုန်းကြွေး၊ သံယောဇဉ်ကြွေးရန်စကြွေးတွေအကုန်စွန့်ရင်းသံသရာမှ မှန်စွာထွက်ချင်တာမို့ငါတုံ့မယူလိုတကား...

No comments: