Saturday, December 4, 2010

ခွန်မြလှိုင်ရဲ့ ပုံရိပ် ဟောင်းများ

အမကေ က တဂ်ထားတာ ၂လနီးပါး ရှိပါပေါ့။ ခက်တာ ပို့စ်က တဂ်ထားတာသိတာနဲ့ ခရီးက ထွက်လိုက်ရ တော့တာ.. ပြန်ရောက် တော့လဲ ခရီးက ပါလာတဲ့ အလုပ်တွေနဲ့ ခ၇ီးထွက်နေတုန်း နောက်ပိုင်းက တအိမ်လုံး ဗြောင်း ဆန်နေအောင် ဖွ ရှုပ်ထားတဲ့ ၀ူနုမာန်လေး (သမီးက ဆော့လိုက်တာ ၀ူခုံးလား ဟနုမာန်လား ဆိုတော့ သူ့ ကိုယ် သူ ၀ူနုမာန် တဲ့… တနှစ်ခွဲသမီးက ဖြေတဲ့ စကား) ရဲ့ ကျေးဇူးကြောင့် အလုပ်ကြွေးတွေ မနည်းမနော တင် သွား ရာက ခုတော့ တဂ်ကြွေး ဆပ်ပါပြီ။


တက္ကသိုလ်တုန်းက ပုံရိပ်ဟောင်း ဆိုပေမယ့် ဘလော့ဂါ အသိုင်းအ၀ိုင်းမှာတော့ မြန်မာနိုင်ငံထဲက တက္ကသိုလ် က ပုံရိပ်ဟောင်း တွေကိုတော့ ပိုကြည့်ချင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် စီးပွားရေး တက္ကသိုလ်ထဲ စာရင်းကိုင် တက်ဖူးတုန်းက ဓာတ်ပုံတွေက ကိုယ်နဲ့ အတူ ထိုင်းကို ပါမလာ.. အဲဒီတုန်းက ပုံရိပ်တွေကိုတော့ ဒီ ပို့စ် မှာ အစအဆုံး ဖတ်နိုင်ပါ၏ (ရှူးတိုးတိုး)

နည်းပညာ တက္ကသိုလ် (YTU) တက်တုန်း ကလဲ ဓာတ်ပုံကို ဟုတ်တိ ပတ်တိ မရိုက်ဖြစ် (မရိုက်ဖြစ်ဆို ကျောင်းပြေးတာမှ သူများက ကိုယ့်ခုံနံပါတ်နဲ့ ကျူတိုရီ ယယ် ၀င်ဖြေ သွားတာ လူမသိတဲ့ အထိ ပါပဲ)။ သူငယ်ချင်းတွေ ဆီက လိုက်ရှာ စုဖို့ ကျတော့လဲ ဘယ်ပွဲ ဘာ အခမ်းအနား ဘယ်လို ခရီးစဉ်မှ မလိုက်ခဲ့ မိတော့ ဘာမှကို လက်စလက်န မကျန်တဲ့ အထိ အိအိ.. ၀မ်းတောင် နည်းလာတယ်။ ဒါပေ မယ့် (YTU) မှာ ဆရာကန်တော့ပွဲ တနှစ်လောက် တက်ဖူးတော့ အဲ့ဒီပွဲမှာ တက်ရောက် လာသူ လူအများကို ရမ်းသမ်းရိုက်တဲ့ ဓာတ်ပုံတွေထဲ ကိုယ့်ပုံ ပါလာလို့ သူငယ်ချင်းတယောက်က အမှတ်တရ ပို့ပေးလာတာကို တအံ့တသြ ရလိုက်တာပါ။



ကိုယ်တွေကို အဲလို ဓာတ်ပုံ ရိုက်ထားမှန်းတောင် မသိလိုက်ပါဘူး။ ဘာပဲ ပြောပြော အမကေ စိတ်ကျေနပ် လောက်အောင် ပြ စရာ ဓာတ်ပုံ အချိန်မီလေး ရပါရော.. ရှားရှားပါးပါး ရှိစုမဲ့စု ဓာတ်ပုံ လေး တွေ လို့ ပြောလို့ ရပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်း တွေ ကတော့ အားပေးပါတယ်။ နင်က စာ သူငယ်ကြား လင်းတ နားဘိသကဲ့သို့ ဆိုတဲ့ အတိုင်းပဲတဲ့.. ရက်စက် ကြပုံ။ ဟွန့် အဲဒါတွေကြောင့် ကျောင်း ပြေး ပွဲပြေးတာလဲ ပါဒယ်… ဒါလောက်ဆို ဘယ်တယောက်က ခွန်မြလှိုင် ဆိုတာ သိရော ပေါ့နော်။

ခုတော့ ကျောင်းတုန်းက သူငယ်ချင်း ၈၀% လောက်က အာဆီယံ နိုင်ငံတွေမှာ… ၁၀% ကတော့ မျက်နှာဖြူ တွေရဲ့ နိုင်ငံ တွေမှာ… ၅% ကတော့ မြန်မာနိုင်ငံ မှာပဲ လွတ်လွတ်လပ်လပ်… အဲဒီထဲကမှ အခင်ဆုံး အကောင်း ဆုံး သူငယ်ချင်း တချို့ကတော့ ထောင်ထဲမှာ  … တွေ့ဆုံ ကြုံကွဲ လောကဓံ ထဲမှာ တချို့တွေနဲ့ လက်တွဲ တွေက မြဲဆဲ… တချို့တွေနဲ့ ကွဲကွာ… ဘ၀ တကွေ့ မှာ ကံမကုန်သေးရင် ပြန်ဆုံကြဦးမယ်လို့ မျှော်လင့် မိတဲ့ သူငယ်ချင်းတွေထဲမှာတော့ ထောင်ထဲက သူငယ်ချင်းတွေက ထိပ်ဆုံးမှာ ပါနေဆဲပါ။

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့ တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်
ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်းတို့ရေ။

6 comments:

khin oo may said...

ပြောထားတာမှတ်မိတယ်။ ချောတယ်နော်. ဘာလို့ဟိုဘက်လှည့်နေတာလဲ။ တစ်ပုံဘဲတည့်တယ်။

kay said...

ရမ်းသမ်းရိုက်တာ ဟုတ်လောက်ဘူး..
တမင် ချိန်ပြီး ခိုးရိုက်တာ ဖြစ်မယ်...

း))

ထင်ထင်ရှားရှား ရှည်ရှည်လျားလျား လေး မို့...
ထင်သာမြင်သာ Transparency ရှိတဲ့..ညီမ ခွန်မြလှိုင်ကို ကျေးဇူး..စ်..

ခွန်မြလှိုင် said...

အမ ခင်ဦးမေ မှတ်မိတယ် တိဒယ်နော... အဟင့်.. လေဆိပ်မှာ လူမှား အပြောခံရတဲ့ ဟာကြီးမို့လား ((ရွှတ်))

အမကေရေ... ထင်သာမြင်သာ ရှိပုံများ.. စောင်းဆို ခံရတဲ့ သီချင်းနာမည်က "မီးပြတိုက်" တဲ့...

khet myint myint said...

လေယာဉ်ပေါ်မှာလည်း အပြောခံရသေးတာ မှတ်မိပါကြောင်း :P

ကလူသစ် said...

အင်း..... သစ်ကုလားအုတ်ဖြစ်မယ် ထင်တယ်။ :)

TURN-ON-IDEAS said...

ကျနော့်ငယ်သူငယ်ချင်း နေမျိုးကျော်(ဘလော့ဂ်ဂါနေဘုန်းလတ်)နဲ့အတူရှိနေတုန်းက တစ်ခါမြင်ဖူးခဲ့တယ်...
(ကမ္ဘာအေးဘုရားရှေ့မှာ...)