Monday, August 9, 2010

စကားလုံးများစွာ (by ဂျိုးဇက် အက်ပ်စတိန်း)

မွေးဖွားခြင်းကို ကျွန်တော်တို့ မရွေးချယ်နိုင်ဘူး။
ကျွန်တော်တို့ရဲ့ မိဖတွေကို ကျွန်တော်တို့ မရွေးချယ်နိုင်ဘူး။
မွေးဖွားရာ ခေတ်ကာလနဲ့ နိုင်ငံကို ကျွန်တော်တို့ မရွေးချယ်နိုင်ဘူး။
ကြီးပြင်းလာရတဲ့ လတ်တလော အခြေအနေကို ကျွန်တော်တို့ မရွေးချယ်နိုင်ဘူး။
ကျွန်တော်တို့ အများစုဟာ သေခြင်းကိုလည်း မရွေးချယ်နိုင်ဘူး။
သေဖို့အချိန် သေဖို့အခြေအနေ ကိုလည်း မရွေးချယ်နိုင်ဘူး။
ဒါပေမယ့် ရွေးချယ်စရာ မရှိတဲ့ ဒီနယ်ပယ်ထဲမှာ
ကျွန်တော်တို့ ဘယ်ပုံဘယ်နည်း အသက်ရှင်နေထိုင်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။

သတ္တိရှိစွာ အသက်ရှင်မလား၊ သူရဲဘောကြောင်စွာ အသက်ရှင်မလား။
ဂုဏ်သိက္ခာရှိစွာ အသက်ရှင်မလား၊ ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်မလား။
ရည်ရွယ်ချက်ရှိရှိ အသက်ရှင်မလား၊ ဦးတည်ရာမဲ့ အသက်ရှင်မလား ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
ဘ၀မှာ ဘာကဖြင့် အရေးကြီးတယ်၊ ဘာကဖြင့် အသေးအဖွဲ ဆိုတာ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်တို့ကို ထူးခြားအောင် အဓိပ္ပါယ်ရှိအောင် လုပ်ပေးတာဟာ

ကျွန်တော်တို့ လုပ်တဲ့ အလုပ်လား၊ လုပ်ဖို့ငြင်းဆန်တဲ့ အလုပ်လားဆိုတာ
ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ရွေးချယ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကြောင့်
စကြာဝဠာကြီးမှာ ဘာမှထူးခြားမသွားပေမယ့်
အဲဒီရွေးချယ်ချက် နဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆုံးဖြတ်ရွေးချယ်သလို ကျွန်တော်တို့ဘ၀ဟာ ဖွဲ့တည်ဖြစ်ပေါ်ရပါတယ်။
နောက်ဆုံးမှာ ကိုယ့်ကံကြမ္မာဟာ ကိုယ်ရည်မှန်းထားသလို ဖြစ်ရတာပါ။

— ဂျိုးဇက်အက်ပ်စတိန်း —

No comments: