Wednesday, August 18, 2010

အပြ မတော် သတင်းစာပေါ်က ကဲ့ရဲ့ ခံရတဲ့ မယ်စကြ၀ဠာ (ထိုင်း)

ထိုင်းလို နိုင်ငံကတောင် မယ်စကြာဝဠာ သွားပြိုင်ပေးတဲ့ နိုင်ငံ့ကိုယ်စားပြုမယ်ရဲ့ ကိုယ်ဟန်ပြပုံကို ခုလို ပိုးစိုးပက်စက် ဝေဖန်လို့ သတင်းစာထဲထိ ဟိုးလေးတကျော် ပါလာပါတယ်။ ထင်ထင် ရှားရှား ကြီး ရက်ရောလွန်းလို့ပါတဲ့။ သူတို့ ထိုင်း လူ့အဖွဲ့အစည်းက ဒါမျိုး လက်မခံပါဘူးတဲ့။ မြန်မာပြည် က သိပ်ကို နိုင်ငံတကာ အဆင့်မီ ချင်နေသူများ ဂုဏ်သရေရှိ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ စံနှုံးတွေကို သေသေချာချာ လေ့လာ ပြီးမှ နိုင်ငံတကာမှာ ဘယ်လို အတန်းအစားက ဘယ်လို ကိုယ်ဟန်ပြမိရင် ဘာဖြစ်တယ်ဆိုတာ သိရှိ အတုယူနိုင်ကြပါစေ.သတင်း အပြည့်အစုံကို ဒီမှာ နဲ့ ဒီမှာလဲ ကြည့်နိုင်ပါတယ်။ မြန်မာပြည်က ကုန်စည်ပြပွဲတွေ ကားပြပွဲတွေက ပုံလောက်တောင် မဆိုးဘူးရှင့်။ ကားပြပွဲ က ဓာတ်ပုံတွေ ဆိုလို့ ကြည့်လိုက်မိတာ... လူစီးကား ပြပွဲ မှတ်လို့ ဘယ်ဟုတ်မလဲ။ ခြေ၂ချောင်းကို ကားပြ ထားတဲ့ ပွဲကြီး ဖြစ်နေတော့ တာကိုးးး ဘယ်လို @#$%^&* မပြောတော့ပါဘူး။ ရင်မောတယ်။



No comments: