Wednesday, August 18, 2010

ကြယ်ကြွေမိုးတို့ ရွာပြန်ပြီ...

အခု ရက်ပိုင်း သြဂတ်စ် ၁၂နဲ့ ၁၃ရက်တွေမှာ perseids ကြယ်စုတန်းက ကြွယ်ကြွေမိုး ရွာခဲ့ပါတယ်။ တနာရီကို အလုံး ၃၀ ကနေ ၁၄၀ကြားထိကို ၂ရက် ဆက်တိုက် ရွာခဲ့တာပါ။ ကြယ်ကြွေမိုးဆိုတာ မိုးရွာသလောက်ကို ကြယ်တွေ ကြွေခဲ့တာမို့ တင်စား ပြောတာပါ။ ဂရိ ဒဏ္ဍာရီ အရ သူရဲကောင်း perseus ဟာ မိစ္ဆာကို ခေါင်းဖြတ်သတ်ပြီး နှိမ်နင်းနိုင်ခဲ့လို့ သူသေဆုံးတဲ့ အခါ မှာ ဒီကြယ်စု ဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။ သူရဲကောင်းတွေ သေရင် ကြယ် ဖြစ်တယ်။ သူရဲကောင်း ကြယ်က ကြွေခဲ့ရင် အဲဒီ သူရဲကောင်းက လူ့ပြည် ဆင်းတာလို့ ဒဏ္ဍာရီတွေက ယုံကြည်လေ့ ရှိပါတယ်။ ခုတော့ သူရဲကောင်း ကြယ်စုတန်းက ကြယ်ကြွေမိုး ရွာပြန်ပါပြီ။ မိစ္ဆာ တွေတော့ လည်ပင်းယားလိမ့်ဦးမယ် ထင်ပါတယ်။ ပိုကြက်သီးထစရာ ကောင်းတာက သူရဲကောင်း ဓားခုတ်ဟန် နက္ခတ် ကြယ်စုမှာလက်နေရာက ကြယ်တွေ ကြွေတာ ဖြစ်လို့ပါ။ ဒီလို ကြယ်ကြွေမှုဟာ ၂၀၀၇ သြဂတ်စ် ၁၃မှာ တခါ ၂၀၀၉ သြဂတ်စ်၁၄ မှာတခါ ဖြစ်ခဲ့ဖူးပါတယ်။ ဘာကြောင့်များ ဒီ သူရဲကောင်း ပါဆေးဒေးစ် ကြယ်ဟာ သြဂတ်စ်မှာချည့် ကြယ်ကြွေမိုး ရွာရတာပါလိမ့်။ ၂၀၀၇ သြဂတ်စ်မှာ ကြယ်ကြွေးမိုး ရွာအပြီး စက်တင်ဘာမှာ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ခဲ့ပါတယ်။ ခုရော... သူရဲကောင်းတို့ရေ... မိစာတွေကို ချေမှုန်းဖို့ သင်တို့ကို ကဘာမြေက အလိုရှိနေပါတယ်။




http://spaceweather.com/archive.php?month=08&day=12&year=2010&





No comments: